//
you're reading...
Uncategorized

Karl Marx မှာတွေ့ရတဲ့ Hegel

ပထမစာမှာ ဘာသာရေးဟာ လွတ်မြောက်မှု ရှာနေတဲ့ လူသားရဲ့ တောင်းဆိုချက် ဖြစ်တယ်၊ တချိန်ထဲမှာ ဘာသာရေးဟာ လူသားတွေ ရှာနေတဲ့ လွတ်မြောက်မှုရဲ့ အဟန့် အတား လည်း ဖြစ်တယ်လို့ Karl Marx ကပြောသွားတာကို တွေ့ခဲ့ရတယ်။ တခါ လွတ်မြောက်မှုရဖို့ လူသားကို သူကိုးကွယ်ယုံကြည်နေတဲ့ (တချိန်ထဲမှာ သူ့လွတ်မြောက်ရေး လမ်းကြောင်းမှာ အဟန့်အတား ဖြစ်နေတဲ့) ဘာသာရေးကို မှားတယ်လို့ ပြောမယ့်အစား အဲဒိ အမြင် မှားယွင်းမှုကို ဖြစ်စေတဲ့ ရုပ်အခြေအနေတွေကို ပြောင်းလဲ ပစ်ရမယ်၊ တနည်းအားဖြင့် သူ့မှာ ပျောက်ဆုံးနေတဲ့ လူ့ဘ၀ရဲ့ အနှစ်သာရ spirit ကို သူ့ဆီ ပြန်ဆောင်ကြဉ်းပေးခြင်း ကသာလျင် သူ့ကို တကယ့် ချမ်းသာပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရာ ရောက်မယ်လို့ Marx က ပြောတယ်ဆိုပြီး အဓိပ္ပါယ် ကောက်ခဲ့တယ်။

Marx ဟာ ဟေဂယ်ရဲ့ တပည့်ဖြစ်ခဲ့လေတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေ အရေးအသားတွေဟာ ဟေဂယ်ဆီကနေ မြစ်ဖျားခံတယ်။ တကယ်တော့Marxism ဆိုပီး ခေါ်ဝေါ် သုံးနှုံးနေတဲ့ historical materialism ပဲခေါ်ခေါ် scientific socialism ပဲခေါ်ခေါ် ဒီဝါဒကို သေချာနားလည် သဘောပေါက်နိုင်ဖို့ ဟေဂယ်ကို နားမလည်လို့ကို မရဘူး။ အဲဒါကြောင့် လီနင်က မတ်ဝါဒရဲ့ ရေသောက်မြစ်သုံးခုဟာ German philosophy, French socialism နဲ့ English political economy ဆိုပြီး ပြောခဲ့တာ ဖြစ်တယ်။

ဒီတော့က ပထမရေသောက်မြစ်ဖြစ်တဲ့ ဂျာမန် ဖီလော်ဆော်ဖီကို ကြည့်ရအောင်လား။ အဲဒိအချိန်တုန်းက ဥရောပ တတိုက်လုံးမှာ ဟေဂယ်ရဲ့ သြဇာနဲ့ကင်းတဲ့လူ မရှိသလောက် ပဲတဲ့။ ဘာထရန်ရပ်ဆယ် တို့တောင် တချိန်က ဟေဂယ်ဝါဒီ ဖြစ်လိုက်သေးတာကို ကနေ့ခေတ် ဖီလော်ဆော်ဖာတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူကြတယ်။

ခုရေးမယ့် Marx ယူထားတဲ့ ဂျာမန် ဖီလော်ဆော်ဖီ အမြင်ဟာ ကျနော့်ကိုယ်ပိုင်အမြင် ကျနော့် interpretation မဟုတ်ဖူး။ Marx ကို အင်တာပရက် လုပ်ကြတဲ့ Marxist တွေထဲမှာ အပြောင်မြောက်ဆုံးလို့ အားလုံး နီးပါးက အသိအမှတ်ပြုကြတဲ့ Gerald Cohen ရဲ့  အဓိပ္ပါယ် ဖွင့်ဆိုပုံ ဖြစ်တယ်။ (တခုရှိတယ်၊ ကျနော်က ဖီလော်ဆော်ဖီကို အင်္ဂလိပ် စကားပြောတဲ့ ကျောင်းတွေမှာဘဲ သင်ဖူးတယ်။ ဒီဖီလော်ဆော်ဖီကို Analytic tradition လို့လည်းခေါ်တယ်။ တဘက်မှာ ပြင်သစ်၊ အီတလီ ခြုံပြောရရင် ဥရောပကုန်းမြေပေါ်က နိုင် ငံတွေက ကျောင်းတွေမှာ သင်ကြားပို့ချတဲ့ ဖီလော်ဆော်ဖီ အမျိုးအစားလည်း ရှိသေးတယ်။ Continental philosophy ဆိုပီး သိကြတယ်။ Marx ကို analytic tradition မှာရော continental tradition မှာပါ လေ့လာကြတာ မနည်းဘူး။ ဒီတော့ စောစောက ပြောခဲ့တဲ့ Marxist တွေထဲမှာ  အပြောင်မြောက်ဆုံး ဆိုပီးပြောတာဟာ analytic tradition က Marxist တွေထဲမှာ အပြောင်မြောက်ဆုံးလို့ ပြောတာ။ တချို့ ကတော့ philosophy ဟာ analytic ဖြစ်ရင်ဖြစ် မဖြစ်ရင် bullshit ပဲဆိုပီးပြောတတ်ကြတယ်။ (အဲလို ပြောကြတဲ့ထဲမှာ ကနေ့ခေတ် ထင်ရှားတဲ့ ဖီလော်ဆော်ဖာတွေအားလုံး အထူးသဖြင့် အင်္ဂလိပ် စကားပြောတဲ့ နိုင်ငံတွေက ဖီလော်ဆော်ဖာတွေ အကုန်ပါတယ်။ ဥပမာ ပြင်သစ်က Althusser ဆိုရင် ထင်ရှားတဲ့ Marxist ဖီလော်ဆော်ဖာ ဖြစ်သလို ဖူးကိုး Foucault  ဟာလည်း ထင်ရှားတဲ့ analytic tradition ထဲ မဟုတ်တဲ့ ဖီလော်ဆော်ဖာပဲ။ ) ပြန်ဆက်ရရင် ခုရေးနေတဲ့ Marx မှာတွေ့ရတဲ့ Hegel ရဲ့ ဖီလော်ဆော်ဖီဟာG A Cohen ရဲ့ Karl Marx’s Theory of History ပထမခန်းကို အကုန်လုံးနီးနီးမှီးပီး ရေးမှာ ဖြစ်တယ်။ ဒီတော့ ဒီအခန်းကို တိုက်ရိုက်ဖတ်နိုင်သူများ Marx ကို နားလည်ချင်တယ်ဆိုရင် မဖတ်မဖြစ် ဖတ်ကြပါလို့ တိုက်တွန်းချင်တယ်။ http://en.wikipedia.org/wiki/Gerald_Cohen

ကိုင်း ဆက်ရအောင်.. ဟေဂယ်က ဘာသာရေးနဲ့ ပတ်သက်ပီး ဘာပြောလဲ။ စာဖတ်သူတို့ ဘိုင်ဘယ် ဖတ်ဖူးလားမသိဘူး။ ကျနော်တော်တော်များများ ဖတ်ဖူးတယ်။ တည်းခိုခန်းတွေ မှာ ထားပေးထားတဲ့ ဘိုင်ဘယ်စာအုပ်တွေကို ဟိုလှန် ဒီလှန်ဖတ်ရာကနေ စွဲပီး ဖတ်ဖြစ်သွားတာ။ တချို့ စာပိုဒ်တွေ သိပ်ထိတယ်လို့ ထင်မိတယ်။ ဒါပေမယ့် ဖတ်လို့ကောင်းတိုင်း အစစ်အမှန်ကို ကိုယ်စားပြုတယ်လို့တော့ ပြောလို့ရချင်မှ ရမှာမလား။ ဝေးဝေးမကြည့်နဲ့ ဇတ်ကြီးဆယ်ဘွဲ့နဲ့ ဇာတက ပုံပြင်တွေကိုသာကြည့်။

ဘိုင်ဘယ်မှာ ပထမဆုံးအခန်းမှာ ဘာပြောလဲ။ And God said, let us make men in our image တဲ့။ ဒီဝါကျကို နည်းနည်းခွဲခြမ်း စိတ်ဖြာကြည့်ရအောင်။ ပထမတချက်အနေနဲ့ God ဟာလူသားကို ဖန်ဆင်းတယ်တဲ့။ အိုကေ. နောက်တခါ God ဖန်ဆင်းတဲ့ လူဟာ သူ့ image အတိုင်းပဲတဲ့။ ဆိုတော့ကာ God ကိုပြီးပြည့်စုံမှု အဖြစ်ယူရင် သူဖန်ဆင်းတဲ့လူဟာ ပြီးပြည့်စုံမှုကနေ ပွားထားတာ ဖြစ်တဲ့အတွက် သူ့လို ပြီးပြည့်စုံခြင်း perfection မရှိဘူးလို့ အဓိပ္ပါယ်ကောက်ရမှာပေါ့။ လူသားဟာ mere replica of perfection ဟုတ်လား။ တကယ်လည်း လူ့လောကဟာ ပြီးပြည့်စုံခြင်း မရှိတာ လက်တွေ့မြင်နေကြရတာပဲ မဟုတ်လား။ တခါ God ဖန်ဆင်းတဲ့ လူသားဟာ သူ့လောက် ပြီးပြည့်စုံခြင်း မရှိဘူးဆိုပေမယ့် God ဟာလူသားကို သူ့ image အတိုင်းတော့ ဖန်ဆင်းသေးတယ်၊ တနည်းအားဖြင့် သူနဲ့ တူနိုင်သမျှ တူအောင်၊ ပြီးပြည့်စုံနိုင်သမျှ ပြီးပြည့်စုံအောင် ဖန်ဆင်းတယ်လို့ အဓိပ္ပါယ်ကောက်ရမယ်။

အဲဒိမှာ မေးစရာတွေ ပေါ်လာပြီ။ ပထမဆုံးတချက်အနေနဲ့ God ဟာ ပြီးပြည့်စုံတယ်ဆိုရင် ဘာ့ကြောင်း မပြီးပြည့်စုံတဲ့ အရာတခုကို ဖန်ဆင်းနေသေးလဲ။ လူသားဟာ ပြီးပြည့်စုံခြင်း မရှိဘူး၊ သူဖန်ဆင်းတဲ့ လောက ကမ္ဘာကြီးဟာ အကျည်းတန်မှုတွေ တွေ့နေရတာပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာမှထပ်ဖြည့်စွက်စရာ၊ ပြင်ဆင်စရာ မလိုတာကို ခေါ်တာဆိုတဲ့ အဓိပ္ပါယ်ဖွင့်မှုကို လက်ခံတာနဲ့ God ဟာ လူသားကို၊ ကမ္ဘာလောကကို ဖန်ဆင်းတယ် ဆိုတဲ့ ယုံကြည်မှု နှစ်ခုဟာ ဘယ်လိုမှ ရှေ့ နောက်မညီတော့ဘူး။ တွေ့လား ရိုးရိုးသာမန် စာကြောင်းလေး တကြောင်းကို ဖီလော်ဆော်ဖီနဲ့ ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ ထွက်ကျလာပြီ။

ဘိုင်ဘယ်မှာ ဒီမေးခွန်းကို အဖြေပေးမထားဘူး။ ဒီတော့ နောက်ပိုင်း ခရစ်ယာန်တွေက ဒီမေးခွန်းကို အဖြေပေးဖို့ ကြိုးစားကြတယ်။ Thomas Aquinas လည်း ဒါကို ကြိုးစား အဖြေပေးကြည့်ခဲ့တယ်၊ Spinoza လည်း ကြိုးစားကြည့်ခဲ့တယ်။ (Spinoza အကြောင်း ဆက်ရေးဖြစ်ရင် ဒီအကြောင်းတွေ ပါလာမှာ။ မကြာခင် ရေးဖြစ်နိုင်မယ်မျှော်လင့်ပါသည်၊ ခုတော့ ဒေးကားကနေ မတက်သေးဘူး။) ခုတော့ ဟေဂယ်ဘယ်လို ကြိုးစားသလဲဆိုတာ ကြည့်ရအောင်။

ဟေဂယ်က ဘယ်လိုမေးခွန်းထုတ်လဲဆိုတော့

If God is all-sufficient and lacks nothing, how does he come to release himself into something so utterly unequal to him? တဲ့။ (Philosophy of Nature. P205)

သူ့ဟာသူမေးထားတဲ့ မေးခွန်းကို ဖြေပုံကWithout the world, God is not God တဲ့။ ဒီစကားကို ရှေ့ မဆက်ခင် တခုပြောချင်တာက God ဟာ လူသားကို ဖန်ဆင်းတဲ့ အတွက် ပြီးပြည့်စုံခြင်း မရှိဘူးဆိုတဲ့ ကောက်ချက်ကို ငြင်းထားတဲ့ ငြင်းဆိုမှုတခုရှိတယ်။ Robert Nozick ရဲ Philosophical Explanations မှာ သူက တကယ်တော့ God က ပြီးပြည့်စုံခြင်း ကင်းမဲ့တာ မဟုတ်ဘဲ the conception of God ကသာ ပြီးပြည့်စုံခြင်း မရှိတာဖြစ်တယ်လို့ ဆိုတယ်။ လူသားရဲ့ အသိဥာဏ်ဟာ God ရဲ့ ပြီးပြည့်စုံမှုကို လိုက်မှီအောင် နားလည်နိုင်စွမ်း မရှိဘူး။ ဒီတော့ လူသားရဲ့  conception of God ဟာလည်း God ကို အပြည့်အ၀ နားလည်နိုင်မှာ မဟုတ်ဖူးတဲ့။ ပြောင်မြောက်တဲ့ စဉ်းစားချက်တခုလို့ ထင်မိတယ်။ ဒါပေမယ့် ဒါ Nozick ရဲ့  original တော့ မဟုတ်ဖူး။ အလယ်ခေတ်က theologians သမ္မာကျမ်းစာ ပညာရှင်တွေဆီကလာတာလို့ မှတ်သားဖူးတယ်။ ဒါပေမယ့် Nozick တင်ပြလာတဲ့ solution က ဟေဂယ် ပြောခဲ့တာနဲ့ အတော်လေး နီးစပ်တယ်လို့ ထင်တယ်။ ခုတော့ ဟေဂယ်ရဲ့ ပြော ခဲ့တဲ့ ၀ါကျကို ပြန်သွားရအောင်။

ဟေဂယ်က Without the world, God is not God တဲ့။ ဒီတော့ ဟေဂယ်ဆိုလိုတာ ဘာလဲ။ နှစ်ပေါင်းရာချီကြာ တည်တံ့ခဲ့တဲ့ အမေးပုစ္ဆာရဲ့ အဖြေကို တထိုင်းတည်းတော့ နားလည်ချင်မှ နားလည်မယ်။ ဆိုင်ရာ အကြောင်းအရာကို ဖတ်ပါများ လေ့လာပါ များတော့မှ ကိုယ့်နားလည်မှုက ပိုပိုနက်ရှိုင်းလာ၊ ကျယ်ပြန့်လာတာကိုး။ အဲ့သလို စိတ်ထဲထားပီး ဟေဂယ် ကိုကြည့်ရအောင်။ ဟေဂယ်က God နဲ့ သူရဲ့ ဖန်ဆင်းမှုကို ခွဲလို့မရဘူး၊ သူ့ရဲ့ ဖန်ဆင်းမှုဟာ God ရဲ့  အစိတ် အပိုင်းဖြစ်တယ်လို့ ယူဆတယ်။ ဆိုပါစို့ ပျားရည်နဲ့ ချိုမြမှုကို ခွဲခြားလို့ မရဘူး၊ တနည်း ပျားရည်ရဲ့ အနှစ်သာရ essence ဟာ ချိုမြမှုဖြစ်တယ်။ ဒါပေမယ့် ချိုမြမှုဆိုတဲ့ သဘောတရားဟာ ပြားရည် (ဒါမှမဟုတ် သကြား၊ ဂလူးကို့စ၊ ချောကလက် ကိုယ်ကြိုက်တဲ့ ဥပမာပေး) ဆိုတဲ့ ရုပ်ရဲ့  အကူအညီနဲ့သာ ပေါ်လွင်ထင်ရှားနိုင်တဲ့ သဘောမျိုး ဟေဂယ်က ဆိုလိုတာ ဖြစ်တယ်။

ကမ္ဘာဆိုတဲ့ ရုပ်ဝထ္ထုဟာ ပြီးပြည့်စုံခြင်း မရှိဘူး၊ အကန့်အသတ်ရှိတယ်။ ဒါပေမယ့် အကန့်အသတ်ဆိုတဲ့ ဝေါဟာရမှာကို အကန့်အသတ်မဲ့မှုသဘောက ပါနေပြီ။ တခုခုဟာ ကန့်သတ် ခံထားရတယ်ဆိုရင် ဘယ်ဟာက သူ့ကို ကန့်သတ်တာလဲလို့ မေးရတော့မယ်။ အကန့်အသတ်မဲ့မှုက သူ့ကို ကန့်သတ်တာ မဟုတ်ဖူးလား။ အင်္ဂလိပ်လို ပြောရရင် finite is contained by/within infinite ဟုတ်လား။ သမုဒ္ဒရာတွေ ဘယ်လောက် ကျယ်ပြော ကျယ်ပြော၊ သူတို့ကို ကမ်းက ဘောင်ခတ်ကန့်သတ်ထားတယ်။ ဒီအကန့်အသတ်ရှိတဲ့ ကုန်းဘောင်ကို တခါ လေဟာနယ်က ကန့်သတ်ပြန်တယ် စသဖြင့် သွားမယ်ပေါ့။ ဒီတော့ လူ့လောကဟာ ပြီးပြည့်စုံခြင်းမရှိ၊ အကန့်အသတ်ရှိတယ်ဆိုရင် ဒီအကန့်အသတ်ရှိမှု သဘာဝကို ပေါ်လွင်စေဖို့ အကန့်အသတ်ကင်းမဲ့မှုဆိုတဲ့ သဘောတရားတခု သဘာဝတခု လိုလာပြီပေါ့။ အဲဒိ သဘောတရားဟာ ဟေဂယ်အတွက်တော့ God ပဲ။ အောက်က ၀ါကျနှစ်ခုကို ယှဉ်ကြည့်။

ချိုမြမှုဟာ ပျားရည်ထဲမှာ ရှိတယ်၊ ပျားရည်ရဲ့ အကူနဲ့သာ ချိုမြမှုဟာ ပေါ်လွင်နိုင်တယ်။

အကန့်အသတ်ဟာ အကန့်အသတ်မဲမှုထဲမှာ ရှိတယ်၊ အကန့်အသတ်မဲမှုရဲ့ အကူနဲ့သာ အကန့်အသတ်(ရှိမှု)ဟာ ပေါ်လွင်နိုင်တယ်။

ဒီနေရာမှာ ဘာသာစကားတွေရဲ့ (ဘယ်ဘာသာ စကားမဆို)ချွတ်ယွင်းချက်လို့ ဆိုနိုင်တာ တခုကို ပြချင်တယ်။ ဥပမာ ဖန်ဆင်းတယ်၊ ဖန်တီးတယ်၊ ပြုလုပ်တယ် ဆိုတဲ့ စကားစုတွေကိုကြည့်။ ပန်းပုဆရာတယောက်က ပန်းပုရုပ်တခုကို ဖန်တီးတယ်၊ ပြုလုပ်တယ် ဆိုလိုက်ရင် ပန်းပုဆရာနဲ့ သူဖန်တီးတဲ့ ပန်းပုရုပ်နဲ့ဟာ တသားတည်း ဖြစ်မနေတာ ကို ဖော်ပြနေတယ်။ ပန်းပုဆရာက သပ်သပ်၊ သူ့အနုပညာက သပ်သပ်။ ဟုတ်တယ်နော်။ ဒါပေမယ့် အဲဒိ ဖန်ဆင်းတယ်ဆိုတဲ့ ဝေါဟာရနဲ့ God ရဲ့ လုပ်ရပ်ကို ဖော်ပြတဲ့အခါ နားလည်မှုလွဲဖို့ ဖြစ်လာစေတယ်လို့ တချို့ ခရစ်ယာန် ဖီလော်ဆော်ဖာများက ယူဆတယ်။ ဥပမာ God ကသပ်သပ်၊ သူဖန်တီးတဲ့ ကမ္ဘာက သပ်သပ်ရယ်လို့ သွားမြင်မိကြမယ်။ တကယ်က အဲ့သလို မဟုတ်ဘဲ God ဟာ သူ့ရဲ့ ဖန်ဆင်းမှုနဲ့ ဘယ်လိုမှ ခြားလို့ မရဘူးဆိုတဲ့ သဘောကို ဟေဂယ်က ဆိုလိုတာ ဖြစ်တယ်။ ဒါကို ချက်ချင်း သဘောမပေါက်နိုင်တာ ဘာသာစကားတွေရဲ့ ချွတ်ယွင်းမှုလို့ သူတို့က ယူဆတယ်။ ဂျာမန် ဖီလော်ဆော်ဖီမှာ အင်မတန်မှ အရေးကြီးတဲ့ ဝေါဟာရနှစ်ခုနဲ့ ခုပြောခဲ့ပြီးသလောက်ကို ထပ်ရှင်းကြည့်ရအောင်။ အဲဒိ ဝေါဟာရနှစ်ခုက essence နဲ့ being တဲ့။ ပျားရည် ဥပမာကို ပြန်ကြည့်ရင် essence ဆိုတာ ချိုမြမှုလိုဟာမျိုး၊ အရာဝထ္ထုတခုရဲ့ essence ဆိုတာ အဲဒိအရာဝထ္ထုကို သူ့ essence ကနေ ခွဲလိုက်ရင် အဲဒိအရာဝထ္ထုဟာ မူလအရာဝထ္ထု မဟုတ်တော့တာကို ပြောတာ။ ဆိုပါစို့ ကဗျာရဲ့ essence က ဘာလဲ။ ကဗျာမှာ essence ရှိတယ်ဆိုရင် ကဗျာနဲ့ သူ့ရဲ့ essence ကို ခွဲထည့်လိုက်ရင် ကဗျာဟာ ကဗျာ မဟုတ်တော့ဘူး။ ဒါပေမယ့် အဲဒိ essence ကို being ဆိုတဲ့ အထည်ရှိတဲ့ အရာတခုခု (ရုပ်အထည် ဟုတ်ချင်လည်း ဟုတ်မယ်) အကူအညီနဲ့ ဖော်ပြလေတယ်။ ကဗျာရဲ့ essence ဟာ xxx ဆိုရင် အဲ့ဒိ xxx ကို စကားလုံးတွေနဲ့ ဖော်ပြတာဆိုရင် ဒါတွေဟာ being a poem ပေါ့။ (စကားမစပ် ကနေ့ခေတ်မှာတော့ ကဗျာစပ်တယ်ဆိုတာ စိတ်ထဲ ပါးစပ်ထဲ ရွတ်လို့ကောင်းတဲ့ စကားလုံးလေးတွေ ချရေးတဲ့အဆင့်ရှိတော့တယ်။ ကဗျာဆိုတာ ဘာကိုခေါ်မှန်းတောင် မသိရလောက်အောင် ရေးချင်ရာရေးပီး ကဗျာလို့ ခေါင်းစဉ်တပ်တာနဲ့ ကဗျာဖြစ်နေပြီ။ ကဗျာကို ကဗျာလို့ ခေါ်လို့ရပြီး ဆိုပါစို့ ရေမွှေးလို့ ခေါ်လို့မရတာ ဘာ့ကြောင့်လဲ။ What makes poem a poem and not anything else? တနည်းအားဖြင့် ကဗျာနဲ့သာ သက်ဆိုင်ပီး တခြားဘာနဲ့မှ မဆိုင်တဲ့အရာဟာဘာလဲ။ အဲဒိ အရာဟာ ကဗျာရဲ့ essence ပဲ။ အဲဒိ essence ရှိတဲ့အရာကို ကဗျာလို့ ကင်ပွန်း တပ်ထားတာ မဟုတ်လား။ အဲဒိ essence ရှိမှသာ ကဗျာဆိုတဲ့ နာမ်ကို ထိုက်ထိုက် တန်တန် ခေါ်ပိုင်ခွင့်ရှိရမှာ။ အဲဒိ essence ဘာလဲ၊ အဲဒိ essence က ဘယ်လို ပုံသဏ္ဍာန်ယူလဲဆိုတာက နောက်တပိုင်း။ တခါ ပုပ်ရဟန်မင်းကြီး ဆိုတဲ့ ဝေါဟာရကိုကြည့်။ ပုပ်ရဟန်းမင်းဆိုတာ တခေတ်မှာ တယောက်ပဲ ရှိတယ်။ အဲ့သလို မဟုတ်ဘဲ လုတိုင်းက ငါပုပ်ရဟန်းမင်းကွဆိုရင် ပုပ်ရဟန်းမင်းဆိုတဲ့ ဝေါဟာရဟာ အဓိပ္ပါယ်ကို မရှိတော့ဘူး။)

မူရင်း အကြောင်းအရာကို ပြန်ဆက်ရရင် God မှာပြောခဲ့တဲ့ essence နဲ့ being ဟာ တသားထဲ ရှိတယ်လို့ ဟေဂယ်က ယူတယ်။ ပန်းပုဆရာနဲ့ သူဖန်ဆင်းတဲ့ ပန်းပုရုပ်လို မဟုတ်ဖူး။ ကမ္ဘာလောကဟာ God နဲ့ခွဲလို့မရတဲ့ တသားတည်း ရှိနေတဲ့ သူ့ရဲ့  အစိတ် အပိုင်းဖြစ်တယ်၊ လက်သမားဆရာက သူနဲ့ သပ်သပ်စီ ဖြစ်တဲ့ စားပွဲကို ဖန်ဆင်းသလိုမျိုး မဟုတ်ဖူးတဲ့။ တနည်းအားဖြင့် လောကမှာ  ရှိရှိသမျှ၊ ခင်ဗျားတို့ ကျနော်တို့ အားလုံးဟာ God ရဲ့ အစိတ်အပိုင်းတွေပဲ။ God နဲ့ ကင်းကွာပီး သူ့ essence နဲ့သူ ရပ်တည်နိုင်တာ ဘာမှမရှိဘူး။ essence ဆိုတာ အရာတိုင်းရဲ့ မရှိမဖြစ် အရေးပါတဲ့အရာ ဖြစ်လေတော့ သူ့ essence နဲ့သူ ရပ်တည်နိုင်တာ ဘာမှ မရှိဘူးဆိုတာ God နဲ့ကင်းကွားပီး ဘာမှ မရှိဘူးလို့ ပြောတာပဲပေါ့။

God, the absolutely infinite, is not something outside and beside whom there are other beings. All else outside God, if separated from him, possesses no being: in isolation it becomes a mere show or seeming, without say or essence of its own.

ဟေဂယ်ရဲ့ လောဂျစ် စာအုပ်ထဲက အထင်ရှားဆုံး မကြခဏ ကိုးကားကြဆုံး ၀ါကျတွေပဲ။ အဲဒိတော့ နေ့စဉ်သုံးနေကျ စကားနဲ့ God က ကမ္ဘာလောကကို ဖန်ဆင်းတယ်ဆိုတဲ့ ၀ါကျ၊ အပြောဟာ God နဲ့ သူ့ရဲ့ သဘာဝကို ဖော်ပြရာမှာ နားလည်မှု လွဲစေတာ တွေ့ရမယ်။ ဒီတော့ ကမ္ဘာလောကကို God က ဖန်ဆင်းတယ်ဆိုတဲ့ အဆိုကို ဟေဂယ်က သူ့ဟာသူ re-formulate လုပ်ပီး အဖြေကြိုးစား ပေးကြည့်ခဲ့တယ်။ စာဖတ်သူတို့ ဘ၀င်ကျချင်လည်း ကျမယ်၊ ကျချင်မှလည်း ကျမယ်။ စိတ်ဝင်စားရင်တော့ ဆက်ပီးလေ့လာကြပါလို့ တိုက်တွန်းပါတယ်။

စောစောက တွေ့ခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ God ဟာ ကမ္ဘာလောကကို ဘာ့ကြောင့် ဖန်ဆင်းလဲ ဆိုတဲ့ ခရစ်ယာန်ဝါဒကို တိုက်ရိုက်စိန်ခေါ်တဲ့ မေးခွန်းကို ဟေဂယ်က တိုက်ရိုက် မဖြေဘဲ ပြန်ပြီး re-phrase လုပ်တယ်။ God က ကမ္ဘာလောကကို ‘အပြင်ကနေပြီး’ ဖန်ဆင်းတာ မဟုတ်ဖူး၊ God နဲ့ သူဖန်ဆင်းတဲ့ အရာဟာ တသားထဲပဲ၊ တနည်း essence နဲ့ being ဟာ တထပ်တည်းလို့ သူက အဆိုပြုတယ်။ ဘာသာစကားတွေရဲ့ အားနည်းချက် ရှိတာ အမှန်ပဲ။ သို့သော်လည်း ဘယ်လို အားနည်းချက်ရှိရှိ God ရဲ့ လုပ်ရပ်ကို လူ့ရဲ့ ဆင်ခြင်တုံ တရားက လက်ခံလာအောင် ရှင်းပြဖို့က God ကိုယုံတဲ့ ဟေဂယ်တို့လို ဖီလော်ဆော်ဖာတွေရဲ့  အလုပ်။ They have to rationalize their faith, right? ဘာလို့ဆို ဟေဂယ်တို့ လက်ထက်မှာ အရင် အလယ်ခေတ်ကလို ဘယ်ဟာကို မဆို ဓားမိုးပြီးယုံခိုင်းလို့ မရတော့ဘူး။ ဒီတော့ ဘိုင်ဘယ် ပထမခန်းက မေးခွန်းကို re-phrase လုပ်ပြီး သကာလ ဟေဂယ် ဘယ်လို ဖြေလဲ၊ Marx က သူ့ဆီက ဘယ်လို ဆက်ခံလဲဆိုတာတွေ ဆက်ကြည့်ရအောင်။

သူ့မေးခွန်းကို ဖြေဖို့ ဟေဂယ်က ဂျာမန်ဝေါဟာရ Geist ဆိုတာကို ဆွဲခေါ်လာတယ်။ ဂျာမန်လို တတ်သူများအတွက်တော့ ဟန်တာပေါ့၊ ဒီဝေါဟာရ အနက်ကို ပိုပီး ထိထိမိမိ သိနိုင်မယ်။ အင်္ဂလိပ်လိုတော့ mind လို့လည်း ပြန်ကြ၊ spirit လို့လည်း ပြန်ကြတယ်။ ဘယ်လိုပဲ ပြန်ပြန် သူ့အနက်ကို နားလည်ဖို့က ပိုအရေးကြီးတယ်။ ဆိုတော့ ဟေဂယ်ပြောတဲ့ Geist ဆိုတာဘာလဲ။ ဗမာလို စိတ်လို့ ပြန်ကြည့်တာပေါ့။ ဗမာတွေ နားလည်တဲ့ စိတ်နဲ့ တထပ်ထဲတော့ ကျမှ မဟုတ်ဖူး။ ဒါပေမယ့် ခုတော့ စိတ်လို့ သီးခံခေါ်လိုက်အုံးမယ်။ ဟေဂယ် က ဒီ သဘောတရားကို သူ့အရင် မွန်တက်စကျူတို့ ဟက်ဒါတို့ဆီက ရတယ်လို့ တချို့ ဖီလော်ဆော်ဖာတွေက ပြောကြတယ်။ လူတကိုယ် စိတ်တမျိုးစီ ဆိုသလို အသက်ရှိနေတဲ့ လူတိုင်းမှာ ရှိတဲ့ အရာကို စိတ်လို့ခေါ်တယ်။ နောက်တခါ လူ့အဖွဲ့အစည်း မှာလည်း spirit ရှိတယ်လို့ မွန်တက်စကျူတို့၊ ဟေဂယ်တို့က ယူဆတယ်။ (ဗုဒ္ဓပြောတဲ့ စိတ်နဲ့ ဟေဂယ်ရဲ့ Geist က ဒီနေရာမှာ သိသိသာသာ စကွဲလာပြီလို့ ကျနော်က ယူဆတယ်။ ဗုဒ္ဓက ဟိုး ပဒေသရာဇ်ခေတ်မှာ လူဖြစ်လေတော့ ပဒေသရာဇ်ခေတ်တွေမှာ တွေ့ရတဲ့ အတွေးအခေါ်တွေမှာ တွေ့ရလေ့ရှိတဲ့အတိုင်း လူတဦးချင်း တယောက်ချင်းစီနဲ့ ဆိုင်တာကိုပဲ စိတ်ဝင်စားပြီး ဟေဂယ်တို့ Marx တို့ကတော့ ဒီဘက်ခေတ်မှာ လူဖြစ်တော့ ပိုပြီးကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းနဲ့ လူနဲ့ ဆက်စပ်မှုတွေကိုပါ စိတ်ဝင်စားကြတယ်။) အဲဒိ လူ့အဖွဲ့အစည်းရဲ့  spirit ဆိုတာ national character အမျိုးသား စရိုက်လက္ခဏာ ဆိုတာကို ပြောချင်တာ။ လူမျိုးတိုင်းမှာ တခြားလူမျိုးတခုခုနဲ့ မတူဘဲ သူတို့ လူမျိုးချင်းကြားမှာဘဲ ဘုံတွေ့ရတဲ့ စရိုက်လက္ခဏာကို ပြောတာ။ ဥပမာ သိတဲ့မလား သူက xxx ရှိတယ်၊ ဘာလို့ဆို သူက ဗမာကိုး၊ တရုတ်ကိုး၊ အီတာလျံကိုး၊ ဂျာမန်ကိုး စသဖြင့် ပြောကြတာမျိုး ကြားဖူးကြမယ်။ နောက် Geist တမျိုးကိုတော့ ဟေဂယ်က God အဖြစ်မြင်တယ်။ world-spirit ဆိုပီး အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။ God နဲ့ Geist ဟာ တခုစီသပ်သပ် မဟုတ်ဖူးနော်။ စောစောက ပန်းပုဆရာ ဥပမာ ပေးခဲ့သလို ဒီနှစ်ခုဟာ တသားတည်းပဲ။ ခွဲလို့မရဘူး။ God ဆိုတာ  world spirit၊ world spirit ဆိုတာ God။ ခွဲပြီး မြင်နေရင် ဟေဂယ်ကို နားလည်မှာ မဟုတ်ဖူး။ German phenomenology ကို နားလည်မှာ မဟုတ်ဖူး။ ဟေဂယ်ရဲ့  ဖီလော်ဆော်ဖီ စနစ်မှာ world-spirit ဟာ ရွှေဘပဲ။ စောစောက ပြောတဲ့ အမျိုးသား စရိုက်တို့၊ စိတ်တို့ဆိုတာ world-spirit နဲ့ သူ့သဘာဝကို နားလည်ဖို့ရာ အထောက်အကူ ဖြစ်စေတဲ့ သဘောတရားတွေပဲ။

ကဲဒီတော့ မေးမယ်။ စိတ်ရဲ့ သဘာဝဟာ ဘာလဲ။ တောင်မြို့ ဘုန်းကြီးရဲ့  ကိုယ်ကျင့် အဘိဓမ္မာမှာ ဘယ်လိုဖွင့်ထားလဲဆိုတော့ စိတ်ဆိုတာ သိတာကို ခေါ်တာတဲ့။ ဒီနေရာမှာ ဗုဒ္ဓပြောတာနဲ့ ဟေဂယ်တို့နဲ့ တူတူပဲ။ စိတ်ရဲ့ သဘာဝဟာ သိတာ။ အဲ.. ပိုပြီး တိတိကျကျ ပြောရရင် သူမှ အပတခြားအရာတွေကို သိတာကို စိတ်လို့ ခေါ်ပါသတဲ့။

Spirit … may be defined as that which has its centre in itself. It has not a unity outside itself, but has already found it; it exists in and with itself… Spirit is self-contained existence.

ဒီနေရာမှာ ဟေဂယ်ကို မေးစရာ ရှိတာက နေပါဦး ခင်ဗျားပြောတဲ့ world-spirit ဆိုတာကို ဘယ်ကနေ ခေါ်ချလာတာလဲ။ ခင်ဗျားတို့ ဖီလော်ဆော်ဖီမှာ အဲ့သလို concept တခု၊ သဘောတရား တခုခုကို မိုးကောင်းကင်ပေါ်ကနေ ဆွဲချလို့ရသလားလို့ မေးစရာ ရှိတယ်။ ဟေဂယ်က ဘယ်လိုဖြေနိုင်လဲဆိုတော့ ကဲ ဒါဆိုလည်း ဒို့ လက်တွေ့မြင်နေရတဲ့ အရာက စတာပေါ့ကွာလို့ ပြောပြီး မင်း လူမျိုးတမျိုးရဲ့  စရိုက်လက္ခဏာဆိုတာကို သဘောေ ပါက်တယ် မလား။ ငါက ပရပ်ရှား၊ မင်းက ဗမာ၊ မင်းက တရုတ် စသဖြင့် မင်းတို့ငါတို့မှာ တယောက်နဲ့ တယောက်မတူတဲ့ စရိုက်တွေရှိတယ်၊ ဒါပေမယ့် မင်းတို့ ဗမာတွေ အချင်းချင်း ကြားမှာတော့ ဒီစရိုက်တွေဟာ ဘုံအဖြစ်နဲ့ ပါနေတယ်။ ဥပမာ ဂျပန်ဆိုရင် စည်းကမ်းေ သ၀ပ်တယ်၊ သပ်ရပ်သန့်ရှင်းတယ်ဆိုပြီး သိကြတယ်။ ဂျပန်တိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် ဒါကို ဂျပန်လူမျိုးတွေမှာ ယေဘုယျ တွေ့ရတဲ့ စရိုက်လက္ခဏာလို့ပြောရင် လက်ခံမလား။ ကျနော့် အမြင်တော့ ဒါလက်ခံဖို့ မခက်ဖူးလို့ ထင်တယ်။ ဒီတော့ premise တခု ချရေးကြည့်မယ်။

၁။ လူမျိုးတိုင်းမှာ တခြားလူမျိုးနဲ့ မတူတဲ့ စရိုက်လက္ခဏာ ရှိကြတယ်။ (ဒီ premise က လက်တွေ့မြင်ရတာမို့ empirical fact လို့ ပြောမယ်၊ ဟုတ်ပီနော်။)

နောက်တခါ ဟေဂယ်က ဘယ်လို ပြောလာနိုင်လဲဆိုတော့ ကဲ ခုတခါ သမိုင်းကို ပန်ကြည့် လိုက်စမ်းကွာ၊ ဟိုးအရင်က လူတွေဟာ အရှက်လုံရုံ ဖုံးဖိဝတ်စားပြီး အမဲလိုက်၊ ငါးရှာ၊ သားစိမ်း ငါးစိမ်း စားတဲ့ ဓလေ့ကနေ ခုဆို စိုက်ပျိုးမွေးမြူတဲ့ ဓလေ့ကို ထွန်းကားလာတယ်။ ဒီတော့ ဓလေ့ထွန်းကား တိုးတက်လာမှုဟာလည်း cultural progress in history လက်တွေ့မြင်နိုင်တဲ့ အချက်မဟုတ်ပေဖူးလား။ ဒါပေမယ့် ဒီ cultural progress ဟာ တကမ္ဘာလုံးက လူတိုင်းမှာ တပြေးညီတွေ့ရတဲ့ အချက် မဟုတ်သေးဘူး။ (တနည်းအားဖြင့် အဲဒိတုန်းက ကမ္ဘာမပြားသေးဘူး။) ဒါပေမယ့် တူညီတဲ့ အချက်တခုက ယဉ်ကျေးမှုဓလေ့ ဖွံ့ဖြိုးတိုးတက်မှုကို သယ်ဆောင်ပေးတဲ့ vehicle ယာဉ်ဟာ တိုင်းနိုင်ငံ nation ပဲလို့ ဟေဂယ်က ပြောတယ်။ ယဉ်ကျေးမှုဓလေ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းနိုင်ငံနဲ့ ဆက်စပ်ပြီး ဖော်ပြလေ့ရှိတာ ဗမာစာဖတ်တဲ့သူတွေ သတိထားမိမှာပဲ။ ဥပမာ ပုဂံခေတ် ၀တ်စားဆင်ယင်မှု၊ အင်းဝခောတ် စာပေ၊ ကုန်းဘောင်ခေတ် ဆင်ယင်ထုံးဖွဲ့မှု စသဖြင့် စသဖြင့် ရှိမယ်။ အရင်က စာကိုကျောက်ပေါ်ရေးတဲ့ ကျောက်ဓလေ့၊ နောက်ေ ပရွက်ပေါ်၊ စာရွက်ပေါ် အဲခုတော့ အင်တာနက်ပေါ် ရေးတဲ့ ဓလေ့ကို အဆင့်ဆင့် ထွန်းကား လာတယ်။ေ ဟဂယ်ပြောတဲ့ vehicle ယာဉ်ဆိုတာနဲ့ မော်တော်ကားကြီးကို မျက်စိထဲ ပြေးမမြင် လိုက်နဲ့အုံး။ သူဆိုလိုတဲ့ vehicle က တခုခုကို သယ်ဆောင်ပေးတာကို ခေါ်တာ။ ဒီနေရာမှာ စောစောက ဓလေ့ကို သယ်ဆောင်ပေးတာ၊ အဲဒိဓလေ့ဟာ တိုင်းနိုင်ငံတည်း ဟူသော ယာဉ်တွေရဲ့ အကူနဲ့သာ ပေါ်လွင်ထင်ရှားနိုင်တာကိုး။ ပြောခဲ့သလို ပုဂံခေတ်ေ ကျာက်စာ၊ ကိုလိုနီခေတ်အရေးအသား ဆိုတဲ့ ဝေါဟာရတွေကိုက ဒါကို သက်သေ ခံနေတယ်လို့ ဟေဂယ်က ပြောလာမယ်။ ဒီတော့ ဒုတိယ premise ကိုချရေးကြည့်မယ်။

၂။ သမိုင်းမှာ ယဉ်ကျေးမှု ဓလေ့တိုးတက်မှု cultural progress ဆိုတာရှိတယ်၊ ဒီယဉ်ကျေးမှုကို သယ်ဆောင်လာတဲ့ ယဉ်ဟာ တိုင်းနိုင်ငံတွေဖြစ်တယ်။ (ဒီ premise ဟာလည်း လက်တွေ့မြင်နိုင်သမို့ empirical fact လို့ ပြောရမှာဘဲ။)

နောက်တခါ ဟေဂယ်ဟာ ခရစ်ယာန်ဖြစ်တယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့ ခရစ်ယာန်ေ တွ ဖြစ်တဲ့ Aquinas တို့ ချခဲ့တဲ့ အမြင်တခုက ဘာလဲဆိုတော့ ခရစ်ယာန်ဘာသာက ပုံရိပ်တိုင်း အတွက် သက်ဆိုင်ရာ ဖီလော်ဆော်ဖီ အမှန်တရားတခု ရှိကိုရှိတဲ့ ဆိုတဲ့အမြင်ပဲ။ ဒီတော့ ပြောခဲ့တဲ့ ၁ နဲ့ ၂ ကို ရှင်းပြဖို့ ဖီလော်ဆော်ဖီ အမှန်တရားတခု ရှိကိုရှိရမယ်။ အဲဒါကတော့ … world-spirit ပါပဲ ခင်ဗျာလို့ ဟေဂယ်က ကောက်ချက်ချတယ်။

ကိုင်းဒီတော့ ခုပြောပြီးခဲ့သလောက်ကို နည်းနည်းပြန်ကောက်ရရင် သမိုင်းကိုပြန်ကြည့်ရင် ဓလေ့ထုံးစံတွေ တိုးတက် ထွန်းကားလာတာ တွေ့ရမယ်။  ဟိုးဘေဘီလုံခေတ်၊ ခေါမခေတ်၊ေ ရာမခေတ်၊ နောက်ခု သူတို့ ဖြတ်သန်းနေတဲ့ ရီနေးဆင့်ကာလ သမိုင်းဟာ တောက်လျှောက် တိုးတက်လာနေတယ်။ အဲဒိတိုးတက်မှုကို တိုင်းနိုင်ငံတွေကိုကြည့်ပီး တွေ့နိုင်တယ်။ေ ရာမခေတ်၊ ခေါမခေတ် ဆိုတဲ့ဝေါဟာရတွေကိုသာကြည့်။ အဲ့သလို တိုးတက်လာမှုကိုေ ဟဂယ်က world-spirit ရဲ့ ခရီးလို့ တင်စားပြောတယ်။ ကဲဒီတော့ ခု အဲဒိ သမိုင်းခရီးရှည် ကြီးကို ချီတက်နေတဲ့ world-spirit အကြောင်း နည်းနည်း အသေးစိတ် ကြည့်ရအောင်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: