//
you're reading...
Philosophy

Reflections on Descartes 8

ငါရှိတာကို သိရတဲ့ အသိဟာ မှန်ကန်တဲ့ အခြေခံ တခုခုပေါ်မှာ တည်ဆောက်ထားလို့သာ ဒီအသိကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာဖြစ်ပြီး ဒီလိုမှန်ကန်တဲ့ အခြေခံပေါ် တည်ဆောက် ထားနိုင်တာကိုက ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင်တယောက်ရဲ့  ဖန်ဆင်းခံဆိုတာ မငြင်းနိုင်ဘူးလို့ Descartes ကဆိုတယ်။ ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင်တယောက်ရဲ့  ဖန်ဆင်းခံသာ မဟုတ်ရင် ငါရှိတာကို ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား မြင်နိုင်စရာ မရှိဘူးလို့ Descartes ကပြောတယ်။ တနည်းအားဖြင့် ဒီအချက် (ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင် တယောက်ရဲ့  ဖန်ဆင်းခံ ဆိုတဲ့အချက်) ဟာ ဘယ်လိုမှ မမှားနိုင်တဲ့ အမှန်တရား necessary truth ဖြစ်တယ်လို့ Descartes ကဆိုတယ်။ ဘာအတွက် necessary ဖြစ်တာလဲဆိုတော့ မှန်ကန်တဲ့ အသိရဲ့ အခြေခံအတွက် မရှိမဖြစ်လိုအပ်တာပဲ။

တကယ်တော့ ငါရှိတယ်ဆိုတဲ့ အသိတင်မကဘူး၊ တြိဂံတခုမှာ ဒေါင့်သုံးဒေါင့်ရှိတယ်၊ အဲဒိ ဒေါင့်သုံးဒေါင့်ပေါင်းလဒ်ဟာ ဒေါင့်မှန်နှစ်ခုနဲ့ ညီတယ်ဆိုတဲ့ စဉ်းစားချက်တွေမှန်ကန်ဖို့ အတွက်ပါ perfect being ဆိုတာ မရှိလို့ကို မရဘူးလို့ Descartes ကပြောတယ်။ ဒါပေမယ့် ခုထိ Descartes ပြောသလောက်က God ဆိုတဲ့ idea ဟာ သူ့စိတ်ထဲ ပေါ်လာတယ်လို့ပဲ ပြောလို့ရသေးတယ်။ (ဒါကို ပထမ premise လို့ပြောချင်ပြောပေါ့။) God ဆိုတာ အပြင်မှာ တကယ်ရှိမရှိ သူသက်သေ မပြရသေးဘူး။ သူသေချာ meditate လုပ်တဲ့အခါမှာ God ဆိုတဲ့ idea သူ့စိတ်ထဲမှာ ပေါ်လာတယ်၊ ဒါပေမယ့် အဲဒိ သူ့စိတ်ထဲက idea ဟာ အပြင်မှာ အစစ်အမှန်အဖြစ် တည်ရှိတာကို သူဘယ်လိုသက်သေပြမလဲ။ အဲဒိမှာ သူက နောက်ထပ် premise တခုကို ထပ်တင်လာတယ်။ အဲဒိ premise က နည်းနည်း လက်ဝင်တယ်။ သေချာကြည့်ဖို့လိုတယ်။ ဖြစ်နိုင်ရင် ခုရေးနေတဲ့ အခန်းအတွက် Third Meditation ကို ကိုယ်တိုင် ဖတ်ကြည့်စေချင်တယ်။ အထူးသဖြင့် Third Meditation ကို 40 ကနေ စဖတ်ဖို့ကောင်းတယ်။ အကုန် မဟုတ်ရင်တောင် အရေးကြီးတဲ့ စာကြောင်းလေးတွေကို ခုဒီမှာ ဖတ်ကြည့်ရအောင်။ 

But it now occurs to me that there is another way of investigating whether some of the things which I possess ideas exist outside me. In so far as the ideas are <considered> simply <as> modes of thought, there is no recognizable inequality among them: they all appear to come from within me in the same fashion. 

ကျနော်တို့ အထက်မှာ ပြောခဲ့သလို သူ့စိတ်ထဲမှာ ပေါ်လာတဲ့ God ဟာ idea အနေနဲ့တင်မက အပြင်မှာလည်း တကယ်ရှိမရှိဆိုတာ စဉ်းစားလို့ ရနိုင်မဲ့နည်းလမ်းကို သူက စပြောတယ်။ ဒါကို ကျနော်တို့က အပေါ်မှာ ပထမ premise လို့ ခေါ်လိုက်တာပဲ။

ဆက်ဖတ်ရရင်

Again, the idea that gives me my understanding of a supreme God, eternal infinite, <immutable>, omniscient, omnipotent and the creator of all things that exist apart from him certainly has in it more objective reality than the ideas that represent finite substances.

ဒီစာပိုဒ်ကို နားလည်အောင်ဖတ်ရတာကိုက နာရီနဲ့ချီကြာတယ်။ ပြန်ရှင်းပြရရင် စာမျက်နှာ ဘယ်နှမျက်နှာ ကုန်မလဲ မသိဘူး။ အထူးသဖြင့် objective reality စကားစုကို သေချာ အင်တာပရက်လုပ်ဖို့လိုတယ်။ ပထမဆုံး ပြောချင်တာက ခုစကားစုမှာပါတဲ့ objective ဆိုတာ subjective ရဲ့ ဆန့်ကျင်ဘက်အဖြစ် သိနေတဲ့ objective အဓိပ္ပါယ် လုံးဝလုံးဝ မဟုတ်ဖူးဆိုတာ အရင်ဆုံး သိထားစေချင်တယ်။ ရုပ်ဝထ္ထုအနေနဲ့ object အနေနဲ့ ဖော်ပြနိုင်တဲ့၊ ဖော်ပြတဲ့ ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာပဲ။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ objective ဆိုတဲ့စကားအပြင် representative ဆိုတဲ့ ဝေါဟာရကိုပါ သုံးထားတာ ဖြစ်တယ်။ နောက်တခါ reality ဆိုတဲ့ စကား၊ ဒီစကားက အမှန်တရားဆိုတဲ့ အဓိပ္ပါယ်ထက် တည်ရှိနေတဲ့အရာ၊ ဖြစ်တည်နေတဲ့ အရာကို ဆိုလိုတယ်လို့ အဓိပ္ပါယ်ရတယ်။ ဆက်ရှင်းကြည့်ရအောင်။

ခုတခဏမှာ ကျနော့် စိတ်ထဲမှာ စားပွဲဆိုတဲ့ အိုင်ဒီယာတခု၊ အတွေးတခု (Descartes က mode of thought လို့သုံးတယ်) ပေါ်လာတယ် ဆိုပါစို့။ အတွေးထဲမှာပေါ်တဲ့ စားပွဲဟာ အပြင်မှာရှိတဲ့ စားပွဲရဲ့ objective reality ဖြစ်တယ်။ စားပွဲမှာ ခြေထောက်လေးချောင်းရှိမယ်၊ နောက်တင်စရာ ပြည်ညီတခုကို ဒီခြေထောက်တွေက ထောက်ထားမယ်။ အဲဒိ အပြင်က စားပွဲဟာ ကျနော့်ရဲ့ စိတ်ထဲမှာ representatively လာတည်တယ်။ (စားပွဲဆိုတဲ့ သဏ္ဍာန်က စိတ်ထဲလာပေါ်တယ်လို့ ပြောမယ်ဆိုလည်း ဖြစ်မယ်ထင်ပါတယ်။)

ဒါပေမယ့် စားပွဲဆိုတာ finite substance ဟုတ်တယ်မလား။ ဘယ်လောက်ကြီးတဲ့ စားပွဲပဲ ဖြစ်ဖြစ် အကန့်အသတ်ရှိတယ်။ အလားတူပဲ၊ စိတ်ထဲမှာ ပေါ်တဲ့ စားပွဲရဲ့ ပုံရိပ်ဟာလည်း representation of (the reality) table in my mind ဟာလည်း finite ဖြစ်တယ်။

စိတ်ထဲမှာ စားပွဲအပြင် တခြား ဘာတွေကို မြင်ကြည့်လို့ရနိုင်သေးလဲ။ အများကြီးကို ထပ်မြင်ကြည့်လို့ရတာပေါ့။ မီးအိမ်၊ Catherine Zeta Jones, ဖယောင်းရုပ်ထု စသဖြင့် အများကြီးရှိမှာဘဲ။ ဒါပေမယ့် ဘယ်လောက်များများ အကန့်အသတ်တော့ရှိတယ်။ ဒီတော့ ဘယ်သူက ငါ့စိတ်ထဲက idea တွေကို generate လုပ်ပေးနေတာလဲ။ ဒီ idea တွေရဲ့  cause ကဘာလဲ။

Now it must manifest by the natural light that there must be at least as much <reality> in the efficient and total cause as in the effect of that cause. For where, I ask, could the effect get its reality from, if not from the cause? And how could the cause give it to the effect unless it possessed it? It follows from this both that something cannot arise from nothing, and also that what is more perfect – that is, contains in itself more reality – cannot arise from what is less perfect. (Third Meditation 40)

Descartes ဟာ ခရစ်ယာန်တွေတင်မက ဗုဒ္ဓဘာသာမှာပါ ပြောသလိုပဲ၊ အကြောင်းမရှိဘဲ အကျိုးမရှိနိုင်ဘူးဆိုတာကို ဒီမှာပြောတာလို့ ယူဆတယ်။ ဗုဒ္ဓဘာသာမှာ ပြောတာထက် နည်းနည်းပိုတာက effect အကျိုးမှာတွေ့ရတဲ့ ဂုဏ်သတ္တိတွေဟာ cause သူ့ကို ဖြစ်စေတဲ့ အကြောင်းမှာ အပြည့်အစုံပါတယ်လို့ ဆိုတယ်။ ကနေ့ခေတ် ဖီလော်ဆော်ဖီမှာတော့ ဒါကို causal adequacy principle လို့ခေါ်ကြတယ်။ အဲဒါကတော့ ဆိုပါစို့ အရာဝထ္ထုတခု O ဟာ ဂုဏ်သတ္တိ P ရှိရင် အဲဒိ အရာဝထ္ထုကို ဖြစ်စေတဲ့ C မှာလည်း ဂုဏ်သတ္တိ P ရှိတယ်ဆိုတာကို ပြောချင်တာပဲ။

Descartes က ဘာနဲ့ ဥပမာ ပေးလဲဆိုတော့ ကျောက်ခဲတလုံးကိုကြည့်၊ ကျောက်ခဲတလုံးမှာ တွေ့ရတဲ့ ဂုဏ်သတ္တိတွေပါတဲ့ အရာတခုက ထုတ်လုပ်ပေးလိုက်တာ မဟုတ်ဘဲ ပြောခဲ့တဲ့ ဂုဏ်သတ္တိတွေရှိနေတဲ့ ကျောက်ခဲဟာ ပေါ်မလာနိုင်ဘူးလို့ဆိုတယ်။ Descartes က ကျနော်တို့ causal adequacy principle (cap) လို့ အပေါ်မှာ ခေါ်ထားတဲ့ နိယာမကို ရုပ်ဝထ္ထုတွေတင် မက စိတ်မှာပါအသုံးချကြည့်တယ်။ cap ကို သူစိတ်မှာ ဘယ်လို အသုံးချသလဲဆိုတာ မကြည့်ခင် အဲဒိ cap ဆိုတာကို နည်းနည်းလောက် ကြည့်ရအောင်။

အပေါ်ယံ ကြည့်ရင်တော့ ဒါဟာ မှန်သလိုလိုရှိတယ်။ ဘာမှ မရှိရာကနေ တခုခု ကောက်ကာငင်ကာ ထရှိမလာနိုင်သလို၊ ရှိလာတဲ့အရာဟာလည်း သူ့ကို ဖြစ်စေတဲ့ အရာက ဂုဏ်သတ္တိတွေကို အမွေအဖြစ်ယူထားလိုက်တယ်ဆိုတဲ့ အယူအဆဟာ ဘာမှ မမှားသလိုဘဲ။ ဒါပေမယ့် ပြသနာက ဒီအယူအဆဟာ ရုပ်ဝထ္ထုပစ္စည်းတွေ ဓာတ်ပြောင်းလဲမှု ဖြစ်တဲ့အခါ ဂုဏ်သတ္တိသစ်တွေ ပေါ်လာနိုင်တာကို ထည့်မစဉ်းစားထားဘူး။ ဥပမာ ဆိုဒီယမ်နဲ့ ကလိုရင်း ဓတ်ပြုရာကနေ ဆားဖြစ်လာတယ်။ ဒါပေမယ့် ဆိုဒီယမ်ရော၊ ကလိုရင်းပါ ဆားလို ငန်တဲ့သတ္တိ မရှိကြဘူး။ နောက်တခါ ကနေ့ ခေတ်မှာဆို ဘာမှမရှိရာကနေ တခုခု ဖြစ်လာနိုင်တယ်ဆိုတာလည်း ကွန်တမ်မက္ကင်းနစ်မှာ ခွင့်ပြုထားတယ်။ အမှုန်တခုနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက်အမှုန်တခု တိုက်မိရင် (ဥပမာ အီလက်ထရွန်နဲ့ ပေါ်စီထရွန်) နှစ်ခုလုံးပျောက်သွားပြီး radiation ပဲကျန်ခဲ့တယ်။ အဲဒိဖြစ်စဉ်ဟာ ပြောင်းပြန်ပြန် မဖြစ်နိုင်ဘူးလို့ ကွန်တမ်မက္ကင်းနစ်က ပြောမထားဘူး။ တနည်းအားဖြင့် radiation သက်သက်ကနေ အမှုန်တခုနဲ့ သူ့ဆန့်ကျင်ဘက် အမှုန်တခု ပေါ်ထွက်လာနိုင်တာကို ကွန်တမ်မက္ကင်းနစ်မှာ ခွင့်ပြုထားတယ်။ ဒီတော့ ဒါတွေဟာ Descartes ရဲ့ ဖီလော်ဆော်ဖီကို ယုံကြည်သူတွေအတွက် စိန်ခေါ်မှုကြီးတွေပဲ။ 

ဆက်ပါဦးမယ်..

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: