//
you're reading...
Burma, Burmese

ဗမာဆိုတာ…

အမျိုးသားလေကြောင်းလိုင်းတွေ နိုင်ငံတိုင်းလိုလိုမှာ ရှိကြတယ်။ နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့တို့ အစိုးရအဖွဲ့တို့ တခြားနိုင်ငံတွေသွားရင် ကိုယ့်အလံပါတဲ့ လေကြောင်းလိုင်းတွေစီးကြတယ်။ ဒီအလံနဲ့လေကြောင်းလိုင်းတွေကို အစိုးရပိုင်တာရှိသလို ပုဂ္ဂလိကပိုင်တာ၊ အများပိုင်တာတွေလည်းရှိတယ်။

 

ဗမာတွေအတွက်ရော စီးစရာလေကြောင်းလိုင်းရှိရဲ့လား။ စီးစရာဆိုတာထက် ကိုယ့်နိုင်ငံအလံပါတဲ့ လေကြောင်းလိုင်း MAI ကိုစီးချင်ရဲ့လားဆိုတာ မေးစရာဖြစ်နေတယ်။

ဒါနဲ့ပတ်သက်ပြီး စဉ်းစားမိတာက ဗမာပြည်ပေါက်ဗမာတွေဟာ ကိုယ့်ကိုကိုယ် ဗမာလို့ ဘာတွေနဲ့ သတ်မှတ်ကြလဲ။ တနည်း ကိုယ်ဗမာဆိုတာ ဘာအမှတ်အသားတွေ ဘာလုပ်ရိုးလုပ်စဉ်တွေနဲ့ ထပ်ခါထပ်ခါ အသိပေးကြလဲ။ သိစိတ်နဲ့ပဲဖြစ်ဖြစ် မသိစိတ်နဲ့ပဲဖြစ်ဖြစ် ကိုယ်ဗမာဆိုတာကို ဘာတွေနဲ့ ဘာလုပ်ရပ်တွေနဲ့ သက်သေပြကြသလဲဆိုတာပါ။

 

ဒါဟာ ကျကျနနစဉ်းစားပြီး ရေးထားတဲ့စာတော့ မဟုတ်ဘူး။ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး စဉ်းစားဖြစ်တဲ့ အကြောင်းလေးပါ။ ပညာရှင်တွေ အထူးသဖြင့် sociologist တွေ ရေးပေးနိုင်ရင် ပိုကောင်းမယ်။

 

ဗမာတွေ နိုင်ငံတော်ပိုင်လေကြောင်းလိုင်းကို မစီးဘူး။ တနည်း ဗမာပိုင် လေကြောင်းလိုင်းကို အားပေးခြင်းဖြင့် နိုင်ငံချစ်ကြောင်း တနည်းဗမာနိုင်ငံသားအဖြစ် ကိုယ့်ကိုကိုယ်နိုင်ငံနဲ့တွဲပြီး ဂုဏ်မယူနိုင်ကြဘူး။ ဒါနဲ့ပတ်သက်ပြီး ကြည်မြန်မာကုန်တိုက်ကြေငြာကို သတိရမိတယ်။ ရန်ကုန်တွင်ဗမာပိုင်တဆိုင် တည်တံ့နိုင်ရန် အားပေးကြပါတဲ့။ စာသားအတိအကျတော့ ဟုတ်မယ်မထင်ဘူး။ ကြည်မြန်မာကုန်တိုက်မှာ ဈေးဝယ်ခြင်းနဲ့ ဗမာဆိုတဲ့ ကိုယ့် identity ကို တည်ဆောက်တာမျိုး။ လွတ်လပ်ရေးကြိုးပမ်းမှုတုန်းကလဲ လုပ်ခဲ့ကြတယ်။

 

၂၀၀၃အီရတ်စစ်ဖြစ်တုန်းက ကိုယ့်ကိုကိုယ် ကနေဒီယန်လို့ပဲပြောတော့မယ်ဆိုတဲ့ အမေရိကန်တွေနဲ့တွေ့ဖူးတယ်။ ကိုယ့်အစိုးရရဲ့လုပ်ရပ်ဟာ ရှက်စရာကောင်းနေလို့ အမေရိကန်လို့ ကိုယ့်ကိုကိုယ် အစိုးရတနည်း နိုင်ငံတော်နဲ့တွဲပြီး မသတ်မှတ်ချင်တော့လို့။

 

ဒီတော့ ကိုယ်ဗမာပါဆိုတာကို ဘာတွေနဲ့တွဲပြီး identify လုပ်မလဲ။ ရုပ်လုံးဖော်မလဲ။ ဗမာဆိုတဲ့စိတ်ကို ဘယ်လို reinforce လုပ်မလဲ။ အထဲမှာနေသူတွေအတွက်က သိပ်ပြသနာမဟုတ်လှဘူးလို့ ထင်တယ်။ အပြင်မှာရောက်နေသူတွေအတွက်ကတော့ ပိုပြီးစဉ်းစားစရာဖြစ်မယ်ထင်တယ်။

 

ဗမာဆိုတာဘာလဲလို့ နိုင်ငံခြားမှာရောက်နေတဲ့ ဗမာ-ကချင်ကလေးလေးတယောက်က မေးဖူးတယ်။ အဲဒီလိုမေးတော့ သူ့အဖေကစိတ်ဆိုးတယ်။ အမှန်တော့ နိုင်ငံခြားသားတွေကြားမှာကြီးရတဲ့ ဒီကလေးက သူ့ကိုဗမာလေး၊ ကချင်လေး၊ ဗမာ-ကချင် ကပြားလေးစသဖြင့် ပြောကြရမှာ သူဘာလဲဆိုတာကို သူ့ ဘေးကလူတွေနဲ့ ယှဉ်ပြီး သိချင်မပေါ့။

 

ဗမာနိုင်ငံသားလက်မှတ်ကိုင်ရင် ဗမာလား။ ဟုတ်တယ်လို့ ဖြေလဲရတယ်။ မဟုတ်ဘူးလို့ ဖြေလဲရမှာပဲ။ ဒီနိုင်ငံမှာ အနှစ်လေးငါးဆယ်နေနေတဲ့ ဗမာအနည်းစုရှိတယ်။ အခုထိ ဗမာနိုင်ငံကူးလက်မှတ်ကိုင်ထားတုန်းပဲ။ ဒာင်္ဂလိပ်နိုင်ငံကူးလက်မှတ်ကိုင်ရင် ဥပဒေအရ အင်္ဂလိပ်နိုင်ငံသားဖြစ်သွားပြီကိုး။ ဘုရင်မကြီးကို သစ္စာခံတဲ့အခမ်းအနားနဲ့ ကျမ်းကျိန်ရသေးတာ မဟုတ်လား။

 

ဗမာနိုင်ငံကူးလက်မှတ်မကိုင်တော့ရင်တော့ ဗမာအစိုးရက ဗမာလို့မသတ်မှတ်တော့ဘူး။ ဥပဒေတွေမပြင်သရွေ့ပေါ့။ နိုင်ငံတော်တော်များများ နိုင်ငံကူးလက်မှတ်၂ခုကိုင်ခွင့် မပြုဘူး။

 

ဒါပေမယ့်ကိုယ်ကိုယ်တိုင်ရော ဘာတွေနဲ့ကိုယ့်ကိုကိုယ်ဗမာလို့ သတ်မှတ်မလဲ။ နှစ်ပေါင်းများစွာ တဖြည်းဖြည်းလေ့ကျင့်မွေးယူရင်တော့ ကိုယ်ဟာရောက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံသားပဲလို့ ကိုယ့်ကိုကိုယ်မြင်ကြည့်၊ တွေးကြည့်၊ ခံယူကြည့်လို့ရမယ်။ ဒါပေမယ့် အဲဒီနိုင်ငံကရော ကိုယ့်ကို သူတို့နိုင်ငံသားအဖြစ်မြင်မလားဆိုတာမေးစရာဖြစ်ပြန်တယ်။

 

ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာနေနေတဲ့ အမေရိကန်ပေါက်တရုတ်မလေးတယောက်ကို မေးကြည့်တယ်။ နင့်ကိုနင်ဒီနိုင်ငံသားလို့ မြင်ကြည့်လို့ရလားဆိုတော့ ဟင့်အင်းတဲ့။ ငါကိုယ့်ကို အပြင်လူ outsider လို့ပဲမြင်တယ်တဲ့။ ငါစကားပြောရင် အမေရိကန်လေသံထွက်နေတယ်။ ရုပ်ကတရုတ်ရုပ်တဲ့။ မနေ့ကဘီဘီစီအင်တာနက်သတင်းမှာ ဖတ်လိုက်ရတာက ဂျာမနီမှာ နှစ်ပေါင်းလေးဆယ်ကျော်နေနေတဲ့ တူရကီနိုင်ငံသားမိန်းမတယောက်က သူ့ကိုယ်သူဂျာမန်နိုင်ငံသားလို့ မမြင်ဘူးတဲ့။

 

ငပိကြိုက်ရင် ဗမာလား။ အားနာတတ်ရင်ဗမာလား။ နိုင်ငံပိုင်လေယာဉ်စီးရင် ဗမာပိုဖြစ်သလား။ ဗမာစိတ်ရှိမှု (ဗမာနိုင်ငံသားအားလုံးကိုဆိုလိုပါတယ်။ ဗမာလူမျိုး တခြားတိုင်းရင်းသားမဟုတ်ဟု မဆိုလိုပါ) အနည်းအများဘယ်လိုတွက်မလဲ။ တွက်လို့ကောရသလား။ ဗမာဖြစ်မှုကို ဘယ်သူက ပြဌာန်းပိုင်ခွင့်ရှိလဲ။ ဗမာဖြစ်ဖြစ်မဖြစ်ဖြစ် အရေးမကြီးဘူးလို့ ဘယ်သူတွေက ဘာ့ကြောင့်ပြောကြသလဲ။ ဗမာများ၊ ဗမာမဟုတ်တော့သူများ (?)၊ ဗမာဖြစ်ချင်သူများ၊ ဗမာဟုတ်မဟုတ် မသေချာသူများ ဆက်လက်ဆွေးနွေးကြပါကုန်။

 

(ဘလော့ကို ၀တုတ်လက်ထဲ ၀ကွက်အပ်ထားတာ ၉လတောင် ကြာသွားတယ်။ ၀တုတ်တယောက် စာမေးပွဲနဲ့ပျားတုပ်နေတုန်း ဧည့်သည်လို ဝင်ရေးသွားပါတယ်။)

 

Discussion

9 thoughts on “ဗမာဆိုတာ…

  1. ဗမာပြည်ပေါက် တရုတ်တွေကိုရော ဘယ်လိုမြင်မိသလဲ။ ဟိုးအရင် မန်းလေးဖက်က တရုတ်တွေကတော့ ဗမာလို ခံယူကြတယ်။ အခုနောက်ပိုင်း မန်းလေးကိုပြောင်းလာတဲ့ တရုတ်တွေကကော သူတို့ကိုယ်သူတို့ ဘယ်လိုခံယူသလဲ။ ပြီးတော့ မန်းလေးရဲ့ အနာဂတ်ကို စိတ်ဝင်စားတယ်။ အင်မတန်ရှေးမူဆန်တဲ့ မြို့ကြီးက ရေတိုလေးမှာပဲ ကပြောင်းကပြန်ဖြစ်သွားတာ။ modern society ဆန်သွားတယ်ပေါ့လေ။ multiculture ပိုဖြစ်သွားတယ်လို့ တွေးယူရင်ရမလား။ လူထုဒေါ်အမာကတော့ ဈေးချိုက ပန်းကန်သည် ဒေါ်မြနဲ့ မန်းလေးက လူမျိုးခြားတွေကို လှလှလေး ပြောပြသွားတယ်။
    အတွေ့အကြုံတွေကို ပြောပြရရင် ခုံလှုံခွင့်ခံသူတွေထဲက တင်ထားတာကြာပြီး ရေစုံမျောသူတွေကို ဒီတလော နေထိုင်ခွင့်တွေ အတော်ချပေးလိုက်တယ်။ ပေးတဲ့ပုံက travel document မဟုတ်ပဲ residence permit ပေးတယ်။ ဒါပေမယ့် လျှောက်ထားသူမှာ ပတ်စပို့ သက်တမ်းတိုးထားတာမရှိတော့ စာရွက်ကလေးနဲ့ သက်ဆက်ရာ သံရုံးကို ဆက်သွယ်ပြီး ပတ်စပို့သက်တမ်းတိုးပါဆိုတာ ပေးလိုက်တယ်။ အကောင်းဖက်ကတွေးယူရင် နိုင်ငံရေးခုံလှုံပါတယ်ဆိုတာ မပါပဲနဲ့ အမြဲတမ်းနေထိုင်ခွင့်ရလိုက်တယ်ပေါ့။ ၁၂လကြာရင် british passport လျှောက်ရင် ပြီပေါ့။ ဒီလူ အကူအညီတောင်းပုံက ဗမာသံရုံးက ပက်စပို့ သက်တမ်းမတိုးပေးနိုင်ပါဘူး ဆိုတဲ့ အထောက်အထားလိုချင်ပါတယ်တဲ့။ ဘယ်လိုကူညီရမတုန်း။ သံရုံးက သက်တမ်းတိုးချင်ရင် လာခဲ့ပါတဲ့။ ကိုယ်လည်း ကြားက မဖြေရှင်းပေးတတ်တော့ဘူး။ ကိုယ်သာ သံအမတ်ဆိုရင် ဒါမျိုး များများ ထုတ်ပေးချင်ပါရဲ့။

    ရယ်စရာပါ… ကားက မီးနီ ဖြတ်ကူးလို့ ရဲကတားတာကို I am british လို့ ဖြေရှင်းချက်ထုတ် တဲ့လူလည်း တွေ့ဖူးတယ်။

    Posted by ကြာပီ | 02/01/2011, 11:33
    • Sorry, I can’t type Burmese on this computer. I have seen comments on other forums that Myo Thit in Mandalay is now essentially a Chinese town. I don’t think we can say Mandalay is becoming more, or just, multiculturual. Cultural hagemony is shifted towards the new elite group, which is made up of largely Yunnanese Chinese. How old Mandalay residents-be they Burmans or Fujanese Chinese or other ethnic groups–react to this new social order is another question. Whether or not this new Chinese decide to integrate into Buremse society will be interesting to watch. Their predecessors from the Southern China integrated well, and many second and third generation Chinese identify themselves as Burmese, not as Chinese and feel closer to other Burmese, comfortable with Burmese customs and language, and a lot of them even don’t speak a word of Chinese.

      Posted by zizawa | 02/01/2011, 15:13
  2. I’ve been thinking the usage of sense of belonging… within these days.

    come back .. and.. wonder.. ponder..🙂

    Posted by K | 02/01/2011, 13:46
  3. ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘယ်စာအုပ်ပဲကိုင်ကိုင်…မိမိရဲ့ ဇစ်မြစ် ဒေသကိုတော့
    စွဲကြတာပါပဲ။ အပြင်က (ပတ်ဝန်းကျင်) ၀င်လာတဲ့ လွှမ်းမိုးမှုတွေ ရှိပေမဲ့ မူလဗီဇ ကတော့ ရှိနေတာပါပဲ။ ကျမတွေ့ ရသလောက်တော့ ဘယ်လူမျိုးပဲဖြစ်ဖြစ် လူ့ အခြေခံဗီဇတွေက တော့ တူတာများပါတယ်။ မြန်မာတွေ အားနာတတ်သလို၊ ကျမနေတဲ့ ဆီက ဂျာမန် တချို့ လည်း အားနာတတ်ပါတယ်။ အချိန်မှန်တယ်ဆိုတဲ့ ဂျာမန်တွေကြားမှာ နောက်ကျတတ် တာအကျင့်ပါနေတဲ့ဂျာမန်တွေလည်းတွေ့ ရပါတယ်။ ကြိုးစားတဲ့သူတွေရှိသလို ရေသာခိုပြီးပျင်းနေတဲ့ ဂျာမန်လည်းတွေ့ ရပါတယ်။
    အဓိက ကတော့ မိမိရဲ့ သတ်မှတ်ထားတဲ့ ၊ သင်ယူလေ့လာထားတဲ့ စံတွေနဲ့ ပဲ မိမိဘာဆိုတာ (ဘယ်လိုလူ) ဆိုတာပြဖို့ ပဲလိုပါတယ်။ မိမိနဲ့ ဆက်ဆံသူကသာ
    ကျမကောင်းမကောင်းကို ဆုံးဖြတ်ပြီး နောက်ပိုင်းမှာ သြော် သူက မြန်မာပဲ။ မြန်မာက ဒီလိုပဲထင်တယ်လို့  ဆုံးဖြတ်ပါလိမ့်မယ်။ ကျမတွေးမိတာလေးပါ။

    Posted by shinlay | 02/01/2011, 18:32
  4. ပတ်ဝန်းကျင်မှာ တွေ့နေတဲ့ ကိုယ့်လို တခြာလူတွေနဲ့ ကိုယ့်ကိုကိုယ် identify လုပ်ပီး ကိုယ်ဘာဆိုတာ ကိုယ့်ဟာကို self-conscious ဖြစ်မှုဟာ nationalism သဘောလို့ ပညာရှင်တွေက အကြမ်းမျဉ်း ပြောကြတယ်။ ကိုယ့်ပတ်ဝန်းကျင် ဆိုတဲ့စကားစုကို နည်းနည်းထပ် အနုစိတ်ကြည့်ရင် ဟိုးအရင်ကတော့ ဆက်သွယ်ရေး နည်းပညာ မထွန်းကားတဲ့ကာလကတော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ရွာနီးချုပ်စပ်လောက် ရှိတာ။ ဒါပေမယ့် နောက်ပိုင်း ဆက်သွယ်ရေးနည်းပညာ ထွန်းကားလာတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က ကျယ်လာတယ်။ ပူတာအိုမှာနေတဲ့လူနဲ့ ထားဝယ်မှာ နေတဲ့လူနှစ်ယောက် တယောက်နဲ့ တယောက် ဆုံဖူးချင်မှ ဆုံဖူးမယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ဒီထမင်းပဲစားတယ်။ ဒီစကားပဲပြောတယ်။ ဒီသတင်းစာပဲဖတ်တယ်သိရတဲ့အခါ တယောက်နဲ့ တယောက် မမြင်ဖူးတဲ့ လူနှစ်ယောက်ကို အကောင်အထည် မမြင်ရတဲ့ အရာတခုက ချိတ်ပေးလိုက်သလိုပဲ။ အဲဒိမှာ ပူတာအိုမှာ နေတဲ့လူက ထားဝယ်မှာ နေတဲ့လူဟာ ငါနဲ့ မကွာပါလားဆိုတာ သိရတယ်၊ အနည်းဆုံး ငါနဲ့ ထားဝယ်နဲ့လူကြားက တူညီမှုဟာ ငါနဲ့ ဆိုပါစို့ ပေကျင်းမှာနေတဲ့လူနဲ့ကြားက တူညီမှုထက် အများကြီးပိုကြီးတယ်။ အဲဒါကို self-conscious ဖြစ်မှုဟာ ကိုယ်ဘာလူမျိုးဆိုတာကို ကိုယ့်ဟာကိုယ် သတ်မှတ်ဖို့ အခြေခံ အကြောင်းရင်းတခုပဲ။ ဆိုတော့ ဘာသာစကားရှိမယ်၊ ကိုးကွယ်တဲ့ဘာသာရှိမယ်၊ စားပုံ သောက်ပုံ၊ နေပုံ ထိုင်ပုံရှိမယ်။ တွေးပုံခေါ်ပုံလည်း နီးစပ်မှုရှိမယ်၊ သင်္ကြန်ရေပက်တာလည်း ပါမယ် စသဖြင့် ဒါတွေ အကုန်လုံးဟာ ကိုယ်ဘာလူမျိုးဆိုတာကို သတ်မှတ်ရာမှာ အထောက်အကူပြုတဲ့ အရာတွေပဲ။ ပြည်ပရောက် ဗမာတွေ နည်းနည်းလေးစုမိရင် အရင်ဆုံး လုပ်ဖြစ်တဲ့ထဲမှာ ဘုန်းကြီးကျောင်းတည်တာ ပါတယ်။ တချို့ ဆို ဗုဒ္ဓဘာသာသင်တန်း စသဖြင့် ဖွင့်ကြတယ်။ လူမျိုးတိုင်းမှာ national character ရှိတယ်။ she’s so defensive because she’s an italian တဲ့။ မကြာသေးခင်က ကြားလိုက်ရတဲ့ နောက်သလို ပြောင်သလိုနဲ့ ပြောတဲ့ စကားတခွန်း။ အဲဒိအတိုင်းပဲ။ ဗမာအကျင့်၊ အမေရိကန်စရိုက် စတာတွေဟာ ပြောခဲ့တဲ့ အမျိုးသား စရိုက်လက္ခဏာကို ရည်ညွှန်းတဲ့ စကားစုတွေပဲ။

    Posted by ၀တုတ် | 02/01/2011, 23:35
  5. The ”Burmeseness”, for me, is linked to how you feel when you hear or see something about Burma and in what way you still react to it (what you hear/see) strongly.

    It is multi-factorial and intertwined with how you were brought up, what and how you eat/wear/ speak, who you feel you can connect with, and who you see the commoness with. By the way, I do not think that the ‘non-assertiveness’ is a Burmese characteristic. It is a product of a longterm and systematic oppression which can be changed once you’re out of such system and open to learn.

    The sense of belonging forms part of the Burmese identity but some Burmese expatriates feel that way to the country where they are living now. It doesn’t mean that they are not Burmese anymore. Or are they?😀

    ‘Identity’ is based on what you can identify yourself with (in the simplest sense). However, it is human nature to feel proud or embarassed about what you naturally/automatically identify yourself with (or are identified with by others), depending on the specific situation. We have gone through so many such situations in recent years, thanks to all our famous and infamous icons back home.

    I think, our identity crisis is very much based on the lack of good things to talk about our country in the recent past. It is no good slagging off your own country (this is like you not respecting yourself and yet expecting others to respect you). Having said that, facts are facts and there is no point denying them. This has led me to believe more and more that we need to know thoroughly about our country’s past (glories as well as failings), current affairs and take more interest in what is actually going on on the ground. Also, the burden falls on our shoulders to show others what the Burmese are like and made of. We must always be conscious that we are representing our country and our people (in every little way)!

    Well, this is my contribution and hope I didn’t offend anyone. Thank you, Zizawa for another thought-provoking post. And…

    Happy New Year to you all!

    Posted by နုသွဲ့ | 03/01/2011, 01:46
  6. ညီမ ဇီဇ၀ါရေ..

    ဒီပို့စ်လေးကို သဘောကျလို့ ပြောကြည့်မယ်နော်။ အမက ဘာမှ သိပ်သိတဲ့လူ မဟုတ်လို့ ဆွေးနွေးတယ်လို့ မပြောချင်ပါဘူး။ ဒါပေမဲ့ အမကိုယ်တိုင် ခံစားရတဲ့အတိုင်း ပြောကြည့်မှာပါ။ ကိုယ်တယောက်တည်းရဲ့ ခံစားချက်သာ ဖြစ်ပါတယ်။

    အမက ဘယ်နေရာ ဘယ်ကိုပဲ ရောက်ရောက် ကိုယ့်ကိုယ်ကို ဗမာပဲ၊ ဗမာလို့ပဲ ခံယူတယ်။ နင်ဘာလူမျိုးလဲ မေးရင် ဘယ်လောက်ကြီး ခက်ခက်ခဲခဲ ရှင်းပြရပါစေ၊ မြန်မာနိုင်ငံကပါဆိုတာကို ဂုဏ်ယူပြီး ပြောမှာပဲ။ ငါတို့မှာ ကိုယ်ပိုင် တိုင်းပြည် ရှိတယ်၊ လူမျိုး ဘာသာစကား၊ စာပေ ဆိုတာ ရှိတယ်။ ငါတို့မှာ မြန်မာအသိုင်းအ၀ိုင်း ရှိတယ်၊ မြန်မာလူမျိုးတွေနဲ့ ပေါင်းသင်းခင်မင်ရတာ ပျော်တယ်။ လူမျိုးတိုင်းမှာ ရှိတတ်တဲ့ ဆိုးတဲ့ အကျင့်၊ ကောင်းတဲ့ အကျင့် ရှိသလို မြန်မာမှာလဲ ရှိတာပဲလို့ လက်ခံမယ်။ ဆိုးလို့ ဒါ မြန်မာဖြစ်လို့ လို့ မခံယူဘူး။ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ ဗီဇစိတ်ကြောင့်သာ ဆိုးတာ လို့ လက်ခံမယ်။

    ကိုယ်တယောက်တည်းအနေနဲ့ ပြောရရင် မြန်မာ တယောက်လိုပဲ တသက်လုံး နေထိုင်ပြုမူနေခဲ့တယ် နေအုံးမယ်လို့ ပြောရဲပါတယ်။ မြန်မာလို ပြောရတာ ပို နှစ်သက်တယ်။ မြန်မာသီချင်းဆို ပိုခံစားရတယ်၊ မြန်မာမိတ်ဆွေဆို ပိုခင်မိတာ အမှန်ပဲ။ မြန်မာပြည်အရေးကို ကိုယ်နေထိုင်ရာ နေရပ် အရေးထက် အများကြီး ပိုပြီး စိတ်ဝင်စားတယ်။ မြန်မာပြည်က အပူက ကိုယ့်ရဲ့ အပူပဲ။ မြန်မာပြည်ရဲ့ ကောင်းခြင်းမင်္ဂလာဟာ ကိုယ့်အတွက် စိတ်ချမ်းသာခြင်းပဲ။ မနက်မိုးလင်းရင် မြန်မာသတင်းတွေသာ အရင် ဖတ်မိပါတယ်။ နိုင်ငံခြားသူငယ်ချင်း မိတ်ဆွေတွေနဲ့ ကလပ်သွားတာ ပါတီတက်တာ ကြုံရင် ဖိတ်ရင် လုပ်မိပေမဲ့ ကိုယ့်ဆန္ဒအလျောက်ဆိုရင်တော့ မဖိတ် မကြုံရင် သွားဖြစ်မှာ မဟုတ်ဘူး။ ဒါမျိုးတွေနဲ့ နေသားမကျတတ်ဘူး။ သူ့ဓလေ့ ကိုယ့်ဓလေ့ မတူဘူးလို့သာ ဖြစ်မှာပါ။ ကဲ့ရဲ့စရာလို့လဲ မထင်ဘူး။

    ဒါပေမဲ့ မြန်မာပိုင် လေယာဉ်စီးမှ မြန်မာပီသမယ်လို့ မထင်ဘူး။ မြန်မာအ၀တ်အစားကို နှစ်သက်ပေမဲ့ အချိန်တိုင်း ထမိန်ကြီးနဲ့ နေနေမှာ မဟုတ်ဘူး။ ဒီမှာ တံတားကြီးတခု ဖြတ်သွားရင် စစ်ကိုင်းတံတားနဲ့ တူလို့ စစ်ကိုင်းတံတားကြီးဟေ့ လို့ ရေရွတ်သတိရမိပေမဲ့ စစ်ကိုင်းတံတားကသာ ပိုကောင်းတယ် လို့ ထင်မှာ မဟုတ်ဘူး။

    ဒါပါပဲ။ ကိုယ့်ကိုယ်ကိုတော့ ငါ မြန်မာ လို့ တသက်လုံး သက်မှတ်ထားတာပဲ။ Once a Burmese, Always Burmese ပဲ။

    Posted by မိုးချိုသင်း | 03/01/2011, 02:10
  7. ညီမ ဇီဇ၀ါရေ
    မတွေ့တာကြာလို့ ၀မ်းသာစွာ နှုတ်ဆက်ပါတယ်။
    ညီအမစကားဝိုင်းလို ပေါ့ပေါ့ပါးပါး ပြောရရင် အချက်သုံးခု ပြောချင်မိတယ်။
    ပထမဆုံး ကိုယ့်ကိုယ်ကို မြန်မာလို့ ခံယူတဲ့စိတ်က ကလေးလေး မွေးစကနေ တစစ socialize ဖြစ်လာတယ်လို့ ထင်ပါတယ်။ မိမိ အိမ်၊ စာသင်ခန်း၊ လူမှုအသိုက်အ၀န်းမှသည် virtual world အဆက်အစပ် အထိပေါ့။ ဒါယာ genetic မဟုတ်ဘဲ environment နဲ့ ပိုဆိုင်တယ်လို့ အမကတော့ ထင်တယ်။ မွေးကတည်းက ၀ံပုလွေအုပ်ထဲမှာ ကြီးခဲ့တဲ့ ဆဲ့ဖြောက်နှစ်သမီးကလေးဟာ ဖြေနှစ်ချောင်းနဲ့ မလျှောက်ဘဲ လေးဘက်သွားနေဘူးသတဲ့။ (သူနဲ့ဆန့်ကျင်ဖက်ဇာတ်လမ်းကလေးကတော့ ကြက်မကြီးက ၀ပ်ပေးတဲ့ ဘဲပေါက်စလေးတွေ ရေထဲ ပြေးဆင်းတတ်တာမျိုး။) ဗီဇ နဲ့ ပါတ်ဝန်းကျင် အားပြိုင်မှုလို့ ဆိုရမလား။ တို့တွေ ကလေးဘ၀ကတည်းက ကြားခဲ့ရတယ်။ မြင်ခဲ့ရတယ်၊ သင်ခဲ့ရတယ်။ ဗမာဆိုတာ ပြောကြတာက ( များသောအားဖြင့် ) ယဉ်ကျေးတယ်၊ အားနာတယ်၊ ဖေါ်ရွေတယ် စသဖြင့်ပေါ့။ ပြောတဲ့သူတွေကိုယ်တိုင်က ဗမာဆိုတော့ self-identification ဖြစ်နေတယ်။ အသက်ရလာတော့ အတွေ့အကြုံအရ အဲဒီလို stereotyping ကိုလက်မခံတော့ဘူး။ လူမျိုးတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာကို ပိုလက်ခံလာတယ်။ အဲဒါက တပိုင်း။
    နောက်တပိုင်းက ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲဆိုတာ။ အဲဒါကတော့ ရှင်းပါတယ်။ အမ ကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်း ဗမာစစ်စစ် မဟုတ်ဘူး။ ဒါပေမဲ့ ရှင်သန် မွေးဖွားကြီးပြင်းခဲ့တဲ့ မြန်မာပြည်ကို အစွဲပြုပြီး burmese လို့ပဲ ခံယူထားတယ်။ ရေခြားမြေခြားရောက်လို့ တခြား အာရှလူမျိုးနဲ့ မှားတဲ့အခါ အသည်းအသန် လိုက်ရှင်းပြမိပြန်တယ်။
    နောက်ဆုံး တချက်က ဗမာဖြစ်လို့ MAI ကို အားပေးသင့်သလား ဆိုတဲ့အချက်ပါ။ လူတော်တော်များများ ( great majority ) ကတော့ ဈေးဝယ်ရင် ဆက်ဆံရေး ကောင်းပြီး ဈေးမှန်တဲ့နေရာ၊ လေယာဉ်စီးရင် စိတ်ချလုံခြုံတဲ့ လေကြောင်းလိုင်းဘဲ စီးကြမယ်ထင်ပါတယ်။ အမလဲ အဲဒီအုပ်စုထဲ ပါပါတယ်။
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ…..

    Posted by မိုးစက်ပွင့် | 03/01/2011, 08:30
  8. Some are reluctant to say Burmeses because not every foreiner recognizes Burma and most of them have low image. One of my friends who live more than 20 years in US identiies himself as Vietnemese or Phillipino what ever the othe rperson thinks. What do you think of him?

    Posted by suu | 07/01/2011, 07:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: