//
you're reading...
Philosophy

ဖင်ယားမှုကို သရုပ်ခွဲကြည့်ခြင်း ၂

ဒီတော့ ဘယ်လို လုပ်ရပ်တွေ၊ အမူအကျင့်တွေကို ‘ဖင်ယားတယ်’ ဆိုတဲ့ သတ်မှတ်ချက်အောက် ထည့်မလဲ။ ခက်တာက ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရကို ဘယ်အဘိဓာန်မှာမှ ရှာမတွေ့ ဘူး။ အင်္ဂလိပ်မှာက ဘယ်လောက်နားမခံသာတဲ့ စကားလုံးပဲ ဖြစ်ဖြစ် အဲဒိစကားလုံးရဲ့ အဓိပ္ပါယ်နဲ့ ဒီစကားလုံးရဲ့ etymology ဒီစကားလုံး ဘယ်လို မြစ်ဖျားခံသလဲဆိုတာကိုပါ စာအုပ်ထဲ ရှာလို့ရတယ်။ ဗမာမှာလည်း မင်းသုဝဏ်က ဝေါဟာရ အဘိဓာန်လုပ်တဲ့အခါ ရသမျှဝေါဟာရတွေကို ကောင်းကောင်းဆိုးဆိုး အကုန်စုဖို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အဲဒိဝေါဟာရက အဘိဓာန်ထဲ ပါလာတာ မတွေ့ရဘူး။ အဲဒိတော့ ဒီစကား ဘယ်တုန်းကပေါ်လာလဲ၊ ပေါ်လာစက အဓိပ္ပါယ်ကဘာလဲ၊ ခုလက်ရှိ နားလည်နေတဲ့ အဓိပ္ပါယ်ကဘာလဲ၊ အရင်အဓိပ္ပါယ်နဲ့ ခုအဓိပ္ပါယ်မတူရင် အဓိပ္ပါယ်ဘယ်လို ပြောင်းလာလဲဆိုတာ မှန်းဆချက်သက်သက်သာ ပြောနိုင်မဲ့ အနေအထားဖြစ်နေတယ်။ ဒါပေမယ့် ခုရေးနေတဲ့ စာဟာ ဝေါဟာရသမိုင်းမဟုတ်ဖူး၊ အဲ့သလိုသမိုင်းမျိုး ရေးနိုင်လောက်အောင်လည်း ကိုယ့်မှာအချက်အလက် စုံစုံလင်လင် မရှိဘူး။ ဒီဝေါဟာရကို အကြောင်းပြုပြီး လူတွေဟာ ဘယ်လိုလုပ်ရပ်တွေကို လက်ခံဖွယ်အဖြစ် သတ်မှတ်ပြီး၊ ဘယ်လို လုပ်ရပ်တွေကို လက်ခံဖွယ်မရှိတဲ့ လုပ်ရပ်အဖြစ်မသတ်မှတ်ဖူးလဲ ဆိုတာကိုသာ လေ့လာကြည့်တာဖြစ်တယ်။

ပြောခဲ့သလို ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို စာအုပ်ထဲ ရှာလို့မရတော့ ဒီဝေါ ဟာရသုံးတဲ့လူတွေရဲ့ အသုံးအနှုန်းကနေပဲ ဒီဝေါဟာရ အဓိပ္ပါယ်ကို မှန်းရတော့တာပေါ့။ ကွန်မင့်ထားခဲ့တဲ့ထဲမှာ AB ရဲ့ ကွန်မင့်က ဒီဝေါဟာရရဲ့ မူရင်း အဓိပ္ပါယ်ကို ငုံမိပုံရတယ်။ သူရေးထားတာက Passive homosexuals who feel itchiness in their rectums will get penetrated by a phallus to satisfy their carnal lust that will lead to prison. ဒီလို အဖြစ်အပျက်တွေကို ဖော်ပြဖို့ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရကို သုံးနှုန်းတယ်လို့ တခြားကိုယ်နဲ့ သိတဲ့လူတွေကလည်း ပြောတယ်။ So let’s call it an original definition or od. ဒီတော့ လိင်တူဆက်ဆံသူ ယောက်ျားတယောက်က ရာဂစိတ်ထကြွရာကနေ နောက်ဆုံး ထောင်ကျတဲ့ထိ ဒုက္ခရောက်တဲ့အဖြစ်ကို ပြောချင်တာလို့ ယူဆရတယ်။ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရကို စသုံးချိန်က ဒီလိင်နဲ့ ပတ်သက်တဲ့ အပြုအမူလုပ်ရပ်ကိုသာ ရည်ညွှန်းချင်ပုံ ရပေမဲ့ ကျွန်တော်တို့ ပါးစပ်ထဲရောက်တဲ့အခါ လိင်ကိစ္စနဲ့ ဆိုင်တဲ့ အဓိပ္ပါယ်လုံးဝမထွက်တော့ဘူး။ မလုပ်သင့်တဲ့အရာတခုကို မနေနိုင်လွန်းလို့ လုပ်မိရာကနေ နောက်ဆုံး ဒုက္ခရောက်တဲ့ အဖြစ်ကို ရည်ညွှန်းတာ ဖြစ်သွားပြီ။ Let’s call this a derived definition or dd. တကယ်တော့ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရဟာ dd မှာ ဖွင့်ထားတာထက်ကိုပိုပြီး ကျယ်ပြန့်တယ်လို့ ထင်တယ်။ နောက်ပိုင်းမှာ ဆက်ကြည့်တာပေါ့။ လောလောဆယ်တော့ ဒီ dd ကိုပဲ ဆက်ကြည့်ဦးမယ်။

တကယ်တော့ od ကနေ ld ကို ပြောင်းလာတာဟာ ကျွန်တော့အမြင်မှာ မြင်ဖို့ မခက်ဖူးလို့ ထင်တယ်။ လိင်တူဆက်ဆံတယ်ဆိုတာ သဘာဝ မဟုတ်ဖူး၊ မလုပ်သင့်တဲ့ အရာတခုလို့ အရင်ကနေ ခုထိ ဗမာ့လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြတုန်းလို့ ထင်တယ်။ (အဲဒိအလုပ်လုပ်လို့ ထောင်ချတာကိုသာကြည့်။) ဒီတော့ မလုပ်သင့်တဲ့ အရာတခုကို မနေနိုင်မထိုင်နိုင် ကိုယ့်အိနြေ္ဒကို မစောင့်ထိန်းဘဲ လုပ်ပြီးနောက်ဆုံး ထောင်ကျတန်းကျ ဖြစ်ရတယ်ဆိုတဲ့ od နဲ့ dd မကွာလှတာ တွေ့ ရတယ်။

တခု သတိထားဖို့ကောင်းတာက အရင်တုန်းက အဓိပ္ပါယ်အရ ‘ဖင်ယားတယ်’ ဆိုတာ state of being အလယ်တန်း ဗမာစာ သဒ္ဒါစာအုပ်ထဲမှာပါတဲ့ ဖြစ်ခြင်းပြကြိယာကို ပြောချင်တာဖြစ်ပြီး ခုနောက်ပိုင်း ကျွန်တော်တို့ ခေတ်မှာ ဒီဝေါဟာရဟာ ဖြစ်ခြင်းပြထက် ပြုခြင်းပြကြိယာအနေနဲ့  action verb အဖြစ်နဲ့ သုံးလာတာဖြစ်တယ်။ ဆိုတော့ ဘယ်လိုလုပ်ရပ်တွေကို ကျွန်တော်တို့ ‘ဖင်ယားတယ်’ လို့ ခေါ်ဝေါ်သုံးနှုန်းကြလဲ။

ကျွန်တော်နားလည်းသလောက်က ခုပြောမဲ့ ကြိယာတွေအားလုံးဟာ ‘ဖင်ယားတယ်’ ဆိုတဲ့ ကံနဲ့မဝေးလှဘူး။ အဲဒါတွောကတော့ ‘ရှည်တာ၊ ကြွားတာ၊ ကိုယ်ကိုယ်တိုင် သေချာမသိဘဲ ကိုယ်သိကိုယ်တတ်လုပ်တာ၊ ကိုယ်နဲ့မဆိုင်ဘဲ ၀င်ရှုပ်တာ၊ name-dropping လုပ်တာ၊ ဆရာကြီး ဆရာမကြီးလေ ဖမ်းတာ၊ ခြုံပြောရင် မရိုးသားတာ (intellectually or otherwise) လောကွတ်ချော်တာ၊ ပညာပြချင်တာ၊ အတန်းထဲမှာ ဆရာက စာမေးရင် မေးသလောက်ထက် မလိုအပ်ဘဲ အပိုဖြေတာ။ နောက်တခြား ဘာရှိဦးမလဲ။ ရှိနိုင်သေးတာပေါ့။ ဒီလုပ်ရပ်တွေအားလုံးမှာ တူညီတဲ့ အချက်တွေ ဒီလုပ်ရပ်တွေအားလုံးဟာ ရွံမုန်းစရာကောင်းတာ၊ အမြင်ကပ်စရာ ကောင်းတာပဲ။ ရွံမုန်းစရာကောင်းတယ်ဆိုရာမှာလည်း သူ့ရဲ့ အတိမ်အနက်ကိုကြည့်ရင် ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တချို့ ရဲ့  ရွံမုန်းစရာ ကောင်းပုံမျိုးလောက် မနက်ဖူး။ အတိတ်တချိန်ချိန်မှာ ပေါ်လာတဲ့ လူ့အဖွဲ့အစည်းထဲက ပြောခဲ့တဲ့ လုပ်ရပ်မျိုးတွေကိုပြောတာပဲ။ (ဒီလိုလုပ်ရပ်တွေဟာ မဆလ၊ န၀တ၊ နအဖ ကာလတွေမှာ ပိုတွေ့ရတတ်တဲ့အတွက် ဒီဝေါဟာရရဲ့ ကနေ့အဓိပ္ပါယ်ဟာ အဲဒိကာလတွေမှာ စရုပ်လုံးပေါ်လာပုံရတယ်။)

ကိုယ်တွေ့ ဥပမာတခု နှစ်ခု ပေးကြည့်မယ်။ အတန်းထဲမှာ ဆရာမက ဒီအပိုင်း ဒီအပိုင်းတွေ ကြည့်ခဲ့လို့ အိမ်စာပေးတယ်။ အဲဒိမှာ စဉ်းစားဥာဏ် မရှိသလောက်နည်းပြီး အလွတ်ကျက်ရတာ အင်မတန်ဝါသနာပါတဲ့ ငနဲတကောင်ရဲ့  ‘ဆရာမ ကျွန်တော်တို့ ဒီအခန်းထိပြီးသွားပြီ။ အဲဒိအပိုင်းရော အိမ်စာထဲ မပါဘူးလား’ အသံထွက်လာတယ်။ အဲဒိမှာ ဆရာမက ‘အေး ဟုတ်သားပဲ။ အဲဒါဆို အိမ်စာကို အဲဒိအပိုင်းပါ ကြည့်ခဲ့ကြ’ ဒီလို အဖြစ်အပျက်မျိုးတွေ ငယ်ငယ်က ကြုံဖူးကြမှာဘဲ။ ကျွန်တော်တို့ကတော့ အဲ့သလို အခြေအနေမျိုးမှာ လျှာဝင် ရှည်တဲ့လူကို ‘ဖင်ယားတဲ့ကောင်’ လို့ တန်းကျိန်ဆဲပြီးသားပဲ။ (များသောအားဖြင့် အဲ့သလိုငတတွေ ဆေးကျောင်းရောက်သွားတတ်တော့ ဆေးကျောင်းကထွက်တဲ့ လူတော်တော်များများဟာ ဖင်ယားတတ်သူတွေ ဖြစ်နေတာ ဖြစ်နိုင်တယ်။ လူတိုင်းမဟုတ်ပါ။ ဒဂုံတစ်ကနေ ဆေးကျောင်းဝင်သွားသူတွေကတော့ ကျွန်တော့ အတွေ့အကြုံအရ အင်မတန်ဖင်ယားသူများ ဖြစ်ပါတယ်။) 

နောက်တခါ ဆေးကျောင်းမှာ fresher လေးတွေကို ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များက မိန့်ခွန်းခြွေတယ်။ ‘ဒို့ တက္ကသိုလ်ကို ဘယ်နိုင်ငံရေးသမားကမှ အသုံးချတာမျိုး အဖြစ်မခံနိုင်ဘူး’ ဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ ခြွေကြတယ်။ ဒီစကား ဘယ် သူတောင်းစားပြောလဲဆိုတာ တချို့ မှတ်မိကြမယ်။ ဒါ ဖင်ယားတဲ့ အပြောပဲ။ မလိုဘဲ အစိုးရကို ဖော်လံဖားတဲ့အနေနဲ့ ပြောတဲ့ စကားမျိုးပဲ။

ပြောခဲ့သလိုပဲ ဖင်ယားတယ် ဆိုတာ particular practices and behavior သတ်သတ်မှတ်မှတ်ရှိတဲ့ လုပ်ရပ်၊ အမူအကျင့်ကို ပြောတာဖြစ်တယ်။ တနည်းအားဖြင့် disagreeable ဖြစ်တဲ့၊ အမြင်ကပ်စရာကောင်းတဲ့၊ morally repellant ဖြစ်စေတဲ့ လုပ်ရပ်၊ အပြုအမူတွေကို ရည်ညွှန်းတာပဲ။ ဒါကိုက ဘာကိုပြနေလဲဆိုတော့ ဒီစကားလုံးကို အသုံးပြုသူတွေဟာ morally neutral မဖြစ်တာကို ပြနေတယ်။ ကျွန်တော့ အထင်တော့ ဒါဟာ ၀မ်းသာစရာပဲ။ ဗမာစကားမှာ အသုံးပြုသူတွေရဲ့ moral behavior ကိုဖော်ပြတဲ့ စကားလုံးတွေရှိတာဟာ ဗမာစကားအသုံးပြုသူတွေဟာ moral principles ရှိတာကို ပြနေတယ်။ တချို့ က ဒီအချက်ကို ဘာထူးဆန်းလဲလို့ ပြောချင်ပြောနိုင်တယ်။ ဆိုပါစို့ အပေါင်း၊ အနုတ် ဝေါဟာရ မရှိတဲ့ ဘာသာစကားနဲ့ သင်္ချာဘယ်လိုသင်မလဲ။ ခေါင်းပုံဖြတ်တယ်၊ သွေးစုပ်တယ်နဲ့ ဆင်တူ ဝေါဟာရတွေ မရှိတဲ့ လူ့အဖွဲ့အစည်းတခုမှာ လူတယောက်က နောက်တယောက်ကို မတရား အမြတ်ထုတ်နေတဲ့ လုပ်ရပ်ကို ဘယ်လိုဖော်ပြမလဲ။ ဒီလုပ်ရပ်ကို ဝေါဟာရနဲ့ တိတိကျကျ မဖော်ပြနိုင်ရင် ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမလဲ။ (စကားလုံးမရှိတဲ့ ကောင်းကင်မှာ ခံစားရုံခံစားတတ်သူတွေ လောက်ပဲ ရှိနိုင်တယ်။ ဒါပေမယ့် ဒီစကားလုံးတွေကို အဓိပ္ပါယ်ရှိရှိ ဆွေးနွေးတာမျိုးကတော့ စကားလုံးမရှိတဲ့ကောင်းကင်မှာ ဖြစ်နိုင်မယ် မထင်ဘူး။ ဗမာစာ စကားကို ကဗျာတွေ၊ လင်္ကာတွေ ဖွဲ့နွဲ့တဲ့နေရာမှာတင်မက ရှုပ်ထွေးဆန်းကျယ်တဲ့ concept တွေ၊ ဖီလော်ဆော်ဖီတွေပါ ဆွေးနွေးနိုင်တဲ့ထိ ဝေါဟာရ အမြောက်အမြား ရှိတာကို မမြင်ချင်တဲ့ ဗမာလူမျိုး မရှိဘူးထင်တယ်။) 

အပေါ်စာပိုဒ်က ပြောခဲ့တဲ့ အချက်ကို ထောက်ပြနေတဲ့ အထောက်အထားကို ဆေးကျောင်းမှာ မိန့်ခွန်းခြွေတဲ့ ပါမောက္ခဒေါက်တာဖင်ယားရဲ့ အပြောကို ကျောင်းသူ ကျောင်းသားတွေရဲ့  တုန့်ပြန်ပုံကနေတဆင့် တွေ့ရတယ်။ ဒေါက်တာဖင်ယားရဲ့  ‘တက္ကသိုလ်ကို ဘယ်နိုင်ငံရေးသမားရဲ့ လက်ကိုင်တုတ်မှ အဖြစ်မခံဘူး’ ဆိုတဲ့ အပြောကို ဖင်ယားမှုအဖြစ် မမြင်တဲ့ ကျောင်းသူကျောင်းသားတွေ အများအပြားရှိတယ်။ ဒီငနဲတွေ၊ ငနဲမတွေကို ကြည့်ရင် ဘွဲ့ရအောင်လုပ်မယ်၊ ပီးရင် အပြင်ကို အပြီးထွက်မယ်ဆိုတဲ့ စိတ်ပဲရှိကြတာ တွေ့ရတယ်။ နိုင်ငံရေးသမားတွေကို စော်ကားတဲ့ စကားမျိုးကို သူတို့ စိတ်ထဲမှာ ဘာမှ ထူးထူးခြားခြား ခံစားကြပုံမပေါ်ဘူး။ (ဒီလိုအပြောမျိုးအတွက် ရှုးရှုးရှားရှား ဖြစ်ပြစရာ မလိုဘူး။ ဒီလိုအပြောဟာ ဖင်ယားတဲ့ အပြောဆိုတာကို ပြတ်ပြတ်သားသား လက်ခံဖို့သာလိုတာ။) အဲဒိအတွက်ကြောင့်ပဲ သူတို့က ဒေါက်တာဖင်ယားရဲ့  အပြောကို ဖင်ယားတဲ့ အပြောမျိုး အဖြစ်မမြင်တာ ဖြစ်နိုင်တယ်။ 

ဗမာစကားမှာ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရလိုပဲ  သောက်မြင်ကပ်စရာကောင်းတဲ့ လုပ်ရပ်တွေ၊ ရွံ့ စရာကောင်းတဲ့ လုပ်ရပ်တွေကို ဖော်ပြတဲ့ စကားလုံးတွေ ရှိနိုင်တယ်။ ဒါတွေရှိနေတာကိုက ဒီဘာသာစကားကို အသုံးပြုသူတွေရဲ့  ကျင့်ဝတ်အဆင့်အတန်း သတ်မှတ်ချက်ကို အတိုင်းအတာတခုထိ ဖော်ပြနေတာမို့ ကျွန်တော်ကတော့ ဒီစကားလုံးတွေ ဗမာစကားမှာ (စာထဲတော့ ထည့်ရေးတာ သတိမပြုမိတဲ့အတွက် ဗမာစာလို့ ပြောလို့ရမယ်မထင်) ရှိနေတာဟာ ဂုဏ်ယူစရာလို့ ယူဆတယ်။

ဆက်ပါဦးမယ်။

w..

Discussion

2 thoughts on “ဖင်ယားမှုကို သရုပ်ခွဲကြည့်ခြင်း ၂

  1. အလွန်ကောင်းတယ် ဖင်ဝင်မယားသေးဘူး ဆက်စောင့်လိုက်ဦးမယ်

    Posted by kyawhtin | 04/11/2010, 21:37
  2. ဆေး ၁တင် မဟုတ်ဘူးဗျ။ ကျနော်တို့ ဆေး၂လည်း ဖင်ယားသူတွေ တော်တော် ပါတယ်။😀

    Posted by Kyaw Zwar Lynn | 22/11/2011, 17:45

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: