//
you're reading...
Burma, Burma referendum, Politics

A Parody of Democracy

“We have everything – a parliament, courts, a president, a prime minister and so on. But it’s more of an imitation,” -Mikhail Gorbachev-

“Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.”-Aung San Suu Kyi-

ခုရေးမယ့် စာမှာ ဒေါ်စုပြောတဲ့ parody of democracy ဆိုတာလေးကို နည်းနည်း အင်တာပရက် လုပ်ကြည့်ချင်တယ်။ အောက်စဖို့ အဘိဓာန်က parody ကို ဘယ်လို အဓိပ္ပါယ် ဖွင့်လဲဆိုတော့ an imitation or version of something that falls far short of the real thing; a travesty တဲ့။ ဒီတော့ parody of democracy ကို ရေတွေ တရားလွန်ရောထားတဲ့ ဒီမိုကရေစီလို့ ပြန်ရမလား ဘဲ။ ဒါလည်း သိပ်မကောင်းဘူး။ ဘာလို့ဆို ရေရောထားတယ်ဆိုရင် အစစ်က အနည်းအကျဉ်းတော့ ပါရ ဉီးမယ်။  နအဖ စစ်အုပ်စု ပြောနေတဲ့ ဒီမိုကရေစီဆိုတာက ဘာအစစ်မှ မပါဘူး၊ အင်ကြီး။ အင် မှ အင် အစစ်။ ဒီတော့ အင် စစ်တဲ့ ဒီမိုကရေစီလို့ ပြောရရင် ပိုသင့်မယ်။

ဒါနဲ့ ကြုံလို့ ပြောရဉီးမယ်။ ဂေါဘာချော့ဖရဲ့ ကနေ့ရုသျှပြည်နဲ့ ကနေ့ ဗမာပြည် တူတာတွေမှ အများကြီးပဲ။ ကနေ့ ရုသျှကို ကေဂျီဘီ အကျိုးအပဲ့ မားဖီးယားတွေ အုပ်စီးထားသလို ဗမာ တပြည်လုံးကိုလည်း အရပ်သား အရေခြုံ စစ်အုပ်စု မာဖီးယား တအုပ်က အပိုင်စီးထားတယ်။ ဒါပေမယ့် ရုသျှက ကေဂျီဘီအပျက် မာဖီးယားရော၊ ဗမာပြည်က ဗိုလ်နေဝင်းနည်းခံ ကနေ့ခေတ် စစ်အုပ်စု မာဖီးယားရောက သူတို့ဟာ ဒီမိုကရေစီနဲ့ အညီ ရွေးကောက်တင်မြှောက်ခံရပြီး တက်လာတဲ့ အစိုးရတွေ ပုံဖမ်းထားတယ်။ နောက်တူတာ တချက်က နှစ်နိုင်ငံစလုံးက အာဏာရှင်တွေကို အာဏာရှင်မှန်း သိသိနဲ့ ကိုယ့်နိုင်ငံ အကျိုးစီးပွားကို အခြေခံတဲ့ စဉ်းစားချက်နဲ့ အာဏာရှင်တို့ရဲ့ မာဖီးယား ဒီမိုကရေစီကို တကယ့် အစစ်အမှန်လိုမျိုး ကမ္ဘာ့ နိုင်ငံကြီးတွေက သဘောထားပေးနေတာပဲ ဖြစ်တယ်။ (မာဖီးယား ဒီမိုကရေစီ ဆိုတဲ့ပုဒ်က နည်းနည်း ဘို ဆန်တယ်။ ဗမာဆန်အောင် ဒို့တိုင်းပြည်က စစ်အုပ်စု ဒီမိုကရေစီကို လမ်းမတော် ဖိုးတုတ် ဒီမိုကရေစီလို့ ခေါ်ရင် ပိုသင့်တော်မယ်။) တိုနီဘလဲယားတို့၊ မာကဲတို့၊ ဆာကိုဇီတို့က ရုသျှက ဥပဒေမဲ့ လုပ်ရပ်တွေကို မသိကျိုးကျွန် ပြုပြီး မော်စကိုက မာဖီးယားတွေနဲ့ ဆက်ဆံနေသလို မြန်မာနိုင်ငံ မှာလည်း ခုဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မမြင်ချင်ယောင်ဆောင်ပြီး အရပ်သား အရေခြုံ နေပြည်တော် စစ်အုပ်စုကို တကဲ့ ဒီမိုကရေစီ အရပ်သား အစိုးရအဖြစ် အသိအမှတ်ပြုပြီး ပလူးချင်နေတဲ့ နိုင်ငံတွေ တန်းစီနေတယ်။

ဗမာပြည်က ကနေ့ခေတ် စစ်အုပ်စုရဲ့ သရုပ်မှန်ကို ပြည်သူလူထု အများစုက သိပ်သိသပေါ့။ လက်ရှိ စစ်အုပ်စုက ဗိုလ်နေဝင်းလောက် မလည်ပါဘူး။ (ပြောသာ ပြောရတယ်၊ ဒါမှန်မမှန် စောင့်ကြည့်တာ ပိုကောင်းမယ် ထင်တယ်၊ ဗိုလ်နေဝင်းက ဘောင်းဘီချွတ်ပြီး ဆယ့်လေးငါးနှစ်လောက်ထိ ခံတယ်။ ၇၄ မှာ မဆလ ပေါ်လာတယ်၊ ၈၈ မှာ မဆလ ပြုတ်သွားတယ်။ ခု ဗိုလ်သန်းရွှေက ဗိုလ်နေဝင်းလောက် ခံမခံ စောင့်ကြည့်ရမှာဘဲ။) ဒီတော့ ဗိုလ်နေဝင်းလှည့်တာတောင် နဝေတိမ်တောင် မဖြစ်တဲ့ လူထုက ဗိုလ်နေဝင်း လောက်မှ မနပ်တဲ့ သူ့နည်းခံ ဗိုလ်သန်းရွှေ စစ်အုပ်စု လှည့်စားတာကို မျက်စိလည်စရာ အကြောင်း မမြင်မိဘူး။ ဒါပေမယ့် ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့ လှည့်ခဲ့တာ၊ လှည့်နေတာကို သိသိနဲ့ ရူးချင်ယောင်ဆောင် အလိမ်ခံသူတွေ ရှိတယ်။ (ဒင်းတို့ကို ဒီမိုကရေစီ ချီးထုပ်များလို့ ကျုပ်ကတော့ နံမယ် ပေးချင်ပါရဲ့။ ကျနော်မျိုး ဆိုလိုတဲ့ ချီးထုပ် bullshit ဘာဆိုတာ သိချင်ရင် Princeton က ဖီလော်ဆော်ဖာ ဟယ်ရီဖရန့်ဖွတ်ရဲ့ ချီးထုပ်ဋီကာ On Bullshit ကို ဖတ်ကြည့်ကြပါလေ။)

ဗိုလ်နေဝင်းက အာဏာသိမ်းပြီး ဆိုရှယ်လစ်လမ်းအတိုင်း သွားမယ် ကြေညာတော့ စစ်ကျွန်ခံဖို့ ပြင်နေသူတွေ သိပ်ဟန်ကျသွားတယ်။ ဒီလို ကြေညာလိုက်တော့ ဒို့က ကိုယ့်ယုံကြည်ချက်ဖြစ်တဲ့ လက်ဝဲ လမ်းစဉ်ကို သစ္စာ မဖောက်ပါဘူး၊ ဗိုလ်ချုပ်ကြီး အစိုးရက ဆိုရှယ်လစ် အရေး လုပ်နေတာပဲ ဆိုပြီး ကိုယ့်ရဲ့ လက်နက်ချ သာရာကူး လမ်းစဉ်ကို တရားထူထောင်ဖို့ ဒီလူတွေ အတွက် လမ်းကြောင်း ဖွင့်ပေးလိုက်သလို ပဲ။ ဗိုလ်ချုပ်ကြီးက ဆိုရှယ်လစ်လမ်းအတိုင်း ချီတက်မယ်ဆိုရင် ခွေးကတက်က လိုက်ရ လိုက်ရ ဖြစ်လာကြရော။ (တချို့ မနူးမနပ် ကျွန်ဝယ်ရာ အဆစ်ပါသူများလည်း ရှိပါတယ်လေ။ တကယ် ယုံစားမိပြီး ကျောချမှ ဓားပြမှန်း သိသူတွေလည်း ရှိမယ်လို့ တချို့ လူများအတွက် သံသယ အကျိုး ခံစားခွင့် ပေးလိုက်ပါဉီးမယ်။) တကယ်က ဗိုလ်နေဝင်း မဆလဟာ ဘာဆိုရှယ်လစ်မှ မဟုတ်ဖူး။ သူ့ဆီမှာ ဆိုရှယ်လစ်နဲ့ တူတာဆိုလို့ စျေးကွက် စီးပွားရေး စနစ် မရှိတာပဲ ပြစရာ ရှိတယ်။ ပြည်သူပိုင်လုပ်တယ် ဆိုပြီး ကွမ်းယာဆိုင်မကျန် ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ အားလုံးကို နေ့ခင်းကြောင်တောင် အေးဓားပြတိုက်ပြီး စစ်အုပ်စု ထိပ်ပိုင်းကလူတွေ ဝေစားမျှစား လုပ်ခဲ့တာပဲ။

တခါ ခုနအဖ စစ်အုပ်စုအလှည့်ကျပြန်တော့ ဆိုရှယ်လစ် နေရာမှာ စျေးကွက် စီးပွားရေးတို့၊ အရင်းရှင် စနစ်တို့၊ ဒီမိုကရေစီတို့ ရောက်လာတယ်။ ဒီတော့ ရူးချင်ယောင် ဆောင်ပြီး ဆက်မှိန်းချင်သူတွေ စျေးကွက် စီးပွားရေးတို့၊ ဒီမိုကရေစီတို့နောက် လိုက်ကြပြန်ရော။ ခုလည်း ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားပေးတယ် ဆိုပြီး တိုင်းပြည်ထဲက အတွင်းပစ္စည်းတွေကို အိမ်တိုင်ပါမကျန် ချွတ်ရောင်းဖို့ ပြင်နေကြပြန်ပြီ။ ဒီမိုကရေစီတို့၊ စျေးကွက်စီးပွားရေးတို့ အရေခြုံ ဗိုလ်သန်းရွှေ စစ်အုပ်စုတို့ရဲ့ လုပ်ပုံက ဆိုရှယ်လစ် အရေခြုံဗိုလ်နေဝင်း စစ်အုပ်စုရဲ့ လုပ်ပုံထက် စိတ်ကူး စိတ်သန်း ပိုမကောင်းသေးပါဘူး။ ကဲ ကြုံလို့ ပြောတာတွေ  အတော်တောင် ရှည်သွားပြီ။ ဒါပေမယ့် ဒါတွေဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ ဖတ်ရင်း ပေါ်လာပါလိမ့်မယ်။ ခုတော့ မူလ အကြောင်းအရာကို ပြန်သွားဉီးမှ။

ဒါနဲ့ စာဖတ် ပရိသတ်များကို တခုလောက် မေးပါရစေ။ ဒီမိုကရေစီ အတုဆိုတာ ရှိရင် (ဂေါ်ဘာခေျာ့ဖ ကတော့ ရှိတယ်လို့ ယုံတယ်။ ဒေါ်စုလည်း ယုံပုံရပါတယ်။) အဲဒိ အတုဟာ အစစ်နဲ့ ဘယ်လို ကွာမလဲ။ အတုဆိုတာ အစစ်ကို ပုံတူကူးထားတာဆိုရင် ဒီမိုကရေစီ အတုဟာ ဒီမိုကရေစီ အစစ်ကို ပုံတူ ကူးထားခြင်းပေါ့။ so far so good … ဒီမိုကရေစီ အစစ်မှာ ဘာတွေ ရှိမလဲ။ (စာဖတ်သူတွေကို မလိုအပ်ဘဲ ဆရာလုပ်နေပုံ ပေါက်နေရင် သည်းခံပေးဖို့ ခွင့်ပန်ရမှာဘဲ။ ကိုယ့်ဟာကိုယ် စဉ်းစားမိတဲ့ chain of reasoning အတိုင်းချပြချင်လို့ ခုလို့ မေးခွန်းများနေရခြင်း ဖြစ်ပါသည် ခင်ညာ။) ဒီမိုကရေစီရှိတဲ့ လူ့အဖွဲ့အစည်းတခုရဲ့ သရုပ်သကန်တွေက ဘာဖြစ်မလဲ။ ဟဲဟဲ ဒါက အကယ်ဒဲမစ် ကွက်ရှင် ဖြစ်နေတယ်။ စာတတ်ပေတတ်တွေလည်း တယောက်နဲ့ တယောက် ဖြေပုံ ထပ်တူကျချင်မှ ကျမယ်။ ဒါပေမယ့် သေချာပေါက် ပြောနိုင်တာကတော့ တိုင်းပြည် တပြည်ကို အုပ်ချုပ် စီမံခန့်ခွဲတဲ့ အပိုင်းမှာ ပြည်သူလူထုရဲ့ ပါဝင်လုပ်ဆောင်ခွင့်ရှိမှု၊ ပါဝင်လုပ်ဆောင်မှု အတိုင်းအတာကို ကြည့်ပြီး ဒီမိုကရေစီ မည်ရွှေ့မည်မျှ ရှိသည်ဆိုပြီး အဆုံးအဖြတ် ပေးနိုင်တာကို အားလုံး လက်ခံကြလိမ့်မယ်။ အကြမ်းစား ပြောရရင်တော့ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ မှန်မှန် လုပ်မလုပ်ကို ကြည့်ပြီး တိုင်းတယ်လို့ ပြောရမှာဘဲ။ ( ဒါပေမယ့် ပြည်သူလူထုရဲ့ တိုင်းပြည် အရေးကိစ္စတွေမှာ ပါဝင်လုပ်ဆောင်မှုက ရွေးကောက်ပွဲ မဲထည့်တာ သက်သက်တင် မကသင့်ဘူး။ ဒါက စကားချပ်။) အကျိုးဆက် အနေနဲ့ ဒီမိုကရေစီ အဖွဲ့အစည်းမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးမှု အခိုင်အမာ ရှိတယ်။ ဘာလို့ဆို ရာရှင်နယ်ကျကျ စဉ်းစားနိုင်တဲ့ နိုင်ငံသားတွေက သူတို့ အခွင့်အရေးတွေကို အကာအကွယ်ပေးမယ့် စနစ်တွေကို လိုလားပြီး ဒီစနစ်တွေ ရှိစေချင်လို့ပဲ။ ဒီမိုကရေစီလို့ သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ဒီလက္ခဏာ နှစ်ခုက ထင်ထင်ရှားရှား ရှိကိုရှိရမယ်။

အစစ်ကို တု ချင်သူဟာ အစစ်ရဲ့ သရုပ်သကန်တွေကို တု ရမှာ ဖြစ်လေတော့ကာ ဒီမိုကရေစီကို အင်ထုချင်သူက ဒီလက္ခဏာ နှစ်ခုကို အဓိက ပစ်မှတ်ထားတော့မှာပေါ့။ တကယ်လည်း ဒီအတိုင်း ဖြစ်တာပဲ။ ဒါပေမယ့် အဲ့သလို အင်ထုတဲ့ နေရာမှာ အင်ထုသူတွေ ရေးတဲ့ ဇာတ်အတိုင်း ကပြ အသုံးတော် ခံမယ့်လူတွေ မရှိမဖြစ် ရှိကို ရှိရဉီးမယ်၊ ဟုတ်တယ်ဟုတ်။ ရှင်းရှင်းလေးဘဲ။ အာဏာရှင်စနစ်က ဘယ်သူ့ကိုမှ လိမ်စရာ မလိုဘူး။ ဓားမိုးပြီး ဟေ့မင်းတို့ ငါနဲ့ သဘောမတူရင် ဇက်ပေါ် ဓားဝဲသွားမယ်၊ ဘာမှတ်လဲဆိုတာနဲ့ ပြီးတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒက ပါကိုပါရတော့မှာ ဖြစ်တဲ့အတွက် အင် ထုမယ့်သူက နည်းနည်းလေး စိတ်ကူး စိတ်သန်း ကောင်းရတော့မယ်။ ကိုယ်ရေးတဲ့ ဇာတ်ကို ကမယ့်သူတွေကို ပြည်သူလူထုကို ကိုယ်စား ပြုသူတွေ အဖြစ် ပီပြင်နိုင်သမျှ ပီပြင်အောင် ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ စဉ်းစား ရတော့မယ်။ (ဓားမိုး အုပ်ချုပ်တာနဲ့ ဒီမိုကရေစီကို အင်ထု အုပ်ချုပ်တာ ဘယ်ဟာ ပိုအားစိုက်ရလဲ။ ဒါလဲ နောက် အကဲဒမစ် ကွက်ရှင်ပဲ။ စိတ်ဝင်စားသူများ ဆက်စဉ်းစားကြပေါ့။) ဒါဟာ ဒေါ်စုပြောတဲ့ အာဏာရှင်စနစ်နဲ့ အင် ထုထားတဲ့ ဒီမိုကရေစီတို့ရဲ့ အဓိက အကျဆုံး ခြားနားချက်ပဲ။ အပေါ်က စာပိုဒ်မှာ ပြောသွားတဲ့ ဒီမိုကရေစီရဲ့ ပထမ လက္ခဏာ ဖြစ်တဲ့ ရွေးကောက်ပွဲကိစ္စမှာ အင် ထုသူတွေ က စေချင်တဲ့ ဇာတ် ပီပြင်အောင် ဘယ်သူတွေ အိမ်ဝင်ဖြည့်ပေးသလဲဆိုတာ အားလုံးသိပြီးလောက်ပြီမို့ အကျယ် မချဲ့တော့ဘူး။

ခု ပြောချင်တာက နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မှု အပိုင်းကို အင် ထုပုံ။ ဒီနေရာမှာ ဝင်ပြီး အိမ်ဖြည့်ပေးနေသူများကတော့ လက်ရှိ ဂျာနယ်တွေမှာ နေရာယူလာတဲ့ အကိုင်းအခက် ဝေဖန်ရေးသမားတွေပဲ ဖြစ်တယ်။ ဗိုလ်ကျော်ဆန်းဖွင့်ပေးထားတဲ့ ခွင် သေးသေးလေးမှာ ကခွင့် ရတယ်ဆိုရင်ပဲ သမ္မတကြီး အစိုးရသစ် လက်ထက်မှာ မီဒီယာတွေ ပိုရေးသားလာနိုင်ပြီ၊ စတုထ္ထ မဏ္ဍိုင် ပိုအားကောင်းလာသယောင် ထင်လာမိကြပုံရတယ်။ တကယ်တော့ ဒီအကိုင်းအခက် ဝေဖန်မှုတွေ အားလုံးဟာ နအဖ ချပေးတဲ့ နှပ်ကြောင်းထဲမှာသာ လျှောက်နေရတယ် ဆိုတာကို နားလည် ထားသင့်တယ်။ အပေါ်မှာ ပြောခဲ့တဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ် သရုပ်သကန် တခု ပိုပီပြင်လာတာ လုံးဝ မဟုတ်ဖူး။ (အဲ တခုတော့ ရှိတယ်။ လက်ရှိ ဖွင့်ပေးထားတဲ့ ခွင် ထဲကနေ တမင် မရည်ရွယ်ဘဲ ပေါ်လာတဲ့ ကောင်းမွန်တဲ့ အကျိုးဆက်လေးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါဘယ်လိုမှ အာမမခံနိုင်ပါ။ ဒီမိုကရေစီ အခွင့်အရေးရဖို့က ထီထိုးသလို လောင်းကစား ရလာဒ်ပေါ် မျှော်ကြည့်နေရတာ အဓိပ္ပါယ် မရှိလှပါဘူး။) ဘာနဲ့တူလဲဆိုတော့ အောင်မှတ် အမှတ် ငါးဆယ် သတ်မှတ်ထားတဲ့ စာမေးပွဲ တခုမှာ အမှတ်သုံးဆယ်သမားနဲ့ လေးဆယ့်ကိုးမှတ်သမား နှစ်ယောက်လုံးကို စာမေးပွဲ ကျသူများ အဖြစ် သတ်မှတ်ရသလိုပဲ။ လေးဆယ့်ကိုးမှတ် ရလို့ အမှတ်သုံးဆယ်ထက် စာနယ်ဇင်း လွတ်လပ်ခွင့် ပိုရှိလာတယ်လို့ ပြောလို့ ရနိုင်မယ် မထင်ဘူး။ ပြောခဲ့တဲ့ အကိုင်းအခက် ဝေဖန်မှုတွေ အားလုံးကို ကြည့်လိုက်ရင် အားလုံးဟာ လက်ရှိ သိန်းစိန်အစိုးရကို အရပ်သား အစိုးရသစ်အဖြစ် ထုတ်မပြောဘဲ နားလည်အသိအမှတ် ပြုထားတာကို တွေ့ရမယ်။ ဘာနဲ့တူလဲဆိုတော့ မဆလတုန်းက ဗိုလ်တထောင် သတင်းစာက သိန်းဖေမြင့်ရဲ့ ပွင့်ပွင့်လင်းလင်း ကဏ္ဍလိုပေါ့။ ထက်လှပါတယ်ဆိုတဲ့ သိန်းဖေမြင့်ရဲ့ ကလောင်မလဲ သမဝါယမဆိုင်တွေမှာ ဘယ်လို တန်းစီရတယ်၊ ဘယ်သူတွေ ဘယ်လို ကြိတ်ဝါး နေတယ် စတာတွေလောက်သာ ဝေဖန်နိုင်ရှာတယ်။ နောက် သိန်းဖေမြင့်ရဲ့ အကိုင်းအခက် ဝေဖန်မှုတွေမှာ ဗိုလ်နေဝင်းရဲ့ မဆလကို ခု မီဒီယာတွေမှာ သိန်းစိန် အစိုးရကို တရားဝင် အစိုးရပမာ ထုတ်မပြောဘဲ အသိအမှတ် ပြုထားသလို အသိအမှတ် ပြုထားသေးတယ်။ ဒါဆိုရင်ပဲ ဗိုလ်နေဝင်းက ကျေနပ်နေပြီ။ ဒါပေမယ့် တကယ်တမ်းမှာ ပြည်သူလူထုကို စစ်ကျွန်ဇာတ်သွင်းနေတဲ့ ၇၄ အခြေခံ ဥပဒေနဲ့ မဆလကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံး မဆလကို ဖြုတ်ချခဲ့တာလည်း ပြောခဲ့တဲ့ အကိုင်းအခက် ဝေဖန်ရေးမဟုတ်ဘဲ ၈၈ လူထုအုံကြွမှုအားနဲ့သာ ဖြုတ်ချနိုင်ခဲ့တာ ဖြစ်တယ်။

ဒီမိုကရေစီကို အင် ထုနေတဲ့ စစ်အုပ်စု အတွက်က ဒီလို ဝေဖန်မှုတွေက ဝေဖန်မှု မရှိတာထက် ပိုတောင် ကောင်းနိုင်သေးတယ်။ ပထမတချက် သူတို့ ခွင့်ပြုထားတဲ့ ဝေဖန်မှုတွေအားလုံးက ၂၀၀၈ အခြေခံ ဥပဒေနဲ့ တမတ်သား အစိုးရ (ဒါက ကြေးမုံ ဉီးသောင်းဆီက စ ကြားဖူးတာ) ကို ထုတ်ပြောစရာ မလိုဘဲ အသိအမှတ် ပြုထားပြီးသား။ တကယ်တမ်းမှာ ဗမာတပြည်လုံးကို စစ်ကျွန်ဇာတ်သွင်းမယ့် ၂၀၀၈ အခြေခံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မစေ့စပ်စတမ်း၊ အလျှော့ မပေးစတမ်း တိုက်မယ့် လူကို စစ်အုပ်စုက ထောင်နှစ်ရှည် ချဖို့ အစောကြီး ကတည်းက ဥပဒေ ထုတ်ထားပြီးသား။ ဒီတော့ ဒီခွင့်ပြုထားတဲ့ ဝေဖန်မှုတွေကို ပြပြီး စတုထ္ထမဏ္ဍိုင်တွေ သူ့အလုပ် သူလုပ်နေပါတယ် ဆိုပြီး စစ်အုပ်စုရဲ့ ဒီမိုကရေစီ အင် ထုရေး စီမံကိန်းကို ပိုတောင် ပီပြင်စေဉီးမယ်။

ဒီတော့ သမိုင်းက သင်္ခန်းစာယူပြီး ကျွန်ဝယ်ရာ အဆစ်မပါမိဖို့ အချိန်မှီ ဘရိတ်အုပ်ကြမယ်ဆိုရင်ဖြင့်၊ ကိုယ့်အနေအထားကို ကိုယ့်ဟာကိုယ် မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ် ဆိုရင်ဖြင့် နောင်တချိန် အရှက်ကွဲမယ့် အဖြစ်တွေ ကြိုရှောင်နိုင်မှာဘဲ။ မဟုတ်ဘဲ ဗိုလ်ကျော်ဆန်း တီးပေးတဲ့ ဆိုင်းအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် လိုက် က ပြနေမယ်ဆိုရင်တော့ ဒေါ်စုပြောတဲ့ parody of democracy ပီပြင်အောင် ဝင်အသုံးတော်ခံနေတဲ့ တတိယတန်းစာ ဂျာလစ်လူပြက်ဘဝနဲ့ပဲ ပြီးရမှာပဲ။ လက်ရှိ မြင်ရသလောက်က အတုအယောင်ကနေ တက်လာမယ့်ပုံ မရှိသေးဘူး။ အန္တရယ် ရှိတာက ဒီအတုအယောင်ကိုပဲ အစစ်ပမာ မြင်မိကြတဲ့ အဖြစ်ပဲ။ တချို့ကတော့ လက်ရှိ ဒီမိုကရေစီ ဆိုတာကြီးက အင် ကြီးဆိုတာ သိတယ်။ ဒါပေမယ့် စကတည်းက ကျောရိုးမရှိတော့ ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်နဲ့ ဟန်ကို ကျနေတာပဲ။ အရင် မဆလတုန်းက လည်သလို ခွတုတ်လာခဲ့တဲ့ မဆလ ချီးထုပ်များလိုပေါ့။ အတုကို အတုမှန်း မသိရင် အစစ်ရဖို့ဆိုတာ ဖြစ်နိုင်တော့မယ် မထင်ဘူး။ ဒါ့ကြောင့် ဒီမိုကရေစီ အတုက အာဏာရှင် စနစ်ထက် ပိုကြောက်စရာကောင်းနိုင်တယ်လို့ ဒေါ်စုက ပြောချင်ပုံရတယ်။

ဝတုတ်

(နောက်ဆက်တွဲ။ သမိုင်းကို ကြည့်ပြီး အဖြစ်အပျက်တွေကို ခန့်မှန်းရမယ်ဆိုရင် သေချာပေါက် နီးနီး ပြောနိုင်တာ တခုကက တတိုင်းပြည်လုံးကို စစ်ကျွန်ဇာတ်သွင်းမယ့် ခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြုတ်အောင် တိုက်နိုင်မယ့် အား ဟာ ပြည်တွင်းက ပြည်သူလူထု အင်အားပဲ ဖြစ်လိမ့်မယ်ဆိုတာပါပဲ။)

Discussion

2 thoughts on “A Parody of Democracy

  1. Haven’t seen for long time and reappear with a great article as usual🙂

    Posted by Amara Thiha | 14/08/2011, 22:53
  2. zawgyi font
    A Parody of Democracy
    Posted on 14/08/2011 by zizawa| 1 Comment

    “We have everything – a parliament, courts, a president, a prime minister and so on. But it’s more of an imitation,” -Mikhail Gorbachev-

    “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.”-Aung San Suu Kyi-

    ခုေရးမယ့္ စာမွာ ေဒၚစုေျပာတဲ့ parody of democracy ဆိုတာေလးကို နည္းနည္း အင္တာပရက္ လုပ္ျကည့္ခ်င္တယ္။ ေအာက္စဖို့ အဘိဓာန္က parody ကို ဘယ္လို အဓိပၸါယ္ ဖြင့္လဲဆိုေတာ့ an imitation or version of something that falls far short of the real thing; a travesty တဲ့။ ဒီေတာ့ parody of democracy ကို ေရေတြ တရားလြန္ေရာထားတဲ့ ဒီမိုကေရစီလို့ ျပန္ရမလား ဘဲ။ ဒါလည္း သိပ္မေကာင္းဘူး။ ဘာလို့ဆို ေရေရာထားတယ္ဆိုရင္ အစစ္က အနည္းအက်ဉ္းေတာ့ ပါရ ဉီးမယ္။ နအဖ စစ္အုပ္စု ေျပာေနတဲ့ ဒီမိုကေရစီဆိုတာက ဘာအစစ္မွ မပါဘူး၊ အင္ျကီး။ အင္ မွ အင္ အစစ္။ ဒီေတာ့ အင္ စစ္တဲ့ ဒီမိုကေရစီလို့ ေျပာရရင္ ပိုသင့္မယ္။

    ဒါနဲ့ ျကံုလို့ ေျပာရဉီးမယ္။ ေဂါဘာေခ်ာ့ဖရဲ့ ကေန့ရုသွ်ျပည္နဲ့ ကေန့ ဗမာျပည္ တူတာေတြမွ အမ်ားျကီးပဲ။ ကေန့ ရုသွ်ကို ေကဂ်ီဘီ အက်ိုးအပဲ့ မားဖီးယားေတြ အုပ္စီးထားသလို ဗမာ တျပည္လံုးကိုလည္း အရပ္သား အေရျခံု စစ္အုပ္စု မာဖီးယား တအုပ္က အပိုင္စီးထားတယ္။ ဒါေပမယ့္ ရုသွ်က ေကဂ်ီဘီအပ်က္ မာဖီးယားေရာ၊ ဗမာျပည္က ဗိုလ္ေနဝင္းနည္းခံ ကေန့ေခတ္ စစ္အုပ္စု မာဖီးယားေရာက သူတို့ဟာ ဒီမိုကေရစီနဲ့ အညီ ေရြးေကာက္တင္ျမွောက္ခံရျပီး တက္လာတဲ့ အစိုးရေတြ ပံုဖမ္းထားတယ္။ ေနာက္တူတာ တခ်က္က နွစ္နိုင္ငံစလံုးက အာဏာရွင္ေတြကို အာဏာရွင္မွန္း သိသိနဲ့ ကိုယ့္နိုင္ငံ အက်ိုးစီးပြားကို အေျခခံတဲ့ စဉ္းစားခ်က္နဲ့ အာဏာရွင္တို့ရဲ့ မာဖီးယား ဒီမိုကေရစီကို တကယ့္ အစစ္အမွန္လိုမ်ိုး ကမၻာ့ နိုင္ငံျကီးေတြက သေဘာထားေပးေနတာပဲ ျဖစ္တယ္။ (မာဖီးယား ဒီမိုကေရစီ ဆိုတဲ့ပုဒ္က နည္းနည္း ဘို ဆန္တယ္။ ဗမာဆန္ေအာင္ ဒို့တိုင္းျပည္က စစ္အုပ္စု ဒီမိုကေရစီကို လမ္းမေတာ္ ဖိုးတုတ္ ဒီမိုကေရစီလို့ ေခၚရင္ ပိုသင့္ေတာ္မယ္။) တိုနီဘလဲယားတို့၊ မာကဲတို့၊ ဆာကိုဇီတို့က ရုသွ်က ဥပေဒမဲ့ လုပ္ရပ္ေတြကို မသိက်ိုးကြ်န္ ျပုျပီး ေမာ္စကိုက မာဖီးယားေတြနဲ့ ဆက္ဆံေနသလို ျမန္မာနိုင္ငံ မွာလည္း ခုဆိုရင္ လူ့အခြင့္အေရး ခ်ိုးေဖာက္မႈေတြကို မျမင္ခ်င္ေယာင္ေဆာင္ျပီး အရပ္သား အေရျခံု ေနျပည္ေတာ္ စစ္အုပ္စုကို တကဲ့ ဒီမိုကေရစီ အရပ္သား အစိုးရအျဖစ္ အသိအမွတ္ျပုျပီး ပလူးခ်င္ေနတဲ့ နိုင္ငံေတြ တန္းစီေနတယ္။

    ဗမာျပည္က ကေန့ေခတ္ စစ္အုပ္စုရဲ့ သရုပ္မွန္ကို ျပည္သူလူထု အမ်ားစုက သိပ္သိသေပါ့။ လက္ရွိ စစ္အုပ္စုက ဗိုလ္ေနဝင္းေလာက္ မလည္ပါဘူး။ (ေျပာသာ ေျပာရတယ္၊ ဒါမွန္မမွန္ ေစာင့္ျကည့္တာ ပိုေကာင္းမယ္ ထင္တယ္၊ ဗိုလ္ေနဝင္းက ေဘာင္းဘီခြ်တ္ျပီး ဆယ့္ေလးငါးနွစ္ေလာက္ထိ ခံတယ္။ ၇၄ မွာ မဆလ ေပၚလာတယ္၊ ၈၈ မွာ မဆလ ျပုတ္သြားတယ္။ ခု ဗိုလ္သန္းေရွြက ဗိုလ္ေနဝင္းေလာက္ ခံမခံ ေစာင့္ျကည့္ရမွာဘဲ။) ဒီေတာ့ ဗိုလ္ေနဝင္းလွည့္တာေတာင္ နေဝတိမ္ေတာင္ မျဖစ္တဲ့ လူထုက ဗိုလ္ေနဝင္း ေလာက္မွ မနပ္တဲ့ သူ့နည္းခံ ဗိုလ္သန္းေရွြ စစ္အုပ္စု လွည့္စားတာကို မ်က္စိလည္စရာ အေျကာင္း မျမင္မိဘူး။ ဒါေပမယ့္ ဗိုလ္ေနဝင္းတို့၊ ဗိုလ္သန္းေရွြတို့ လွည့္ခဲ့တာ၊ လွည့္ေနတာကို သိသိနဲ့ ရူးခ်င္ေယာင္ေဆာင္ အလိမ္ခံသူေတြ ရွိတယ္။ (ဒင္းတို့ကို ဒီမိုကေရစီ ခ်ီးထုပ္မ်ားလို့ က်ုပ္ကေတာ့ နံမယ္ ေပးခ်င္ပါရဲ့။ က်ေနာ္မ်ိုး ဆိုလိုတဲ့ ခ်ီးထုပ္ bullshit ဘာဆိုတာ သိခ်င္ရင္ Princeton က ဖီေလာ္ေဆာ္ဖာ ဟယ္ရီဖရန့္ဖြတ္ရဲ့ ခ်ီးထုပ္ဋီကာ On Bullshit ကို ဖတ္ျကည့္ျကပါေလ။)

    ဗိုလ္ေနဝင္းက အာဏာသိမ္းျပီး ဆိုရွယ္လစ္လမ္းအတိုင္း သြားမယ္ ေျကညာေတာ့ စစ္ကြ်န္ခံဖို့ ျပင္ေနသူေတြ သိပ္ဟန္က်သြားတယ္။ ဒီလို ေျကညာလိုက္ေတာ့ ဒို့က ကိုယ့္ယံုျကည္ခ်က္ျဖစ္တဲ့ လက္ဝဲ လမ္းစဉ္ကို သစၥာ မေဖာက္ပါဘူး၊ ဗိုလ္ခ်ုပ္ျကီး အစိုးရက ဆိုရွယ္လစ္ အေရး လုပ္ေနတာပဲ ဆိုျပီး ကိုယ့္ရဲ့ လက္နက္ခ် သာရာကူး လမ္းစဉ္ကို တရားထူေထာင္ဖို့ ဒီလူေတြ အတြက္ လမ္းေျကာင္း ဖြင့္ေပးလိုက္သလို ပဲ။ ဗိုလ္ခ်ုပ္ျကီးက ဆိုရွယ္လစ္လမ္းအတိုင္း ခ်ီတက္မယ္ဆိုရင္ ေခြးကတက္က လိုက္ရ လိုက္ရ ျဖစ္လာျကေရာ။ (တခ်ို့ မနူးမနပ္ ကြ်န္ဝယ္ရာ အဆစ္ပါသူမ်ားလည္း ရွိပါတယ္ေလ။ တကယ္ ယံုစားမိျပီး ေက်ာခ်မွ ဓားျပမွန္း သိသူေတြလည္း ရွိမယ္လို့ တခ်ို့ လူမ်ားအတြက္ သံသယ အက်ိုး ခံစားခြင့္ ေပးလိုက္ပါဉီးမယ္။) တကယ္က ဗိုလ္ေနဝင္း မဆလဟာ ဘာဆိုရွယ္လစ္မွ မဟုတ္ဖူး။ သူ့ဆီမွာ ဆိုရွယ္လစ္နဲ့ တူတာဆိုလို့ ေဈးကြက္ စီးပြားေရး စနစ္ မရွိတာပဲ ျပစရာ ရွိတယ္။ ျပည္သူပိုင္လုပ္တယ္ ဆိုျပီး ကြမ္းယာဆိုင္မက်န္ ပုဂၢလိက လုပ္ငန္းပိုင္ရွင္ေတြရဲ့ စီးပြားေရး လုပ္ငန္းေတြ အားလံုးကို ေန့ခင္းေျကာင္ေတာင္ ေအးဓားျပတိုက္ျပီး စစ္အုပ္စု ထိပ္ပိုင္းကလူေတြ ေဝစားမွ်စား လုပ္ခဲ့တာပဲ။

    တခါ ခုနအဖ စစ္အုပ္စုအလွည့္က်ျပန္ေတာ့ ဆိုရွယ္လစ္ ေနရာမွာ ေဈးကြက္ စီးပြားေရးတို့၊ အရင္းရွင္ စနစ္တို့၊ ဒီမိုကေရစီတို့ ေရာက္လာတယ္။ ဒီေတာ့ ရူးခ်င္ေယာင္ ေဆာင္ျပီး ဆက္မွိန္းခ်င္သူေတြ ေဈးကြက္ စီးပြားေရးတို့၊ ဒီမိုကေရစီတို့ေနာက္ လိုက္ျကျပန္ေရာ။ ခုလည္း ပုဂၢလိက ပိုင္ဆိုင္မႈကို အားေပးတယ္ ဆိုျပီး တိုင္းျပည္ထဲက အတြင္းပစၥည္းေတြကို အိမ္တိုင္ပါမက်န္ ခြ်တ္ေရာင္းဖို့ ျပင္ေနျကျပန္ျပီ။ ဒီမိုကေရစီတို့၊ ေဈးကြက္စီးပြားေရးတို့ အေရျခံု ဗိုလ္သန္းေရွြ စစ္အုပ္စုတို့ရဲ့ လုပ္ပံုက ဆိုရွယ္လစ္ အေရျခံုဗိုလ္ေနဝင္း စစ္အုပ္စုရဲ့ လုပ္ပံုထက္ စိတ္ကူး စိတ္သန္း ပိုမေကာင္းေသးပါဘူး။ ကဲ ျကံုလို့ ေျပာတာေတြ အေတာ္ေတာင္ ရွည္သြားျပီ။ ဒါေပမယ့္ ဒါေတြဟာ ဆက္စပ္မႈ ရွိတယ္ဆိုတာ ဖတ္ရင္း ေပၚလာပါလိမ့္မယ္။ ခုေတာ့ မူလ အေျကာင္းအရာကို ျပန္သြားဉီးမွ။

    ဒါနဲ့ စာဖတ္ ပရိသတ္မ်ားကို တခုေလာက္ ေမးပါရေစ။ ဒီမိုကေရစီ အတုဆိုတာ ရွိရင္ (ေဂၚဘာေခ်ာ့ဖ ကေတာ့ ရွိတယ္လို့ ယံုတယ္။ ေဒၚစုလည္း ယံုပံုရပါတယ္။) အဲဒိ အတုဟာ အစစ္နဲ့ ဘယ္လို ကြာမလဲ။ အတုဆိုတာ အစစ္ကို ပံုတူကူးထားတာဆိုရင္ ဒီမိုကေရစီ အတုဟာ ဒီမိုကေရစီ အစစ္ကို ပံုတူ ကူးထားျခင္းေပါ့။ so far so good … ဒီမိုကေရစီ အစစ္မွာ ဘာေတြ ရွိမလဲ။ (စာဖတ္သူေတြကို မလိုအပ္ဘဲ ဆရာလုပ္ေနပံု ေပါက္ေနရင္ သည္းခံေပးဖို့ ခြင့္ပန္ရမွာဘဲ။ ကိုယ့္ဟာကိုယ္ စဉ္းစားမိတဲ့ chain of reasoning အတိုင္းခ်ျပခ်င္လို့ ခုလို့ ေမးခြန္းမ်ားေနရျခင္း ျဖစ္ပါသည္ ခင္ညာ။) ဒီမိုကေရစီရွိတဲ့ လူ့အဖြဲ့အစည္းတခုရဲ့ သရုပ္သကန္ေတြက ဘာျဖစ္မလဲ။ ဟဲဟဲ ဒါက အကယ္ဒဲမစ္ ကြက္ရွင္ ျဖစ္ေနတယ္။ စာတတ္ေပတတ္ေတြလည္း တေယာက္နဲ့ တေယာက္ ေျဖပံု ထပ္တူက်ခ်င္မွ က်မယ္။ ဒါေပမယ့္ ေသခ်ာေပါက္ ေျပာနိုင္တာကေတာ့ တိုင္းျပည္ တျပည္ကို အုပ္ခ်ုပ္ စီမံခန့္ခြဲတဲ့ အပိုင္းမွာ ျပည္သူလူထုရဲ့ ပါဝင္လုပ္ေဆာင္ခြင့္ရွိမႈ၊ ပါဝင္လုပ္ေဆာင္မႈ အတိုင္းအတာကို ျကည့္ျပီး ဒီမိုကေရစီ မည္ေရွြ့မည္မွ် ရွိသည္ဆိုျပီး အဆံုးအျဖတ္ ေပးနိုင္တာကို အားလံုး လက္ခံျကလိမ့္မယ္။ အျကမ္းစား ေျပာရရင္ေတာ့ စစ္မွန္တဲ့ ေရြးေကာက္ပြဲေတြ မွန္မွန္ လုပ္မလုပ္ကို ျကည့္ျပီး တိုင္းတယ္လို့ ေျပာရမွာဘဲ။ ( ဒါေပမယ့္ ျပည္သူလူထုရဲ့ တိုင္းျပည္ အေရးကိစၥေတြမွာ ပါဝင္လုပ္ေဆာင္မႈက ေရြးေကာက္ပြဲ မဲထည့္တာ သက္သက္တင္ မကသင့္ဘူး။ ဒါက စကားခ်ပ္။) အက်ိုးဆက္ အေနနဲ့ ဒီမိုကေရစီ အဖြဲ့အစည္းမွာ နိုင္ငံသားေတြရဲ့ အခြင့္အေရးေတြကို အကာအကြယ္ေပးမႈ အခိုင္အမာ ရွိတယ္။ ဘာလို့ဆို ရာရွင္နယ္က်က် စဉ္းစားနိုင္တဲ့ နိုင္ငံသားေတြက သူတို့ အခြင့္အေရးေတြကို အကာအကြယ္ေပးမယ့္ စနစ္ေတြကို လိုလားျပီး ဒီစနစ္ေတြ ရွိေစခ်င္လို့ပဲ။ ဒီမိုကေရစီလို့ သတ္မွတ္ထားတဲ့ လူ့အဖြဲ့အစည္းတိုင္းမွာ ဒီလကၡဏာ နွစ္ခုက ထင္ထင္ရွားရွား ရွိကိုရွိရမယ္။

    အစစ္ကို တု ခ်င္သူဟာ အစစ္ရဲ့ သရုပ္သကန္ေတြကို တု ရမွာ ျဖစ္ေလေတာ့ကာ ဒီမိုကေရစီကို အင္ထုခ်င္သူက ဒီလကၡဏာ နွစ္ခုကို အဓိက ပစ္မွတ္ထားေတာ့မွာေပါ့။ တကယ္လည္း ဒီအတိုင္း ျဖစ္တာပဲ။ ဒါေပမယ့္ အဲ့သလို အင္ထုတဲ့ ေနရာမွာ အင္ထုသူေတြ ေရးတဲ့ ဇာတ္အတိုင္း ကျပ အသံုးေတာ္ ခံမယ့္လူေတြ မရွိမျဖစ္ ရွိကို ရွိရဉီးမယ္၊ ဟုတ္တယ္ဟုတ္။ ရွင္းရွင္းေလးဘဲ။ အာဏာရွင္စနစ္က ဘယ္သူ့ကိုမွ လိမ္စရာ မလိုဘူး။ ဓားမိုးျပီး ေဟ့မင္းတို့ ငါနဲ့ သေဘာမတူရင္ ဇက္ေပၚ ဓားဝဲသြားမယ္၊ ဘာမွတ္လဲဆိုတာနဲ့ ျပီးတယ္။ ဒါေပမယ့္ ဒီမိုကေရစီဆိုရင္ ျပည္သူလူထုရဲ့ ဆနၵက ပါကိုပါရေတာ့မွာ ျဖစ္တဲ့အတြက္ အင္ ထုမယ့္သူက နည္းနည္းေလး စိတ္ကူး စိတ္သန္း ေကာင္းရေတာ့မယ္။ ကိုယ္ေရးတဲ့ ဇာတ္ကို ကမယ့္သူေတြကို ျပည္သူလူထုကို ကိုယ္စား ျပုသူေတြ အျဖစ္ ပီျပင္နိုင္သမွ် ပီျပင္ေအာင္ ဘယ္လို အေကာင္အထည္ ေဖာ္မလဲဆိုတာ စဉ္းစား ရေတာ့မယ္။ (ဓားမိုး အုပ္ခ်ုပ္တာနဲ့ ဒီမိုကေရစီကို အင္ထု အုပ္ခ်ုပ္တာ ဘယ္ဟာ ပိုအားစိုက္ရလဲ။ ဒါလဲ ေနာက္ အကဲဒမစ္ ကြက္ရွင္ပဲ။ စိတ္ဝင္စားသူမ်ား ဆက္စဉ္းစားျကေပါ့။) ဒါဟာ ေဒၚစုေျပာတဲ့ အာဏာရွင္စနစ္နဲ့ အင္ ထုထားတဲ့ ဒီမိုကေရစီတို့ရဲ့ အဓိက အက်ဆံုး ျခားနားခ်က္ပဲ။ အေပၚက စာပိုဒ္မွာ ေျပာသြားတဲ့ ဒီမိုကေရစီရဲ့ ပထမ လကၡဏာ ျဖစ္တဲ့ ေရြးေကာက္ပြဲကိစၥမွာ အင္ ထုသူေတြ က ေစခ်င္တဲ့ ဇာတ္ ပီျပင္ေအာင္ ဘယ္သူေတြ အိမ္ဝင္ျဖည့္ေပးသလဲဆိုတာ အားလံုးသိျပီးေလာက္ျပီမို့ အက်ယ္ မခ်ဲ့ေတာ့ဘူး။

    ခု ေျပာခ်င္တာက နိုင္ငံသားေတြရဲ့ အခြင့္အေရးေတြကို ကာကြယ္မႈ အပိုင္းကို အင္ ထုပံု။ ဒီေနရာမွာ ဝင္ျပီး အိမ္ျဖည့္ေပးေနသူမ်ားကေတာ့ လက္ရွိ ဂ်ာနယ္ေတြမွာ ေနရာယူလာတဲ့ အကိုင္းအခက္ ေဝဖန္ေရးသမားေတြပဲ ျဖစ္တယ္။ ဗိုလ္ေက်ာ္ဆန္းဖြင့္ေပးထားတဲ့ ခြင္ ေသးေသးေလးမွာ ကခြင့္ ရတယ္ဆိုရင္ပဲ သမၼတျကီး အစိုးရသစ္ လက္ထက္မွာ မီဒီယာေတြ ပိုေရးသားလာနိုင္ျပီ၊ စတုထၳ မ႑ဍိုင္ ပိုအားေကာင္းလာသေယာင္ ထင္လာမိျကပံုရတယ္။ တကယ္ေတာ့ ဒီအကိုင္းအခက္ ေဝဖန္မႈေတြ အားလံုးဟာ နအဖ ခ်ေပးတဲ့ နွပ္ေျကာင္းထဲမွာသာ ေလွ်ာက္ေနရတယ္ ဆိုတာကို နားလည္ ထားသင့္တယ္။ အေပၚမွာ ေျပာခဲ့တဲ့ ဒီမိုကေရစီရဲ့ မရွိမျဖစ္ သရုပ္သကန္ တခု ပိုပီျပင္လာတာ လံုးဝ မဟုတ္ဖူး။ (အဲ တခုေတာ့ ရွိတယ္။ လက္ရွိ ဖြင့္ေပးထားတဲ့ ခြင္ ထဲကေန တမင္ မရည္ရြယ္ဘဲ ေပၚလာတဲ့ ေကာင္းမြန္တဲ့ အက်ိုးဆက္ေလးေတြလည္း ရွိနိုင္ပါတယ္။ ဒါေပမယ့္ ဒါဘယ္လိုမွ အာမမခံနိုင္ပါ။ ဒီမိုကေရစီ အခြင့္အေရးရဖို့က ထီထိုးသလို ေလာင္းကစား ရလာဒ္ေပၚ ေမွ်ာ္ျကည့္ေနရတာ အဓိပၸါယ္ မရွိလွပါဘူး။) ဘာနဲ့တူလဲဆိုေတာ့ ေအာင္မွတ္ အမွတ္ ငါးဆယ္ သတ္မွတ္ထားတဲ့ စာေမးပြဲ တခုမွာ အမွတ္သံုးဆယ္သမားနဲ့ ေလးဆယ့္ကိုးမွတ္သမား နွစ္ေယာက္လံုးကို စာေမးပြဲ က်သူမ်ား အျဖစ္ သတ္မွတ္ရသလိုပဲ။ ေလးဆယ့္ကိုးမွတ္ ရလို့ အမွတ္သံုးဆယ္ထက္ စာနယ္ဇင္း လြတ္လပ္ခြင့္ ပိုရွိလာတယ္လို့ ေျပာလို့ ရနိုင္မယ္ မထင္ဘူး။ ေျပာခဲ့တဲ့ အကိုင္းအခက္ ေဝဖန္မႈေတြ အားလံုးကို ျကည့္လိုက္ရင္ အားလံုးဟာ လက္ရွိ သိန္းစိန္အစိုးရကို အရပ္သား အစိုးရသစ္အျဖစ္ ထုတ္မေျပာဘဲ နားလည္အသိအမွတ္ ျပုထားတာကို ေတြ့ရမယ္။ ဘာနဲ့တူလဲဆိုေတာ့ မဆလတုန္းက ဗိုလ္တေထာင္ သတင္းစာက သိန္းေဖျမင့္ရဲ့ ပြင့္ပြင့္လင္းလင္း က႑ဍလိုေပါ့။ ထက္လွပါတယ္ဆိုတဲ့ သိန္းေဖျမင့္ရဲ့ ကေလာင္မလဲ သမဝါယမဆိုင္ေတြမွာ ဘယ္လို တန္းစီရတယ္၊ ဘယ္သူေတြ ဘယ္လို ျကိတ္ဝါး ေနတယ္ စတာေတြေလာက္သာ ေဝဖန္နိုင္ရွာတယ္။ ေနာက္ သိန္းေဖျမင့္ရဲ့ အကိုင္းအခက္ ေဝဖန္မႈေတြမွာ ဗိုလ္ေနဝင္းရဲ့ မဆလကို ခု မီဒီယာေတြမွာ သိန္းစိန္ အစိုးရကို တရားဝင္ အစိုးရပမာ ထုတ္မေျပာဘဲ အသိအမွတ္ ျပုထားသလို အသိအမွတ္ ျပုထားေသးတယ္။ ဒါဆိုရင္ပဲ ဗိုလ္ေနဝင္းက ေက်နပ္ေနျပီ။ ဒါေပမယ့္ တကယ္တမ္းမွာ ျပည္သူလူထုကို စစ္ကြ်န္ဇာတ္သြင္းေနတဲ့ ၇၄ အေျခခံ ဥပေဒနဲ့ မဆလကို ဘာမွ ထိခိုက္ေအာင္ မလုပ္နိုင္ခဲ့ဘူး။ ေနာက္ဆံုး မဆလကို ျဖုတ္ခ်ခဲ့တာလည္း ေျပာခဲ့တဲ့ အကိုင္းအခက္ ေဝဖန္ေရးမဟုတ္ဘဲ ၈၈ လူထုအံုျကြမႈအားနဲ့သာ ျဖုတ္ခ်နိုင္ခဲ့တာ ျဖစ္တယ္။

    ဒီမိုကေရစီကို အင္ ထုေနတဲ့ စစ္အုပ္စု အတြက္က ဒီလို ေဝဖန္မႈေတြက ေဝဖန္မႈ မရွိတာထက္ ပိုေတာင္ ေကာင္းနိုင္ေသးတယ္။ ပထမတခ်က္ သူတို့ ခြင့္ျပုထားတဲ့ ေဝဖန္မႈေတြအားလံုးက ၂၀ဝ၈ အေျခခံ ဥပေဒနဲ့ တမတ္သား အစိုးရ (ဒါက ေျကးမံု ဉီးေသာင္းဆီက စ ျကားဖူးတာ) ကို ထုတ္ေျပာစရာ မလိုဘဲ အသိအမွတ္ ျပုထားျပီးသား။ တကယ္တမ္းမွာ ဗမာတျပည္လံုးကို စစ္ကြ်န္ဇာတ္သြင္းမယ့္ ၂၀ဝ၈ အေျခခံ ဥပေဒနဲ့ ၂၀၁၀ ေရြးေကာက္ပြဲကို မေစ့စပ္စတမ္း၊ အေလွ်ာ့ မေပးစတမ္း တိုက္မယ့္ လူကို စစ္အုပ္စုက ေထာင္နွစ္ရွည္ ခ်ဖို့ အေစာျကီး ကတည္းက ဥပေဒ ထုတ္ထားျပီးသား။ ဒီေတာ့ ဒီခြင့္ျပုထားတဲ့ ေဝဖန္မႈေတြကို ျပျပီး စတုထၳမ႑ဍိုင္ေတြ သူ့အလုပ္ သူလုပ္ေနပါတယ္ ဆိုျပီး စစ္အုပ္စုရဲ့ ဒီမိုကေရစီ အင္ ထုေရး စီမံကိန္းကို ပိုေတာင္ ပီျပင္ေစဉီးမယ္။

    ဒီေတာ့ သမိုင္းက သခၤၷ္းစာယူျပီး ကြ်န္ဝယ္ရာ အဆစ္မပါမိဖို့ အခ်ိန္မွီ ဘရိတ္အုပ္ျကမယ္ဆိုရင္ျဖင့္၊ ကိုယ့္အေနအထားကို ကိုယ့္ဟာကိုယ္ မွန္မွန္ကန္ကန္ သံုးသပ္နိုင္မယ္ ဆိုရင္ျဖင့္ ေနာင္တခ်ိန္ အရွက္ကြဲမယ့္ အျဖစ္ေတြ ျကိုေရွာင္နိုင္မွာဘဲ။ မဟုတ္ဘဲ ဗိုလ္ေက်ာ္ဆန္း တီးေပးတဲ့ ဆိုင္းအတိုင္း ျမိုင္ျမိုင္ဆိုင္ဆိုင္ လိုက္ က ျပေနမယ္ဆိုရင္ေတာ့ ေဒၚစုေျပာတဲ့ parody of democracy ပီျပင္ေအာင္ ဝင္အသံုးေတာ္ခံေနတဲ့ တတိယတန္းစာ ဂ်ာလစ္လူျပက္ဘဝနဲ့ပဲ ျပီးရမွာပဲ။ လက္ရွိ ျမင္ရသေလာက္က အတုအေယာင္ကေန တက္လာမယ့္ပံု မရွိေသးဘူး။ အနၱရယ္ ရွိတာက ဒီအတုအေယာင္ကိုပဲ အစစ္ပမာ ျမင္မိျကတဲ့ အျဖစ္ပဲ။ တခ်ို့ကေတာ့ လက္ရွိ ဒီမိုကေရစီ ဆိုတာျကီးက အင္ ျကီးဆိုတာ သိတယ္။ ဒါေပမယ့္ စကတည္းက ေက်ာရိုးမရွိေတာ့ ေယာယိမ္းလိုက္၊ ဘသားယိမ္းလိုက္နဲ့ ဟန္ကို က်ေနတာပဲ။ အရင္ မဆလတုန္းက လည္သလို ခြတုတ္လာခဲ့တဲ့ မဆလ ခ်ီးထုပ္မ်ားလိုေပါ့။ အတုကို အတုမွန္း မသိရင္ အစစ္ရဖို့ဆိုတာ ျဖစ္နိုင္ေတာ့မယ္ မထင္ဘူး။ ဒါ့ေျကာင့္ ဒီမိုကေရစီ အတုက အာဏာရွင္ စနစ္ထက္ ပိုေျကာက္စရာေကာင္းနိုင္တယ္လို့ ေဒၚစုက ေျပာခ်င္ပံုရတယ္။

    ဝတုတ္

    (ေနာက္ဆက္တြဲ။ သမိုင္းကို ျကည့္ျပီး အျဖစ္အပ်က္ေတြကို ခန့္မွန္းရမယ္ဆိုရင္ ေသခ်ာေပါက္ နီးနီး ေျပာနိုင္တာ တခုကက တတိုင္းျပည္လံုးကို စစ္ကြ်န္ဇာတ္သြင္းမယ့္ ခု ၂၀ဝ၈ ဖြဲ့စည္းပံုနဲ့ ၂၀၁၀ ေရြးေကာက္ပြဲကို ျပုတ္ေအာင္ တိုက္နိုင္မယ့္ အား ဟာ ျပည္တြင္းက ျပည္သူလူထု အင္အားပဲ ျဖစ္လိမ့္မယ္ဆိုတာပါပဲ။)

    Posted by politicsfreakcnz | 24/09/2011, 09:14

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: