//
you're reading...
Philosophy

Reflections on Descartes 7

Descartes နဲ့ Leibniz အတွက် God ဟာ ဘုရားရှိခိုးကျောင်း နံရံတွေမှာ ရေးထားတဲ့ ပန်းချီရုပ်ပုံတွေထဲက လူနဲ့တူတဲ့၊ အကောင်အထည်ရှိတဲ့ အရာမဟုတ်ဖူးလို့ အရင်အခန်းမှာ ပြောခဲ့တယ်။ 

By the word ‘God’, I understand a substance that is infinite, (eternal, immutable) independent, supremely intelligent, supremely powerful, and which created both myself and everything else (if anything else there be) that exists. (Third Meditation, 45) 

(Spinoza က God ကို corporeal nature ရှိတဲ့ အရာအဖြစ် ပြောနေ ရေးနေတာကို မြင်ပြင်းကပ်ပုံရတယ်။ ဘယ်လိုပြောလဲဆိုတော့ ပင့်ကူတွေသာ လူတွေလို စဉ်းစားတတ်ယင် Cogito တတ်ယင် God ဟာ ပင့်ကူတွေလို ခြေချောင်းတွေ၊ လက်ချောင်းတွေ အများကြီးရှိပြီး ကိုယ်ထဲကနေ အမျှင်တွေ အဆက်မပြတ်ထုတ်နေတဲ့ သတ္တ၀ါလို နေမှာဘဲတဲ့။ :D)

ဒုက္ခပေးဖို့ နောက်ထပ် ဝေါဟာရတခု တိုးလာပြန်ပြီ။ အဲဒါကတော့ substance တဲ့။ metaphysics မှာ အငြင်းအခုံအဖြစ်ဆုံး ဝေါဟာရတခု။ ဒီစကားနဲ့ တွဲသိနေတဲ့ rationalist တွေကြားမှာကို တယောက်နဲ့တယောက် အငြင်းအခုံ ဖြစ်စေတဲ့ technical ဝေါဟာရ ဖြစ်တယ်။ ဥပမာ Descartes က substance နှစ်မျိုးနှစ်စားရှိတယ်တဲ့၊ ဒါ့ကြောင့် သူ့ကို dualist လို့ခေါ်တယ်၊ Spinoza က substance တမျိုးသာရှိတယ်လို့ ပြောပြီး သူ့ကိုတော့ monist လို့ခေါ်တယ်။ Leibniz ကတော့ substance မရေမတွက်နိုင်အောင် ရှိတယ်လို့ ဆိုတဲ့အတွက် pluralist လို့ ပြောကြပြန်တယ်။ တကယ်တော့ modern philosophy ဆိုပြီး ပြောနေကြတဲ့ ၁၇ ရာစု၊ ၁၈ ရာစုက ဥရောပမှာ ပေါ်လာတဲ့ ဖီလော်ဆော်ဖီဟာ သူ့အရင် အလယ်ခေတ်က scholastic philosophy ကို ဖယ်ရှားဖို့ ကြိုးစားရာကနေ ပေါ်လာတာမို့ modern philosophy ကို ပြည့်ပြည့်စုံစုံ appreciate လုပ်နိုင်ဖို့ရာ scholastic philosophy တချို့ ကို သိထားရင်ကောင်းတယ်။ အထူးသဖြင့် Aristotle ရဲ့  causation နဲ့ဆိုင်တဲ့ အယူအဆ၊ နောက် doctrine of potentiality and actuality စတာတွေကို သိထားရင် Descartes တို့၊ Leibniz တို့ကို ဖတ်ရတာ နည်းနည်း ပိုအထောက်အကူ ဖြစ်နိုင်တယ်။ ဘာလို့ဆို Descartes က Third Meditation မှာ ပြောခဲ့တဲ့ causation နဲ့ဆိုင်တဲ့ အပိုင်းက ဝေါဟာရေတွေကို အများကြီးသုံးပြီး ရှင်းပြထားလို့ပဲ။ ဒါပေမယ်လည်း တတ်နိုင်သလောက် ရွှီးကြည့်တာပေါ့။

Descartes က လောကမှာ ရှိရှိသမျှ အရာအားလုံးကို အင်မတန်မှ လှည့်ဖျားနိုင်လွန်းတဲ့ နတ်ဆိုးက သူ့ကိုလှည့်စားရအောင် တမင်ဖန်တီးထားတယ်လို့ သဘောထားကြည့်မယ်လို့ စဉ်းစားတယ်။ အဲဒိမှာ နတ်ဆိုးလှည့်စားလို့ မရတာကတော့ သူကိုယ်တိုင်ရှိနေတယ်ဆိုတဲ့ အမှန်တရားကို ရောက်လာတယ်လို့ ပြောတယ်။ မေးစရာက သူကိုယ်တိုင် ရှိနေတာကိုရော ဘာ့ကြောင့် လှည့်စားလို့ မရတာလဲ။ သူကိုယ်တိုင် ရှိတယ်လို့ သူသိနေတာကရော၊ သူ့အထင်ကရော အသိမှားကြီး၊ အထင်မှားကြီး မဖြစ်နိုင်ဘူးလားလို့ သူ့ကို ကပ်သီးကပ်ဖဲ့ မေးကြည့်လို့ရသေးတယ်။ အဲဒိမှာမှ သူက God ဆိုတဲ့ သဘောတရားကို ဆွဲခေါ်လာတယ်။ ငါရှိနေတယ်ဆိုပြီး သိနေတာကတော့ ဘယ်လိုမှ မှားလို့မရတော့ဘူး။ ဘာလို့ဆို ငါရှိနေတယ် ဆိုတာ ငါ့ရဲ့ ဥာဏ်အလင်းအောက်မှာ ထင်ထင်ရှားရှားကြီး မြင်နေရတာပဲလို့ ဖြေနိုင်စရာ ရှိတယ်။ ဒီတော့ ငါရှိတယ်ဆိုတဲ့ အမှန်တရားကို ပင့်ထောက်ပေးထားတာဟာ God ဖြစ်ပြီး၊ God ရှိတယ်ဆိုတာကိုလည်း ငါရှိတယ်ဆိုတာကို သိရာကနေ ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား သိလာရတယ်လို့ Descartes ကဆိုတယ်။ တနည်းအားဖြင့် ‘ငါရှိတယ်’ ဆိုတဲ့ အဆိုနဲ့ ‘God ရှိတယ်’ ဆိုတဲ့ အဆိုနှစ်ခုဟာ တခုကိုတခု reinforce လုပ်ထားတဲ့၊ အပြန်အလှန် အမှီသဟဲပြုထားတာကို သတိပြုမိကြမယ်။ အဲဒိအတွက်ကြောင့်ပဲ Descartes က သူ့ရဲ့  order of exposition of truth အမှန်တရား ရှာဖွေမှုအဆင့်မှာ အရင်ဆုံး ငါရှိတယ် ဆိုတာကို သက်သေပြတယ်၊ အဲဒိအခါမှာ God ရှိတယ်ဆိုတဲ့ အချက်ဟာလည်း ထင်ရှားလာရတယ်လို့ ဆိုတယ်။ 

God ဟာ အရာအားလုံးကို ဖန်ဆင်းတယ်။ အဲ့သလို ဖန်ဆင်းတဲ့အခါမှာ လူသားတွေကို God က သူဖန်ဆင်းတယ်ဆိုတာကို ရှာဖွေတွေ့ရှိနိုင်အောင် လူသားတိုင်းဆီမှာ ‘idea of God’ ဆိုတာကို ထည့်ပေးလိုက်တယ်လို့ ဆိုတယ်။ Method Four 35 မှာ ဘယ်လို ရေးလည်းဆိုတော့

… to be as it were the mark of the craftsman stamped on his work. တဲ့။ ဘာနဲ့ အလားသဏ္ဍာန်တူလည်းဆိုတော့ God ကို ပန်းချီဆရာတယောက်လို မြင်ကြည့်လိုက်။ ပန်းချီဆရာတွေဟာ သူတို့ရေးခဲ့တဲ့ ကားတွေမှာ သူတို့ရဲ့ လက်မှတ်လေးတွေ ထိုးပီး ဒီပန်းချီကားဟာ သူတို့လက်ရာဆိုတာ သိအောင် အရာပေးခဲ့သလိုပဲ God ဟာလည်း သူဖန်ဆင်းလိုက်တဲ့ လူသားတိုင်းမှာ သူ့ရဲ့  ‘idea of God’ ဆိုတာကို ထည့်ပေးလိုက်တယ်။ အဲဒိ idea ကနေ လူသားဟာ God ရှိတာကို ရှာဖွေသိရှိရတယ်လို့ Descartes ကပြောတယ်။ အဲ့ဒိအတွက်ကြောင့်ပဲ Descartes ရဲ့ God ရှိကြောင်း သက်သေထူတဲ့ argument ကို Trademark argument လို့လည်း သိကြတယ်။ God က သူဖန်ဆင်းလိုက်တဲ့ သတ္တ၀ါ လေးတွေမှာ သူ့လက်ရာဆိုတာ သိရအောင် လက်ကလိ ပေးထားတယ်ဆိုတဲ့ ယုံကြည်မှုကို ပြောချင်တာဖြစ်တယ်။ ဂူဂယ်မှာ အဲ့ဒိ trademark argument အကြောင်း ရှင်းထားတာ အများကြီး တွေ့ရတယ်။ စိတ်ဝင်စားသူများ ရှာဖတ်ကြည့်ကြပါ။

http://cw.routledge.com/textbooks/philosophy/downloads/a2/unit4/descartes/DescartesTrademark.pdf

တကယ်တော့ Descartes ပြောတဲ့ ခုအယူအဆကို နောက်ပိုင်း ၁၉ ရာစု ဂျာမန် ဖီလော်ဆော်ဖာတွေ အထူးသဖြင့် ကန့်နဲ့ ဟေဂယ်တို့က ယူထားတာ သတိပြုမိတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ဗုဒ္ဓဘာသာမှာ နောက်ပိုင်း ဓမ္မဆိုတာကို အဓိပ္ပါယ် ဖွင့်ကြပုံဟာ ခု trademark argument နဲ့အရမ်းကို နီးစပ်တာ သိပ်အံ့အားသင့်စရာ ကောင်းတယ်။ ကြုံလို့ ဒါကို ခုဒီမှာ ပြောကြည့်ချင်တယ်။

ဟေဂယ်က ဘုရားသခင်ဟာ လူကို ဘာ့ကြောင့်ဖန်ဆင်းလဲဆိုတော့ သူ့ကိုယ်သူ ပြန် realize လုပ်ဖို့ self-realization အတွက် ဖန်ဆင်းတာလို့ ဆိုတယ်။ ဟေဂယ်အတွက်က ဘုရားသခင်ဟာ စိတ်လို့ပဲခေါ်ခေါ် အင်္ဂလိပ်လို spirit ပဲခေါ်ခေါ်၊ ဂျာမန်လို geist ပဲခေါ်ခေါ် တနည်းအားဖြင့် ရုပ်အကောင်အထည်ရှိတဲ့အရာ မဟုတ်ဖူးလို့ ယူတယ်။ (တွေ့လား၊ rationalist တွေရဲ့ အမွေကို ဆက်ယူတာ သတိပြုမိစရာကောင်းတယ်။) စိတ်ဟာ မိမိမှ အပ တခြားအရာတွေကိုသာ သိနိုင်တယ်။ သူက ဘာနဲ့ဥပမာပေးလည်းဆိုတော့ ဆိုပါစို့ ပန်းချီဆရာတယောက်ဟာ သူဘယ်လောက်တော်သလဲဆိုတာကို သိချင်ရင် ပန်းချီဆွဲကြည့်၊ ပီးရင် အဲဒိပန်းချီကားကို ပြန် reflect လုပ်ကြည့်၊ အဲဒိအခါမှသာ သူဟာ သူဘယ်လောက် တော်သလဲဆိုတာ၊ တနည်းအားဖြင့် သူ့ကိုယ်သူပြန်သိနိုင်၊ ရှာဖွေ တွေ့ရှိနိုင်မယ်လို့ ဆိုတယ်။ အလားတူပဲ စစ်သူကြီးတယောက်ဟာ သူတိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်လှန်သုံးသပ်ပြီးမှသာ သူ့ကိုယ်သူပြန်သိနိုင်မယ်လို့ ဆိုတယ်။ တနည်းအားဖြင့် စိတ်ဟာ သူ့ကိုယ်သူ ပြန်လည်သိရှိဖို့ ပြင်ပ medium တခုရဲ့ အကူအညီ လိုတယ်လို့ ဟေဂယ်က ဆိုတယ်။ အဲ့တော့ ဘုရား သခင်ဟာလည်း သူ့ကိုယ်သူ ပြန်လည်တွေ့ရှိဖို့ self-realization ရဖို့ ရုပ်ကမ္ဘာကြီးကို ဖန်ဆင်းရတာလို့ ဟေဂယ် Hegel ကဆိုတယ်။ သူဖန်ဆင်းတဲ့ ရုပ်ကမ္ဘာကြီး medium ပိုပို ရုပ်လုံးပေါ်လာတာဟာ self-realization ဖြစ်စဉ် ပိုပို ပြီးပြည့်စုံလာတာလို့ ဟေဂယ်က ယူဆတယ်။ ဒါဖြင့်ရင် ပိုပိုရုပ်လုံးပေါ်လာတယ်ဆိုရင်၊ ပိုပိုပြီးပြည့်စုံလာတယ်ဆိုရင် နောက်ဆုံး ပြီးပြည့်စုံတဲ့အဆင့်က ဘာဖြစ်မလဲလို့ မေးရင် ဟေဂယ်က အဲဒါကတော့ freedom ပေါ့လို့ ဖြေမယ်။ (Marx က Hegel ရဲ့ ဒီ Dialectical philosophy အခွံကိုယူ၊ အတွင်းသားကို ပြောင်းပြီး historical materialism, dialectical materialism ကိုဖော်ထုတ်တယ်။)

ဒီတော့ Hegel ရဲ့ ဖီလော်ဆော်ဖီမှာ လူသားရဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာ ရှိမလဲ။ ကမ္ဘာကြီးဟာ ဟိုးကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ကနေ ကနေ့ ဆီလီကွန်ခေတ်ထိ တဖြည်းဖြည်းတိုးတက်နေတာဟာ ဘုရားသခင်ရဲ့  (ဘုရားသခင်ခေါ်ခေါ်၊ geist ခေါ်ခေါ်၊ စိတ်ခေါ်ခေါ် ခေါ်ချင်တာခေါ်) self-realization process လို့မြင်တယ်။ ခေတ်တခေတ် တိုးတက်လာတိုင်း ဘုရားသခင်ရဲ့ ဖန်းဆင်းခံဖြစ်တဲ့ လူသားရဲ့ consciousness အသိဟာလည်း အဆင့်ဆင့်တက်လာတယ်။ (အဲဒိ အသိက လူ့သမိုင်းကို ပြုပြင်တယ်၊ တနည်းအားဖြင့် အသိက ဘ၀ကို ပြဌာန်းတယ်တဲ့။ Marx ကတော့ မဟုတ်ဖူး၊ ဘ၀ကသာ အသိကို ပြဌာန်းတယ်လို့ ပြောတယ်။) ဘာလို့ဆို ဘုရားသခင်ဟာ လူသားကို ဖန်ဆင်းတဲ့အခါမှာ သူ့ကိုဖန်ဆင်းလိုက်သူကို ပြန်ရှာဖွေတွေ့ရှိနိုင်အောင် သူ့ရဲ့ ‘idea’ ထည့်ပေးလိုက်တာကိုး။ (Descartes ရဲ့ trademark argument ကို သတိပြုမိကြပါ။) အသိတိုးတက်လာမှုရဲ့ ပြယုဂ်ကတော့ culture လို့ ဟေဂယ်က ပြောတယ်။ ဟိုးအရင်ခေတ်က culture က ကိုယ်တုံးလုံးနေတဲ့ culture အဲဒိကနေ တဖြည်းဖြည်း အဆင့်မြင့်လာတဲ့အခါမှာ ဒီအဆင့်မြင့်လာမှုကို လူတွေရဲ့ culture မှာ မြင်နိုင်တယ်လို့ ဟေဂယ်ကဆိုတယ်။ အဲဒိ self-realization ဖြစ်စဉ်ပြီးဆုံးတဲ့အခါမှာ လူသားဟာ ဘုရားသခင်ကို အပြည့်အ၀ နားလည် appreciate လုပ်နိုင်မယ်၊ အဲဒိအခါမှာ လူသားဟာ တကဲ့ လွတ်မြောက်မှု freedom ကိုရမယ်လို့ ဆိုတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာမှာ ပြောတာနဲ့ နည်းနည်းယှဉ်ကြည့်ရအောင်။ ဗုဒ္ဓက ဘာပြောလဲ ဆိုတော့ ဓမ္မကို မြင်တဲ့လူဟာ ငါ့ကို မြင်တယ်လို့ ဆိုတယ်။ ဓမ္မဆိုတာလည်း တခြားမှာ မရှာနဲ့၊ ကိုယ့်ကိုယ်ထဲမှာရှာ။ ကိုယ့်ခန္ဓာက လက္ခဏာရေးသုံးပါးကို ပညာနဲ့ရှုလို့ ဆိုတယ်။ ဒါကိုပဲ ဦးဂိုအင်ကာက self-realization ဖြစ်စဉ်ပမာ ပြောတယ်။ ၀ိပသနာဆိုတာ ကိုယ့်ကို ကိုယ်ပြန်လည် စစ်ဆေးရှာဖွေကြည့်မှုလို့ သူက အဓိပ္ပါယ်ဖွင့်တယ်။ (အထိန်းအကွပ် မရှိလွတ်နေတဲ့ စိတ်ဟာ ကိလေသာတွေ ဘယ်လို ဒလစပ်ပွားနေသလဲဆိုတာကို ပြန်ကြည့်ပီိးလေသာတွေ မပွားအောင်လုပ်မှုလို့ ၀ိပသနာကို အဓိပ္ပါယ်ဖွင့်တယ်။) လွတ်မြောက်မှု ၀ိမုတ္တိကို အလိုရှိသူဟာ ကိုယ့်ကို ကိုယ်သိအောင် လုပ်ခြင်းဖြင့်သာ လွတ်မြောက်နိုင်မယ် ဆိုတယ်။ တနည်းအားဖြင့် ရှုစရာ ခန္ဓာရဲ့  (ဟေဂယ် ပြောတဲ့ medium ဆိုတဲ့သဘောနဲ့ သွားမတူဘူးလား။) အကူနဲ့သာ လွတ်မြောက်မှု ၀ိမုတ္တိကို ရရှိမယ်လို့ ဆိုတယ်။ ဖြစ်ပျက်ကို ရှုနေတဲ့ ဖြစ်စဉ် ပြီးဆုံးတာဟာ self-realization ဖြစ်စဉ်ပြီးဆုံးတာ (မဂ်ဖိုလ် ဆိုက်တယ် ပြောချင်ပြောပေါ့) နဲ့ ယောဂီဟာ (သံသရာက) လွတ်မြောက်မှု freedom ကို ရရှိပေသည်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ဒါကတော့ ဟေဂယ်ရဲ့ dialectic ကို ဗုဒ္ဓဘာသာနဲ့ ယှဉ် အင်တာပရက်လုပ်ကြည့်ခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓသည်ပင်လည် ဓမ္မကို မလွန်ဆန်နိုင်ဘူး။ everything is subject to dhamma လို့ ပြောရမလား။ ဓမ္မဆိုတာကလည်း တခြားမဟုတ်ဖူး၊ law of nature တဲ့။ ဦးဂိုအင်ကာက ဘယ်လိုပြောလဲဆိုတော့ သူ့အတွက်တော့ အမှန်တရားဟာ God၊ Nature is God တဲ့။ Descartes ရဲ့  Discourses on Method 4, 35 မှာ ဘယ်လိုရေးလဲဆိုတော့ 

… it could but follow that it (the idea of the existence of myself) had been placed in me by a Nature … – that is to put it in a word, which was God. 

အံ့အားသင့်စရာ မကောင်းဘူးလား။ ဟင်း… တနွယ်ငင် တစင်ပါဆိုသလိုပါပဲလား။ Descartes ရဲ့ God argument က မရောက်နိုင်သေးဘူး။ နောက်တခန်းမှာတော့ formally illustrate လုပ်ပါတော့မယ်။

Discussion

3 thoughts on “Reflections on Descartes 7

  1. ခုမှသတိရလို့ပြောရဦးမယ်။ Aristotle ရဲ့ doctrine of potentiality and actuality ဆိုတာကို တက္ကသိုလ်ဘုန်းနိုင် သူ့ရဲ့ ’ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း’ မှာ ရှင်းပြထားတာလေးက ကောင်းတယ်။ စိတ်ဝင်စားသူများ လှန်လှောကြည့်ကြပါ။

    Posted by zizawa | 12/12/2010, 11:39
  2. နောက်တခေါက် ပြန်ဖတ်တိုင်း လိုတာတွေ့ ထပ်ထပ်တွေ့ နေရတယ်။ Descartes ရဲ့ trademark argument ကို ဗုဒ္ဓဘာသာက ပြောတဲ့ သစ္စာရှာပုံတော်နဲ့ နှိုင်းယှဉ်တဲ့အခါမှာ အရေးကြီးတဲ့ အချက်တချက်ကျန်ခဲ့တယ်။

    ဒေးကားက (ဒေးကားတင်မကဘူး၊ လိုင်ဘနစ်၊ ကန့်၊ ဟေဂယ်)တို့ က လူတိုင်းမှာ God ကို ပြန်မြင်နိုင်တဲ့ idea of God ကို သိနိုင်တဲ့ တခုခုပါလာတယ်။ (ပန်းချီဆရာတွေရဲ့ လက်မှတ်လိုမျိုးပေါ့။) ဗုဒ္ဓဘာသာမှာလည်း အလားတူပဲ။ လူတိုင်းဟာ သံသရာက လွတ်မြောက်နိုင်တဲ့ ၀ိပသနာမျိုးစေ့ပါလာတယ်။ (ပါရမီ ဆိုတဲ့ သဘောနဲ့ ခပ်ဆင်ဆင်တူမလားမသိဘူး။) အဲဒိမျိုးစေ့အကူနဲ့ သံသရာက လွတ်မြောက်အောင် ကိုယ့်ဟာကိုယ် အားထုတ်နိုင်တယ်။ အားထုတ်တဲ့ လုပ်ငန်း၊ self-realization process ပြီးဆုံးတဲ့အခါ လူသားဟာ ၀ိမုတ္တိကိုရတယ်။ တရားကိုမြင်တဲ့အခါ ဘုရားကိုမြင်တယ် ဆိုတာ ဒီသဘောကို ပြောတာလို့နားလည်မိတယ်။

    Posted by zizawa | 15/12/2010, 09:14
  3.့ မြန်မြန် ဆက် ရေး ပါ ဗျို့ ……ဖတ်ချင် လှ ပြီ ….စောင့် ရ တာ မော တယ်…

    Posted by သူရ | 17/12/2010, 04:38

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: