//
you're reading...
Travel

ရောက်ခဲ့ပေါ့ အမ်စတာဒမ်

ဒီမြို့ကိုရောက်နေတာ ၅ရက်ရှိပြီ။ မနေ့ကတော့ အလုပ်ထဲမှာ orientation ပေးတယ်။ မြို့အကြောင်း၊ ဒတ်ချ်လူမျိုးတွေအကြောင်း၊ အလုပ်အကြောင်းအစုံပါပဲ။

လူမျိုးတမျိုးဘာစရိုက်တွေရှိတယ်။ ဘာကိုတန်ဖိုးထားတယ်။ ဘာတွေကြိုက်တတ်တယ်ဆိုတာ အဲဒီလူမျိုးတွေနဲ့ တော်တော်ကြာကြာလေး ပေါင်းကြည့်မှ သိနိုင်တာပါ။ လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံတွေကို တနေ့ထဲ တထိုင်ထဲပြောပြဖို့ရာ မဖြစ်နိုင်ပါဘူး။

ဒတ်ချ်လူမျိုးတွေအကြောင်းပြောပြတဲ့လူက အမေရိကန်ဖွားဘင်္ဂါလီလူမျိုးပါ။ သူကပျံကျနေတဲ့ လူမှုတော်လှန်ရေးသမားတွေကြားမှာ သုတသနလုပ်ရင်းဒီမြို့မှာနေနေတာ ၅နှစ်လောက်ရှိပြီတဲ့။ မနှစ်က ပါရဂူဘွဲ့ရသွားပြီး ဒီကတက္ကသိုလ်မှာ စာသင်နေတယ်။

သူ့ကြည့်ရတာပွင့်ပွင့်လင်းလင်းပြောတတ်ပုံရတယ်။ ဒတ်ချ်ပါမောက္ခ၂ယောက်ရှေ့မှာ သူတို့တွေရဲ့ စရိုက်ကိုအတိုချုံးပြီးပြောပြရတာဟာ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။

အမှန်တော့ လူမျိုးတမျိုး၊ ယဉ်ကျေးမှုတခုကို ခြုံကြည့်တာ သူတို့အကြာင်းချုံ့ပြောတာဟာ အင်မတန်အန္တရာယ်များတဲ့ ကိစ္စပဲ။ ဒီလူမျိုးကိုမြင်တာနဲ့ ဒီလိုရှိပါလားလို့ တန်းပြီးကောက်ချက်ချတာ သူတို့အကြောင်းထဲထဲ၀င်၀င်သိဖို့ အဟန့်အတားဖြစ်စေတယ်။ အလွယ်သိနိုင်တဲ့ stereotype တွေနောက်က ခြွင်းချက်တွေကို ရှာကြည့်ဖို့ လွန်ခဲ့တဲ့၁၂နှစ်လောက်က နိုင်ငံတကာယဉ်ကျေးမှုတွေနဲ့ စမိတ်ဆက်ပေးတဲ့ အမေရိကန်မကြီးတယောက်က  ပြောဖူးတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒတ်ချ်ယဉ်ကျေးမှုအကြောင်း မိတ်ဆက်ပေးသူကလဲ အမေရိကန်ဖြစ်နေပြန်တယ်။ သူတို့၂ယောက်ရဲ့ နည်းနာကတော့ စကတည်းက ကွာသကိုလို့ ပြောရမယ်။

သူပြောတာကို ပြန်ပြောပြရရင် ဒတ်ချ်တွေဟာ မိသားစုကဏ္ဌနဲ့အလုပ်ကဏ္ဌကို သီးခြားစီထားတတ်တယ်။ အလုပ်ထဲကမိတ်ဆွေတွေကို သူငယ်ချင်းလိုမပေါင်းဘူး။ အလုပ်ပြီးရင် လာဟေ့အရက်သွားသောက်ရအောင်မျိုးဆိုပြီးတော့ မရှိဘူးတဲ့။ ခဏလာတဲ့ နိုင်ငံခြားသားတွေအတွက်တော့ သူတို့နဲ့လုပ်ငန်းခွင်အပြင်မှာ ရင်းနှီးခွင့်ရဖို့ခက်တာပေါ့။ ဒါပေမယ့် သူပြောတာမှန်မမှန်လဲ စောင့်ကြည့်သင့်တာပေါ့။

နည်းနည်းလဲ formal ဖြစ်ကြတယ်။ လူတယောက်က သူ့ကိုယ်သူ first name သုံးပြီးမိတ်မဆက်ခဲ့ရင် နာမည်မခေါ်ပါနဲ့တဲ့။ last name ပဲဖြစ်ဖြစ် title ပဲဖြစ်ဖြစ်ခေါ်ပါတဲ့။ အလုပ်ကပါမောက္ခတွေကတော့ သူတို့ကို first name ပဲခေါ်ပါတဲ့။

လူငယ်နဲ့လူကြီးမှာ နိုင်ငံတိုင်းမှာလိုလို လူငယ်တွေက ပိုပြီးဖော်ဖော်ရွေရွေရှိတယ်။ ဖက်တာပြုတာရှိတယ်တဲ့။ တခြားနိုင်ငံတွေမှာလို ဖက်လဲတကင်းနှုတ်ဆက်တာမျိုးမတွေ့ရဘူး။ လက်ဆွဲနှုတ်ဆက်တာလောက်ရှိတယ်။

နေ့လယ်ထမင်းစားချိန်ကြတော့ ကန်တင်းမှာ ငါးကြော်တပွဲနဲ့ ပေါင်မုန့်တလုံး၊ လိမ္မော်ရည်တခွက်သောက်ဖြစ်တယ်။ ဘေးကဆရာကိုကြည့်တော့ ပေါင်မုန့်၂လုံး၊ ပန်းသီး၂လုံးနဲ့ butter milk တဲ့။ ဘေးကအမေရိကန်က they eat to live တဲ့။ အစားအသောက်က သူတို့အတွက်အရေးမကြီးဘူးတဲ့။ ဒါဆိုဘာအရေးကြီးလဲမေးတော့ ဒတ်ချ်ဆရာကို အဲဒီမေးခွန်းကိုပဲပြန်မေးတယ်။ ဆရာကနောက်သလိုလိုနဲ့ ရာသီဥတုတဲ့။

နို့ထွက်ပစ္စည်းကတော့ အင်မတန်ပေါတယ်။ ဟိုတနေ့က စက်ဘီးစီးပြီးပြန်အလာ မောမောနဲ့ဆိုင်မှာသံပုရာသီးပုံပါတဲ့ဘူးတဘူးကို ၀မ်းသာအားရ၀ယ်လာတာ အိမ်ရောက်တော့မှ သံပုရာဒိန်ချဉ်ဖြစ်နေမှန်းသိတယ်။ အခုတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း ဒိန်ချဉ်၂ဘူး၊ နို့တဘူးနဲ့ ငံပြာရည်တပုလင်း။ ငံပြာရည်က ဟိုတနေ့က တရုတ်တန်းအစပ်နားရောက်သွားတာနဲ့ တွေ့တဲ့ကုန်စုံဆိုင်က ၀ယ်လာတာ။ အင်ဒိုနီးရှားကို နယ်ချဲ့ခဲ့တာမို့ အင်ဒိုနီးရှားနိုင်ငံသားတွေများတယ်။ လမ်းမှာလဲ တယောက်စနှစ်ယောက်စဆိုသလို တွေ့တယ်။ အများကြီးတော့ အစုံမရောက်သေးလို့ မတွေ့ရသေးဘူး။ ကုန်စုံဆိုင်မှာလဲ အင်ဒိုနီးရှားဟင်းအနှစ်ထုပ်တွေအများကြီးတွေ့ခဲ့တယ်။ အုန်းသီးလဲစျေးပေါတယ်လို့ ပြောရမယ်။ တလုံး ၇၉ဆင့်တဲ့။ ကျန်းမာရေးကို အလေးပေးပုံလဲရတယ်။ ကုန်စုံဆိုင်မှာ ဖျော်ရည်တွေဟာအားလုံး freshly squeezed တွေပဲ။ concentrate လို့ခေါ်တဲ့ သကြားရောထားတဲ့ ဖျော်ရည်တွေမတွေ့ရဘူး။ ကိုကာကိုလာဟာလဲ ဘူးအသေးလေးတလုံးကို ၁ယူရိုဆင့်၂၀တဲ့။

ထမင်းစားနေရင်းနဲ့ တဝိုင်းထဲက အီရန်နိုင်ငံသား နယ်သာလန်မှာကြီးတဲ့ ပါရဂူကျောင်းသားက သူ့အတွေ့အကြုံကို ဖောက်သည်ချတယ်။ သူငယ်ငယ်တုန်းက ဒီနိုင်ငံရောက်လာတော့ ကျောင်းမှာဘောလုံးကန်တယ်တဲ့။ တနေ့တော့ ဂိုးသွင်းနိုင်တော့ ဝမ်းသာအားရ လက်သီးလက်မောင်းတန်းပြီးအော်မိသတဲ့။ အဲဒီလောက် ပျော်ရမလား။ အောင်ပွဲခံရမလားဆိုပြီး နည်းပြက သူ့ကိုရော တသင်းလုံးကိုရော ကွင်းပတ်ပြေးခိုင်းသတဲ့။ သူက ဒီကကလေးတွေကို ဆရာတွေကငယ်ငယ်ကတဲက ဝမ်းနည်း၊ ဝမ်းသာစတဲ့ ခံစားမှုတွေကို အလွန်အကျွံမပြအောင် သင်ပေးကြတယ်တဲ့။ သူက နင်ဝမ်းသာရင်လဲ သိပ်ပြီးဝမ်းမသာနဲ့။ ငိုချင်ရင်လဲ ကျိတ်ငိုဆိုပြီးနောက်တယ်။ ဆရာကတော့ ဗုဒ္ဓဘသာဝင်တွေလိုပေါ့ဆိုပြီး ဝင်ထောက်တယ်။ နောက်ပြီးတော့ အသင်းစိတ်ဓာတ်၊ အဖွဲ့စိတ်ဓာတ်ကို တဉီးချင်းထက်ပိုပြီးတန်ဖိုးထားတယ်လို့လဲ ပြောတယ်။

ဒါနဲ့ပတ်သက်ပြီး ဉရောပအသင်းတွေမှာ လွန်လွန်ကျူးကျူးအောင်ပွဲမခံရဘူး။ အဲဒီလိုအောင်ပွဲခံခဲ့ရင် ဒဏ်ရိုက်တာတွေရှိတော့ ဒီစည်းကမ်းတွေဟာ နယ်သာလန်လိုနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကြောင့်လားလို့ ဝတုတ်ကိုမေးတော့ ဝတုတ်ကဖြစ်နိုင်တယ်။ နောက်ပိုင်းခေတ်စားလာတဲ့ total football ဆိုတဲ့ တသင်းလုံးတက် တသင်းလုံးဆင်းကစားနည်းကလဲ ဒီနိုင်ငံတွေကလာတာ ဖြစ်နိုင်တယ်တဲ့။ တသီးကောင်း၊ တယောက်ကောင်းထက် အသင်းတသင်းလုံးတက်ညီလက်ညီကစားကြတာပေါ့။

ဆက်ရန်….

Discussion

3 thoughts on “ရောက်ခဲ့ပေါ့ အမ်စတာဒမ်

  1. total football နဲ့ပတ်သက်ပြီး ငါပြောတာ ဒီလို … ဒီကစားနည်းဟာ လိမ္မော်ရောင်တွေဆီက လာတယ်။ ဒီကစားနည်းကို သူတို့လောက် ဘယ်သူမှ ပြောင်မြောက်အောင် မကစားနိင်ဘူးလို့ ဘောလုံး အကဲခပ်တွေ ပြောဖူးတယ်။ van Nistelroy က ဘာပြောဖူးလဲ ဆိုတော့ တိုတယ်ဖွတ်ဘောမှာ ဒတ်ချတွေရဲ့ စရိုက်၊ ဘဘာဝ အပြည့်ပါနေတယ်တဲ့။ အဲဒိတုန်းက van Nistelroy ပြောတာ သိပ်သဘောမပေါက်ဘူး။ ခုမှ ဆက်စပ်စဉ်းစားကြည့်မိတာ။
    ဒတ်ချ လူ့အဖွဲ့အစည်းမှာ တဦးတယောက်က တသင်း တဖွဲ့ထက် ချွန်ထွက်နေတာကို အားမပေးဘူးလို့ ပြောတယ်မလား၊ horizontal soceity ဆိုပြီး ပြောတယ်မလား။ အဲဒိကနေ ဆက်စပ်မိပြီး တသင်းလုံးတက်၊ တသင်းလုံးဆင်း co-ordination ကောင်းကောင်းနဲ့ ကစားတဲ့ တိုတယ်ဖွတ်ဘောရဲ့ ပုံစံဟာ သူတို့ရဲ့ လူနေမှု ပုံစံကနေ ဆင်းသက်လာတာ နေမှပေါ့လို့ ပြောမိတာ။ well this is just an assertion, i’ve got nothing to substantiate it.🙂
    ဘောလုံး စိတ်ဝင်စားသူတွေ Beautiful Orange ဆိုတဲ့ စာအုပ် ဖတ်ကြည့်ပေါ့။ ငါတော့ မဖတ်ဖူးပါဘူး။

    Posted by ၀တုတ် | 05/02/2011, 21:06
  2. sorry, it’s ‘brilliant orange’, not beautiful.

    Posted by ၀တုတ် | 05/02/2011, 21:13
  3. Amsterdam!
    I heard weed is legal there.😛

    Posted by blackpirate | 06/02/2011, 10:51

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: