//
you're reading...
History, Philosophy

Reflections on Descartes 4

ဒေးကားရဲ့ ဖီလော်ဆော်ဖီ system တခုလုံးကို သူ့ရဲ့ သင်္ချာကို ယုံကြည်ကိုးစားမှုနဲ့ ပင့်ထောက် ထားတယ်လို့ အရင်အခန်းတွေမှာ အကြိမ်ကြိမ် ပြောသွားခဲ့တယ်။ ဂဏန်းသင်္ချာနဲ့ ဂျီသြမေတြီ နှစ်ခုရဲ့ မသေချာမှုတွေကနေ လွတ်ကင်းမှု (free from falsity and uncertainty) ပုံစံမျိုးကိုယူပြီး အသိ (scientia) ကိုတည်ဆောက်ရမယ်လို့ Descartes ဆိုတယ်။ ဒီတော့ Monsieur Descartes ရဲ့ အသိ scientia ကိုဖွင့်ဆိုပုံက ဘာလဲ။

All scientia is certain and evident cognition ကွလို့ Rule Twoမှာ အသိ scientia ရဲ့  အဓိပ္ပါယ်ကို သူကစဖွင့်တယ်။ ဒါဖြင့်ရင် အဲဒိ သေချာတဲ့၊ ထင်ရှားတဲ့ အသိကို ဘယ်လိုရှာမလဲ။ လွယ်ပါတယ်၊ မသေချာတဲ့အရာတွေကို ဖယ်ပေါ့ကွာလို့ သူက ပြန်ပြောတယ်။ အရင် အပိုင်းတွေမှာ ပြောခဲ့သလို Cartesian method ကို Rules မှာတွေ့နိုင်သလို Discourses on Methods မှာလည်း တွေ့နိုင်တယ်။ Rules မှာ ဟိုတစ၊ ဒီတစ ရေးနေရာကနေ Method Two ရောက်တဲ့အခါမှာ Cartesian method လို့ ပိုင်ပိုင်နိုင်နိုင်ခေါ်လို့ရနိုင်တဲ့ ဥပဒေသလေးခုကို အနှစ်ချုပ်ပြီးဖော်ပြတာတွေ့ရတယ်။ အစောပိုင်းမှာ ပြောခဲ့တဲ့ အတိုင်းပဲ Descartes ရဲ့  ဖီလော်ဆော်ဖီ စီမံကိန်းဟာ Scholastic philosophy, scholastic logic ကို အယုံအကြည် မရှိတာနဲ့ တွဲနေတာမို့ ဒီအချက်ကို သူ့ရဲ့  method မှာ အထင်အရှား တွေ့နိုင်တယ်။ Method Two 18 မှာဘယ်လိုရေးလဲဆိုတော့

I observed in respect to logic that the syllogism and the greater part of the other teaching served better in explaining to others that one knows than in learning what is new … This made me feel that some other method must be found, … I believe that I should find the four which I shall state quite sufficient 

နှစ်ထောင်နဲ့ချီ လက်ခံလာတဲ့ Aristotle နဲ့ တော်လမီတို့ရဲ့ ပုံစံတောင် မှားနေတာ တွေ့ရတဲ့အခါ ကိုယ်ကအမှန်လို့ လက်ခံထားတဲ့ထဲက တကယ်မှာ မှားနေတာတွေရော မရှိနိုင်ဘူးလား။ သိပ်ရှိနိုင်တာပေါ့။ မှားနေတာတွေရှိနိုင်သလို မှန်နေတာတွေလည်း ရှိနိုင်တယ်။ ဘာမှသေချာ မပြောနိုင်ဘူး။ ဟုတ်ပြီ၊ ဒါဆိုရင် (အောက်မှာပြောမဲ့ ဥပဒေ လေးခုလုံးဟာ Methods Two 18 မှာပါတယ်။) ဒီလိုလုပ်လို့ Descartes က အကြံပေးတယ်။ 

… to accept nothing as true which I did not clearly recognize to be so … to accept them in nothing more than what was presented to my mind so clearly and distinctly that I could have no occasion to doubt it. (မိုက်တယ်နော် J) ဒါဟာ Descartes ရဲ့  Rule နံပါတ်ဝမ်းပဲ။ စိတ်ထဲမှာ သံသယ မပွားနိုင်ဘဲ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မမြင်တာမှန်သမျှ ဘာကိုမှ လက်မခံဘူးလို့ Descartes ကဆိုတယ်။ ပြောခဲ့သလို အရေးကြီးတဲ့ စကားလုံးတွေဟာ ‘စိတ်ထဲမှာ’ ‘သံသယ’ ‘ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား’ ဆိုတာတွေပဲ။ ဒီစကားလုံးတွေရဲ့  အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး Descartes ရဲ့ ဆွေးနွေးချက်ကို (သူပြောတာ လက်ခံတာမခံတာ အပထား) သေချာနားလည်အောင် အားထုတ်သင့်တယ်။ အဲဒိ စကားလုံးတွေကို Descartes ဘယ်လို လေ့လာဆန်းစစ်ထား သလဲဆိုတာ မကြာခင်ပြောမယ်။ ခုတော့ ကျန်တဲ့ Rules တွေကို ဆက်ကြည့်ရအောင်။ 

The second was to divide up each of the difficulties which I examined into as many parts as possible, and as seemed requisite in order that it might be resolved in the best manner possible.

The third was to carry on my reflections in due order, commencing which objects that were the most simple and easy to understand, in order to rise little by little, or by degrees, to knowledge of the most complex, assuming an order …

The last was in all cases to make enumerations so complete and reviews so general that I should be certain of having omitted nothing. 

ဘယ့်နှယ့်ရှိစ။ သင်္ချာဆရာကောင်းကောင်းနဲ့ သင်ခဲ့ရတဲ့သူ ဘယ်သူမဆို သင်္ချာပုစ္ဆာတွေ၊ အထူးသဖြင့် geometry ပုစ္ဆာတွေ ဖြေရှင်းတဲ့အခါ ခု Descartes ပြောခဲ့တဲ့ အကြံဥာဏ်မျိုးကို အနည်းနဲ့အများဆိုသလို ကြုံဖူး၊ ကြားဖူးကြမယ်။ သင်္ချာက ပုစ္ဆာရှင်းနည်းဟာ Descartes ကို ဘယ်လောက်သြဇာလွှမ်းမိုးမှုရှိသလဲဆိုတာ ဒီ rules တွေမှာ အထင်အရှားတွေ့ရတယ်။ ဒီနေရာမှာ Descartes နဲ့ အမြင်မတူတာလေးတခုကို အလျဉ်းသင့်လို့ ပြောပါရစေ။ သင်္ချာဟာ ဖီလော်ဆော်ဖီ အတွက် အတုယူစရာ မော်ဒယ်ကောင်းတခုဆိုတာကို သိပ်စိတ်တိုင်းမကျဘူး။ အထူးသဖြင့် သင်္ချာက reasoning နဲ့ ဖီလော်ဆော်ဖီက reasoning နှစ်ခုကိုကြည့်ရင် သင်္ချာက reasoning ဟာ means-ends reasoning ခေါ်မလား၊ သင်္ချာပုစ္ဆာတခုကို အဖြေတခုခု မထွက်ထွက်အောင် (နောက်ဆုံး မထွက်ရင်တောင် ဘာ့ကြောင့် အဖြေမရှိနိုင်ဆိုတာကိုပဲ အဖြေထုတ်ပြကြသေးတယ် မဟုတ်လား။) နည်းလမ်းအမျိုးမျိုး ရှာကြံစဉ်းစားတဲ့ reasoning မျိုးပဲ။ ဒါ့ကြောင့် geometry ကို တချို့ကလည်း closed system လို့ ခေါ်ကြတယ်။ တချို့  reasoning စဉ်းစားပုံတွေဟာ အဲ့ဒိလို means-ends reasoning မျိုးသက်သက်ပဲ။ အတွက်အချက် အခြေခံစဉ်းစားပုံလို့ ပြောရမယ် ထင်တယ်။ ဘောဂဗေဒက စဉ်းစားပုံ၊ အမျိုးမျိုးသော ကနေ့ခေတ် သိပ္ပံဘာသာရပ်တွေမှာ တွေ့ရတဲ့ စဉ်းစားပုံဟာ ဒီလိုပုံစံမျိုးပဲ။ အဖြေထွက်ရေးကို ဦးတည်တဲ့ စဉ်းစားနည်းမျိုး။ တဘက်မှာ Republic ထဲမှာ Plato တင်ပြတဲ့ issue တွေ၊ ဥပမာ virtue ဆိုတာ ဘာလဲ၊ justice ဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေအတွက်တော့ ဒီ means-ends reasoning ပုံစံဟာ သနားစရာကောင်းလောက်အောင် မပြည့်စုံတာ၊ နုံနဲ့တာကို တွေ့ရတယ်။ Plato ကိုယ်တိုင် (Socrates ပဲဆိုပါစို့) က အဖြေထုတ် မသွား(နိုင်)ခဲ့ဘူး။ (Republic ဟာ ideas တွေကို စိတ်ဝင်စားသူတိုင်း မဖတ်မဖြစ် အကြိမ်ကြိမ် ဖတ်ကိုဖတ်ရမဲ့ စာအုပ်လို့ပဲ ညွှန်းချင်တယ်။ ဗမာလို ပြန်ကိုပြန်သင့်တဲ့စာအုပ်ပဲ။ အနည်းဆုံး Plato ရဲ့ အိုင်ဒီယာတွေနဲ့ မိတ်ဆက် ပေးသင့်တယ်၊ ဆရာဦးသိန်းဟန် (ဇော်ဂျီ)တို့ ကျေးဇူးကြီးပေစွ။) ဒါကို သတိမပြုမိရင်တော့ Edward de Bono ကို စွပ်အထင်ကြီးကြတာ မဆန်းဘူး။ လုပ်ရပ်တခု တရား၊ မတရား ဆိုတာကို (အဟဲ) မဟာပညာရှိများ ဘယ်လို lateral thinking မျိုးနဲ့ ချဉ်းကပ်ကြမလဲ မသိဘူး၊ လွှတ်ပေးထားလိုက်ဦးမယ်။ တခါတခါ ကောက်သင်းကောက်တွေက အနှံကြီးကြိုက်တာ လွန်လွန်းအားကြီးတယ်လို့ စိတ်ထဲဖြစ်မိတယ်။

စောစောကပြောနေတာ ပြန်ဆက်ရအောင်။ ခုကစပြီး Descartes ဟာ သူ့ရဲ့ method ကို သူပြောတဲ့ အသိသစ်ကိုရှာတဲ့နေရာမှာ လက်တွေ့ဘယ်လိုအသုံးချလဲဆိုတာကို တတ်နိုင်သလောက် လေ့လာကြည့်မယ်။ အဲဒိအတွက် method နဲ့ meditations နှစ်အုပ်ကို အဓိကကိုးကားသွားမယ်။

Descartes က သံသယ မပွားနိုင်ဘဲ clear ရှင်းရှင်းလင်းလင်းနဲ့ distinct ပြတ်ပြတ်သားသား မဖြစ်တာမှန်သမျှ ဘာကိုမှ လက်မခံဘူးလို့ပြောခဲ့လေတော့ clear and distinct မဖြစ်တာတွေ ဘာတွေရှိမလဲလို့ စမေးစရာကောင်းတယ်။ သူ့အဖြေကရှင်းတယ်။ အားလုံးကို သံသယနဲ့စမယ်၊ x ဟာ သံသယ ၀င်စရာကောင်းတယ်ဆိုရင် x ကိုပယ်မယ်။ ပြီးရင် rule 3 မှာပြောခဲ့သလို နည်းနည်းချင်းဆီ တိုးသွားကြည့်ပြီး သံသယဖြစ်လို့မရတာ ဘာကျန်မလဲကြည့်မယ်ပေါ့။ စကားမစပ် Descartes က Meditation ရဲ့ စကားဦးမှာ ဘယ်လိုရေးသလဲဆိုတော့

I would not urge anyone to read this book except those who are able and willing to meditate seriously with me တဲ့။

လူတိုင်းဟာ မွေးကတည်းက innate reason ပါလာပြီးသားဆိုတော့ able ဖြစ်ကြတဲ့လူချည်းပဲ။ စိတ်ပါလက်ပါ meditate လုပ်ဖို့ပဲလိုတယ်။ meditation ကို အင်္ဂလိပ်လိုတန်းဖတ်ပြီး (အဲလက်တင်လိုတတ်ရင် ပိုတောင်ကောင်းမလားမသိဘူး။) သူအကြံပေးသလို လေးလေးနက်နက် meditate လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း Descartes ပြောချင်တာကို အတတ်နိုင်ဆုံး ကြိုးစားပြီး (တချို့  နေရာတွေမှာ line by line) အဓိပ္ပါယ်ဖွင့်ကြည့်မယ်။

အရင်ဆုံးခုစာကိုဖတ်နေချိန်မှာ စာလုံးတွေကို မျက်စိကနေမြင်နေတယ်။ ဒါဟာ ခုတခဏ အတွက်တော့ အမှန်တရားပဲ။ ဒီအမှန်တရားဟာ အမြင်အာရုံ (senses) ကတဆင့်လာတယ်ပေါ့၊ ဟုတ်တယ်နော်။ ဒါပေမယ့် Descartes ကဘာပြောလဲဆိုတော့

…from time to time I have found that senses deceive, and it is prudent never to trust completely those who have deceived us even once. အာရုံတွေဟာ တချိန်မဟုတ် တချိန် လှည့်စားတတ်တယ်၊ ဒီတော့ ဒီလိုလှည့်စားတတ်သူကို အပြည့်အ၀ မယုံတာ ကိုယ့်အတွက် အကျိုးရှိမယ်ပေါ့။ ဥပမာ သူဟာလောလောဆယ်မီးဖိုဘေးမှာ ထိုင်နေတယ်၊ လက်ထဲမှာ စာရွက်တရွက်ကိုကိုင်ထားတယ် စသဖြင့်ရှိမယ်။ ဒါကို ဘယ်လို ငြင်းမလဲ။ အင်… ငြင်းလို့ရတာပေါ့။

How often, asleep at night, am I convinced of just such familiar events – that I am here in my dressing-gown, sitting by the fire – when in fact I am lying undressed in bed!

ပြောခဲ့သလို သူဟာ အိပ်မက်ထဲမှာ မီးဖိုဘေးမှာထိုင်ပြီး လက်ထဲစာရွက်ကိုင်ထားတဲ့ အတွေ့အကြုံ ရှိဖူးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဒါဟာအိပ်မက်သာဖြစ်ပြီး တကယ်တမ်းမှာတော့ သူဟာ အိပ်ယာထဲအိပ်နေတာသာ ဖြစ်တယ်တဲ့။ သေချာစဉ်းစားကြည့်ရင် အိပ်နေတာနဲ့ နိုးနေတာကို အဲဒိအချိန်တွေမှာပေးတဲ့ အတွေ့အကြုံတခုထဲနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူးတဲ့။ (ဥပမာ အိပ်မက်ထဲမှာ စကားပြောနေချိန်မှာ ငါဟာ အိပ်မက်မက်နေပါလားဆိုတဲ့ အသိဝင်တာမျိုးမရှိဘူး။ အပြင်မှာအတိုင်း စကားတွေ ပြောနေတာပဲ။) ဒါကိုကြည့်ရင် အတွေ့အကြုံကပေးတဲ့ အမှန်တရားဟာ (မီးဖိုဘေး စာထိုင်ဖတ်နေတယ်ဆိုတဲ့ အမှန်တရား) စိတ်မချရဘူးလို့ Descartes ကစဉ်းစားတယ်။ (စကားမစပ် meditation က ခုအကြောင်းအရာကို stove-room problem လို့လည်း သိကြတယ်။)

နောက်တခါ အိပ်မက်ထဲမှာမက်တဲ့ အကြောင်းအရာတွေဟာ အပြင်လောကကနေ ဆင်းသက်လာတာတွေချည်းပဲတဲ့။ ဥပမာ အိပ်မက်ထဲတွေ့တဲ့လူဟာ အပြင်ကလူလိုပဲ ခေါင်းပါတယ်၊ မျက်စိပါတယ်။ နောက်တခါ အရောင်ဆိုလည်းကြည့်။ အပြင်မှာ နှင်းဆီပန်းဟာ အနီရောင်၊ ဟော အိပ်မက်ထဲမှာလည်း အနီရောင်ပဲ။ ဒီတော့ ပြောခဲ့တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ၊ အရောင် စတာတွေဟာတော့ အစစ်အမှန်လို့ မပြောနိုင်ပေဘူးလား။ နောက်တခါ အိပ်မက်ထဲမှာ နှစ်နဲ့သုံးပေါင်းရင် ငါးရတယ်။ အပြင်မှာလည်း နှစ်နဲ့သုံးပေါင်းရင် ငါးရတာပဲ။ ဒီတော့ ဂဏန်းသင်္ချာ အပါအ၀င် ပြောခဲ့တဲ့ အရောင်၊ အင်္ဂါအစိတ်အပိုင်း ဒါတွေကိုရော အစစ်အမှန်မဟုတ်ဖူးလို့ သံသယထားစရာ လိုပါဦးမလားလို့ စောဒကတက်စရာရှိတယ်။

Descartes ကပြန်ပြောနိုင်တာက ခုပြောခဲ့တဲ့ အိပ်မက်ထဲကအရာတွေဟာ ပြင်ပလောက ကနေ ပွားထားတာတွေသာဖြစ်တယ်။ အဲ ပြင်ပလောကက အရာတွေကိုယ်နှိုက်က အစစ်အမှန် မဟုတ်ရင် ဘယ်နှယ့်လုပ်မတုန်းဆိုပြီး ပြန်ပြောလာနိုင်တယ်။ ပြင်ပလောကက အရာတွေကို ဘုရားသခင်ကဖန်းဆင်းတယ်ဆိုပါစို့။ ဘုရားသခင်က ငါ့ကို သက်သက်လှည့်စားရအောင် ဖန်ဆင်းတာရောမဖြစ်နိုင်ဘူးလား။ ဥပမာ ငါဟာစံပယ်ပန်း အနံ့လေးရနေတယ်။ ဒါပေမယ့် တကယ်မှာ ဘာစံပယ်ပန်းမှ မရှိဘဲ တမင်သက်သက် ငါ့နှာခေါင်းထဲမှာ စံပယ်ပန်းအနံ့ရအောင် မဟုတ်တရုတ် ဖန်ဆင်းနေတာရော မဖြစ်နိုင်ဘူးလား။ (ခု Descartes ရဲ့ စဉ်းစားခန်းကနေ ဖီလော်ဆော်ဖီမှာ နံမယ်ကြီး thought experiment တခုကိုရောက်လာတယ်။ wiki မှာ brain in a vat ဆိုပြီး ရိုက်လိုက်ရင် တွေ့ရမယ်။ http://en.wikipedia.org/wiki/Brain_in_a_vat )

နောက်တခါ နှစ်နဲ့သုံးပေါင်းရင် ငါးရတာ ဟုတ်ချင်မှဟုတ်မယ်။ ဘုရားသခင်က ငါ့ရဲ့  တွက်ချက်နိုင်စွမ်းကို ပေါက်တတ်ကရဖြစ်အောင် brain in a vat ထဲကလို လုပ်ထားတာရော မဖြစ်နိုင်ဘူးလား။ တချို့ ကလည်း ငါ့ကိုဖန်ဆင်းတဲ့ ဘုရားသခင် ရှိမရှိကို သံသယရှိကြတယ်။ ဒီမေးခွန်းကို ငါလည်းလောလောဆယ် မဖြေနိုင်သေးဘူး။ လောလောဆယ် ငါကံသေကံမ ပြောနိုင်တာကတော့

…there is not one of my former beliefs about which a doubt may not properly be raised; and this is not a flippant or ill-considered conclusion, but is based on powerful and well thought-out reasons. လို့ဆိုတယ်။

နောက်ဆုံး ဘုရားသခင်ရှိမရှိ ခုလောလောဆယ် အဖြေမထုတ်နိုင်သေးရင်တောင် တခြားနည်းလမ်းနဲ့ ခရီးဆက်မယ်။ အင်မတန်မှ တန်ခိုးကြီးပြီး၊ အင်မတန်မှ လှည့်စားနိုင်လွန်းတဲ့ နတ်ဆိုးတကောင် demon ရှိတယ်ဆိုပါစို့။

I shall think that the sky, the air, the earth, colours, shapes, sounds and all external things are merely the delusions of dreams which he (the malicious demon) has devised to ensnare my judgment.

ငါမြင်မြင်သမျှ၊ ကြားကြားသမျှအရာအားလုံးဟာ အစစ်အမှန်တွေ မဟုတ်ဖူး၊ ဒီနတ်ဆိုးက ငါမြင်နေ၊ ကြားနေအောင် တမင်လှည့်စားနေတာ၊ ဟုတ်ပြီနော်။ အဲဒိမှာ meditation ပထမခန်းပြီးသွားပြီး ဒုတိယခန်းစတယ်။

လေးလေးနက်နက် meditate လုပ်နေတဲ့ Descartes နဲ့ သူရဲ့ thought experiment ထဲက နတ်ဆိုးနဲ့က ကစားနေသလိုပဲ။ နတ်ဆိုးက တခုခုဖန်ဆင်းပြလိုက်၊ Descartes က ဟင့်အင်း အဲဒါတကယ်မရှိဘူးလို့ ငြင်းလိုက်လုပ်နေတယ်။ Second Meditation မှာသူက

I have no senses. Body, shape, extension, movement and place are chimeras. So what remains true?

တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်လာပြီ။ Descartes က သူ့ရဲ့ သံသယ limit ကို ဘယ်လောက်ထိတွန်းလဲဆိုရင် နောက်ဆုံးသူ့မှာ body ဆိုတာ မရှိဘူး။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တကယ့်အရှိပမာ နတ်ဆိုးက ဖန်ဆင်းထားတာလို့တောင် သူက သဘောထားထားတယ်။ ဒီတော့ ဘာကျန်သေးလဲ။

…how do I know that there is not something else which does not allow even the slightest occasion for doubt? Is there not a God, or whatever I may call him,… the thoughts I am now having?

လောကမှာ ဘာဆိုဘာမှမရှိဘူး၊ မိုးကောင်းကင်ဆိုတာ မရှိဘူး၊ ငါ့ခန္ဓာကိုယ်လည်း မရှိဘူးဆိုရင် ငါမရှိဘူးလို့ရော ပြောလို့ရမလား။ Does it not follow that I too do not exist? No; if I convinced myself of something then I certainly existed. ငါမရှိဘူးဆိုတာတော့ ငြင်းလို့ မရနိုင်တော့ဘူး။ နတ်ဆိုးဟာ ငါ့ကိုလှည့်စားနိုင်ဖို့ ဆိုရင် တခြားအရာတွေ ဘာမှမရှိဘူး ဆိုရင်တောင် သူလှည့်စားရမဲ့ ငါကတော့ ရှိရမယ်။ ငါမရှိဘူးဆိုရင် သူဘယ်သူ့ကို လှည့်စားမလဲ။ ဒီတော့ ငါရှိတယ်ဆိုတဲ့ အချက်ကတော့ဖြင့် ဘယ်လိုမှကို ငြင်းလို့မရတဲ့ အမှန်တရားပေပဲလို့ Monsieur Descartes က ကောက်ချက်ချတယ်။

So after considering everything very thoroughly, I must finally conclude that this proposition, I am, I exist, is necessarily true whenever it is put forward by me or conceived in my mind. တဲ့။

ဒီတော့ I ဆိုတဲ့ ငါရှိပြီပေါ့။ အင်း.. အဲဒိ ငါဆိုတာ ဘာကိုပြောတာလဲ။ ငါဆိုတဲ့ thinking thing of the present thought ဆိုတာတော့ ရှိနေပြီ။ ဒါပေမယ့် အဲဒိ ငါ ဟာ ဘာလဲ။ နောက်ပိုင်းမှာ ဒါကိုဆက်ပြောမယ်။ အဲဒိမှ Descartes က ငါရှိတာကို တွေးကြည့်ခြင်းအားဖြင့်သာ သိနိုင်တယ်။ body ရုပ်ရှိမရှိ မသေချာရင်တောင် စိတ်ကတော့ ရှိတယ်။ စိတ်ကအရင်တွေးနိုင်တာကိုး။ ဒါ့ကြောင့်စိတ်ဟာ ရုပ်ထက် ပဓာနကျတယ်လို့ သူကဆိုတယ်။ အဲဒါတွေကိုနောက်ပိုင်းမှာ ပြောမယ်။ ခုတော့ Descartes ရဲ့ I am thinking, therefore I am ကို တကျော့ထပ်ကြည့်ရအောင်။

Descartes ရဲ့ ဖီလော်ဆော်ဖီမှာ ပြောခဲ့တဲ့ ‘conceived in my mind’ ဆိုတဲ့ စကားဟာ သိပ်ကို အရေးကြီးတယ်။ လက်တင်လို cogito ကိုဘာသာပြန်ထားတာ။ တခုခုဟာ in the mind ဖြစ်နေရင် ဒါဟာ clear and distinct ဖြစ်တယ်လို့ Descartes ကပြောချင်တာလို့ ယူဆတယ်။ Descartes ပြောတဲ့ cogito ဟာ အဘိဓမ္မာက မနသိကာရဆိုတာနဲ့ ဆင်မလား မသိဘူး။ (စိတ်ရဲ့  သဘောဟာ အာရုံကိုယူနိုင်ခြင်းလို့ တောင်မြို့ ဆရာတော်က ကိုယ်ကျင့်အဘိဓမ္မာမှာဆိုတယ်။ အာရုံယူနိုင်ခြင်း (ယူဆိုတဲ့ ကြိယာကိုက လုပ်ဆောင်မှုရှိတာကို ပြနေတယ်။)နဲ့ စိတ်ဟာ တခုထဲပဲ။ တခါတခါ အာရုံမယူတဲ့အခါမှာ ကိုယ့်ရှေ့ မှာ ဆင်ကြီးတကောင်ရှိနေရင်တောင် မမြင်ဘူးဆိုတဲ့ အပြောမျိုး ကြားဖူးကြမယ်။ (တကယ်က မမြင်ဘူးဆိုတာထက် ကိုယ့်ရှေ့  ရပ်နေတာ ဆင်ကြီးပါလားဆိုတာ သတိမမူမိတာ၊ မသိတာလို့ ပြောတာ ပိုမှန်မယ်။) Descartes ပြောတာလည်း အဲဒါနဲ့ အတော့ကိုဆင်တယ်လို့ ထင်တယ်။ ငါတွေးနေတယ်၊ ထို့ကြောင့် ငါရှိတယ်ဆိုတဲ့အမှန်တရားကို ပြောခဲ့သလို မနသိကာရ လုပ်တဲ့အခါတိုင်းမှာ သိနိုင်တယ်လို့ သူကပြောချင်တယ်လို့ ယူဆတယ်။ Rule 3 368 မှာ intuition ဆိုတဲ့ ဝေါဟာရကို သူဘယ်လိုသုံးသလဲဆိုတာ သေချာရှင်းတယ်။

By intuition I understand, not the fluctuating testimony of the senses, nor the misleading judgment that proceeds from the blundering constructions of imagination, but the conception which an unclouded and attentive mind gives us so readily and distinctly that we are wholly freed from doubt about that which we understand.

Cottingham ကတော့ intuit ကို intellectual cognition of the simplest and most direct kind လို့ အဓိပ္ပါယ်ကောက်တယ်။[1]တခုခုကို မြင်တာနဲ့ သိတာ၊ နားလည်တာ မတူဘူး။ ဥပမာ စာဖတ်နေတယ်။ မသိစိတ်က စာလုံးတွေကို ဖတ်နေချိန်မှာ သိစိတ်က တခြားရောက်နေတာမျိုး ဖြစ်ဖူးကြမယ်။ နောက်သတိပြန်လည်တော့မှ ဟ ငါဘယ်နားရောက်သွားလဲဆိုပြီး စောစောက ကိုယ်ဖတ်နေတဲ့စာမျက်နှာကို အစက ပြန်ဖတ်ရတာမျိုး ကြုံဖူးမယ်။ ဒါဟာ attentive မဖြစ်လို့ပဲ။ စိတ်ကို attentive ဖြစ်ဖြစ်နဲ့ စဉ်းစားမယ်ဆိုရင် မမြင်နိုင်စရာမရှိဘူး၊ အမှန်ကို မရောက်နိုင်စရာ မရှိဘူးလို့ Descartes ကပြောတယ်။ I am thinking, therefore I am ဆိုတဲ့ အမှန်တရားကို ရောက်လာဖို့ ပြောခဲ့တဲ့ attentive mind နဲ့ intuit လုပ်ဖို့သာလိုတယ်။ ဒီအမှန်ကိုသိဖို့ တခြား priori knowledge မလိုတဲ့အတွက် ဒါကို first principles လို့လည်းခေါ်တယ်။ Descartes ရဲ့  Cogito Ergo Sum ကို တချို့ ကလည်း Aristotle လောဂျစ်ဘောင်ထဲ ကြိုးစားထည့်ကြည့်တယ်။

Whatever is thinking exists (major premise)

I am thinking (minor premise)

Therefore, I exists (conclusion) ဆိုပြီး ပြကြည့်တယ်။ ဒါပေမယ့် ဒီ scholastic logic မှာ major premise မှန်တယ်၊ နောက် ပြခဲ့တဲ့ syllogism ဟာမှန်တယ်ဆိုတဲ့ အသိလိုသေးတယ်။ သူ့ရဲ့ cogito ကို သိနိုင်ဖို့ရာက ပြောခဲ့တဲ့ priori အသိ ဘာဆိုဘာမှ မလိုဘူး။ Cottingham ပြောခဲ့သလို simplest and most direct kind of cognition ကနေ ရတဲ့အသိကိုပြောတာပဲ။ 

နားဦးမယ်။

(ဖီလော်ဆော်ဖီကို နားလည်အောင် ဖတ်ရတာဟာ အင်မတန့် အင်မတန် ပင်ပန်းတယ်၊ လူနားလည်အောင် ရေးဖို့က သာတောင် ပင်ပန်းသေးတယ်။ ခုစာတွေကို လက်ယားလို့ ရေးတာထက် ရည်ရွယ်ချက်ထားပြီး ရေးနေတာ၊ ဖတ်စေချင်လို့ ရေးနေတာ ဖြစ်ပါတယ်။ ဒီတော့ စောင့်ဖတ်နေတယ်၊ ဖတ်ရတာ အကျိုးရှိတယ်လို့ အသိပေးသူအားလုံးကို အင်မတန်မှ ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောချင်ပါတယ်။)

[1] Cottingham, Descartes p 25

Discussion

One thought on “Reflections on Descartes 4

  1. အ ခု လို လေး နက် တဲ့  ဖီလို ဆို ဖီ တွေ ကို စိတ် လည်း ၀င် စား …လေ့ လည်း လေ့  လာ … ပြန် လည်း ဝေ မျှ တဲ့  မြန် မာ တစ် ယောက် တစ် ယောက် ရှိ နေ တာ တွေ့  လိုက် ရ လို့  အ ရမ်း ကို အံ့ သြ မိ ပါ တယ်..ဟို အရင် မဆလ ခေတ် က လေထန်ကုန်း လဘက် ရည် ဆိုင် မှာ စာရေးဆရာ အဖိုး ကြီး တွေ ပဲ ဆွေ နွေး ကြ တယ် ထင် တာ။ ကျနော် လည်း ၀ါ သနာ ပါ တဲ့  အ ပြင် ဆွေး နွေး ချင် တာ လေး တွေ လည်း ရှိ လို့  email သိ ပါ ရ စေ… အ ခြား စိတ်ဝင်စားမှု မ တူ သူ တွေ နဲ့  ဆွေး နွေး ရင် ဂေါက် နေ တယ် အ ပြော ခံ ရ လို့  ဒီ လို လူ မျိုး လိုက် ရှာ နေတာ ကြာ ပြီ…စာရေးဟန် ကို အ ကဲ ခတ် ကြည့်  ရ သလောက် ကျနော် နဲ့  ရွ ယ် တူ generation တူ ထဲ ကပဲ ဖြစ် ပုံ ရ တယ် ။ ဘယ် နိုင် ငံ ဘယ် university က ဘယ် ဘာ သာ အ ထူး ပြု နဲ့  ပြီး ထာ သလဲ သိ ပါ ရစေ…fecebook ရှိ ရင် add ထား ချင် တယ်…စာရေး သူ ရဲ့  ကလောင် နာ မည် က ကို ၀တုတ် ဆို တာ လား ? ကျနော် seriously ဆက် သွယ် တာ မို့  လို့  အကြောင်း ပြန် မယ် လို့  ယုံ ကြည် ပါ တယ်။

    Posted by သူရ | 10/12/2010, 05:21

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: