//
you're reading...
Travel

ရောက်ခဲ့ပေါ့အမ်စတာဒမ် ၂

အမ်စတာဒမ်အကြောင်းပြောရင် ပြည့်တန်ဆာအကြောင်းချန်ခဲ့လို့ မဖြစ်ပါဘူး။ စကားစပ်လို့ ပြည့်တန်ဆာဆိုတဲ့စကားဟာ မိန်းမတွေကို ကုန်ပစ္စည်းနဲ့နှိုင်းတဲ့သဘောရောက်တဲ့အတွက် မသုံးသင့်ဘူးလို့ စာရေးဆရာမတယောက်က ထောက်ပြပါတယ်။ ဒီလိုပြောတာဟာစကားလုံးတွေ၊ ေါဟာရတွေ နေ့စဥသုံးစကားထဲ ဘယ်လိုရောက်လာသလဲ၊ စကားလုံးတွေဘယ်လို အဆင့်ဆင့်ပြောင်းလဲလာသလဲဆိုတဲ့ သမိုင်းကို လျစ်လျူရှူရာရောက်တဲ့ အပြောမျိုးဖြစ်တယ်။ တခါနာမည်ပြောင်းရုံနဲ့ ြည့်တန်ဆာတွေရဲ့ ဘ၀မြင့်လာမှာမဟုတ်ပါဘူး။ ပြည့်တန်ဆာကို တရားဝင်အသက်မွေး၀မ်းကျောင်းအဖြစ်အသိအမှတ်ပြုထားတဲ့ နယ်သာလန်မှာ prostitute ကို prostitute လို့ပဲခေါ်တယ်။ စာရေးဆရာမခေါ်စေချင်တဲ့ commercial sex workers လို့မခေါ်ဘူး။

နစ်ဂါတို့လို အာဖရိကန်လူမျိုးတွေကို နှိမ်ခေါ်တဲ့အသုံးအနှုန်းမျိုး၊ လည်နီတို့လို အမေရိကန်တောင်ပိုင်းက လယ်သမားတွေကို နှိမ်ခေါ်တဲ့ အသုံးမျိုးကတော့ ကိုယ်နဲ့အသားအရောင် အဆင့်အတန်းမတူတဲ့လူတွေအပေါ် ရိုင်းလွန်းတဲ့အသုံးမို့လို့ ဒီနေ့လူရှေ့သူရှေ့မှာ မသုံးကြ၊ မသုံးရတော့ပါဘူး။ ဒါပေမယ့် ရိုင်းပြီးလက်ခံနိုင်စရာမရှိပေမယ့် သမိုင်းနဲ့ ရှေးအစဥအလာကိုဖော်ပြတဲ့ အသုံးအနှုန်းတွေ အင်္ဂလိပ်မှာရော ဗမာမှာပါအများကြီး ရှိနေဆဲပါ။ ဥပမာ မိန်းမတွေကို လက်မလောက်ရှိတဲ့ကြိမ်လုံးနဲ့ရိုက်ဖို့ rule of thumb ဆိုတာသုံးခဲ့ကြတယ်။ ဒီနေ့မှာ အဲဒီအဓိပ္ပာယ်မရှိတော့ပေမယ့် စံတွေနဲ့ပတ်သက်ရင် အဲဒီအသုံးကိုသုံးတုန်းပဲ။ ဗမာမှာလဲ ရိုင်းတဲ့စကားလုံးတွေရှိတယ်။ ကုလားဆိုတဲ့အခေါ်အဝေါ်ဟာ တနေ့ကျရင်ပျောက်သွားမယ်၊ မသုံးရတော့ဘူးလို့ ရုံးတွေမှာညွှန်ကြားချက်ထုတ်လာ နိုင်စရာရှိတယ်။ ဒါပေမယ့် ကုလားတန်မြစ်တို့၊ ကုလားပဲတို့၊ ကုလားထိုင်တို့တော့ ကျန်ခဲ့လိမ့်မယ်။

ဗမာအခေါ်ပြည့်တန်ဆာဆိုတာ သိရသလောက်ဘုရင်တွေခေတ်က သူဌေးကတော်တွေ၊ မင်းသမီးတွေ ဥပုသ်သီလစောင့်ချင်တဲ့အခါ သူတို့ရဲ့ယောက်ျားတွေကို ပြုစုဖို့ငှားတဲ့မိန်းမတွေကိုခေါ်တာဖြစ်တယ်။ ဒီမိန်းမတွေသာမရှိရင် လူမှုရေးပြသနာတွေကြီးလာနိုင်တယ်။ တိုင်းပြည်မှာဒီပြသနာတွေမပေါ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်ဆိုပြီး ြည်ရဲ့တန်ဆာလို့ခေါ်ကြတယ်။ တခြားအယူအဆတွေလည်းရှိနိုင်ပါတယ်။ ယဥမလိုလိုနဲ့ရိုင်းတဲ့အသုံးတွေလည်းရှိခဲ့ဖူးတယ်။ ၃ရာသီလုံးခံသည်ဆိုတဲ့ နတ်သမီးမီးခြစ်ကြော်ငြာကိုယူပြီးနတ်သမီးလို့ လွတ်လပ်ရေးရပြီးစမှာ ခေါ်ခဲ့ကြတယ်။ တခါတခါစကားလုံးတွေဟာ အခေါ်ခံရတဲ့သူမနစ်နာရင် မူလစကားလုံးအတိုင်းပဲထားသင့်တယ်။ ပညာတတ်လူတန်းစားအမြင်နဲ့ ဒီစကားလုံးကိုပြောင်းခေါ်ဖို့ပြောတာထက် သူတို့တွေရဲ့ဘဝကို ကာကွယ်ပေးပြီး သူတို့ကိုယ်တိုင်ပြောရဲဆိုရဲဖြစ်လာအောင် လုပ်ပေးသင့်တယ်။ ဒါနဲ့ဆက်စပ်ပြီး အောက်ကဓာတ်ပုံလေးကို ပြချင်တယ်။

ဒါကအမ်စတာဒမ်က အနီရောင်တန်းလို့ခေါ်ရမလား။ red light district ထဲက ပန်းပုလေး။ ပြည့်တန်ဆာတယောက်ရဲ့မာန်ကို ဂုဏ်ပြုပြီးထုထားတဲ့ပန်းပု။ အမ်စတာဒမ်ဟာ ရာစုနှစ်၇စုလောက် ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့တော့ တကမ္ဘာလုံးက သင်္ဘောသားတွေလာကြတဲ့မြို့လဲဖြစ်တယ်။ သူတို့ကိုအမှီပြုပြီး ပြည့်တန်ဆာလုပ်ငန်းဟာလည်း ကျယ်ပြန့်လာတယ်။ အစိုးရကဒီအလုပ်ကို ဥပဒေနဲ့ခွင့်ပြုတာကတော့ ၁၉ရာစုအစမှ။ brothel လို့ခေါ်တဲ့အောက်က ပြတင်းပေါက်လေးတွေကို တရား၀င်ခွင့်ပြုတာကတော့ ၂၀၀၀ခုနှစ်ကျမှ။ ပြည့်တန်ဆာတွေကို အခွန်စကောက်တာကတော့ ဒီနှစ်မှ။

အခွန်ထမ်းရတဲ့ပြည့်တန်ဆာတွေမှာ ဒီနိုင်ငံသားနည်းပါတယ်။ ၅ယောက်မှာ ၁ယောက်လောက်ပဲဒီက။ ကျန်တာတွေက အရှေ့ဥရောပတို့၊ တူရကီတို့၊ ထိုင်းကတို့။ ထိုင်းကိုရောက်သွားတဲ့ဗမာတွေလဲ ရှိချင်ရှိနိုင်ပါတယ်။ အင်္ဂလန်မှာလူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ရဲကသွားကယ်ရာမှာ ဗမာတွေပါတယ်လို့ ကြားလိုက်ရတယ်။

အခွန်ပေးရတာကို ဒီနိုင်ငံကပြည့်တန်ဆာတွေက သဘောကျကြတယ်။ ကိုယ့်အလုပ်ကို ကိုယ်တရား၀င်စီမံလို့ရတယ်။ ခေါင်းတွေရဲ့ အနိုင်ကျင့်မှုကို မခံရဘူး။ တခါတခြားနိုင်ငံကလာတဲ့ပြည့်တန်ဆာတွေရဲ့ စျေးပြိုင်မှုတွေလျော့သွားမယ်လို့ ဆိုကြတယ်။ တရား၀င်စျေးက ယူရို၅၀ဆိုရင် အခွန်ရှောင်တဲ့လူက စျေးလျှော့ယူလို့ရတာကိုး။

တခြားနိုင်ငံကလာတဲ့လူတွေကတော့ အခွန်မဆောင်ချင်ကြဘူး။ သူတို့ကဒီအလုပ်ကို ပိုက်ဆံစုဖို့ယာယီလုပ်တာလို့ ဆိုကြတယ်။ ၂နှစ်တန်သည်၊ ၃နှစ်တန်သည်နေ ပိုက်ဆံစု၊ ပြီးတော့ပြန်မှာကိုး။ ဥပဒေကလဲ သူတို့ကိုပစ်မှတ်ထားတဲ့သဘောရှိတယ်။

အမ်စတာဒမ်ဟာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးနာမည်ကြီးပေမယ့် ပြည့်တန်ဆာတွေကိုယ်ဟန်ပြတဲ့ ပြတင်းပေါက်တွေဟာ တဖြည်းဖြည်းနည်းလာတယ်လို့ပြောကြတယ်။ အစိုးရကပိတ်ပစ်လို့တဲ့။ ဒါပေမယ့်ဒီပြတင်းပေါက်တွေဟာ ရပ်ကွက်တော်တော်များများမှာရှိသေးတယ်။ တခါစက်ဘီးစီးရင်း မီးနီမိလို့အရပ်၊ မထင်မှတ်ဘဲ ဒီပြတင်းပေါက်တွေကိုယ့်ဘေးမှာတွေ့လိုက်ရတော့ နည်းနည်းတောင်ကြောင်သွားတယ်။ မြို့လယ်ခေါင် အနီရောင်တန်းမှာပဲအားလုံးရှိမယ်လို့ ထင်ထားတာကိုး။ မြို့လယ်မှာ စက်ဘီးစီးရင် ကားတွေနဲ့ဒီပြတင်းပေါက်တွေကို လိုက်ကြည့်နေတဲ့ နိုင်ငံခြားသားတွေကို သတိထားနင်းရတယ်။ သူတို့ကကားမောင်းရင်းငေးကြတာဆိုတော့ စက်ဘီးလဲမမြင်၊ လမ်းသွားလမ်းလာတွေလဲမမြင်နဲ့။

လာပျော်ပါးကြသူတွေထဲမှာ ယူကေက ၇၀ရာခိုင်နှုန်းလောက်ရှိပြီး ဒီနိုင်ငံကလူတွေကတော့ ၇ရာခိုင်နှုန်းလောက်ပဲရှိပါသတဲ့။ တကယ်တော့ ြည့်တန်ဆာလုပ်ငန်းဟာ အပြင်ကပြသနာလိုဖြစ်နေတယ်။ ပြသနာအဖြစ်နဲ့ကြည့်မယ်ဆိုရင်ပေါ့။ လုပ်ငန်းအနေနဲ့ကြည့်မယ်ဆိုရင် ရောင်းသူ၀ယ်သူကအပြင်ကလာတယ်။ စျေးကွက်နေရာနဲ့တခြားဥပဒေရေးရာ၊ ကျန်းမာရေး၊ မြူနီစပယ်၀န်ဆောင်မှုတွေကို အိမ်ရှင်နိုင်ငံကပေးတယ်။ နိုင်ငံသားတော်တော်များများက လက်ခံကြတယ်။ ဘယ်သူနာသလဲလို့မေးစရာရှိတယ်။ အောက်ကဓာတ်ပုံရဲ့စာက အဖြေပေးထားတယ်။

စာရဲ့အဓိပ္ပာယ်က အပေါ်ယံမမြင်ရတဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့။ လူကုန်ကူးမှုတို့ အရွယ်မရောက်သေးတဲ့မိန်းကလေးတွေကို ရည်းစားဟန်ဆောင်ပြီး ဒီအလုပ်ထဲသွင်းမှုတို့ စသဖြင့်ပေါ့။ လူတွေကို ပညာပေးဖို့ ပြည့်တန်ဆာဟောင်းတွေက tour အနေနဲ့လိုက်ပြကြတယ်။

အလုပ်ကမိန်းကလေးတယောက်ကို မေးကြည့်တယ်။ ဒီအလုပ်ကို ဘယ်လိုမြင်သလဲလို့။ သူကသူတို့နိုင်ငံသားတွေက အမြင်ကျယ်တယ်။ ဒါတွေကိုလက်ခံနိုင်တယ်။ အဲဒီလို အမြင်ကျယ်ကြတဲ့အတွက်ဂုဏ်ယူတယ်တဲ့။ ဒါပေမယ့် ဒီကိစ္စအတွက် အမြင်ကျယ်တာ ဂုဏ်ယူစရာလားလို့မေးတော့ သူကစဥ္းစားတယ်။ နယ်သာလန်လိုနိုင်ငံမှာ လူတိုင်းဟာ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ဒီအလုပ်ကိုလုပ်တယ်လို့ ပြောလို့ရနိုင်လား၊ မရနိုင်ဘူးလားဆိုတာကို ဆွေးနွေးဖြစ်ကြတယ်။ စာဖတ်သူတို့လဲဆက်ဆွေးနွေးကြပေါ့။

Discussion

6 thoughts on “ရောက်ခဲ့ပေါ့အမ်စတာဒမ် ၂

  1. အလုပ်ကမိန်းကလေးတယောက်ကို မေးကြည့်တယ်။ ဒီအလုပ်ကို ဘယ်လိုမြင်သလဲလို့။ သူကသူတို့နိုင်ငံသားတွေက အမြင်ကျယ်တယ်။ ဒါတွေကိုလက်ခံနိုင်တယ်။ အဲဒီလို အမြင်ကျယ်ကြတဲ့အတွက်ဂုဏ်ယူတယ်တဲ့။

    In one word, that’s bullshit. More later I gotta finish my exam first.

    Posted by watote | 10/04/2011, 18:48
  2. ဗမာလိုပြည့်တန်ဆာလို့ခေါ်တာယဉ်ကျေးတယ်လို့ထင်ပါတယ်။
    ရှေးခေတ်က မြို့ပြနိုင်ငံတွေမှာကုန်သည်တွေလာရောက်ရောင်းဝယ်ဖောက်ကားအောင်စွဲဆောင်ဖို့ထားတဲ့မိန်းကလေးမို့ပြည့်တန်ဆာလို့ခေါ်တယ်လို့ရေးတာဖတ်ဖူးပါတယ်။ကိုဝတုတ်ရေးတာနဲ့တော့နဲနဲကွာပါတယ်။

    နောက်commercial sex worker လို့ခေါ်လိုက်လို့သူတို့ဘဝတွေဘာမှမပြောင်းလဲနိုင်ဘူးဆိုပေမယ့် ဒီလိုခေါ်ရတာဟာသူတို့လဲအလုပ်သမားတရပ်ပဲ။အလုပ်သမားတွေရသင့်တဲ့ထိုက်တန်တဲ့လုပ်ခ၊အထူးသဖြင့်လုပ်ငန်းခွင်လုံခြုံမှု၊ကျန်းမာရေးကိစ္စတွေရသင့်တယ်ဆိုတာကိုလူအများသတိထားမိလာဖို့ဒီလိုခေါ်ဖို့အကြံပြုကြတာလို့ထင်ပါတယ်။ဒီအလုပ်ကိုတရားဝင်သတ်မှတ်ဖို့Scoialist feminists တွေတောင်းဆိုရတဲ့အဓိကအကြောင်းရင်းကလဲအထက်ပါအခွင့်အရေးတွေရလာ အောင်လုပ်နိုင်ဖို့လို့ပြောပါတယ်။

    ဒီအလုပ်ကိုတရားဝင်ခွင့်ပြုတာဟာအမြင်ကျယ်တာ။ဒီလိုအမြင်ကျယ်တာကိုဂုဏ်ယူတယ်ဆိုတဲ့လူတွေအနေနဲ့တကယ်လုပ်နေတဲ့သူတွေဒီအလုပ်ကိုဘယ်လိုစတင်ရွေးချယ်ခဲ့လဲဆိုတာကိုပါထည့်စဉ်းစားဖို့လိုပါတယ်။ယေဘုယျဒီလိုအလုပ်မျိုးဆိုတာဘယ်နိုင်ငံမှာမှဂုဏ်ရှိတဲ့အလုပ်မဟုက်ပါဘူး။ဒါ့ကြောင့်လူကုန်ကူးခံရတာ၊လူပွဲစားလက်ထဲရောက်သွားတာမဟုက်ပဲသူတို့ကိုယ်တိုင်ရွေးချယ်လုပ်ကိုင်ခဲ့တယ်ဆိုရင်တောင်အဲဒိဆုံးဖြတ်ချက်ဟာလွတ်လပ်တဲ့ဆုံးဖြတ်ချက်ဟုက်ရဲ့လားဆိုတာလဲအမြင်ကျယ်ကျယ်နဲ့ထည့်စဉ်းစားဖို့လိုပါမယ်။ဘာလို့လဲဆိုတော့စီးပွားရေးအရခေါင်းပုံဖြတ်ခံရမှု၊လူမှုရေးအရဖိနှိပ်ခံရမှုအောက်ကနေကင်းလွတ်ပြီးဆုံးဖြတ်ဖို့ဆိုတာမဖြစ်နိုင်လို့ပါ။

    လက်ရှိအနေထားအရတော့ဒီအလုပ်ကိုတရားဝင်အသိအမှတ်ပြုထားတာကသူတို့အကာအကွယ်အပေးနိုင်ဆုံးနည်းလမ်းတရပ်ဖြစ်နေဆဲပါပဲ။နို့မို့ရဲနှိပ်စက်တာခံရဖို့ကသေချာနေပြီ။ထိုင်းမှာတော့ပြည့်တန်ဆာလုပ်ငန်းကို official အဆင့်မဟုက်ပဲ non-criminal အဆင့်ပဲသတ်မှတ်ဖို့အလုပ်ရုံဆွေးနွေးပွဲတခုမှာဆွေးနွေးတော့ကန့်ကွက်တဲ့သူကဘာသာရေးခေါင်းဆောင်မဟုက်ပဲရဲအရာရှိကြီးကကန့်ကွက်တာလို့ဆိုပါတယ်။သူတို့နဲ့အကျိုးစီးပွားတိုက်ရိုက်ဆက်စပ်နေတာကိုး။
    ဒါ့ကြောင့်တရားဝင်အသိအမှတ်ပြုတာကိုမကန့်ကွက်ပေမဲ့ဒါကိုအမြင်ကျယ်တဲ့လုပ်ရပ်လို့တဖတ်သက်ယူဆလိုက်ရင်သူတို့တွေဒီဘဝကိုရောက်လာရတဲ့အကြောင်းရင်းဖြစ်တဲ့ဖိနှိပ်ခံရမှုတွေကိုလျော့နည်းပပျောက်အောင်လုပ်ဖို့အာရုံမစိုက်မိမှာကိုတော့စိုးရိမ်ပါတယ်။

    Posted by ဖိုးသား | 15/04/2011, 02:32
  3. Hi Ko Watote,

    Greeting after a long pause! Your write-up draws sheer interest in me. I just want to add two more points:
    1) One of my friends said that certain percentage of prostitute ( 2-3 out of 1000 total population?, I do not remember exact %) should be functioning in a society, otherwise tons social problems , e.g- rape, could happen among unmarried (married as well) . It meant elimination of prostitution is just impossible.
    2) Prostitution for a woman/girl is not a ‘professional choice ‘. I suppose 99.9% of prostitute falls into this business by socially or economically vulnerabilities. For sure, vast majority of them are so vulnerable and being exploited.

    Based on the two statements above, what we could do best for them? For sure, changing the ‘term’ alone will not address the problem. As you have mentioned, measures like registration, health services and social support could be introduced and more effective. Regarding the term, ‘prostitute’ is fine in English. sometime, we just called ‘pros’. But, how do we translate in Myanmar? I would rather prefer to name them ‘ pyay-tan-sar’ other than ‘ ဖာ’ or ‘ ဇိမ်မယ်(cliche’), or ‘ လိင်အလုပ်သမ’ (very modern) .

    Wishing best for your exam…..

    Moe Sett Pwint
    ( use “Eng”, just because we have different fonts^_^)

    Posted by မိုးစက်ပွင့် | 29/04/2011, 11:42
    • well, that it is wrong to criticize prostitution does not mean prostitution is wrong, does it? of course there are many practices which have their own social functions. even worse practices are reported in some backward societies. no civilized people would approve human sacrifices which may be common practices in some societies (wa people in burma for instance). such human sacrifices may serve an essential function for the maintenance/cohesion etc etc of a given society and it is sometimes said that it may be best to ‘leave them alone’ as it serve the interest of the large whole. but is human sacrifices justified? i leave it for you to answer.

      Posted by zizawa | 29/04/2011, 17:08
  4. Oppps! I do not believe in ‘human sacrifice’ in any case (unless someone volunteered for a critical mass, and for a noble cause). I used to be amazed by this no.1 statement 0f ‘ prostitution as a necessary evil for a society’ and sharing it for everyone’s further thoughts. But I agree that ‘total elimination’ of the prostitution issue is extremely complicated, tricky and almost impossible.

    It could be mitigated, though. I believe that majority of prostitution and human trafficking problems arises out of economic destitution, lawlessness and weak social mechanisms. That is why, ‘ livelihood, legal & social supports’ are very first steps to address these problems. Changing the term will not affect much on the issue, but it could be part of social support. Multi-sectoral approach, here, could be a key.

    Posted by မိုးစက်ပွင့် | 01/05/2011, 03:55
    • Thank you, ama. I also agree that prostitution may not be capable of being eradicated because of its socially ‘useful’ function, like crime itself. But I think that just highlghts the need to qualify the words/terms like what is good? what is right? what is justified? etc etc.. Of course there can be more than one line of inquiry to prostitution or any other ‘social facts’. I’m interested in looking them from normative/philosophical point of view though this may not be very useful sometimes.

      Posted by zizawa | 01/05/2011, 09:25

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: