//
you're reading...
History, Philosophy

Reflections on Descartes 5

First Meditation မှာ Descartes က လောကမှာ တခြားအရာတွေ တကယ်မရှိရင်တောင်၊ ဒါမှမဟုတ် အာရုံတွေကတဆင့် သူသိနေတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဖူး ဆိုရင်တောင် သူကတော့ ရှိနေတယ် ဆိုတဲ့အသိကတော့ ဘယ်လိုမှ သံသယမပွားနိုင်တဲ့ အသိလို့ဆိုတယ်။ ဒါကို (သူရှိနေတာကို) စဉ်းစားလိုက်တိုင်းမှာ သိရတယ် I’m thinking, therefore I am ဆိုပြီး သူ့အခေါ် first principle (ပထမဆုံးအသိလို့ပဲ ပြောရမလား) ကိုစတည်ဆောက်ခဲ့တယ်။ နောက်တခါ အဲဒိအသိကို လူ့ရဲ့ innate reason ကနေ သိနိုင်တယ်။ Scholastic syllogism အကူအညီမလိုဘူးလို့ ဆိုတယ်။

Stove room ထဲမှာ၊ မီးဖိုဘေးမှာထိုင်ပြီး သူ့ရဲ့ method of doubt နဲ့ ဘယ်အသိဟာတော့ဖြင့် ဘယ်လိုမှ သံသယဖြစ်လိုမရတော့ဘဲ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား သိနိုင်မလဲဆိုတာ ရှာနေရာမှာ I am the thinking thing of my present thought. သူဟာ လောလောဆယ်တွေးနေတဲ့ အရာပါလားဆိုတာ သူ့ရဲ့ ဥာဏ်အလင်းမှာ လာထင်တယ်။ ငါဆိုတာ တွေးနေတဲ့ အရာကြီးပါလားပေါ့။ တွေးတယ်ဆိုတာ စဉ်းစားတာတင်မကဘူး၊ ကြံစည်တာ၊ ဆန္ဒပြုတာ (willing) တွေပါပါတယ်။ တနည်းအားဖြင့် ငါဆိုတာ

A thing that doubts, understands, affirms, denies, is willing, is unwilling, and also imagines and has sensory perceptions လို့ပြောတယ်။ (Second Meditation 28)

ဒီတော့ တွေးနေတာအပြင် ငါ့မှာတခြားဘာဂုဏ်သတ္တိတွေ attribute တွေရှိဦးမလဲ။ ငါလို့သိနေတဲ့ အရာကြီးကဘာလဲ။

Well, the first thought come to mind was that I had a face, hands, arms and the whole mechanical structure of limbs which can be seen in a corpse, and which I called the body. (Second Mediation 26)

ငါ့မှာ မျက်နှာရှိမယ်၊ လက်တွေ၊ ခြေတွေရှိမယ် ဟုတ်လား။ ဒါပေမယ့် ဒါတွေဟာ တကယ်ရော ရှိလို့လား။ တကယ်တော့ ကိုယ်ဆိုတာမရှိဘူး၊ ပြောခဲ့တဲ့ အင်မတန်မှ လည့်ဖျားနိုင်လွန်းတဲ့ နတ်ဆိုးက malicious demon က ငါ့ကို ခန္ဓာကိုယ်ရှိတယ်လို့ ထင်အောင် လှည့်စားထားတာရော မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ မသေချာဘူး၊ ဟုတ်လား။ ဒီတော့ သူ့ရဲ့ method of doubt အရ မုန်ညင်းစေ့လောက် သံသယထားနိုင်ရင်ကိုပဲ ဒါကို ပယ်မယ်ဆိုရင် ငါ့မှာ ကိုယ်ရှိတယ်ဆိုတယ် ဆိုတဲ့ အချက်ကို မသေချာမှုအဖြစ် ပယ်ရမှာပေါ့၊ ဟုတ်လား။ အဲသူလှည့်စားလို့ မရတာ ငါတွေးနေတယ်၊ ထို့ကြောင့် ငါရှိတယ် ဆိုတဲ့အသိကိုပဲ လှည့်စားလို့ မရနိုင်တာ၊ ဟုတ်တယ်မလား။ ဒါပေမယ့် တခါ သူဟာ သူ့ကိုယ်ပေါ်မှာလာဖြစ်တဲ့ ခံစားမှုတွေကိုတော့ ခံစားနိုင်တာပဲ မဟုတ်လား၊ မီးဖိုဘေးထိုင်နေရင် ပူနေတဲ့ အာရုံ experience of heat မရဘူးလား။ အဘိဓမ္မာနဲ့ နီးစပ်သူများကတော့ ခံစားမှုကို စိတ်ကသာ သိတယ်လို့ ပြောကြမယ်။ အဲ Descartes ကလည်း အဲဒိအတိုင်းပဲပြောတယ်။ ခံစားမှုဆိုတာ ရုပ်မှာဖြစ်ပေမဲ့ စိတ်နဲ့သာသိနိုင်တယ်။ ဒီတော့ ကိုယ်ဆိုတာကိုလည်း intellect နဲ့သာ သိနိုင်မယ်တဲ့။ ဒါဟာ Second Meditation ရဲ့ အနှစ်ချုပ်ပဲ။ စောစောက ပြောတဲ့ ရုပ်ဆိုတာ intellect နဲ့သာသိနိုင်တဲ့အရာ၊ တနည်းသူ့ချည်းသက်သက် တည်နိုင်တဲ့ အရာမဟုတ်တာကို ပြဖို့ Descartes က thought experiment တခုလုပ်ပြတယ်။ Descartes wax argument ဆိုပြီးလည်း သိကြတယ်။ ဂူဂယ်မှာ ရိုက်ကြည့်လိုက်တာ ထွက်လာတယ်။ တိုတိုလေးနဲ့ ထိတယ်။ ဖတ်ကြည့်သင့်တယ်လို့ ယူဆပါတယ်။

http://www.suite101.com/content/descartes-wax-argument-a69692

သူက ဖယောင်းရုပ်ကြီးတခုနဲ့ နမူနာပေးတယ်။ ဖယောင်းရုပ်ကြီးကို မြင်ရတယ်၊ ပျားရည်နံ့ရတယ်၊ ခေါက်ကြည့်ရင် အသံထွက်တယ် စတဲ့ ဂုဏ်သတ္တိတွေရှိတယ်။ ဒါပေမယ့် အဲဒိ ဖယောင်းရုပ်ကြီးကို မီးရှို့ ကြည့်တဲ့အခါမှာ ပြောခဲ့တဲ့ ဂုဏ်သတ္တိတွေအားလုံး ပျောက်သွားတယ်။ ဖယောင်းဆိုတာပဲ ကျန်ခဲ့ပြီး နဂိုက အရုပ်သဏ္ဍာန်ကြီးက လုံးဝပျောက်သွားတယ်။ ခေါက်ကြည့်မယ်ဆိုရင်လည်း အသံထွက်ဖို့ နေနေသာ ပူလွန်းလို့ ထိနိုင်မှာတောင်မဟုတ်ဖူး။ ဒီဖယောင်းရုပ်ကြီး သဏ္ဍာန်ပြောင်းသွားတာကို စိတ်ကနေပဲ နားလည်နိုင်တယ်တဲ့။ (သိပ်အရေးကြီးတဲ့ ၀ါကျပါ။ နောက်ပိုင်း rationalist နဲ့ empiricist ဘာကွာလဲဆိုတာ ယှဉ်ကြည့်တဲ့အခါ ဒီဝါကျမျိုးဟာ သိပ်အရေးပါလာလိမ့်မယ်။) Descartes ကဘယ်လို ရေးလဲဆိုတော့

I must therefore admit that the nature of this piece of wax is … perceived by the mind alone. (Second Meditation 31)

ဖယောင်းရုပ်ရဲ့ သဘာဝကို စိတ်နဲ့သာသိနိုင်တယ်၊ နားလည်နိုင်တယ်။ အတွေ့အကြုံကနေ ဘာအသိမှ မပေးဘူးလို့ဆိုတယ်။ ပြောင်းလဲတာတို့၊ ဖြစ်ပျက်တာတို့ဆိုတာ အတွေ့အကြုံနဲ့ မသိနိုင်ဘူး၊ လူ့ရဲ့ reason နဲ့သာ သိနိုင်တယ်လို့ Descartes ကပြောတယ်။ ဖယောင်းရုပ် ရှိနေတယ်ဆိုတဲ့ အရှိတရားကို အတွေ့အကြုံကနေ မသိနိုင်ဘူး၊ သိနားလည်မှု (understanding) ကသာ သိနိုင်တယ်။ (တိရိစ္ဆာန်တွေမှာ အလားတူ သိနိုင်မှုမျိုး မရှိဘူးလို့ Descartes ကယူဆတယ်။ တိရစ္ဆာန်တွေဟာ စိတ်မရှိဘူး၊ mechanical automata သက်သက်လို့ Descartes ကယူဆတယ်။ ဒီနေရာမှာတော့ အတော်ချော်သွားပီနော်။ တိရိစ္ဆာန်တွေမှာ စိတ်မရှိဘူးဆိုတာထက် အသိမရှိဘူးလို့ပြောရင် တော်ဦးမယ်။)

တနည်းအားဖြင့် Descartes ဖီလော်ဆော်ဖီမှာ ပြင်ပအရာတွေရှိမှုဆိုတာ ကိုယ့်ရဲ့  သိမှုပေါ်မှာ မူတည်နေတယ်။ ဖယောင်းရုပ်မှာ ပြောခဲ့တဲ့ ရုပ်ဂုဏ်သတ္တိတွေ သူ့ဟာသူ သီးခြားရှိမရှိကို Descartes ပြောမပြော သတိမပြုမိဘူး။ ဒါပေမယ့် ဒီဂုဏ်သတ္တိတွေဟာ သူ့ရဲ့ စိတ်က နားလည်မှုနဲ့သာ သိနိုင်တဲ့အရာတွေဖြစ်တယ်လို့ အခိုင်အမာ ဆိုတယ်။ ဒါကိုကြည့်ရင်ပဲ ငါရှိတဲ့ဆိုတဲ့အချက်ဟာ ပိုပိုထင်ရှားလာတယ်လို့ Descartes ကဆိုတယ်။ ဒီစာကြောင်းကို နည်းနည်းထပ်ချဲ့ ပြောဖို့လိုမယ်။

သူပြောချင်တာက ဖယောင်းရုပ်ရဲ့ ဂုဏ်သတ္တိဟာ စိတ်မှာသာ ပေါ်နိုင်တယ်၊ တနည်း စိတ်ကသာ သိနိုင်တယ်။ (think လုပ်နေတဲ့ thinking thing ကသာသိနိုင်တယ်။) ဒီတော့ ဖယောင်းရုပ်ရဲ့  ဂုဏ်သတ္တိတွေပိုပိုထင်ရှားလာတယ်ဆိုတာ စိတ်ထဲမှာ ဒီဂုဏ်သတ္တိတွေ ပိုပိုထင်ရှားလာတာနဲ့ clear and distinct ဖြစ်လာတာနဲ့ အဓိပ္ပါယ် အတူတူပဲပေါ့။ ငါ့စိတ်ထဲမှာ ဖယောင်းရုပ်ရဲ့  ဒီဂုဏ်သတ္တိတွေ ပိုပိုထင်ရှားလာတာနဲ့အမျှ ငါရှိတယ်ဆိုတာလည်း ပိုပို မသေချာ လာပေဘူးလားလို့ Descartes ကမေးခွန်းထုတ်တယ်။ (ဘရာဗို…) (ဖယောင်းရုပ်ရှိတာကို ငါရှိတာက တဆင့်သာ သိနိုင်တာမို့ ဖယောင်းရုပ်ရှိတာ ပိုထင်ရှားလာရင် ငါရှိတာလည်း ပိုထင်ရှားလာမယ်လို့ ဆိုလိုချင်တာ။)

Second Meditation 33 မှာ ဘယ်လိုရေးလဲဆိုတော့

Surely my awareness of my own self is not merely much truer and more certain than my awareness of the wax, but also much more distinct and evident. For if I judge that the wax exists from the fact that I see it, clearly this same fact entails much more evidently that I myself exist. တဲ့။

အပေါ်က ၀ါကျမှာ Descartes ရဲ့ ဖီလော်ဆော်ဖီဟာ first principle ထက်နည်းနည်း ပိုခရီးရောက်လာတာ သတိပြုမိမယ်။ ပထမငါရှိတယ်ဆိုတာကို သူစပြီး သက်သေပြကြည့်တယ်။ နောက်အဲဒိငါဟာ ဘာဆိုတာကို သူက ဆက်ပြီး meditate လုပ်တယ်။ အဲဒိမှာ ငါဆိုတဲ့ thinking thing ဟာ တခြားဝထ္ထုတွေကို သိနားလည်နိုင်တယ်။ (အဲ အဲဒိတခြားဝထ္ထုတွေဟာ အစစ်အမှန်တွေဟုတ်မဟုတ် သူမပြောသေးဘူးနော်။ ဒါနောက်ပိုင်းမှာဆက်လာမယ်။) တခြားဝထ္ထု တွေရှိတာကို ဒီဝထ္ထုတွေ ငါ့စိတ်ထဲရောက်လာမှသာ သိနိုင်တယ်ဆိုတော့ ဒီဝထ္ထုတွေ ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား ရောက်နေတဲ့အခါ ငါရှိတယ်ဆိုတာပိုတောင်မှ (ထပ်ပြောမယ် ပိုတောင်မှ) ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသားဖြစ်လာတယ်လို့ ဆိုတယ်။ Second Meditation ရဲ့ နောက်ဆုံး စာပိုဒ်နဲ့ ဒီအပိုင်းကို အဆုံးသတ်မယ်။

I now know that even bodies are not strictly perceived by senses or the faculty of imagination but by the intellect alone, and that this perception derives not from their being touched or seen but from their being understood; and in view of this I know plainly that I can achieve and easier and more evident perception of my own mind than of anything else.

ကိုယ်ရှိတာကို စိတ် intellect နဲ့သာ သိနိုင်တယ်။ အာရုံတွေကနေ မသိနိုင်ဘူးတဲ့။ ရုပ်ထက် စိတ်ကို ပိုပြီးရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မြင်နိုင်တယ်လို့ Descartes ကကောက်ချက်ချတယ်။

နောက်တခန်းမှာတော့ ဘုရားသခင်ရှိတာဟာ necessary truth ဆိုပြီး Descartes ဘယ်လို ကောက်ချက်ချသလဲဆိုတာကြည့်မယ်။ ဒါပြီးရင် Descartes ကိုရပ်တော့မယ်။ Descartes ရဲ့ method ဟာ သိပ်ကိုဆန်းသစ်၊ သိပ်ကိုပြောင်မြောက်လွန်းလို့ နောက်ပိုင်း ဖီလော်ဆော်ဖာ တွေဟာ သူ့လောင်းရိပ်ကနေ ဘယ်လိုမှ မကင်းကြဘူး။ အထူးသဖြင့် Spinoza နဲ့ Leibniz ရောက်တဲ့အခါ တွေ့ရမယ်။ အစက Descartes ပြီးရင် Spinoza ကိုဆက်သွားမလားလို့ပဲ။ ဒါပေမယ့် metaphysics ကနည်းနည်းအီလာလို့ political philosophy ဘက်ခဏ ပြန်လှည့်ချင်တယ်။ Crito နဲ့ Hobbes ရဲ့  Leviathan ပီးရင် Locke နဲ့ second treaty of government အကြောင်းဟာ အင်မတန်မှ ရွှီးလို့ကောင်းမယ်ထင်မိတယ်။

နောက်ဆက်တွဲ။ 

တခါတခါ Descartes ဟာ လယ်တီဆရာတော်နဲ့ ဒါမှမဟုတ် ဆရာကြီးဦးဘခင်နဲ့ တွေ့ပြီး ဆယ်ရက်တရားပတ် ၀င်ကြည့်၊ ပြီးရင်တရားဆွေးနွေးကြည့်ရင် အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေ ပြောဖြစ်မှာဘဲလို့ စိတ်ထဲဖြစ်မိတယ်။ ဗုဒ္ဓဘာသာမှာ စုတေချိန်မှာ လူရဲ့ သင်္ခါရဟာ နောက်ဘ၀ရဲ့ ဝိဥာဏအဖြစ်ကို ကူးသွားတယ်လို့ ပြောကြတယ်။ ၀ိဥာဏ၊ သညာ၊ ဝေဒနာ၊ သင်္ခါရ – ၀ိဥာဏ၁၊ သညာ၁၊ ဝေဒနာ၁၊ သင်္ခါရ၁ – ၀ိဥာဏ၂၊ သညာ၂၊ ဝေဒနာ၂၊ သင်္ခါရ၂ …. သင်္ခါရ၁ က သူ့နောက်က ၀ိဥာဏ၂ ပေါ် သြဇာကြီးကြီးမားမား သက်ရောက်တယ်။ သင်္ခါရ ပစ္စယာ ၀ိဥာဏာလို့ ဆိုထားတယ် မလား။ သင်္ခါရဆိုတာ ပြုပြင်စီရင်တာ၊ ဝေဒနာပေါ်လာရင် ဝေဒနာကို ဥပက္ခာနဲ့ တနည်းအားဖြင့် ပညာနဲ့ တနည်း ၀ိပ(သကြီး)နာနဲ့ မကြည့်ဘဲ ကောင်းတဲ့ ဝေဒနာကို ပိုပိုလိုချင်တဲ့လောဘစိတ်နဲ့ တုန့်ပြန်တာ၊ မကောင်းတဲ့ ဝေဒနာကနေ ရုံးထွက်ချင်တဲ့ လောဘစိတ်၊ ဒါမှမဟုတ် ဒေါသစိတ်နဲ့ တုန့်ပြန်တာကို သင်္ခါရလို့ခေါ်တယ်။ သင်္ခါရတွေ ပွားလိုက် အဲဒိသင်္ခါရကနောက်ဖြစ်လတ္တံသော ၀ိဥာဏပေါ် အရိပ်ထိုးလိုက်နဲ့ ဘ၀ဟာ သံသရာ ဆက်နေတယ်လို့ ဆိုကြတယ်။ ဒီသံသရာကို ဖြတ်ချင်ရင် ဝေဒနာကနေ တဏှာမဖြစ်စေနဲ့။ ဝေဒနာ ပစ္စယာ တဏှာ မဖြစ်ဘဲ၊ ဝေဒနာ ပစ္စယာ ပညာ ဖြစ်အောင်လုပ်၊ ဝေဒနာကနေ သင်္ခါရမပွားရင် နောက်ဝိဥာဏမှာလည်း ကိလေသာ စွန်းနေတဲ့ ၀ိ ဥာဏတွေ လျော့လျော့သွားမယ်။ အဲဒိနည်းနဲ့ သံသရာကြောကနေ ရုန်းထွက်နိုင်မယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ နေဦးနည်းနည်းရှည်သွားပြီ။ ခြုံပြောရရင် ငါဆိုတာ မရှိဘူး။ စောစောကပြောခဲ့တဲ့ နာမ်ခန္ဓာလေးခုရယ်၊ ကိုယ်ရယ် ငါးခု၊ ပဉ္စခန္ဓာကို ငါဆိုပြီး အယူမှားနေတာလို့ ဗုဒ္ဓကဆိုတယ်။ (ခန္ဓာဆိုတာကိုက အစုအဖွဲ့ကို ပြောတာလို့ ဆိုတယ်။ အင်္ဂလိပ်လို corporeal structure လို့ပြောရမလားမသိဘူး။) တကယ်တော့ ဘ၀ဆိုတာ သင်္ခါရတွေ၊ ကံကြွေး ကံဟောင်းတွေ စုထုပ်ပြီး ကံသစ်တွေ အဆက်မပြတ် ဖြည့်နေတဲ့ အထုပ်အထည်ကြီးလို့ ဗုဒ္ဓက ဆိုတယ်။ ကိုင်လို့တွယ်လို့ရတဲ့ ကိုယ်ဆိုတာ အငှားအိမ်ကြီး သေပြီးရင် ဒီအိမ်ကိုစွန့်ပြီး အိမ်သစ်ထပ်ဆောက်ဦးမှာလို့ ဗုဒ္ဓကဆိုတယ်။ ရုပ်ခန္ဓာပျက်စီးပေမဲ့ စိတ်ခန္ဓာကတော့ ဒီဘ၀ကုန်ရင် ဒီဘ၀က သင်္ခါရတွေကို နောက်ဘ၀ကဇာတိစိတ်ကို သယ်သွားတယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ဒီတော့ ဘ၀ကူးကောင်းချင်ရင် သေခါနီးမှာ ကောင်းတဲ့ သင်္ခါရတွေယူသွားနိုင်အောင် ကြိုးစားရတယ်တဲ့။ အဲတသက်လုံး မကောင်းတာ ကြံစည်လုပ်ဆောင်နေလို့ကတော့ အကျင့်ပါနေပြီဖြစ်တဲ့အတွက် သေခါနီးမှ ကောင်းတဲ့စိတ် ပွားနိုင်ဖို့ကလည်း ခက်သားပဲ။ လူတယောက်သေလို့ အလောင်းကိုမီးရှို့ သဂြိုလ်လိုက်ရင် ကိုယ်ကပျောက်သွားပီ။ ဒါပေမယ့် စိတ်ကတော့ မပျောက်ဘူး။ နောက်တဘ၀ကို ကူးသွားတယ်ဆိုကြတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာ အယူအရ သံသရာကြောမှာမျောတာဟာ အဓိကက စိတ်ပဲလို့ အဓိပ္ပါယ်ထွက်တယ်။ မနော ပုဗ္ဗင်္ဂမံ ဓမ္မံလို့ ဆိုကြတယ်မဟုတ်လား။

Descartes ပြောတာလည်း ဒီအဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင်ဆိုတာကို သတိပြုမိတယ်။ သူက စိတ်ကို ရုပ်ထက် ပိုသိနိုင်တယ်တဲ့။ ပြောခဲ့သလို သူ့မှာ ကိုယ်ရှိတယ်တဲ့။ ဒါပေမယ့် အဲဒိကိုယ်ရှိတာကို စိတ်ကသာ သိနိုင်တယ်လို့ဆိုတယ်။ ဒါဟာ တကဲ့ idealist စစ်စစ် အပြောမျိုးပဲ။ idealist ဆိုတာ အကြမ်းပြောရရင် လူဟာ အိုင်ဒီယာတွေကိုသာ သိနိုင်တယ်၊ တချို့ က (ဥပမာ George Berkeley) ရုပ်ဆိုတာ မရှိဘူးလို့တောင်ဆိုတယ်။ အိုင်ဒီယာတွေကသာ အစစ်အမှန်တွေဆိုတာကို လက်ခံတဲ့ အမြင်မျိုးပဲ။ (ကျွန်တော့အထင်မှာ ဗုဒ္ဓဘာသာဟာ idealist စစ်စစ် မဟုတ်ဖူးလို့ ယူဆတယ်။ ပေရှည်မှာစိုးလို့ နောင်တချိန်အတွက် ချန်ထားလိုက်မယ်။ အဘိဓမ္မာရော၊ အနောက်တိုင်းက philosophy of mind ဆိုပြီး ပြောနေတဲ့ ပညာရပ်ကိုပါ နှံ့စပ်သူတွေဟာ အသိပညာ စည်ပင်ပြန့်ပွားရေးမှာ အင်မတန်မှ အထောက်အကူ ဖြစ်နိုင်မယ်ထင်မိတယ်။ တတ်ကျွမ်းသူများ အပင်ပန်းခံ လုပ်ကြပါလို့ မေတ္တာရပ်ခံပါသည်။)

Discussion

8 thoughts on “Reflections on Descartes 5

  1. ဓမ္မပဒရဲ့ ပထမဆုံး ဂါထာ ဖြစ်တဲ့ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ က ဓမ္မတို့သည် စိတ်လျှင်ရှေ့သွားရှိကြ ကုန်၏ ” ဆိုတာက ခင်ဗျား ပြောသလိုတော့ အတိအကျ မဆိုလိုဘူးဗျ။ အဓိပ္ပါယ် ဆန့်ကျင်မှုရှိတယ်လို့ ငြင်းချက်ထုတ်တာ မဟုတ်ဘူးနော်။ အဲဒီက ဆိုလိုတဲ့ ဓမ္မဆိုတာက တခြားနာမ်တရားတွေကို ဆိုလိုတာပါပဲ။ စိတ်နဲ့ စေတသိက်နှစ်မျိုးရှိတဲ့ အနက် စိတ်မဟုတ်တဲ့ စေတသိက်တွေကို ပြောတာပါပဲ။

    နောက်တစ်ခုက ဦးရွှေအောင်ရဲ့ အဘိဓမ္မာ အင်္ဂလိပ်ဘာသာပြန်ရဲ့ အရှေ့ပိုင်းမှာ အနောက်တိုင်း ဒဿနနဲ့ နှောပြီး ရေးသွားတဲ့ အက်ဆေး အပုဒ် ၅၀ ကျော်ကို ဖတ်သင့်တဲ့အကြောင်း ညွှန်းကြပါတယ်။ အိန္ဒိယ ဒဿနရော အနောက်တိုင်း philosophy ရော အဘိဓမ္မာရော နှံ့စပ်ပြီး ဓမ္မပဒတွေကို သပ်သပ်ယပ်ယပ် နှိုက်ထုတ်ရေးသားသွားတဲ့ ဦးရွှေအောင်ရဲ့ စာတွေကို ဘာသာပြန်ဖို့ပါ လိုပါဦးမယ်။

    ဒေးကားကို ကွမ်တမ်မက္ကင်းနစ်နဲ့ သီအိုရီ ရူပဗေဒသမားတွေနဲ့ လည်း ပေးတွေသင့်တယ်လို့ ထင်တယ်။

    Posted by Anonymous | 28/11/2010, 08:43
    • ဓမ္မပဒထဲက ပထမဆုံးစာကြောင်းနဲ့ ပတ်သက်လို့ anonymous ပြောတဲ့ interpretation က ပိုလက်ခံနိုင်စရာ ရှိပါတယ်။ စိတ်ကအရေးကြီးတယ်လို့ဆိုရာမှာ ကံသုံးပါးမှာ မနောကံက အရေးကြီးဆုံးလို့ ယမက၀ဂ်မှာ ပြောချင်ပုံရတယ်။ အဲဒိအပိုဒ်က နောက်ပိုင်းစာကြောင်းမှာ ဒီအချက်က ပိုထင်ရှားတယ်။ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ လုပ်ရင် (တနည်းအားဖြင့် အရောင်ဆိုးထားတဲ့ စိတ်လို့ ပြောရမလား) အကျိုးဆက် ဘာဖြစ်မလဲဆိုတာ ပြောထားတာကို တွေ့ရတယ်။ ခုလိုထောက်ပြတာ ကျေးဇူးပါ။
      ဦးရွှေအောင်စာအုပ်တွေလည်း ကျွန်တော့်ကို သိပ်ညွှန်းကြတယ်။ အဘိဓမ္မာတွေတော့ မဖတ်ဖူးဘူး။ သူ့ရဲ့ တခြားစာအုပ်တွေအရတော့ အင်မတန် ကြည်ညိုမိတယ်။ ဗမာပြည်ပြန်ရောက်ရင် အဘိဓမ္မာကို တကယ်ကျွမ်းကျွမ်းကျင်ကျင် ပို့ချပေးနိုင်မဲ့သူရှိရင် သင်ချင်ပါတယ်။ ဒေါက်တာရေ၀တဓမ္မနဲ့ တခြားဘုန်းကြီးနှစ်ပါး ပေါင်းရေးထားတဲ့ အဘိဓမ္မာစာအုပ်တော့ရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သိတဲ့ ဘုန်းကြီးတွေကိုယ်တိုင်က အဘိဓမ္မာကို ဆရာနဲ့မှသင်ဖို့ အကြံပေးတော့ ခဏစောင့်ရဦးမပေါ့။
      နောက်စိတ်ဝင်စားစရာကောင်းတာက ဒေးကားကို သီအိုရီရူပဗေဒသမားတွေနဲ့ ပေးတွေ့သင့်တယ်ဆိုတာ။ သီအိုရီရူပဗေဒသမားတွေနဲ့ ဘယ်လိုဆိုင်မလဲဆိုတာ နည်းနည်း ပြောပြပေးနိုင်မလား။ ကျွန်တော်လည်း သီအိုရီရူပဗေဒကို သိပ်စိတ်ဝင်စားတယ်။

      Posted by zizawa | 28/11/2010, 11:20
  2. အ ခု လို လေး နက် တဲ့  ဖီလို ဆို ဖီ တွေ ကို စိတ် လည်း ၀င် စား …လေ့ လည်း လေ့  လာ … ပြန် လည်း ဝေ မျှ တဲ့  မြန် မာ တစ် ယောက် တစ် ယောက် ရှိ နေ တာ တွေ့  လိုက် ရ လို့  အ ရမ်း ကို အံ့ သြ ၀မ်းသာ မိ ပါ တယ်..( ဟိုး… အရင် မဆလ ခေတ် က လေထန်ကုန်း လဘက် ရည် ဆိုင် မှာ စာရေးဆရာ အဖိုး ကြီး တွေ ပဲ ဒါ မျိုး ဆွေး နွေး ကြ တယ် ထင် တာ ) ။ ကျနော် လည်း ၀ါ သနာ ပါ တဲ့  အ ပြင် ဆွေး နွေး ချင် တာ လေး တွေ လည်း ရှိ လို့  email သိ ပါ ရ စေ… အ ခြား စိတ်ဝင်စားမှု မ တူ သူ တွေ နဲ့  ဆွေး နွေး ရင် ဂေါက် နေ တယ် အ ပြော ခံ ရ လို့  ဒီ လို လူ မျိုး လိုက် ရှာ နေတာ ကြာ ပြီ…စာရေးဟန် ကို အ ကဲ ခတ် ကြည့်  ရ သလောက် ကျနော် နဲ့  ရွ ယ် တူ generation ထဲ ကပဲ ဖြစ် ပုံ ရ တယ် ။ ဘယ် နိုင် ငံ ဘယ် university က ဘယ် ဘာ သာ အ ထူး ပြု နဲ့  ပြီး ထာ သလဲ သိ ပါ ရစေ…fecebook ရှိ ရင် add ထား ချင် တယ်…စာရေး သူ ရဲ့  ကလောင် နာ မည် က ကို ၀တုတ် ဆို တာ လား ? ကျနော် seriously ဆက် သွယ် တာ မို့  လို့  အကြောင်း ပြန် မယ် လို့  ယုံ ကြည် ပါ တယ်။

    Posted by သူရ | 10/12/2010, 05:24
  3. အီးမေး မရ ပါ…ဘယ် address ကို ပို့  လိုက် လဲ မ သိ…
    အဓိက တော့ uncertainty principle အကြောင်း အ စာ မကြေ တာ ရှိ လို့  ပါ…
    uncertainty principle အကြောင်း ကျယ်ကျယ် ပြန့်  ပြန့်  ထပ် ဆွေ နွေ ပေး လို့  ရ မလား…
    ကို ၀ တုတ် ပြော သ လို တိုင်း တာ မှု ကရိယာ တွေ ရဲ့  ချွတ် ယွင်း အား နည်း မှု ကြောင့် မ ဟုတ် သဘာဝ အရ ကို မရေ ရာ မှု ဖြစ် တယ် လို့  ဆိုထား တာ မျိုး ကျနော် လည်း တစ် နေရာ မှာ ဖတ် ဘူး သလို ပဲ ..ဒါ ပေ မဲ့  စတီဖင် ဟော့ ကင်း က ပဲ သူ့ ရဲ့  A brief History Of time မှာ ဘာ ပြော ထား သလဲ ဆို တော့  particle တစ် ခု ရဲ့  present position ကို ဘာ နဲ့  မှ မတိုင်း ပဲ တန် ခိုး ရှိ တဲ့  သူ က သာ စိတ် နဲ့  သိ နိုင် မယ် ဆို လို့  ရှိ ရင် တော့  uncertain ဖြစ် မဖြစ် သူ လဲ မ ပြော တတ် ဖူး လို့  ဆို တယ်…ဒါဆိုရင် တိုင်းတာ မှု ကြောင့် သာ particle က အနှောက် အယှက် ပေး ခံ လိုက် ရ ပြီး next position ကို predict လုပ် တဲ့ အ ခါ မှာ uncertain ဖြစ် သွား တယ်… ဒါ ဆို ဘာ နဲ့  မှ မတိုင်း ပဲ ဒီတိုင်း လွတ် ထား တဲ့  အ ခါ မှာ particle ရဲ့  ရွေ့  ရှား မှု ဟာ သူ့ ဟာ သူ certain ဖြစ် မနေ နိုင် ဘူး လား…တိုင်းတာ မှု ကြောင့် သာ particle က အနှောက် အယှက် ပေး ခံ လိုက် ရ တယ် လို့  ပြော တဲ့  အ တွက် တိုင်း တာ မှု နည်း စနစ် ရဲ့  ချွတ် ယွင်း အား နည်း မှု အဖြစ် စာရင်း သွင်း ကြည့်  လို့  မရ ဘူး လား…တကယ် တော့  ကရိယာ တန်ဆာ ပလာ အား နည်း မှု တော့  မဟုတ် ဘူး… အသိမ် မွေ့  ဆုံး ဖြစ် တဲ့  light particle ကို သုံး ဦးတော့  အတိုင်းခံ particle ကို အနှောက် အ ယှ က် ပေး နေ သေး လို့  ဖြစ် တယ်…ဘာ ပဲ ဖြစ် ဖြစ် disturb မလုပ် ပဲ မတိုင် နိုင် တာ တိုင်း သူ ရဲ့  ပြသနာ လေ…အတိုင်း ခံ particle ရဲ့  ပြသနာ မဟုတ် ဘူး….ပြီး တော့  ဒါ မျိုး similar phenomenon တွေ ကို Engineering မှာ အမြောက် အမြား တွေ့  နိုင် ပါ ရက် နဲ့  ဘာ လို့  uncertainty principle ရယ် ဆို ပြီး world famous ဖြစ် သွာ ရ တာ လဲ…ဘာ လို့  philosophy လော က ကို ပါ ရိုက် ခတ် သွား တယ် လို့  ပြော ရ တာ လဲ။

    ကို ၀တုတ် ဆွေးနွေး ပေး ပါ

    Posted by သူရ | 04/01/2011, 05:29
  4. အီးမေး မရ ပါ…ဘယ် address ကို ပို့  လိုက် လဲ မ သိ…
    အဓိက တော့ uncertainty principle အကြောင်း အ စာ မကြေ တာ ရှိ လို့  ပါ…
    uncertainty principle အကြောင်း ကျယ်ကျယ် ပြန့်  ပြန့်  ထပ် ဆွေး နွေး ပေး လို့  ရ မလား…
    ကို ၀ တုတ် ပြော သ လို တိုင်း တာ မှု ကရိယာ တွေ ရဲ့  ချွတ် ယွင်း အား နည်း မှု ကြောင့် မ ဟုတ် သဘာဝ အရ ကို မရေ ရာ မှု ဖြစ် တယ် လို့  ဆိုထား တာ မျိုး ကျနော် လည်း တစ် နေရာ မှာ ဖတ် ဘူး သလို ပဲ ..ဒါ ပေ မဲ့  စတီဖင် ဟော့ ကင်း က ပဲ သူ့ ရဲ့  A brief History Of time မှာ ဘာ ပြော ထား သလဲ ဆို တော့  particle တစ် ခု ရဲ့  present position ကို ဘာ နဲ့  မှ မတိုင်း ပဲ တန် ခိုး ရှိ တဲ့  သူ က သာ စိတ် နဲ့  သိ နိုင် မယ် ဆို လို့  ရှိ ရင် တော့  uncertain ဖြစ် မဖြစ် သူ လဲ မ ပြော တတ် ဖူး လို့  ဆို တယ်…ဒါဆိုရင် တိုင်းတာ မှု ကြောင့် သာ particle က အနှောက် အယှက် ပေး ခံ လိုက် ရ ပြီး next position ကို predict လုပ် တဲ့ အ ခါ မှာ uncertain ဖြစ် သွား တယ်… ဒါ ဆို ဘာ နဲ့  မှ မတိုင်း ပဲ ဒီတိုင်း လွတ် ထား တဲ့  အ ခါ မှာ particle ရဲ့  ရွေ့  ရှား မှု ဟာ သူ့ ဟာ သူ certain ဖြစ် မနေ နိုင် ဘူး လား…တိုင်းတာ မှု ကြောင့် သာ particle က အနှောက် အယှက် ပေး ခံ လိုက် ရ တယ် လို့  ပြော တဲ့  အ တွက် တိုင်း တာ မှု နည်း စနစ် ရဲ့  ချွတ် ယွင်း အား နည်း မှု အဖြစ် စာရင်း သွင်း ကြည့်  လို့  မရ ဘူး လား…တကယ် တော့  ကရိယာ တန်ဆာ ပလာ အား နည်း မှု တော့  မဟုတ် ဘူး… အသိမ် မွေ့  ဆုံး ဖြစ် တဲ့  light particle ကို သုံး ဦးတော့  အတိုင်းခံ particle ကို အနှောက် အ ယှ က် ပေး နေ သေး လို့  ဖြစ် တယ်…ဘာ ပဲ ဖြစ် ဖြစ် disturb မလုပ် ပဲ မတိုင် နိုင် တာ တိုင်း သူ ရဲ့  ပြသနာ လေ…အတိုင်း ခံ particle ရဲ့  ပြသနာ မဟုတ် ဘူး….ပြီး တော့  ဒါ မျိုး similar phenomenon တွေ ကို Engineering မှာ အမြောက် အမြား တွေ့  နိုင် ပါ ရက် နဲ့  ဘာ လို့  uncertainty principle ရယ် ဆို ပြီး world famous ဖြစ် သွာ ရ တာ လဲ…ဘာ လို့  philosophy လော က ကို ပါ ရိုက် ခတ် သွား တယ် လို့  ပြော ရ တာ လဲ။

    ကို ၀တုတ် ဆွေးနွေး ပေး ပါ

    Posted by သူရ | 04/01/2011, 06:59
    • ကိုသူရရေ.. ကျနော့်ကို နှစ်ပတ်လောက် အချိန်ပေးပါ။ ရူပဗေဒတင်မက ဖီလော်ဆော်ဖီက epistemology ဆိုတဲ့ ဘာသာရပ်နဲ့ပါ ယှဉ်ပီး လေ့လာသင့်တဲ့ အကြောင်းအရာလို့ ထင်ပါတယ်။ နည်းနည်း ပြည့်ပြည့်စုံစုံ ဖြစ်အောင် ပြောချင်ပါတယ်။ လောလောဆယ် ဦးစားပေး လုပ်ရမဲ့ ကိစ္စတွေရှိနေလို့ပါ။ ဒီကြားထဲမှာ ကိုသူရ စိတ်ဝင်စားရင် Richard Feyman ရဲ့ Lecutures on Physics အပိုင်းတစ် နောက်ဆုံးခန်းနဲ့ အပိုင်းသုံး ပထမခန်းကို ကြည့်ကြည့်ပါ။ အဲဒိမှာ uncertainty principle အကြောင်းရှင်းပြထားတာ အတော်လေး ကောင်းတယ်။ Google books မှာလား။ တခြား အလကား ဖတ်လို့ရတဲ့ ဆိုက်တခုမှာလားမသိဘူး ရှိတယ်လို့ အသိတယောက်က ပြောဖူးတယ်။

      Posted by zizawa | 04/01/2011, 13:26
  5. စာ ကောင်း ပေကောင်း ဖတ် ရ လို့  ကတော့  တစ် လ ဆို လည်း စောင့် ဖတ် မှာ ပဲ
    လမ်း ညွန်ပေး သည့်  အ တွက် ကျေး ဇူး တင် ပါ တယ်…ရှာ ကြည့်  နေပါ တယ်… ပြော ဖို့  ကျန် သွား တာ လေး ပါ ဆက် ပြော လိုက် ဦး မယ် …uncertainty principle က equation နှစ် ခု ရှိ တာ ကိုး …energy time equation ရယ် space momentum equation ရယ် ဆို ပြီး… အဲ ဒီ equation တွေ မှာ က လည်း plank constant နဲ့  ချိတ် ဆက် ထား ရသေး တယ်…သဘော က uncertain ဖြစ် တယ် ဆို ပေ မယ့် …ပရမ်း ပတာ ကြီး တော့  မ ဟုတ် ဘူး…အ ကန့်  အ သတ် နဲ့  သာ ဖြစ် တယ်….
    အဲ တာ ကို uncertainty principle ကို ကြည့်  မ ရ တဲ့  ခရစ်ယာန် ၀က်ဆိုက် တစ် ခု က uncertainty ဆို တာ က ပိစိနောက် တောက် လေး ပဲ uncertain ဖြစ် တာ ပါ…overall အ နေ နဲ့  certain နေ တာ ပါ ပဲ … GOD ကို ချဲ လင့် မလုပ် နိုင် ပါ ဘူး လို့  argument ထုတ် သဗျ….ကျနော် လဲ ပြုံး မိ ရုံ လောက် ပဲ တတ်နိုင် တယ်..ကိုယ် က လည်း ဒီလောက် ကြီး နက် နက် နဲ နဲ ကြီး နား လည် ထား တာ မှ မဟုတ် ပဲ ကိုး…..

    စောင့်  မျှော် လျက်…

    Posted by သူရ | 06/01/2011, 05:21

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: