//
you're reading...
Uncategorized
ရယ်စေမောစေ
အီရတ်မှာ သိပ်မကြာခင်က ရွေးကောက်ပွဲလုပ်တော့ အာဏာပိုင်တွေ အနိုင်ရစေချင်တဲ့ ပါတီကို လူတွေက မဲမထည့်ချင်ဖြစ်နေတယ်။ တခြား ရွေးစရာပါတီလည်း လောက်လောက်လားလား မရှိဘူးထင်ပါတယ်။ အဲဒိမှာ လူတွေက မဲသွားမထည့်ကြဖို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် လူတယောက်ကတော့ ဒီတိုင်း မနေနိုင်ဘူး၊ ဘယ်ပါတီကိုမှ မကြိုက်ပေမဲ့ အစိုးရကို မုန်းလွန်းလို့ အစိုးရနိုင်စေချင်တဲ့ပါတီ မနိုင်အောင် သူတို့ အတိုက်အခံအဖြစ် မြင်ကြတဲ့ ပါတီက ကိုယ်စားလှယ်လောင်းကို မဲသွားပေးမယ်လုပ်တယ်။
သူ့အိမ်ကတော့ စိတ်ပူတာပေါ့။ ခေတ်ကြီးက နီးရာဓါးကြောက်ရတဲ့ ကာလကြီးဆိုတော့ မတော် ကိုယ်ဘယ်သူ့မဲထည့်သလဲဆိုတာ သိသွားရင် ကိုယ့်လာဒုက္ခပေး မခက်ဘူးလားလို့ အတင်းဝိုင်း တားကြတယ်။ ဒါပေမယ့် ဇွတ်ကိုကိုကတော့ မမှုဘူး။ သူစိတ်ဆုံးဖြတ်ထားပြီးသား၊ အတိုက်အခံပါတီ တခုခုကို မဲသွားပေးဖြစ်အောင်ကိုသွားပေးမယ်လို့ပြောပြီး အစိုးရ အတိုက်အခံအဖွဲ့တခုကို မဲသွားပေးတယ်။
မဲပေးပြီး အိမ်ပြန်ရောက်တော့ တအိမ်လုံးက သူ့ဝိုင်းအပြစ်ပြောကြတာပေါ့။ နင့်ကို သူပုန်လို့ မဟုတ်တမ်းတရား စွပ်စွဲပီး ဖမ်းဟယ်၊ ဆီးဟယ်ဆို ဘယ်နှယ့်လုပ်မလဲ၊ ခေတ်ကြီးက ဘာဥပဒေမှ ရှိတဲ့ခေတ်လည်း မဟုတ်ဖူးလို့ ၀ိုင်း အပြစ်တင်ကြတယ်။ အဲဒိမှာ ကျွန်တော်တို့ ဇာတ်လိုက်လည်း ၀ိုင်းနားပူနာဆာလုပ်တဲ့ဒဏ် မခံနိုင်တော့ဘဲ ကဲဒီလောက်တောင် ဖြစ်နေယင် ငါမဲရုံပြန်သွားပြီး ငါလူမှားပြီးမဲပေးမိပြီ၊ အသစ်ပြန်ပေးပါရစေလို့ သွားပြောမယ်ကွာ ဆိုပြီး မဲရုံကို နောက်တခေါက် ပြန်ထွက်လာတယ်။ မဲရုံရောက်တော့ မဲရုံအစောင့်တွေကို သူမဲမှားထည့်မိတယ်၊ ပြန်ပြင်ပါရစေပေါ့ဆိုပြီး မရဲတရဲ ခွင့်တောင်းတယ်။ အဲဒိမှာ မဲရုံ တာဝန်ကျသူတွေက မင်းနှယ့်ကွာ နောက်တခေါက်ပြန်လာရတယ်လို့ ငါတို့က မင်းမဲပေးပြီးကတည်းက မဲကို ပြင်ထားပြီးသားလို့ ပြန်ပြောသတဲ့။
ဇာတ်လမ်းကတော့ ဒါပါပဲကွယ်။ ဒီဇာတ်လမ်းကို ပြောပြသူကတော့ ယူကေရောက်နေတဲ့ အီရတ်ကျောင်းသူတယောက်ပါ။ အီရတ်နဲ့ ကျွန်တော်တို့နဲ့က ရေမြေအနေအထား၊ ကိုးကွယ်ယုံကြည်မှုချင်း နီးစပ်မှု မရှိလှပေမဲ့ ကြုံတွေ့နေတဲ့ ကြေကွယ်စရာကောင်းလှတဲ့ တချို့  အဖြစ်အပျက်တွေကတော့ သိပ်ကိုဆင်တူလွန်းအားကြီးတယ်လို့ ထင်မိတယ်။
Discussion
4 thoughts on “ရယ်စေမောစေ
  1. ကျမတို့နိုင်ငံမှာတော့ မဲတောင်မရေတော့ဘူးတဲ့။
    တခါတည်း အနိုင်ရမဲစာရင်း ရေးထားပြီးသားတဲ့၊
    အီရတ်ထက်သာပါတယ်😛
    Posted by ခင်မင်းဇော် | 05/11/2010, 14:40
  2. ပြည်ပမီဒီယာတခုကတဆင့် ကျနော်ကြားဖူးတဲ့ မြန်မာပြည်က အဖြစ်ကလည်း အဲဒီလိုမျိုး ခပ်ဆန်ဆန်ပါပဲ။
    ၁၉၇၄ ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲလုပ်တော့ ခုနက အီရတ်လိုပဲ စိတ်ဓါတ်ပြင်းပြတဲ့ မြန်မာအမျိုးသားကြီးတစ်ယောက်ဟာ သူ့အိမ်သူအိမ်သားတွေကို ပြောသတဲ့။ “ဒီမိုကရေစီစနစ်ကို ငါထောက်ခံတာမှန်ပေမယ့် ဒီမဲပေးဖို့ကိစ္စမှာတော့ ဒီမိုကရေစီတွေ၊ ဘာတွေ ခဏဘေးချိတ်ထား။ နင်တို့အားလုံး ကန့်ကွက်မဲပုံးထဲကို ထည့်ရမယ်။ မဟုတ်ရင် ငါနဲ့အတွေ့ပဲ” လို့ အိမ်သူအိမ်သားတွေကို ရာဇသံပေးထားသတဲ့။ နောက်ပြီး သူကိုယ်တိုင်လည်း ကန့်ကွက်မဲသွားပေးတယ်။ မဲပေးအပြီး ညနေပိုင်းမှာ အရက်ကလေး ခပ်ထွေထွေနဲ့ ရပ်ကွက်ထဲမှာ လမ်းသလားပြီး တရပ်ကွက်လုံးကြားအောင်လည်း “ဟေ့ ဘယ်သူတွေဘဲ အဖြူမဲထည့်ထည့်၊ အနည်းဆုံး ငါ့အိမ်က ၅ မဲကတော့ မဖြူဘဲ သေချာပေါက် မဲလိမ့်မယ်” လို့လည်း အော်လိုက်သေးသတဲ့။
    ဒါပေမယ့် ညပိုင်းရောက်တော့ မဲတွေ ရေတွက်ပြီး မဲစာရင်းကြေညာတဲ့အခါ တရပ်ကွက်လုံး ကန့်ကွက်မဲမရှိ၊ အဖြူမဲတွေချည်းဖြစ်နေလို့ ဟိုလူကြီးမှာ ဘယ်သူ့ကို လိုက်ဆဲရမှန်းမသိဘဲ ပက်လက်လန်သွားပါတော့သတဲ့။
    Posted by ကိုပေါ | 07/11/2010, 04:16
  3. အရှက်မရှိတော့တဲ့ အခါ ရိုးသားမှု ပျောက်သွားတာ သေချာနေပါတော့တယ် …
    ငြိမ်းစိုးဦး
    Posted by nyeinsoeoo | 13/11/2010, 04:41
  4. အရှက်မရှိတော့တဲ့အခါ ရိုးသားမှု ပျောက်သွားတာ သေချာနေပါတော့တယ် ဆိုတဲ့ စကား အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထပ်ပြီး စဉ်းစားစရာကောင်းပါတယ်။ အဲဒိအတွက် ကျေးဇူးပါ..
    Posted by zizawa | 13/11/2010, 15:21
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: