//
archives

Archive for

ပိတ်ထားသောတံခါးများနှင့်တံခါးဖွင့်ခြင်း

၁၉၉၆ခုနှစ်။ တက္ကသိုလ်ရောက်တာ တလပဲရှိသေး။ ကျောင်းကပိတ်သွားပြီ။ ကျောင်းဖွင့်တာကို စောင့်မလား။ တခြားစာတွေသင်မလား။ အင်္ဂလိပ်စာသင်တန်း ၃ခုလောက်မှာ ကိုယ့်ကိုကိုယ်သွားအပ်လိုက်တယ်။ အဒေါ်ပြန်လာပြီး ဂျီစီအီး အိုသင်တန်းတွေဖွင့်တယ်။ ပထမဆုံးအသုတ်ကျောင်းသားတွေထဲမှာ အဖေအမေ၊ ဆွေမျိုးတွေ နိုင်ငံခြားရောက်နေသူတွေလဲရှိ၊ ဘယ်သူမှနိုင်ငံခြားမှာမရှိဘဲ အလကားနေအလကား လာတက်ကြသူ ကိုယ့်လို လူမျိုးတွေလဲရှိ။ ဆရာတွေအသင်အပြကောင်းတာ၊ သူတို့ကိုကြောက်တာနဲ့  ၁ဝတန်းတုန်းကစာဖတ်ရှိန်လေးနဲ့ပေါင်းပြီး အမှတ်တွေက အမှတ်မထင်ကောင်းသွားရော။ အဲဒီမှာ တံခါးတွေဖွင့်ဖို့ လုပ်ရတော့တာပါပဲ။

Blog Stats

  • 89,890 hits