//
you're reading...
History, Philosophy

Reflections on Descartes 3

ပြီးခဲ့တဲ့ အခန်းမှာ Descartes ရဲ့ ဖီလော်ဆော်ဖီက နံမယ်ကြီး စာပိုဒ်ကို တွေ့ခဲ့ရတယ်။ ဒီစာပိုဒ်တခုထဲနဲ့ Cartesian method ကို အပြည့်အ၀ appreciate လုပ်နိုင်မှာတော့ မဟုတ်ဖူး။ ဒါပေမယ့်လည်း အတိုင်းအတာ တခုထိတော့ မြင်နိုင်တယ်လို့ ထင်မိတယ်။ ဒီတော့ Cartesian Method ကို အကျယ်မရွှီးခင် ဒီစာပိုဒ်ကို နည်းနည်းလောက် ကလိကြည့်ရအောင်။ ပထမတချက် အနေနဲ့ Descartes က ခုလိုပြောတယ်။

I thought it necessary to … reject as if absolutely false everything in which I could imagine the least doubt, in order to see if I was left believing anything that was entirely indubitable.

အိုကေ.. သူပြောချင်တာက သံသယ ထားနိုင်တဲ့ အရာမှန်သမျှကို (မုန့်ညင်းစေ့လောက် သံသယထားနိုင်ရင်ကိုပဲ) လုံးဝမှားတယ်လို့ သဘောာထားပြီး (as if) ပယ်ကိုပယ်ရမယ်၊ အဲ့သလို ပယ်ရင်း၊ ပယ်ရင်းနဲ့ နောက်ဆုံး ဘယ်လိုမှ သံသယ မဖြစ်နိုင်တဲ့ (entirely indubitable) အရာ ဘာကျန်သလဲဆိုတာ သိရအောင်လုပ်မယ်လို့ Descartes က ဆိုတယ်။ နောက်တခါ

… our senses sometimes deceive us တဲ့။

Descartes ကို သူ့တပည့် Leibniz နဲ့ Spinoza နှစ်ယောက်နဲ့ တွဲပြီး rationalist လို့ သတ်မှတ်ကြတယ်။ (တဘက်မှာ Berkeley, Hume နဲ့ Locke ဘိလပ်သားသုံးယောက်ကို empiricist လို့ သတ်မှတ်တယ်။ Kant ကတော့ ဒီလိုသတ်မှတ်တာ အဓိပ္ပါယ် မရှိဘူးလို့ ပြောတဲ့အတွက် သူ့ကို သူ့နောက်ပိုင်းလူတွေက transcendental လို့ သတ်မှတ်ကြရော … :D) ဒီနေရာမှာ Descartes နဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ အနောက်တိုင်း ဖီလော်ဆော်ဖီမှာ ထင်ရှားတဲ့ အကြောင်းအရာတခုကို ပြောချင်ပါတယ်။ Descartes ရဲ့ our senses sometimes deceive us ဆိုတာ rationalist တွေရဲ့ trademark လို့ပြောလို့ရတဲ့ အပြောဖြစ်တယ်။ သူတို့က အသိ knowledge ဟာ (အဲ စစ်မှန်တဲ့ အသိလို့ သူတို့က ပြောလေမလား၊ ကိုယ်ကိုယ်တိုင် သေချာမသိပါ။) အာရုံတွေကပေးတဲ့ experience ကနေ မရနိုင်ဘူး။ အသိဆိုတာ reason ကသာ လာနိုင်တယ်လို့ ဆိုတယ်။ လူဟာမွေးကတည်းက reason နဲ့မွေးလာတာလို့ဆိုတယ်။ (Descartes ကိုယ်တိုင်က reason ဆိုတာကို လက်တင်လို lumen naturale, lumen naturae, lux rationis အင်္ဂလိပ်လို natural light, light of nature, light of reason ဆိုတဲ့ အသုံးအနှုန်းကို သုံးတယ်။[1] Kant ကတော့ pure reason လို့သုံးပြီး ကနေ့ခေတ်မှာတော့ unaided reason လို့ သုံးတာ တွေ့ရတယ်။) တဘက်မှာ empiricist တွေက ဒါလုံးဝမဟုတ်ဖူး၊ လူဆိုတာ မွေးကတည်းက ဘာ reason မှ ပါမလားဘူး။ အသိဆိုတာ experience အတွေ့အကြုံနဲ့ကင်းပြီး မရှိနိုင်ဘူးလို့ ဆိုတယ်။ အထူးသဖြင့် David Hume ရဲ့ Enquires concerning Human Understanding part 4 ကနေ 7 ထိကို ဖတ်ပြီးတဲ့အခါ rationalist နဲ့ empiricist တို့ကြား မတူညီမှုကို မြင်နိုင်တယ်လို့ ယူဆပါတယ်။ ဒါမှမဟုတ် ဒီဘလော့ကို Descartes ကနေ Hume လောက်ထိ သည်းခံဖတ်ပြီးရင်လည်း rationalism နဲ့ empiricism ဘာကွာလဲဆိုတာ အကြမ်း သိနိုင်လောက်မယ် ယူဆပါတယ်။ ကိုင်း မူလအကြောင်းအရာကို ပြန်ဆက်ပါဦးမယ်။

Descartes က အာရုံတွေကပေးတဲ့ အသိဟာ စိတ်မချရဘူးလို့ဆိုတယ်။ နောက်ပိုင်းမှာ သူဘာကို ဆိုလိုသလဲဆိုတာကို နည်းနည်း အကျယ်ချဲ့ ကြည့်မယ်။ သူ့စာပိုဒ်ထဲမှာ ဘယ်လိုဆက်ရေးလည်း ဆိုတော့

…considering that the very thoughts we have while awake may also occur while we sleep without any of them being at that time true, I resolved to pretend that all the things that had ever entered my mind were no more true than the illusions of my dreams.

ဥပမာ ကျွန်တော်ဟာ အိပ်မက်ထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုယ့်အမေနဲ့ မကြာခဏ ပြန်တွေ့တယ်။ အဲ့သလို အိပ်မက်ထဲမှာ အမေနဲ့ ပြန်တွေ့တဲ့အခါ (အိပ်မက်မက်နေချိန်မှာ) အမေသေသွားပြီဆိုတဲ့ အသိလုံးဝမရှိဘူး။ မသေသေဘူး အမှတ်နဲ့ဘဲ စကားတွေ ပြောနေတတ်တယ်။ ဒီလိုအိပ်မက်မျိုး ကျွန်တော်မက်ဖူးသလို စာဖတ်သူတို့လည်း တချိန်မဟုတ် တချိန် မက်ဖူးကြမှာဘဲ။ အိပ်မက်က နိုးတဲ့အခါကျမှ အမေမရှိတော့ပါလား ဆိုတာ သိရတယ်။ အိပ်မက်ထဲက စိတ်ခံစားမှုတွေဟာလည်း အပြင်မှာ ခံစားရတဲ့ စိတ်ခံစားမှုတွေနဲ့ ခွဲမရအောင် တူလွန်းတယ်။ ဒါပေမယ့် အိပ်မက်ကပေးတဲ့ အသိဟာ တကဲ့ အသိစစ်မဟုတ်ဖူး၊ ဟုတ်တယ်မလား၊ အိပ်မက်ထဲမှာ အမေအသက်ရှင်နေသေးတယ်။ တကယ်တော့ သေသွားပြီ။ ဒါ့ကြောင့် အိပ်မက်ကပေးတဲ့အသိ (တနည်းအားဖြင့် အာရုံခံစားမှုကပေးတဲ့ အသိ)ဟာ စိတ်မချရဘူးလို့ Descartes ကဆိုတယ်။ (နောက်မှ အကျယ်ချဲ့ ပါဦးမယ်။)

ဒါပေမယ့် အာရုံတွေက ၀င်လာသမျှ အသိအားလုံးကို ကိုယ်ကလက်မခံဘူးလို့ ငြင်းနေချိန်မှာ ငြင်းလို့မရတဲ့ အရာတခုတော့ ကျန်နေတယ်တဲ့။ အဲဒါကတော့ ငါဟာ thinking thing of the present thought ဆိုတာပဲဖြစ်တယ်၊ အသိအားလုံးကို လက်မခံဘူးဆိုတဲ့ လက်ရှိအတွေးကို တွေးနေတဲ့ (အတွေးကို Descartes က intuit ဆိုတဲ့ ကြိယာကို သုံးတယ်။ ရှည်ရှည်ဝေးဝေး ပြောရမဲ့ နောက်ဝေါဟာရတခုပဲ။) အရာပါလား ဆိုတာကတော့ ငြင်းလို့မရတော့ဘူးလို့ Descartes ကပြောတယ်။ အလွယ်ပြောရရင်တော့ အရာရာကို မယုံဘူးဆိုတဲ့ သံသယ အတွေးတခု ရှိနေပြီဆိုရင်ပဲ အဲဒိအတွေးကိုတွေးနေသူ ရှိတယ်ဆိုတာကို ငြင်းလို့မရတော့ဘူး။ ဒါကို လူ့ရဲ့ innate reason နဲ့ သိနိုင်တယ်။ အဲဒိအတွက် ‘ငါတွေးနေတယ်။ ဒါ့ကြောင့် ငါ့ရှိတယ်။’ ဆိုတဲ့ အမှန်တရားဟာတော့ဖြင့် ထပ်ပြီး စောဒကတက်စရာမလိုဘဲ လက်ခံလို့ ရသွားပြီလို့ ဆိုတယ်။

Descartes ပြောခဲ့တာကို အကြမ်းရေးကြည့်ရရင်

၁။ အာရုံတွေကလာတဲ့ အသိမှန်သမျှကို ငါလက်မခံဘဲ သံသယထားမယ်။ (ဘာလို့ဆို စိတ်မချရလို့။ အိပ်မက်ဥပမာကိုကြည့်။)

၂။ အဲ့သလို သံသယထားပြီ ဆိုကတတည်းက သံသယထားလို့ မရတဲ့ အရာတခုရှိနေပြီ။ (မရှိရင် ဘယ်သူက သံသယထားနေလဲ။)

၃။ မွေးကတည်းက လူတိုင်းမှာ (ငါ့မှာလည်း) innate reason ရှိတယ်။ (တနည်းအားဖြင့် intuit လုပ်နိုင်တယ်။) (rationalist view)

၁၊ ၂၊ ၃ အရ ငါဟာ လက်ရှိသံသယ အတွေးကို တွေးနေသူပါလားဆိုတဲ့ ဘယ်လိုမှငြင်းလို့မရတဲ့ အမှန်တရားတခု ငါ့ခေါင်းထဲမှာ ထင်ရှားလာတယ်။ [အဲဒိအတွေးရှိနေတဲ့အတွက် (တွေးနေတဲ့အတွက် intuit လုပ်တဲ့အတွက်) ငါရှိနေတာပဲ။] အဲဒိအမှန်တရားကို Descartes က ‘ငါတွေးနေတယ်၊ ထို့ကြောင့် ငါရှိတယ်။’ ဆိုပြီးရေးချလိုက်တာပဲ။

ခုပြောခဲ့တာကတော့ ပြီးခဲ့တဲ့ အခန်းက စာပိုဒ်ကို အကြမ်းခွဲစိတ်ကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်အခန်းမှာ ဒါကိုပဲ နည်းနည်းထပ်ပြီး အကျယ်ချဲ့ ပါဦးမယ်။

watote


[1] Cottingham, Descartes p25

Discussion

One thought on “Reflections on Descartes 3

  1. ဖီလော်ဆိုဖီ အကြောင်း သေချာစွာ ထုတ်ဖော်နေတာကို အထူးဝမ်းသာမိပါသည် ။
    တဖြည်းဖြည်းဖတ်ယူပါမည် ။
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com

    Posted by nyeinsoeoo | 13/11/2010, 03:51

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: