//
you're reading...
Economics, Politics

ဒေါ်လာခေတ် ကုန်တော့မှာလား

ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်လောက်ကစပြီး ကနေ့ထိ world reserve currency ကမ္ဘာသုံးငွေ အဆင့်ကို ရထားတဲ့ ဒေါ်လာဟာ နောက်အနှစ် နှစ်ဆယ် သုံးဆယ်လောက်အကြာမှာ ကနေ့ရထားတဲ့ အဆင့်အတန်းကို ဆက်ယူထားနိုင့်ပါမလား။ ဆက်ထိန်းမထားနိုင်ဘူးဆိုရင် သူ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပီးခဲ့တဲ့ အပတ်ကWSJ မှာ ကျနော့် အထင် အရမ်းကောင်းတဲ့ ဆောင်းပါး တပုဒ်ပါလာတယ်။ စိတ်ဝင်စားသူများ အတွက် လင့်ပေးလိုက်ပါသည်။

http://online.wsj.com/article/SB10001424052748703313304576132170181013248.html

အပေါ်ကမေးခွန်းကို ဆွေးနွေးနိုင်ဖို့ ကျနော့်အထင်မှာ အခြေခံကျတဲ့ မေးခွန်းတခုနဲ့ စကြည့်ရင် ကောင်းမယ်။ အဲဒါကတော့ Why are we using dollar? Why can’t we get away from dollar? ကျနော်တို့တွေ ဘာလို့ ဒေါ်လာကို သုံးနေလဲ၊ ဒေါ်လာနဲ့ ဘာ့ကြောင့် မကင်းနိုင်တာလဲ။ Let’s start with facts. ဟုတ်လား၊ လောလောဆယ် တကယ်ဖြစ်နေတဲ့၊ ရှိနေတဲ့ အရှိတရားနဲ့ စကြည့်တာပေါ့။ ကမ္ဘာမှာ ကနေ့ထိ ဘယ်သူမှ ဒေါ်လာနဲ့မကင်းနိုင်ဘူး။ ရေနံကို ဒေါ်လာနဲ့ အရောင်း အဝယ်လုပ်တယ်၊ ရွှေတို့ ငွေ silver တို့၊ နောက် ကောက်ပဲသီးနှံတွေနဲ့ တိုင်းပြည်တခုရဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြေးနီ၊ အလူမီနီယံ၊ သံရိုင်းစတဲ့ သထ္ထုတွေကိုလည်း ဒေါ်လာနဲ့ပဲ အရောင်းအဝယ်လုပ်ကြတယ်။ မြန်မာပြည်မှာ ကြေးနန်းကြိုး ထုတ်လုပ်သူက ကုန်ကြမ်းဖြစ်တဲ့ ကြေးနီကို ဆိုပါစို့ သြစတြေးလျကနေ ဝယ်ရင် ကျပ်ငွေနဲ့ ဝယ်လို့ ရမလား။ ဒေါ်လာပေးဝယ်မှ ရတာပဲ၊ ဟုတ်တယ်ဟုတ်။

တကယ်တော့ အမေရိကန်ဟာ နှစ်ဆယ်ရာစု အဝင်မှာကတည်းက ကမ္ဘာ့ဆူပါ ပါဝါဖြစ်ဖို့ အတောင်အလက် အတော့်ကိုစုံနေပြီ၊ ဆူပါပါဝါဖြစ်ဖို့ တာဆူနေပြီ။ ဒုတိယကမ္ဘာစစ်က သူ့ကို အဲဒိအဆင့်ကို ခပ်မြန်မြန်ပဲ တွန်းပို့လိုက်တယ်။ စစ်ပြီးတော့ အင်္ဂလိပ်ရော၊ ပြင်သစ်ပါ ဖြူခါကျပြီး ကျန်ခဲ့တယ်။ ဂျာမနီနဲ့ ဂျပန်က စစ်ရှုံးတော့ သူတို့မှာ ဘာငွေပင်ငွေရင်းမှ မရှိတော့ဘူး။ တခုတော့ရှိတယ်၊ ဒီနိုင်ငံတွေမှာက ငွေပင်ငွေရင်းသာ မရှိတာ၊ တခြား လူသားရင်းမြစ်ကတော့ ကျန်သေးတယ်။ ပညာသင်ကြား တတ်မြောက်မှု၊ ကျွမ်းကျင်လုပ်သား ပိုင်ဆိုင်မှု အပိုင်းမှာ အမေရိကန်ထက် နောက်မကျဘူး။ (ဒီအကြောင်းကို ရေးထားတဲ့ academic article တခု ဖတ်ဖူးတယ်၊ ရုတ်တရက် ပြန်ရှာမရလို့ မကိုးကားနိုင်ဘူး။) ဥပမာ ဂျပန်ဆို ပုလဲဆိပ်ကမ်းကို ဗုံးကြဲတဲ့ အခါလေယဉ်တင် သင်္ဘောတွေ အသုံးပြုခဲ့တာပဲ။ တရုတ်က ခုထိ လေယဉ်တင်သင်္ဘော ရေမချ နိုင်သေးဘူး။ နောက်ဂျာမနီဆိုလည်း သိပ္ပံနည်းပညာပိုင်းမှာ အများကြီး ရှေ့ပြေးနေခဲ့တာပဲ။ ဒီတော့ ဒီနိုင်ငံတွေအားလုံးဟာ အမေရိကန်ဆီက ငွေပင်ငွေရင်း ရတဲ့အခါမှာ မြန်မြန်ဆန်ဆန်ပဲ ကုန်းရုန်းထနိုင်ခဲ့တယ်။ ဒီတော့ အမေရိကန်ဟာ စစ်အေးတိုက်ပွဲမှာ အနောက်အုပ်စုက နိုင်ငံတွေ အားလုံးကို အဓိက ငွေပင်ငွေရင်း မတည်ပေးရာနိုင်ငံဖြစ်လာတာ မဆန်းဘူး။ ငွေပင်ငွေရင်း မတည်ပေးတဲ့ နိုင်ငံအပြင် ကွန်မြူနစ်အုပ်စုက ပေးလာနိုင်တဲ့ ရန်အန္တရယ်ကနေ ကာကွယ် စောင့်ရှောက်ဖို့ရာ ဘယ်လိုမှ ကင်းလို့ မရတဲ့ မဟာမိတ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဒါတွေဟာ အမေရိကန် ပိုက်ဆံကို ကမ္ဘာသုံးပိုက်ဆံ ဖြစ်စေဖို့ ဖန်လာတဲ့ အခြေခံ အကြောင်းတွေပဲ။

ကိုယ့်ပိုက်ဆံဟာ ကမ္ဘာသုံးပိုက်ဆံ ဖြစ်တဲ့အခါမှာ ဘယ်လို အကျိုးကျေးဇူးတွေရသလဲဆိုတာ သိရအောင် thought expermiment တခုလုပ်ကြည့်။ ရပ်ကွက်ထဲမှာ တအိမ်နဲ့ တအိမ် အရောင်းအဝယ် လုပ်တဲ့အခါမှာ ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်တာမျိုး မလုပ်ဘဲ medium of exchange တခုခုနဲ့ ဖလှယ်တယ်ဆိုပါစို့၊ အဲဒိ medium of exchange ကို ကိုယ်တယောက်ထဲကပဲ အသစ် ဖန်တီးခွင့် ရှိတယ်ဆိုရင် အဲဒိနေရာကို မလိုချင်သူ ဘယ်သူရှိမလဲ။ အလုပ်မလုပ်ဘဲ ပိုက်ဆံလေးတွေ ရိုက်ထုတ်ပြီး ထိုင်စားနေလို့ရတယ်။ ကမ္ဘာ့နိုင်ငံတွေ အချင်းချင်း ကုန်သွယ်တဲ့အခါ ဒေါ်လာနဲ့ပဲ ငွေချေနိုင်ပြီး ကမ္ဘာ့ကုန်သွယ်မှု ပမာဏတက်လာတဲ့အခါ ဘာဖြစ်လာမလဲ။ ဒေါ်လာငွေ လည်ပတ်မှုဟာလည်း ပိုပြီးသွက်လက်လာမှာပေါ့။ ဘဏ္ဍာရေး လောကမှာတော့ ဒါကို liquidity လို့ သုံးကြတယ်။ တကမ္ဘာလုံး ကုန်ရောင်းကုန်ဝယ်လုပ်ရာမှာ ငွေချေတဲ့ function ကို ထမ်းဆောင်ဖို့ရာမှာ ဒေါ်လာငွေတွေ တကမ္ဘာလုံးမှာ များသထက် များဖို့ liquidity အားကောင်းဖို့ အကြောင်းတွေ ဖန်လာတယ်။ liquidity ငွေကြေးစီးဆင်းလည်ပတ်မှုအား ကောင်းတဲ့အခါကျတော့ ကမ္ဘာ့နိုင်ငံတွေ တနိုင်ငံနဲ့ တနိုင်ငံ ပိုက်ဆံလှည့်ချင်ရင် ဒေါ်လာနဲ့ပဲ ချေးကြတော့မှာပေါ့။ ဆိုပါစို့ ခုဂျပန်မှာ ငလျင်ကြောင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ရပြီ ဆိုရင် ငွေကို သန်းထောင်သောင်းချီ လိုပြီဆိုပါစို့။ ဒီလိုတဲ့ငွေကို အော်ဇီဒေါ်လာ၊ ဒါမှမဟုတ် ဆွတ်ဖရန့်နဲ့ ချေးမယ်ဆိုချေးလို့ရတယ်။ ဒါပေမယ့် ဒီအော်ဇီပိုက်ဆံတို့၊ ကနေဒီယံ ဒေါ်လာတို့ဆိုတာ စီးဆင်းလည်ပတ်မှုမှာ ဒေါ်လာနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး။ ဆိုပါစို့ ဂျပန်က ဒေါ်လာသန်း တသောင်းနဲ့ညီတဲ့ ပိုက်ဆံကို အော်ဇီဒေါ်လာနဲ့ချေးလို့ အပြည့်ရချင်မှ ရမယ်၊ ဒေါ်လာနဲ့ကတော့ ရတယ်။ WSJ ထဲက ကိန်းဂဏန်းတွေ အရ ကမ္ဘာ့နိုင်ငံတွေ အရောင်းအဝယ် လုပ်တဲ့အခါ ပေးချေနေတဲ့ ငွေတရာမှာ ရှစ်ဆယ့်ငါးကျပ်က ဒေါ်လာနဲ့ ပေးချေကြတာလို့ သိရတယ်။ ကျန်တဲ့ ၁၅ ကျပ်ထဲမှာ ရန်ကုန်၊ မန္တလေးက ကုန်သည်တွေ တရုတ်နယ်စပ် ရွှေလီပစ္စည်းလာဝယ်တဲ့အခါ၊ ဒါမှမဟုတ် မြဝတီ၊ မဲဆောက် ပစ္စည်းလာဝယ်တဲ့အခါ ကျပ်ငွေနဲ့ ယွမ်ငွေ၊ ဒါမှမဟုတ် ဘတ်ငွေ တိုက်ရိုက်လဲလှယ်တာတွေ ပါတယ်။ အလားတူပဲ ဗီယက်နမ်နဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်တဲ့ အခါမှာ ဒေါ်လာမပါဘူး။ ဒါပေမယ့် ဒီပမာဏက မဆိုစလောက်ပဲ။ WTO တရားဝင် ကိန်းဂဏန်း တွေထဲတောင် ပါချင်မှပါမယ်။ (မပါဖို့များပါတယ်။) အဲ့တော့ ဒေါ်လာနဲ့ ချေးဖို့ပဲများတယ်။ ဒီလောက်ဆို ဒေါ်လာဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ ဘယ်လောက်ထိ အရေးပါလဲဆိုတာ သဘောပေါက်ဖို့ မခက်ဖူး။ (ဒီတော့ အမေရိကန်က လာဘ်မြင်တဲ့လူတွေက ဘာလို့ ကုန်ပစ္စည်း ထုတ်နေအုံးမလဲ။ တကမ္ဘာလုံးမှာ ရောင်းကြ၊ ဝယ်ကြတာတွေကို ကြားကနေ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးတဲ့ အလုပ်ပဲ လုပ်တော့မှာပေါ့။ ဒေါ်လာနဲ့ ပိုက်ဆံချေးချင်၊ ချေချင်သူတွေကို ကြားကနေ ပွဲစားအလုပ်လုပ်ပြီး intermediaries အလုပ်လုပ်ပြီးပဲ စားတော့မှာပေါ့။ သီရိလင်္ကာက ဟောင်ကောင်ကနေ ပိုက်ဆံချေးချင်တယ်။ အဲဒိအခါမှာ သီရိလင်္ကာက မြီစားလောင်းနဲ့ ဟောင်ကောင်က မြီရှင်လောင်းတို့ကို ကြားကနေ တဆင့်ခံချေးပေးပြီး ဟိုဘက် ဒီဘက် ကော်မရှင်စားမယ်။ ဘယ်လောက်မိုက်သလဲ။ အဲဒိမှာ financial capitalism ဆိုတဲ့ စကား ပေါ်လာတယ်။ နောက်ဆုံး ဒီဘဏ္ဍာရေး အရင်းရှင်တွေဟာ နေရာတကာမှာ မရှိမဖြစ် ပါလာတယ်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ Goldman Sachs တို့၊ JP Morgan တို့၊ Morgan Stanley တို့နဲ့ ကင်းလို့မရပေဘူးပေါ့။)

ဒါပေမယ့် ဒေါ်လာဟာ လွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်က ရလာတဲ့ အဆင့်အနေအထားကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဖူးဆိုတဲ့ သံသယတွေဟာ တနေ့တခြား ကြီးလာပြီ။ ပထမတချက်က WSJ ဆောင်းပါးထဲ ရေးထားသလို နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ဒေါ်လာကို ထောက်ပင့်ထားတဲ့ ဒေါက်တွေကို စနှဲ့နေပြီ။ ကျနော့်ကိုယ်တွေ့ကို ဒီနေရာမှာ ပြောပြမယ်။ ဆိုပါစို့ စတာလင် တပေါင်ကို တဒေါ်လာ ဆင့်ခြောက်ဆယ် စျေးပေါက်ပြီး၊ တပေါင်ကို မြန်မာကျပ်ငွေ ၁၆၀၀ ပေါက်တယ်၊ တဒေါ်လာကို မြန်မာကျပ်ငွေ ၁၂၀၀ ပေါက်တယ်။ ဒါဖြင့်ရင် ဗမာပြည်ကနေ ယူကေကို ပိုက်ဆံလွှဲတဲ့အခါမှာ ကျပ်ငွေကနေ ပေါင်တန်းလဲမလား၊ ကျပ်ငွေကနေ ဒေါ်လာကိုလဲ၊ ပြီးမှ ဒေါ်လာကနေ ပေါင်ကို ပြန်လဲမလား။ ကျပ်ငွေကနေ ပေါင်တန်းလဲရင် တပေါင်ရဖို့ ၁၆၀၀ ကျပ် ပေးရမယ်။ မြန်မာကျပ်ငွေ ၁၆၀၀ ကို ဒေါ်လာလဲရင် တဒေါ်လာ သုံးဆယ့်သုံးဆင့်ရမယ်၊ အဲဒိ တဒေါ်လာ သုံးဆယ့်သုံးဆင့်ကို ပေါင်ပြန်လဲရင် ၀.၈၃ ပေါင်ပဲရမယ်။ တပေါင်အပြည့်မရဘူး။ ဒီတော့ ကျပ်ကနေ ပေါင်ပဲ တန်းလဲတော့မှာပေါ့။ ဒေါ်လာကို တဆင့်ဘယ်လဲတော့မလဲ။ လက်တွေ့လောကမှာ ကွာဟာမှုက ဒီလောက်မကြီးပေမယ့် လျင်တဲ့လူအတွက်က ကြားထဲက လဲလှယ်နှုန်း မဆိုစလောက်လေး ကွာတာကနေ ကိုယ့်အတွက် ကျန်အောင် လုပ်မယ်ဆို လုပ်လို့ရတယ်။ ဒါပေမယ့် ကနေ့ခေတ်မှာ အင်တာနက်ပေါ်လာပြီ။ ဒီတော့ ကျပ်ငွေနဲ့ဒေါ်လာလဲနှုန်း၊ ဒေါ်လာနဲ့ စတာလင်လဲနှုန်း၊ စတာလင်နဲ့ ကျပ်ငွေ လဲနှုန်းတွေကို ချက်ချင်းကို တန်းသိနိုင်တဲ့ အနေအထားကို ရောက်လာပြီ။ ဒီတော့ အဲ့သလို ငွေကြေးတခုနဲ့ တခု လဲလှယ်နှုန်းကွာဟမှုကနေ အမြတ်ထွက်အောင် လုပ်ဖို့ မလွယ်တော့ဘူး။ အကျိုးဆက် အနေနဲ့ တရုတ်က သူဌေးတယောက်က ဂျာမနီကနေ BMW လှမ်းမှာရင် အရင်က ယွမ်ငွေကနေ ဒေါ်လာပြောင်း၊ ပြီးမှ ဒေါ်လာကနေ ဂျာမန်မတ်ငွေကို ပြောင်းနေစရာမလိုတော့ပဲ ယွမ်ငွေနဲ့ ယူရို တိုက်ရိုက် အလဲအလှယ် လုပ်ပြီး ငွေချေတော့မှာပေါ့။ ဒါဟာ ဒေါ်လာရဲ့ hegemony ကျလာဖို့ အကြောင်းရင်း တခုပဲ။

နောက်ပိုအရေးကြီးတာက ဒေါ်လာလိုပဲ လည်ပတ်စီးဆင်းမှုအားကောင်းတဲ့ ပိုက်ဆံတွေ ပေါ်လာနေပြီ။ ဥပမာ ယူရိုကိုကြည့်။ လောလောဆယ်မှာ ယူရိုဇုံထဲမှာ ပြဿနာတွေ တခုပြီး တခု ကြုံနေရတာကြောင့် နောင် အနှစ်နှစ်ဆယ် သုံးဆယ်မှာ ယူရိုဟာ ဆက်ရှိနေပါ့မလားဆိုပြီး တချို့ သံသယ ရှိကြတယ်။ နောင် အနှစ်နှစ်ဆယ် သုံးဆယ် အခြေအနေကို ခုချိန်မှာ ဘာမှ မပြောနိုင်ပေမယ့် လောလောဆယ် မှာတော့ ယူရိုဟာ လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်မဲ့ အနေအထားရှိတယ်။ အကယ်၍များ ယူရိုဟာ လက်ရှိအကျပ်အတည်းကို ကျော်နိုင်ပြီဆိုရင် ဂျာမန် ဖီလော်ဆော်ဖာ Nietzsche ပြောသလို ယူရိုဟာ ပိုပြီး ခိုင်မာတောင့်တင်းလာစရာ ရှိတယ်။ ( Nietzsche ပြောတာကWhat doesn’t kill you makes you stronger တဲ့။ ဘာသာပြန်ညံ့လို့ ပြန်လိုက်ရင် ပျက်မှာစိုးလို့ ဒီအတိုင်း ထားလိုက်တယ်။) အကျိုးဆက် အနေနဲ့ ယူရိုဇုံတခုလုံးဟာ နိုင်ငံရေး အရပါ ပိုပြီး စည်းလုံးလာနိုင်တယ်။ ဘယ်သူက လူတွင်ကျယ်လုပ်မလဲဆိုတာကတော့ တပိုင်းပေါ့လေ။ မြင်ရသလောက်ကတော့ ဂျာမနီဟာ ဥရောပမှာ ဆရာကြီးဖြစ်လာလိမ့်မယ်။ (နောက်ဆို ဥရောပက အရေးပါတဲ့ အဖွဲ့အစည်းမှန်သမျှရဲ့ အရေးပါတဲ့ နေရာတွေကို ဂျာမန်တွေပဲ ကြီးစိုးဖို့များတယ်။ ကျနော့်အထင်ပြောရရင် ကမ္ဘာမှာ နောင်ဆို စူပါ ပါဝါဆိုလို့ အမေရိကန်ရယ်၊ တရုတ်ရယ်၊ ဂျာမနီရယ် သုံးနိုင်ငံပဲကျန်မယ်ထင်တယ်။ ထွိုင်ပိုလာဝေါ ဖြစ်လာစရာ ရှိတယ်။ ဒီတော့ အင်္ဂလိပ်စာရယ်၊ တရုတ်စာရယ်၊ ဂျာမန်စာရယ် သုံးခုလုံး ကျွမ်းကျွမ်းကျင်ကျင် တတ်မယ်ဆိုရင် အင်မတန်မှ စားသာမယ်ထင်တယ်။)

နောက်တခါ တရုတ်ယွမ်ငွေဟာလည်း ဒေါ်လာ၊ ယူရိုနဲ့ အပြိုင် တကမ္ဘာလုံးမှာ သုံးလို့ ရနိုင်တဲ့ငွေ ဖြစ်လာမှာ ကျိန်းသေသလောက်ပဲ။ လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် တရုတ်ရဲ့ လုပ်ပုံတွေက ဒီလမ်းကြောင်းကို သွားမှာကို ညွှန်ပြနေတယ်။ ဥပမာ မနှစ်က နွေရာသီမှာ သူ့ပိုက်ဆံကို တစိတ်တပိုင်း float လုပ်လိုက်တယ်။ နောက် ဟောင်ကောင်က ဘဏ်တွေကို ယွမ်ငွေကိုင်ဆောင်ခွင့် ပြုလာတယ်။ (အဲဒိထဲမှာ HSBC တို့လို ဘဏ်တွေလည်းပါတယ်။ နောက် သိပ်မကြာသေးခင်ကဆိုရင် institutions တွေကို ယွမ်ငွေနဲ့ ဒေါ်လာ အလဲအလှယ် လုပ်နိုင်လာပြီး၊ ခုဆိုရင် နယူးရောက်မှာ ပထမဆုံး အကြိမ်အဖြစ် ယွမ်ငွေဘဏ်စာရင်းကိုပါဖွင့်လို့ရလာပြီ။ လန်ဒန်မှာ ဒီလို ဖွင့်လို့ရရင် ကျနော်တော့ ယွမ်ငွေဘဏ်စာရင်း ကျိန်းသေဖွင့်မယ်။) စကားမစပ် နောက်ထပ် ဟောကိန်းတခု ထုတ်လိုက်အုံးမယ်။ သိပ်မကြာခင် အချိန်မှာ ဟောင်ကောင်ဒေါ်လာဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ ဟောင်ကောင်မှာ ယွမ်ပဲ သုံးကြတော့မှာ။ မယုံစောင့်ကြည့်။ နောက်တခါ စီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ မကြာသေးခင်ကစပြီး ယွမ်ငွေနဲ့ ပိုက်ဆံချေးလို့ရလာပြီ။ ဥပမာ မက်ဒေါ်နယ်ဆိုရင် ယွမ်ငွေနဲ့ ပိုက်ဆံ စချေးတဲ့ ကုမ္ပဏီတခုပဲ။

ခြုံပြောရရင် ဒေါ်လာဟာ ယူရိုနဲ့ယွမ်ငွေကိုပါ နေရာမပေးလို့ မရပေးလာရတော့မယ်။ သူ့အကျိုးဆက်က ဘာဖြစ်မလဲ။ ပထမတချက် အနေနဲ့ အမေရိကန်ဟာ ပိုက်ဆံလိုတိုင်း စက်ထဲကနေ ရိုက်ထုတ်ဖို့ လွယ်မှာ မဟုတ်တော့ဘူး။ ဒါဟာ တနည်းအားဖြင့် ကောင်းတောင် ကောင်းသေးတယ်။ ပိုက်ဆံကို တန်ဖိုး ထားတတ်လာ၊ စည်းကမ်းရှိလာတာဟာ အမေရိကန်အတွက် အဆိုးတော့ မဖြစ်နိုင်ဘူး။ ကနေ့အချိန်မှာ အမေရိကန်ဟာ budget deficit အကြီးကြီး ပြလို့ ပြဿနာ ချက်ချင်း မပေါ်သေးဘူး။ သူ့ပိုက်ဆံက မိုနိုပိုလီ အဆင့်ရထားတာကိုး။ လိုသလောက် ပိုက်ဆံကို ရိုက်ထုတ်နေလို့ ရတယ်။ ဒါပေမယ့် တခြား အပြိုင်အဆိုင်တွေ ရှိလာရင် အဲ့သလို ဘဏ္ဍာရေး လိုငွေပြမှု အများကြီး ပြလို့ မရတော့ဘူး။ ဒီတော့ budget deficit ကို ကျုံ့အောင်လုပ်ဖို့ ပို့ကုန် များများပို့နိုင်အောင် လုပ်ရမယ်လို့ WSJ မှာ Eichengreen က ထောက်ပြတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ ကုန်ထုတ်ရာမှာ တရုတ်လောက် စျေးသက်သာအောင် မထုတ်နိုင်သေးဘူး။ အဲ့သလို ထုတ်နိုင်ဖို့ သူ့ပိုက်ဆံကို တန်ဖိုး အကြီးအကျယ် ချရမယ်၊ Eichengreen က ဒေါ်လာဟာ လက်ရှိကနေ တရုတ်ယွမ်ငွေနဲ့ လဲလှယ်နှုန်းမှာ 20% လောက်ထိ ကျဖို့ လိုမယ်လို့ ဟောကိန်းထုတ်ထားတယ်။ ဒီတော့ အမေရိကန်နိုင်ငံသားတွေဟာ တရုတ်တွေထက် 20% ပိုဆင်းရဲသွားမှာပေါ့။ အဲ 20 % ပိုစိတ်ဆင်းရဲမယ်လို့ တော့ ပြောလို့ မရတာကတော့ ပြောစရာတောင် မလိုပါဘူးနော်။

နောက်ဘာဖြစ်နိုင်အုံးမလဲ။ ဒေါ်လာ မိုနိုပိုလီအဆင့်ကနေ ကျလာတာနဲ့ အစောပိုင်းက ဒေါ်လာရဲ့ မိုနိုပိုလီ အဆင့်ကိုမှီပြီး အလုပ်ဖြစ်နေတဲ့ ဘဏ္ဍာရေး အရင်းရှင်တွေရဲ့ အခန်းကဏ္ဍဟာလည်း ကျလာနိုင်စရာ ရှိတယ်။ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက ပျောက်သွားမှာ မဟုတ်ပေမယ့် တချိန်က ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်း မတိုင်ခင်ထိ masters of the universe ဆိုပြီး တင်စားခံရတဲ့ အဆင့်ကိုတော့ ပြန်ရဖို့ လမ်းမမြင်မိဘူး။ အဲဒိတော့ MBA တက်ပြီး ဘန်ကာ လုပ်ဖို့ စိတ်ကူးယဉ်နေသူများ ကိုယ့်သက်မွေးဝမ်းကျောင်းမှုရဲ့ ရှေ့အလားအလာကို နည်းနည်းလောက် သုတေသန လုပ်ကြည့်မယ်ဆိုရင်တော့ ကောင်းမယ်ထင်ပါကြောင်း..

၀တုတ်

Discussion

One thought on “ဒေါ်လာခေတ် ကုန်တော့မှာလား

  1. ေဒၚလာေခတ္ ကုန္ေတာ့မွာလား
    Posted on 14/03/2011 by zizawa| Leave a comment

    ဟိုးလြန္ခဲ့တဲ့ နွစ္ေလးငါးေျခာက္ဆယ္ေလာက္ကစျပီး ကေန့ထိ world reserve currency ကမၻာသံုးေငြ အဆင့္ကို ရထားတဲ့ ေဒၚလာဟာ ေနာက္အနွစ္ နွစ္ဆယ္ သံုးဆယ္ေလာက္အျကာမွာ ကေန့ရထားတဲ့ အဆင့္အတန္းကို ဆက္ယူထားနိုင့္ပါမလား။ ဆက္ထိန္းမထားနိုင္ဘူးဆိုရင္ သူ့အက်ိုးဆက္ေတြက ဘာေတြျဖစ္မလဲ။ ဒီေမးခြန္းေတြနဲ့ ပတ္သက္ျပီး ပီးခဲ့တဲ့ အပတ္ကWSJ မွာ က်ေနာ့္ အထင္ အရမ္းေကာင္းတဲ့ ေဆာင္းပါး တပုဒ္ပါလာတယ္။ စိတ္ဝင္စားသူမ်ား အတြက္ လင့္ေပးလိုက္ပါသည္။

    http://online.wsj.com/article/SB10001424052748703313304576132170181013248.html

    အေပၚကေမးခြန္းကို ေဆြးေနြးနိုင္ဖို့ က်ေနာ့္အထင္မွာ အေျခခံက်တဲ့ ေမးခြန္းတခုနဲ့ စျကည့္ရင္ ေကာင္းမယ္။ အဲဒါကေတာ့ Why are we using dollar? Why can’t we get away from dollar? က်ေနာ္တို့ေတြ ဘာလို့ ေဒၚလာကို သံုးေနလဲ၊ ေဒၚလာနဲ့ ဘာ့ေျကာင့္ မကင္းနိုင္တာလဲ။ Let’s start with facts. ဟုတ္လား၊ ေလာေလာဆယ္ တကယ္ျဖစ္ေနတဲ့၊ ရွိေနတဲ့ အရွိတရားနဲ့ စျကည့္တာေပါ့။ ကမၻာမွာ ကေန့ထိ ဘယ္သူမွ ေဒၚလာနဲ့မကင္းနိုင္ဘူး။ ေရနံကို ေဒၚလာနဲ့ အေရာင္း အဝယ္လုပ္တယ္၊ ေရွြတို့ ေငြ silver တို့၊ ေနာက္ ေကာက္ပဲသီးနွံေတြနဲ့ တိုင္းျပည္တခုရဲ့ အေျခခံ အေဆာက္အအံုေတြ တည္ေဆာက္ရာမွာ မရွိမျဖစ္လိုအပ္တဲ့ ေျကးနီ၊ အလူမီနီယံ၊ သံရိုင္းစတဲ့ သထၳုေတြကိုလည္း ေဒၚလာနဲ့ပဲ အေရာင္းအဝယ္လုပ္ျကတယ္။ ျမန္မာျပည္မွာ ေျကးနန္းျကိုး ထုတ္လုပ္သူက ကုန္ျကမ္းျဖစ္တဲ့ ေျကးနီကို ဆိုပါစို့ ျသစေျတးလ်ကေန ဝယ္ရင္ က်ပ္ေငြနဲ့ ဝယ္လို့ ရမလား။ ေဒၚလာေပးဝယ္မွ ရတာပဲ၊ ဟုတ္တယ္ဟုတ္။

    တကယ္ေတာ့ အေမရိကန္ဟာ နွစ္ဆယ္ရာစု အဝင္မွာကတည္းက ကမၻာ့ဆူပါ ပါဝါျဖစ္ဖို့ အေတာင္အလက္ အေတာ့္ကိုစံုေနျပီ၊ ဆူပါပါဝါျဖစ္ဖို့ တာဆူေနျပီ။ ဒုတိယကမၻာစစ္က သူ့ကို အဲဒိအဆင့္ကို ခပ္ျမန္ျမန္ပဲ တြန္းပို့လိုက္တယ္။ စစ္ျပီးေတာ့ အဂၤႅိပ္ေရာ၊ ျပင္သစ္ပါ ျဖူခါက်ျပီး က်န္ခဲ့တယ္။ ဂ်ာမနီနဲ့ ဂ်ပန္က စစ္ရံႈးေတာ့ သူတို့မွာ ဘာေငြပင္ေငြရင္းမွ မရွိေတာ့ဘူး။ တခုေတာ့ရွိတယ္၊ ဒီနိုင္ငံေတြမွာက ေငြပင္ေငြရင္းသာ မရွိတာ၊ တျခား လူသားရင္းျမစ္ကေတာ့ က်န္ေသးတယ္။ ပညာသင္ျကား တတ္ေျမာက္မႈ၊ ကြ်မ္းက်င္လုပ္သား ပိုင္ဆိုင္မႈ အပိုင္းမွာ အေမရိကန္ထက္ ေနာက္မက်ဘူး။ (ဒီအေျကာင္းကို ေရးထားတဲ့ academic article တခု ဖတ္ဖူးတယ္၊ ရုတ္တရက္ ျပန္ရွာမရလို့ မကိုးကားနိုင္ဘူး။) ဥပမာ ဂ်ပန္ဆို ပုလဲဆိပ္ကမ္းကို ဗံုးျကဲတဲ့ အခါေလယဉ္တင္ သဘၤ࿿ောေတြ အသံုးျပုခဲ့တာပဲ။ တရုတ္က ခုထိ ေလယဉ္တင္သဘၤ࿿ော ေရမခ် နိုင္ေသးဘူး။ ေနာက္ဂ်ာမနီဆိုလည္း သိပၸံနည္းပညာပိုင္းမွာ အမ်ားျကီး ေရွ့ေျပးေနခဲ့တာပဲ။ ဒီေတာ့ ဒီနိုင္ငံေတြအားလံုးဟာ အေမရိကန္ဆီက ေငြပင္ေငြရင္း ရတဲ့အခါမွာ ျမန္ျမန္ဆန္ဆန္ပဲ ကုန္းရုန္းထနိုင္ခဲ့တယ္။ ဒီေတာ့ အေမရိကန္ဟာ စစ္ေအးတိုက္ပြဲမွာ အေနာက္အုပ္စုက နိုင္ငံေတြ အားလံုးကို အဓိက ေငြပင္ေငြရင္း မတည္ေပးရာနိုင္ငံျဖစ္လာတာ မဆန္းဘူး။ ေငြပင္ေငြရင္း မတည္ေပးတဲ့ နိုင္ငံအျပင္ ကြန္ျမူနစ္အုပ္စုက ေပးလာနိုင္တဲ့ ရန္အနၱရယ္ကေန ကာကြယ္ ေစာင့္ေရွာက္ဖို့ရာ ဘယ္လိုမွ ကင္းလို့ မရတဲ့ မဟာမိတ္နိုင္ငံ ျဖစ္လာခဲ့တယ္။ ဒါေတြဟာ အေမရိကန္ ပိုက္ဆံကို ကမၻာသံုးပိုက္ဆံ ျဖစ္ေစဖို့ ဖန္လာတဲ့ အေျခခံ အေျကာင္းေတြပဲ။

    ကိုယ့္ပိုက္ဆံဟာ ကမၻာသံုးပိုက္ဆံ ျဖစ္တဲ့အခါမွာ ဘယ္လို အက်ိုးေက်းဇူးေတြရသလဲဆိုတာ သိရေအာင္ thought expermiment တခုလုပ္ျကည့္။ ရပ္ကြက္ထဲမွာ တအိမ္နဲ့ တအိမ္ အေရာင္းအဝယ္ လုပ္တဲ့အခါမွာ ပစၥည္းခ်င္း တိုက္ရိုက္ဖလွယ္တာမ်ိုး မလုပ္ဘဲ medium of exchange တခုခုနဲ့ ဖလွယ္တယ္ဆိုပါစို့၊ အဲဒိ medium of exchange ကို ကိုယ္တေယာက္ထဲကပဲ အသစ္ ဖန္တီးခြင့္ ရွိတယ္ဆိုရင္ အဲဒိေနရာကို မလိုခ်င္သူ ဘယ္သူရွိမလဲ။ အလုပ္မလုပ္ဘဲ ပိုက္ဆံေလးေတြ ရိုက္ထုတ္ျပီး ထိုင္စားေနလို့ရတယ္။ ကမၻာ့နိုင္ငံေတြ အခ်င္းခ်င္း ကုန္သြယ္တဲ့အခါ ေဒၚလာနဲ့ပဲ ေငြေခ်နိုင္ျပီး ကမၻာ့ကုန္သြယ္မႈ ပမာဏတက္လာတဲ့အခါ ဘာျဖစ္လာမလဲ။ ေဒၚလာေငြ လည္ပတ္မႈဟာလည္း ပိုျပီးသြက္လက္လာမွာေပါ့။ ဘ႑ဍာေရး ေလာကမွာေတာ့ ဒါကို liquidity လို့ သံုးျကတယ္။ တကမၻာလံုး ကုန္ေရာင္းကုန္ဝယ္လုပ္ရာမွာ ေငြေခ်တဲ့ function ကို ထမ္းေဆာင္ဖို့ရာမွာ ေဒၚလာေငြေတြ တကမၻာလံုးမွာ မ်ားသထက္ မ်ားဖို့ liquidity အားေကာင္းဖို့ အေျကာင္းေတြ ဖန္လာတယ္။ liquidity ေငြေျကးစီးဆင္းလည္ပတ္မႈအား ေကာင္းတဲ့အခါက်ေတာ့ ကမၻာ့နိုင္ငံေတြ တနိုင္ငံနဲ့ တနိုင္ငံ ပိုက္ဆံလွည့္ခ်င္ရင္ ေဒၚလာနဲ့ပဲ ေခ်းျကေတာ့မွာေပါ့။ ဆိုပါစို့ ခုဂ်ပန္မွာ ငလ်င္ေျကာင့္ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္းေတြ လုပ္ရျပီ ဆိုရင္ ေငြကို သန္းေထာင္ေသာင္းခ်ီ လိုျပီဆိုပါစို့။ ဒီလိုတဲ့ေငြကို ေအာ္ဇီေဒၚလာ၊ ဒါမွမဟုတ္ ဆြတ္ဖရန့္နဲ့ ေခ်းမယ္ဆိုေခ်းလို့ရတယ္။ ဒါေပမယ့္ ဒီေအာ္ဇီပိုက္ဆံတို့၊ ကေနဒီယံ ေဒၚလာတို့ဆိုတာ စီးဆင္းလည္ပတ္မႈမွာ ေဒၚလာနဲ့ ဘယ္လိုမွ ယွဉ္လို့မရဘူး။ ဆိုပါစို့ ဂ်ပန္က ေဒၚလာသန္း တေသာင္းနဲ့ညီတဲ့ ပိုက္ဆံကို ေအာ္ဇီေဒၚလာနဲ့ေခ်းလို့ အျပည့္ရခ်င္မွ ရမယ္၊ ေဒၚလာနဲ့ကေတာ့ ရတယ္။ WSJ ထဲက ကိန္းဂဏန္းေတြ အရ ကမၻာ့နိုင္ငံေတြ အေရာင္းအဝယ္ လုပ္တဲ့အခါ ေပးေခ်ေနတဲ့ ေငြတရာမွာ ရွစ္ဆယ့္ငါးက်ပ္က ေဒၚလာနဲ့ ေပးေခ်ျကတာလို့ သိရတယ္။ က်န္တဲ့ ၁၅ က်ပ္ထဲမွာ ရန္ကုန္၊ မနၱေလးက ကုန္သည္ေတြ တရုတ္နယ္စပ္ ေရွြလီပစၥည္းလာဝယ္တဲ့အခါ၊ ဒါမွမဟုတ္ ျမဝတီ၊ မဲေဆာက္ ပစၥည္းလာဝယ္တဲ့အခါ က်ပ္ေငြနဲ့ ယြမ္ေငြ၊ ဒါမွမဟုတ္ ဘတ္ေငြ တိုက္ရိုက္လဲလွယ္တာေတြ ပါတယ္။ အလားတူပဲ ဗီယက္နမ္နဲ့ တရုတ္ နွစ္နိုင္ငံ နယ္စပ္ကုန္သြယ္တဲ့ အခါမွာ ေဒၚလာမပါဘူး။ ဒါေပမယ့္ ဒီပမာဏက မဆိုစေလာက္ပဲ။ WTO တရားဝင္ ကိန္းဂဏန္း ေတြထဲေတာင္ ပါခ်င္မွပါမယ္။ (မပါဖို့မ်ားပါတယ္။) အဲ့ေတာ့ ေဒၚလာနဲ့ ေခ်းဖို့ပဲမ်ားတယ္။ ဒီေလာက္ဆို ေဒၚလာဟာ ကမၻာ့ကုန္သြယ္ေရးမွာ ဘယ္ေလာက္ထိ အေရးပါလဲဆိုတာ သေဘာေပါက္ဖို့ မခက္ဖူး။ (ဒီေတာ့ အေမရိကန္က လာဘ္ျမင္တဲ့လူေတြက ဘာလို့ ကုန္ပစၥည္း ထုတ္ေနအံုးမလဲ။ တကမၻာလံုးမွာ ေရာင္းျက၊ ဝယ္ျကတာေတြကို ျကားကေန ဘ႑ဍာေရး ဝန္ေဆာင္မႈေပးတဲ့ အလုပ္ပဲ လုပ္ေတာ့မွာေပါ့။ ေဒၚလာနဲ့ ပိုက္ဆံေခ်းခ်င္၊ ေခ်ခ်င္သူေတြကို ျကားကေန ပြဲစားအလုပ္လုပ္ျပီး intermediaries အလုပ္လုပ္ျပီးပဲ စားေတာ့မွာေပါ့။ သီရိလကၤ࿿ာက ေဟာင္ေကာင္ကေန ပိုက္ဆံေခ်းခ်င္တယ္။ အဲဒိအခါမွာ သီရိလကၤ࿿ာက ျမီစားေလာင္းနဲ့ ေဟာင္ေကာင္က ျမီရွင္ေလာင္းတို့ကို ျကားကေန တဆင့္ခံေခ်းေပးျပီး ဟိုဘက္ ဒီဘက္ ေကာ္မရွင္စားမယ္။ ဘယ္ေလာက္မိုက္သလဲ။ အဲဒိမွာ financial capitalism ဆိုတဲ့ စကား ေပၚလာတယ္။ ေနာက္ဆံုး ဒီဘ႑ဍာေရး အရင္းရွင္ေတြဟာ ေနရာတကာမွာ မရွိမျဖစ္ ပါလာတယ္။ နိုင္ငံတိုင္း၊ နိုင္ငံတိုင္းဟာ Goldman Sachs တို့၊ JP Morgan တို့၊ Morgan Stanley တို့နဲ့ ကင္းလို့မရေပဘူးေပါ့။)

    ဒါေပမယ့္ ေဒၚလာဟာ လြန္ခဲ့တဲ့ နွစ္ေလးငါးေျခာက္ဆယ္က ရလာတဲ့ အဆင့္အေနအထားကို ဆက္ထိန္းထားနိုင္ေတာ့မွာ မဟုတ္ဖူးဆိုတဲ့ သံသယေတြဟာ တေန့တျခား ျကီးလာျပီ။ ပထမတခ်က္က WSJ ေဆာင္းပါးထဲ ေရးထားသလို နည္းပညာပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြဟာ ေဒၚလာကို ေထာက္ပင့္ထားတဲ့ ေဒါက္ေတြကို စနွဲ့ေနျပီ။ က်ေနာ့္ကိုယ္ေတြ့ကို ဒီေနရာမွာ ေျပာျပမယ္။ ဆိုပါစို့ စတာလင္ တေပါင္ကို တေဒၚလာ ဆင့္ေျခာက္ဆယ္ ေဈးေပါက္ျပီး၊ တေပါင္ကို ျမန္မာက်ပ္ေငြ ၁၆၀ဝ ေပါက္တယ္၊ တေဒၚလာကို ျမန္မာက်ပ္ေငြ ၁၂၀ဝ ေပါက္တယ္။ ဒါျဖင့္ရင္ ဗမာျပည္ကေန ယူေကကို ပိုက္ဆံလွြဲတဲ့အခါမွာ က်ပ္ေငြကေန ေပါင္တန္းလဲမလား၊ က်ပ္ေငြကေန ေဒၚလာကိုလဲ၊ ျပီးမွ ေဒၚလာကေန ေပါင္ကို ျပန္လဲမလား။ က်ပ္ေငြကေန ေပါင္တန္းလဲရင္ တေပါင္ရဖို့ ၁၆၀ဝ က်ပ္ ေပးရမယ္။ ျမန္မာက်ပ္ေငြ ၁၆၀ဝ ကို ေဒၚလာလဲရင္ တေဒၚလာ သံုးဆယ့္သံုးဆင့္ရမယ္၊ အဲဒိ တေဒၚလာ သံုးဆယ့္သံုးဆင့္ကို ေပါင္ျပန္လဲရင္ ဝ.၈၃ ေပါင္ပဲရမယ္။ တေပါင္အျပည့္မရဘူး။ ဒီေတာ့ က်ပ္ကေန ေပါင္ပဲ တန္းလဲေတာ့မွာေပါ့။ ေဒၚလာကို တဆင့္ဘယ္လဲေတာ့မလဲ။ လက္ေတြ့ေလာကမွာ ကြာဟာမႈက ဒီေလာက္မျကီးေပမယ့္ လ်င္တဲ့လူအတြက္က ျကားထဲက လဲလွယ္နႈန္း မဆိုစေလာက္ေလး ကြာတာကေန ကိုယ့္အတြက္ က်န္ေအာင္ လုပ္မယ္ဆို လုပ္လို့ရတယ္။ ဒါေပမယ့္ ကေန့ေခတ္မွာ အင္တာနက္ေပၚလာျပီ။ ဒီေတာ့ က်ပ္ေငြနဲ့ေဒၚလာလဲနႈန္း၊ ေဒၚလာနဲ့ စတာလင္လဲနႈန္း၊ စတာလင္နဲ့ က်ပ္ေငြ လဲနႈန္းေတြကို ခ်က္ခ်င္းကို တန္းသိနိုင္တဲ့ အေနအထားကို ေရာက္လာျပီ။ ဒီေတာ့ အဲ့သလို ေငြေျကးတခုနဲ့ တခု လဲလွယ္နႈန္းကြာဟမႈကေန အျမတ္ထြက္ေအာင္ လုပ္ဖို့ မလြယ္ေတာ့ဘူး။ အက်ိုးဆက္ အေနနဲ့ တရုတ္က သူေဌးတေယာက္က ဂ်ာမနီကေန BMW လွမ္းမွာရင္ အရင္က ယြမ္ေငြကေန ေဒၚလာေျပာင္း၊ ျပီးမွ ေဒၚလာကေန ဂ်ာမန္မတ္ေငြကို ေျပာင္းေနစရာမလိုေတာ့ပဲ ယြမ္ေငြနဲ့ ယူရို တိုက္ရိုက္ အလဲအလွယ္ လုပ္ျပီး ေငြေခ်ေတာ့မွာေပါ့။ ဒါဟာ ေဒၚလာရဲ့ hegemony က်လာဖို့ အေျကာင္းရင္း တခုပဲ။

    ေနာက္ပိုအေရးျကီးတာက ေဒၚလာလိုပဲ လည္ပတ္စီးဆင္းမႈအားေကာင္းတဲ့ ပိုက္ဆံေတြ ေပၚလာေနျပီ။ ဥပမာ ယူရိုကိုျကည့္။ ေလာေလာဆယ္မွာ ယူရိုဇံုထဲမွာ ျပႆနာေတြ တခုျပီး တခု ျကံုေနရတာေျကာင့္ ေနာင္ အနွစ္နွစ္ဆယ္ သံုးဆယ္မွာ ယူရိုဟာ ဆက္ရွိေနပါ့မလားဆိုျပီး တခ်ို့ သံသယ ရွိျကတယ္။ ေနာင္ အနွစ္နွစ္ဆယ္ သံုးဆယ္ အေျခအေနကို ခုခ်ိန္မွာ ဘာမွ မေျပာနိုင္ေပမယ့္ ေလာေလာဆယ္ မွာေတာ့ ယူရိုဟာ လက္ရွိ အက်ပ္အတည္းကို ေက်ာ္လွြားနိုင္မဲ့ အေနအထားရွိတယ္။ အကယ္၍မ်ား ယူရိုဟာ လက္ရွိအက်ပ္အတည္းကို ေက်ာ္နိုင္ျပီဆိုရင္ ဂ်ာမန္ ဖီေလာ္ေဆာ္ဖာ Nietzsche ေျပာသလို ယူရိုဟာ ပိုျပီး ခိုင္မာေတာင့္တင္းလာစရာ ရွိတယ္။ ( Nietzsche ေျပာတာကWhat doesn’t kill you makes you stronger တဲ့။ ဘာသာျပန္ညံ့လို့ ျပန္လိုက္ရင္ ပ်က္မွာစိုးလို့ ဒီအတိုင္း ထားလိုက္တယ္။) အက်ိုးဆက္ အေနနဲ့ ယူရိုဇံုတခုလံုးဟာ နိုင္ငံေရး အရပါ ပိုျပီး စည္းလံုးလာနိုင္တယ္။ ဘယ္သူက လူတြင္က်ယ္လုပ္မလဲဆိုတာကေတာ့ တပိုင္းေပါ့ေလ။ ျမင္ရသေလာက္ကေတာ့ ဂ်ာမနီဟာ ဥေရာပမွာ ဆရာျကီးျဖစ္လာလိမ့္မယ္။ (ေနာက္ဆို ဥေရာပက အေရးပါတဲ့ အဖြဲ့အစည္းမွန္သမွ်ရဲ့ အေရးပါတဲ့ ေနရာေတြကို ဂ်ာမန္ေတြပဲ ျကီးစိုးဖို့မ်ားတယ္။ က်ေနာ့္အထင္ေျပာရရင္ ကမၻာမွာ ေနာင္ဆို စူပါ ပါဝါဆိုလို့ အေမရိကန္ရယ္၊ တရုတ္ရယ္၊ ဂ်ာမနီရယ္ သံုးနိုင္ငံပဲက်န္မယ္ထင္တယ္။ ထြိုင္ပိုလာေဝါ ျဖစ္လာစရာ ရွိတယ္။ ဒီေတာ့ အဂၤႅိပ္စာရယ္၊ တရုတ္စာရယ္၊ ဂ်ာမန္စာရယ္ သံုးခုလံုး ကြ်မ္းကြ်မ္းက်င္က်င္ တတ္မယ္ဆိုရင္ အင္မတန္မွ စားသာမယ္ထင္တယ္။)

    ေနာက္တခါ တရုတ္ယြမ္ေငြဟာလည္း ေဒၚလာ၊ ယူရိုနဲ့ အျပိုင္ တကမၻာလံုးမွာ သံုးလို့ ရနိုင္တဲ့ေငြ ျဖစ္လာမွာ က်ိန္းေသသေလာက္ပဲ။ ေလာေလာဆယ္မွာေတာ့ မျဖစ္နိုင္ေသးဘူး။ ဒါေပမယ့္ တရုတ္ရဲ့ လုပ္ပံုေတြက ဒီလမ္းေျကာင္းကို သြားမွာကို ညွြန္ျပေနတယ္။ ဥပမာ မနွစ္က ေနြရာသီမွာ သူ့ပိုက္ဆံကို တစိတ္တပိုင္း float လုပ္လိုက္တယ္။ ေနာက္ ေဟာင္ေကာင္က ဘဏ္ေတြကို ယြမ္ေငြကိုင္ေဆာင္ခြင့္ ျပုလာတယ္။ (အဲဒိထဲမွာ HSBC တို့လို ဘဏ္ေတြလည္းပါတယ္။ ေနာက္ သိပ္မျကာေသးခင္ကဆိုရင္ institutions ေတြကို ယြမ္ေငြနဲ့ ေဒၚလာ အလဲအလွယ္ လုပ္နိုင္လာျပီး၊ ခုဆိုရင္ နယူးေရာက္မွာ ပထမဆံုး အျကိမ္အျဖစ္ ယြမ္ေငြဘဏ္စာရင္းကိုပါဖြင့္လို့ရလာျပီ။ လန္ဒန္မွာ ဒီလို ဖြင့္လို့ရရင္ က်ေနာ္ေတာ့ ယြမ္ေငြဘဏ္စာရင္း က်ိန္းေသဖြင့္မယ္။) စကားမစပ္ ေနာက္ထပ္ ေဟာကိန္းတခု ထုတ္လိုက္အံုးမယ္။ သိပ္မျကာခင္ အခ်ိန္မွာ ေဟာင္ေကာင္ေဒၚလာဆိုတာ ရွိမွာ မဟုတ္ေတာ့ဘူး။ ေဟာင္ေကာင္မွာ ယြမ္ပဲ သံုးျကေတာ့မွာ။ မယံုေစာင့္ျကည့္။ ေနာက္တခါ စီးပြားေရး ကုမၸဏီေတြ အေနနဲ့ မျကာေသးခင္ကစျပီး ယြမ္ေငြနဲ့ ပိုက္ဆံေခ်းလို့ရလာျပီ။ ဥပမာ မက္ေဒၚနယ္ဆိုရင္ ယြမ္ေငြနဲ့ ပိုက္ဆံ စေခ်းတဲ့ ကုမၸဏီတခုပဲ။

    ျခံုေျပာရရင္ ေဒၚလာဟာ ယူရိုနဲ့ယြမ္ေငြကိုပါ ေနရာမေပးလို့ မရေပးလာရေတာ့မယ္။ သူ့အက်ိုးဆက္က ဘာျဖစ္မလဲ။ ပထမတခ်က္ အေနနဲ့ အေမရိကန္ဟာ ပိုက္ဆံလိုတိုင္း စက္ထဲကေန ရိုက္ထုတ္ဖို့ လြယ္မွာ မဟုတ္ေတာ့ဘူး။ ဒါဟာ တနည္းအားျဖင့္ ေကာင္းေတာင္ ေကာင္းေသးတယ္။ ပိုက္ဆံကို တန္ဖိုး ထားတတ္လာ၊ စည္းကမ္းရွိလာတာဟာ အေမရိကန္အတြက္ အဆိုးေတာ့ မျဖစ္နိုင္ဘူး။ ကေန့အခ်ိန္မွာ အေမရိကန္ဟာ budget deficit အျကီးျကီး ျပလို့ ျပႆနာ ခ်က္ခ်င္း မေပၚေသးဘူး။ သူ့ပိုက္ဆံက မိုနိုပိုလီ အဆင့္ရထားတာကိုး။ လိုသေလာက္ ပိုက္ဆံကို ရိုက္ထုတ္ေနလို့ ရတယ္။ ဒါေပမယ့္ တျခား အျပိုင္အဆိုင္ေတြ ရွိလာရင္ အဲ့သလို ဘ႑ဍာေရး လိုေငြျပမႈ အမ်ားျကီး ျပလို့ မရေတာ့ဘူး။ ဒီေတာ့ budget deficit ကို က်ံု့ေအာင္လုပ္ဖို့ ပို့ကုန္ မ်ားမ်ားပို့နိုင္ေအာင္ လုပ္ရမယ္လို့ WSJ မွာ Eichengreen က ေထာက္ျပတယ္။ ေလာေလာဆယ္မွာ အေမရိကန္ဟာ ကုန္ထုတ္ရာမွာ တရုတ္ေလာက္ ေဈးသက္သာေအာင္ မထုတ္နိုင္ေသးဘူး။ အဲ့သလို ထုတ္နိုင္ဖို့ သူ့ပိုက္ဆံကို တန္ဖိုး အျကီးအက်ယ္ ခ်ရမယ္၊ Eichengreen က ေဒၚလာဟာ လက္ရွိကေန တရုတ္ယြမ္ေငြနဲ့ လဲလွယ္နႈန္းမွာ 20% ေလာက္ထိ က်ဖို့ လိုမယ္လို့ ေဟာကိန္းထုတ္ထားတယ္။ ဒီေတာ့ အေမရိကန္နိုင္ငံသားေတြဟာ တရုတ္ေတြထက္ 20% ပိုဆင္းရဲသြားမွာေပါ့။ အဲ 20 % ပိုစိတ္ဆင္းရဲမယ္လို့ ေတာ့ ေျပာလို့ မရတာကေတာ့ ေျပာစရာေတာင္ မလိုပါဘူးေနာ္။

    ေနာက္ဘာျဖစ္နိုင္အံုးမလဲ။ ေဒၚလာ မိုနိုပိုလီအဆင့္ကေန က်လာတာနဲ့ အေစာပိုင္းက ေဒၚလာရဲ့ မိုနိုပိုလီ အဆင့္ကိုမွီျပီး အလုပ္ျဖစ္ေနတဲ့ ဘ႑ဍာေရး အရင္းရွင္ေတြရဲ့ အခန္းက႑ဍဟာလည္း က်လာနိုင္စရာ ရွိတယ္။ ဘ႑ဍာေရး ဝန္ေဆာင္မႈ လုပ္ငန္းေတြရဲ့ အခန္းက႑ဍက ေပ်ာက္သြားမွာ မဟုတ္ေပမယ့္ တခ်ိန္က ၂၀ဝ၈ ဘ႑ဍာေရး အက်ပ္အတည္း မတိုင္ခင္ထိ masters of the universe ဆိုျပီး တင္စားခံရတဲ့ အဆင့္ကိုေတာ့ ျပန္ရဖို့ လမ္းမျမင္မိဘူး။ အဲဒိေတာ့ MBA တက္ျပီး ဘန္ကာ လုပ္ဖို့ စိတ္ကူးယဉ္ေနသူမ်ား ကိုယ့္သက္ေမြးဝမ္းေက်ာင္းမႈရဲ့ ေရွ့အလားအလာကို နည္းနည္းေလာက္ သုေတသန လုပ္ျကည့္မယ္ဆိုရင္ေတာ့ ေကာင္းမယ္ထင္ပါေျကာင္း..

    ဝတုတ္

    Posted by politicsfreakcnz | 24/09/2011, 09:11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: