//
you're reading...
Uncategorized

Is deoderant a social or natural need?

ချွေးနံ့ပျောက်ဆေးဆိုတာ အနံ့နဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းရဲ့ ခံယူပုံကြောင် ပေါ်လာတဲ့ soical need လူမှုလိုအပ်ချက်သာဖြစ်တယ်၊ အစာ အဟာရလို သဘာဝလိုအပ်ချက်မဟုတ်ဖူးဆိုတဲ့ အမြင်ဟာ အထူးအဆန်း မဟုတ်ဖူး။ ဘာပဲဖြစ်ဖြစ် Guardian article က ဒီအမြင်ကို ထောက်ခံနေတယ်။ စိတ်ဝင်စားသူများအတွက်..

http://www.guardian.co.uk/environment/2010/nov/02/give-up-washing-showering

Discussion

3 thoughts on “Is deoderant a social or natural need?

  1. ရာသီဥတု အေး တာ ကလည်း တချက် ဖြစ်မယ် ထင်တယ်နော်..။
    သော်တာဆွေရေးဖူးတဲ့ စာတခု မှာ ထင်တယ်။
    မြန်မာလူမျိုးတွေက..ရေအချိုးဆုံး လူမျိုး ပဲ ဆိုတာ..။
    ကျမ တို့ အရပ်မှာဆို.. နွေမှာ တနေ့ကို ၄ ခါ ချိုးကြတယ်။ အိပ်ယာထ.. နေ့လည်စာ မစားခင်.. ညနေပုံမှန်.. အိပ်ယာမ၀င်ခင်.. ။း)

    ဒီဖက်နိုင်ငံ တွေ ရဲ့.. အိမ်သာ ဒီဇိုင်း တွေ ကလည်း..စဉ်းစားစရာ။ ထိုင်း မှာတောင်.. ရေ ကို မျိုးစုံ သုံးနိုင်အောင် စီမံ ထားတဲ့..ဒီဇိုင်း။

    ဒါဆို..ကျမတို့ ဗမာလူမျိုးတွေက.. သန့်ရှင်းတဲ့ လူမျိုးလား..ပူလွန်းလို့ သန့်ရှင်းအောင် နေရတာလား..။း)

    Posted by K | 03/11/2010, 07:03
    • ကျွန်တော်ထင်တာတော့ သန့်ရှင်းအောင် ပူပေးတာထင်တာပဲ။ ဒါမှ ရေများများချိုးဖြစ်မှာ။😀

      Posted by zizawa | 03/11/2010, 15:39
  2. ဂါဒီးယန်းဆောင်းပါးထဲက (While being environmentally friendly is good, smelling like a bin is not) ဆိုတဲ့ နောက်ဆုံးအကြောင်းလေး တော့ ကြိုက်တယ်။ တလမှတခါရေချိုးတဲ့ ဘုရင်မကြီးအတွက် ရင်လေးမိလို့ပါ။

    ဆပ်ပြာတိုက်တာ “လူဆီ” ခန်းတယ် လို့ အဏ္က၀ါစိုးမိုး စာတပုဒ်ထဲမှာ ဖတ်ဖူးပါတယ်။
    ဟိုတယ်တွေမှာ နောက်ပိုင်း ဆပ်ပြာတုံးတွေအစား refill ဆပ်ပြာရည်ခွက်လေးတွေ ချထားတာ၊ ရက်ရှည်နေမဲ့သူတွေအတွက် မျက်နှာသုတ်ပုဝါတွေကို နေ့စဉ် မလျှော်ခိုင်းဖို့ တိုက်တွန်းတဲ့ ကတ်ပြားလေးတွေထားတာ၊ bath tub ထက် အများကြီးရေကုန်သက်သာတဲ့ shower တွေကိုလည်း သုံးချင်သုံးနိုင်အောင် စီစဉ်ထားပေးတာတော့  သဘောကျမိတယ်။

    အသန့်ရှင်းဆုံးလူမျိုးဆိုတာတော့ နည်းနည်း အငြင်းပွားစရာပါဘဲ။ တနိုင်ငံထဲမှာဘဲ နေရာဒေသ လိုက်တာမို့လို့လေ။ အိမ်သာနဲ့ ရေချိုးဆိပ် ဆက်စပ်နေတာ၊ တချို့နေရာတွေမှာ အရမ်းပူပေမဲ့ ရေမရှိလို့ ရက်ပေါင်းများစွာ ရေမချိုးရတာ၊ တမျိုးသုံးပြီးသားရေကို နောက်တမျိုးသုံးဖို့အတွက် သိမ်းထားရတာတွေ တော်တော်များများ တွေ့နေရလို့ပါ။

    (ပြောမဲ့သာ ပြောရတယ်၊ ဒီကော်မန့်ကို နောက်ဆုံးရေးတဲ့ ပို့စ် ရဲ့ ခေါင်းစဉ်တပ်လိုက်မှာတော့ အကြောက်မိသား)

    Posted by မိုးစက်ပွင့် | 04/11/2010, 07:57

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: