//
you're reading...
Philosophy texts

The Prince by Machiavelli 1

ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံရေး ဒဿနကျမ်းတွေကို ဗမာလို ပြန်ဆိုထားတာ မရှိသလောက် နည်းတာကို စာဖတ်သူတွေ သတိပြုမိကြမယ် ထင်ပါတယ်။ တကယ်တော့ နိုင်ငံရေး ဒဿနကျမ်း မဆိုထားနဲ့၊ ဒဿနိကဗေဒလို့ ဗမာလို ဘာသာပြန်ထားတဲ့ ဖီလော်ဆော်ဖီက အထင်ရှားဆုံးကျမ်းတွေတောင် ကျနော်တို့ဆီမှာ မရှိသလောက် ရှားတယ်။ ဇော်ဂျီက ပလေတိုရဲ့ ဒိုင်ယာလော့ဂ် တခုဖြစ်တဲ့ Aesthetics အလှနဲ့ ပတ်သက်တဲ့ Ion ဒိုင်ယာလော့ဂ်ကို အိုင်ယွန်နကထာ ဆိုပြီး ဘာသာပြန်ဖူးတယ်။ ဖီလော်ဆော်ဖီ လေ့လာသူတွေ မလေ့လာမဖြစ် လေ့လာကြရတဲ့ ပလေတိုရဲ့ အတွေးအမြင်နဲ့ ပတ်သက်ပြီး ကျနော် သိရသလောက် ဆန်းလွင်တို့၊ နန္ဒာသိန်းဇံတို့အပြင် ဇော်ဂျီရဲ့ ပလေတိုးနိဒါန်းရယ်၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း စာအုပ်ထဲ ပလေတိုနဲ့ အရစ္စတော်တယ်တို့ကို အနည်းအကျဉ်း မိတ်ဆက်ပေးထားတာသာ တွေ့ဖူးတယ်။ ပါရဂူလည်း နှစ်အုပ် လောက်တော့ ရေးဖူးတယ်ထင်တယ်။  ဒါပေမယ့် ဇော်ဂျီရဲ့ Ion ဘာသာပြန်ကလွဲပြီး မူရင်း ကျမ်းတွေကို ဘာသာ ပြန်ထားတာ မတွေ့ဖူးဘူး။ ဖီလော်ဆော်ဖာ တယောက်ရဲ့ ဖီလော်ဆော်ဖီကို သူရေးထားတဲ့ မူရင်းကို ဖတ်မှသာ သူ့ရဲ့ ဖီလော်ဆော်ဖီကို ထဲထဲဝင်ဝင် သဘောပေါက်နိုင်မယ်။ မူရင်းတွေဟာ ဖတ်ရတာ ခက်တယ်။ တော်ရုံတန်ရုံ သိချင်၊ နားလည်ချင်စိတ်လောက်နဲ့ဆို လေးငါးခြောက်မျက်နှာ လှန်ပြီးရင် စိတ်ပျက်သွားနိုင်တယ်။  မူရင်း စာအုပ်က ခက်တဲ့အပြင် ကိုယ်ဖတ်နေတဲ့ ဖီလော်ဆော်ဖာဟာ ဘယ်ပြဿနာကို ရှင်းနေသလဲဆိုတာ စကတည်းက ရှင်းရှင်း လင်းလင်း သိမထားရင် ဖီလော်ဆော်ဖီ ဇာတ်ရည်လည်ဖို့ ခက်ပြီး ရှေ့ဆက်ဖတ်ဖို့ အားကုန်သွားရော။ အဲဒိမှာ မူရင်းကျမ်းတွေကို ဖတ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ secondary texts တွေရဲ့ ကဏ္ဍ ရောက်လာတယ်။

တခုတော့ ရှိတယ်။ ပလေတိုရဲ့ အတွေးအမြင်ကို interpret လုပ်ထားတဲ့၊ ဖွင့်ဆိုထားတဲ့ secondary texts တွေကို ဖတ်တာနဲ့ ပလေတိုကို သိမှာမဟုတ်ဖူး။ ပလေတိုကို အကောင်းဆုံး နားလည်နိုင်ဖို့၊ ထဲထဲဝင်ဝင် နားလည်နိုင်ဖို့ ပလေတိုရဲ့ ဒိုင်ယာလော့ဂ် တခုချင်းစီကို (ဖြစ်နိုင်ရင် မူရင်း ဘာသာစကားနဲ့ ရေးထားတဲ့ ကျမ်းတွေကို) အခေါက်ခေါက် အခါခါ ဖတ်ပြီး သူ ‘ဘာ’ ကို ‘ဘယ်လို’ ကျိုးကြောင်း ပြဆိုထားလဲဆိုတာ နားလည်အောင် လုပ်မှသာ ဖြစ်နိုင်မယ်။ တဘက်မှာ secondary texts တွေဟာလည်း သူ့တန်ဖိုးနဲ့ သူရှိတာပဲ။ မူရင်းကျမ်းကို ဖတ်နေရင်း လည်လာရင် ဇတ်ရည်လည်အောင် secondary texts တွေက အများကြီး အထောက်အကူ ပေးတယ်။

နိုင်ငံရေး ဒဿနကျမ်းတွေထဲမှာ ဂန္တဝင်လို့ သတ်မှတ်ကြတဲ့ စာအုပ်တွေနဲ့ ဗမာစာဖတ် ပရိသတ်ကို ရင်းနှီးကျွမ်းဝင်စေချင်တယ်။ ဒီစာအုပ်တွေထဲက အတော်များများဟာ ခုဆိုရင် အင်တာနက်မှာ အလကား ဖတ်နိုင်နေပြီ။ ဒီစာတွေကို ဗမာလို ဘာသာပြန်ထားတာကို ဖတ်နိုင်မယ့်အပြင် ဖတ်နေရင်း ဘေးကနေ ကူပြီး interpret လုပ်ပေးမယ်ဆိုရင် ကမ္ဘာမှာ ထင်ရှားခဲ့တဲ့ အတွေးအမြင်တွေကို ဗမာစာဖတ် ပရိသတ် အနေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ရာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။ အဲ့သလို ယုံကြည်တဲ့ အလျောက် ဂန္တဝင် ဖီလော်ဆော်ဖီ မူရင်းကျမ်းတချို့ကို ဘာသာပြန်ကြည့်ထားတယ်။ ဘာသာပြန်ထားတဲ့အပြင် ဇာတ်ရည်လည်အောင် ဘာသာပြန်သူရဲ့ ရှင်းလင်းချက် interpretation ကိုပါ ဖော်ပြပေးထားတယ်။

နိုင်ငံရေး ဒဿနနဲ့ ပတ်သက်ပြီး အစောဆုံးကျမ်းလို့ သတ်မှတ်ကြတဲ့ ပလေတိုရဲ့ Crito ကို ဘာသာ ပြန်ပြီးပြီ။ ဘာသာပြန် အကြမ်းကို ဒီဘလော့မှာ ဖတ်လို့ရပါတယ်။  ဘာသာပြန်တဲ့အခါမှာ အရေးအသား ချောမွေ့ဖို့ထက် မူရင်း ဖီလော်ဆော်ဖာရဲ့ proposition အဆိုတွေ၊ argument ကျိုးကြောင်း ပြဆိုချက်တွေ တိကျနိုင်သမျှ တိတိကျကျ ဖြစ်ရေးကို ဉီးစားပေးထားတယ်။ Crito ပြီးတော့ ခု Machiavelli ရဲ့ The Prince ကို စပြီး ဘာသာပြန်ကြည့်တယ်။ ဘာသာပြန် ဆိုပေမယ့် တကယ်က ဘာသာပြန် စစ်စစ် မဟုတ်ဖူး။ တအုပ်လုံး ဘာသာပြန်မယ့်အစား အခန်းတိုင်းက အရေးကြီးဆုံး အဆိုတွေကိုပဲ ရွေးပြီး ဘာသာပြန်ထားတယ်။ ကျနော့်အထင်မှာ သိပ်အရေး မကြီးဘူးလို့ ထင်တဲ့ စာပိုဒ်တွေကို ချန်ပစ်ခဲ့တယ်။ နောက် ဗမာလို ဘာသာပြန်ထားတာကို ရုတ်တရက် နားလည်ဖို့ ခက်နေရင် အင်္ဂလိပ် text ကိုကြည့်ပြီး ဆိုလိုရင်းကို နားလည်နိုင်အောင် အင်္ဂလိပ် text ကိုပါ ထည့်ပေးထားတယ်။

တကယ်တော့ ကျနော့် ဘာသာပြန်နဲ့ ရှင်းလင်းချက်တွေဟာ မူရင်းစာကို စာဖတ်သူတို့ ကိုယ်တိုင် ဖတ်ဖြစ်လာအောင် တွန်းအားပေးရုံ သက်သက်သာ ရည်ရွယ်တယ်။ ကျနော့် ဘာသာပြန်နဲ့ ရှင်းလင်းချက်တွေကို ဖတ်ပြီး မက်ခီယာဗယ်လီရဲ့ The Prince ကို အစအဆုံး ဖတ်ဖို့ထိ စိတ်ဖြစ်လာရင် ရေးရကျိုးနပ်ပြီလို့ ယူဆပါတယ်။ The Prince အပြင် ပလေတိုရဲ့ Crito နဲ့ Republic, Thomas Hobbes ရဲ့ Leviathan နောက် ဂျွန်လော့၊ ရူးဆိုးတို့ရဲ့ အထင်ကရ ကျမ်းတွေကိုပါ ပြန်ဖို့ ဆန္ဒရှိတယ်။ ခုတော့ The Prince နဲ့ စကြည့်အုံးမယ်။

[ ] ဒေါင့်ကွင်းထဲ ရေးသားထားတာတွေက စာရေးသူရဲ့ interpretation ဖြစ်ပါတယ်။

How many kinds of Principalities there are and ways they are acquired

အခန်း ၁ Principalities ဘယ်နှစ်မျိုး ရှိလဲ၊ သူတို့ကို သိမ်းပိုက်နည်းများ

All states and all dominions that have had and continue to have power over men have been, and still are, either republics or principalities.

[The Prince ရဲ့ ပထမအခန်းကို မက်ခီယာဗယ်လီက အပေါ်က စာကြောင်းနဲ့ စဖွင့်တယ်။ အရင်ဆုံး ခေါင်းစဉ်နဲ့ ဒီဝါကျမှာ ပါတဲ့ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ကြရမယ့် ဝေါဟာရတွေကို အနည်းဆုံး အကြမ်း နားလည်ထားသင့်တယ်။ မက်ခီယာဗယ်လီက political power နိုင်ငံရေး အာဏာကို ရည်ညွှန်းဖို့ state, dominion နဲ့ principalities ဆိုတဲ့ တဲခနိက ဝေါဟာရ သုံးခုကို အသုံး ပြုထားတယ်။ မက်ခီယာဗယ်လီ ပြောတဲ့ state ဆိုတာ ကနေ့ခေတ် ကုလသမဂ္ဂမှာ အဖွဲ့ဝင် အဖြစ် ပါနေကြတဲ့ နိုင်ငံ nation-state ကိုဆိုလိုတာ မဟုတ်ဖူး။ an institutional exercise of power over a territory[1] တနည်း နယ်ပယ်တခုမှာ အဖွဲ့အစည်း သဏ္ဍာန်နဲ့ အာဏာကျင့်သုံးနိုင်တဲ့ ယူနစ်ကို ပြောချင်တာ။ ကနေ့ခေတ် အီတလီလို့ မြေပုံပေါ် နယ်နမိတ်မျဉ်းသတ်ထားတဲ့ နိုင်ငံနေရာမှာ ဆယ့်ငါးရာစု အကုန်လောက်က သူ့နယ်နဲ့သူ တသီးတသန့် အုပ်ချုပ်နေတဲ့ ပြောခဲ့တဲ့ အုပ်ချုပ်ရေး ယူနစ်လေးတွေ ပွစိကြဲနေတယ်။ အဲဒိ အုပ်ချုပ်ရေး ယူနစ်လေးတွေထဲက တချို့ကို မက်ခီယာဗယ်လီက republic လို့ သတ်မှတ်ပြီး တချို့ကိုတော့ principalities လို့ခေါ်တယ်။ ကနေ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နယ်နမိတ် အဖြစ် သတ်မှတ်ထားတဲ့ ဧရိယာ နယ်နမိတ်ထဲမှာ တချိန်က  အင်းဝ၊ ပဲခူး၊ အာရကန် စတဲ့ ကိုယ့်နယ်ပယ်မှာ ကိုယ့်အုပ်ချုပ်မှုနဲ့ကိုယ် ရှိခဲတဲ့ အုပ်ချုပ်ရေး ယူနစ်တွေနဲ့ သဘောချင်း မကွာ လှဘူးလို့ ယူဆမိတယ်။ ဒီဝေါဟာရတွေကို နောက်အကြိမ်ကြိမ် တွေ့ရမှာမို့ ရှေ့နောက် ညီအောင် state ကို တိုင်းပြည်လို့ ဘာသာပြန်ထားလိုက်မယ်။ republic ကတော့ နိုင်ငံတော်ပေါ့။]

Principalities are either hereditary, in which instance the family of the prince has ruled for generations, or they are new. The new ones are either completely new, as was Milan for Francesco Sforza, or they are like appendages added to the hereditary state of the prince who acquires them, as is the Kingdom of Naples for the King of Spain.

Principalities တွေမှာ မျိုးရိုး အစဉ်အဆက် အုပ်ချုပ်လာတာ ရှိသလို အသစ်ပေါ်လာတာတွေလည်း ရှိတယ်။ [အသစ်ပေါ်လာတဲ့ principalities ဆိုတာ အုပ်ချုပ်သူ အသစ်ရောက်လာတဲ့ principalities ကိုပြောတယ်ဆိုတာ ဒီစာပိုဒ်ထဲက ဥပမာတွေအရ မှန်းကြည့်နိုင်တယ်။] အဲဒိ အသစ်တွေထဲက တချို့က Milan for Francesco Sforza လို အစစ အရာရာ သစ်တာ ဖြစ်သလို တချို့က Kingdom of Naples for the Kingdom of Spain လို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာတဲ့ တိုင်းပြည် တခုခုက သိမ်းပိုက်ပြီး သူတို့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု အဖြစ် သွတ်သွင်းခံခဲ့ရတာတွေ ဖြစ်တယ်။ [Francesco Sforza ဟာ Venice ဗင်းနစ်က အာဏာပိုင်တွေနဲ့ အပေးအယူလုပ်ပြီး နောက်နှစ်နှစ် အကြာ ၁၄၅၀ မှာ မီလန်ကို သိမ်းလိုက်တယ်။ တနှစ်ထဲမှာ စပိန်ဘုရင် ဖာဒီနန်က Kingdom of Naples ကို စိတ်ပိုင်းပြီး ယူဖို့ ပြင်သစ်ဘုရင် လူဝီ ဆယ့်နှစ်နဲ့ သဘောတူညီမှုယူပြီး နေပယ်ကို သူ့ရဲ့ ညီတဝမ်းကွဲကို King Frederick I ကို အုပ်ချုပ်ခိုင်းခဲ့တယ်။[2] မက်ခီယာဗယ်လီရဲ့ The Prince ကိုဖတ်တဲ့အခါ ကြုံရတတ်တဲ့ အခက်အခဲတခုက သူ့စာအုပ်ထဲက နံမယ်တွေ၊ အဖြစ်အပျက်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတာပဲ ဖြစ်တယ်။ ဒါပေမယ့် သည်းခံပြီး ဖတ်ရင် တဖြည်းဖြည်းနဲ့ သူအဓိက ပြောချင်တဲ့ အဆိုက ဘာ ဆိုတာ သဘောပေါက်လာမှာပါ။]

Dominions taken in this way are either accustomed to living under a prince or are used to being free; and they are gained either by the arms of others or by one’s own, either through Fortune or through virtue.

[state နဲ့ dominion ကို မက်ခီယာဗယ်လီ အသုံးပြုပုံ မကွာတာကို သတိပြုပါ။] တခြား တိုင်းပြည် တခုရဲ့ သိမ်းပိုက်ခံရပြီး အဲဒိတိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု အဖြစ် ပြောခဲ့တဲ့နည်းနဲ့ သွတ်သွင်းခံခဲ့ရတဲ့ ဒိုမီနီယံတွေမှာ တချို့ဟာ မင်းတပါးပါးရဲ့ လက်အောက်မှာ နေရတဲ့ အတွေ့အကြုံရှိဖူးပြီး တချို့ကတော့ လွတ်လပ်ခဲ့ဖူးတယ်။ [ဘာဆိုလိုသလဲဆိုတာ သိပ်မရှင်းဘူး။] ဒီဒိုမီနီယံတွေကို တယောက်ယောက်ရဲ့ လက်နက် အကူအညီနဲ့ ရသလို ကိုယ်ကိုယ်တိုင်ရဲ့ Fortune ဒါမှမဟုတ် virtue ကြောင့်ရတယ်။

[ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ political philosophy မှာ အခရာကျတဲ့ ဝေါဟာရ နှစ်ခုကို စပြီး တွေ့ရတယ်။ အဲဒါကတော့ Fortune နဲ့ virtue။ ပထမ တခုက ရှင်းစရာမလိုဘူး။ ကံတရားရဲ့ ဖေးမမှုကို ပြောချင်တာ။ virtue ဆိုတာက ပလေတိုရဲ့ အချီအချ ဆွေးနွေးခန်းတွေထဲက Socrates ပြောတဲ့ ကျင့်ဝတ်နဲ့ဆိုင်တဲ့ moral virtue မဟုတ်ဖူး။ မက်ခီယာဗယ်လီ ဆိုလိုတာက လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်၊ ဇွဲနဘဲ ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးကို ဆိုလိုတာလို့ နားလည်တယ်။ မက်ခီယာဗယ်လီ ပြောတဲ့ Fortune နဲ့ virtue ကို ဗမာမှာ အလုပ်တခု အောင်မြင်ဖို့ရာ လိုအပ်တယ်လို့ ဆိုကြတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုနဲ့ ယှဉ်ကြည့်ရအောင်။ မက်ခီယာဗယ်လီရဲ့ Fortune က ဗမာက ကံနဲ့ဆင်တယ်။ နောက်သူ့ရဲ့ Virtue က ဉာဏ်၊ ဝီရီယ နှစ်ခု ပေါင်းစပ်ထားတာနဲ့ ဆင်တယ်။ တူရကီ အာဏာရှင်ဆိုပြီး သိကြတဲ့ Kemal Ataturk တို့၊ ကုန်းဘောင်မင်းဆက်ကို စတည်ထောင်တဲ့ ဉီးအောင်ဇေယျတို့၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေမှာ တွေ့ရတဲ့ ကိုယ်ရည် ကိုယ်သွေးမျိုးလို့ ယူဆနိုင်စရာ ရှိပါတယ်။]

Of Hereditary Principalities

အခန်း ၂ ဆွေစဉ်မျိုးဆက် အုပ်ချုပ်ခဲ့တဲ့ principalities များအကြောင်း

I shall set aside any discussion of republics, because I have treated them at length elsewhere. I shall consider the principality, weaving together the threads mentioned above as I go, and I shall discuss how these principalities can be governed and maintained.

[The Prince က principalities တွေနဲ့ ဆိုင်ပြီး republics တွေ အကြောင်းကိုတော့ Discourses on Livy မှာ အကျယ် ရှင်းထားတယ်။ ဒီစာပိုဒ်မှာ မက်ခီယာဗယ်လီက ဒီစာအုပ်ရဲ့ အဓိက အကြောင်းအရာကို စပြောပြီ။ ပြောခဲ့တဲ့ principalities တွေကို ဘယ်လို အုပ်ချုပ်မလဲ၊ ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာ ဆွေးနွေးမယ်လို့ ပြောတယ်။]

I say, then, that in hereditary states accustomed to the rule of their prince’s family, there are far fewer difficulties in maintaining them than in new states, for it is sufficient simply not to break ancient customs, and then to suit one’s actions to unexpected events.

မျိုးရိုးစဉ်ဆက် မင်းဆက် အုပ်ချုပ်မှုနဲ့ အုပ်ချုပ်ခံဖူးတဲ့ တိုင်းပြည်တွေကို ထိန်းသိမ်းတာ အစကနေ စရမယ့် တိုင်းပြည်တွေကို အုပ်ချုပ်တာလောက် မခက်ဘူး။ ဘာလို့ဆို  ဟိုးရှေးကတည်းက ရှိခဲ့တဲ့ အစဉ်အလာတွေကို အဆက် ပြတ်မသွားအောင်လုပ်၊ ပြီးရင် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကို လိုက်ပြီး မီးစင်ကြည့်က သွားတာနဲ့တင်ရတယ်။ [အဓိပ္ပါယ် မပျောက်အောင် စာကြောင်းတွေ ခွဲလိုက်တယ်။]

In this way, if such a prince is or ordinary ability he will always maintain his state, unless some extraordinary and inordinate force should deprive him of it, and although it may be taken away from him, he will regain it at the slightest mistake of the usurper.

ဒီနည်းအတိုင်း အုပ်ချုပ်မယ်ဆိုရင် သာမန် အရည်အချင်းလောက်ရှိတဲ့ မင်းအတွက်က တကယ့်သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေကြောင့် လက်လွှတ်ရတာမျိုးကလွဲရင် သူ့တိုင်းပြည်ကို အမြဲတန်း ထိန်းသိမ်း သွားနိုင်လိမ့်မယ်။။ လက်လွှတ်ရတယ် ဆိုအုံးတော့၊ သူ့တိုင်းပြည် လာသိမ်းသူက မဆို စလောက် အမှားလေး လုပ်မိတာနဲ့တင် ဒါကို အခွင့်ကောင်းယူပြီး သူ့တိုင်းပြည်ကို ပြန်သိမ်း နိုင်လိမ့်မယ်။

As an example, we have in Italy, the Duke of Ferrara, who withstood the assaults of the Venetians in 1484 and those of Pope Julius in 1510 for no other reason than his long-established rule in that dominion. Because a prince by birth has fewer reasons and less need to harm his subjects, it is natural that he should be more loved; and if no unusual vices make him hated, it is reasonable that he should be naturally well liked by them. And through the great length and continuity of his dominion the memories and causes of innovations die out, because one change always leaves indentations for the construction of another.

[The Prince ကို ဖတ်တဲ့အခါ သတိပြုမိကြမယ့် အချက်တခုက မက်ခီယာဗယ်လီဟာ တိုင်းပြည် အုပ်ချုပ်မှု၊ ကွပ်ကဲမှုနဲ့ ဆိုင်တဲ့ သူ့ရဲ့ အဆိုတိုင်းနီးနီးလောက်ကို သမိုင်းမှာ ဒါမှမဟုတ် သမိုင်း စာအုပ်တွေထဲမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဒါမှမဟုတ် သူကိုယ်တိုင်ရဲ့ အတွေ့အကြုံတွေနဲ့ သက်သေ အကိုးအကား ပြတဲ့ အချက်ပဲ ဖြစ်တယ်။]

ဥပမာ အနေနဲ့ အီတလီမှာ ၁၄၈၄ မှာ ဗင်းနစ်နယ်သားတွေရဲ့ စော်ကားမှုနဲ့ ၁၅၁၀ မှာ ပုပ်ရဟန်းမင်း ဂျူးလီးယပ်(စ)[3]ရဲ့ စော်ကားမှုတွေကို  ကြံ့ကြံ့ခံခဲ့တဲ့ ဖရားရာ မြို့စားဟာ သူ့တိုင်းပြည်ကို ကာလ ရှည်ကြာ အတည်တကျ အုပ်ချုပ်ခဲ့တဲ့ အတွက်ကြောင့်သာ ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်တယ်။ ဘာလို့ဆို မွေးကတည်းက ဒီတိုင်းပြည်မှာ တရက် မင်းလုပ် အုပ်ချုပ်မယ့်သူက သူ့အောက်လက်ငယ်သားကို ဒုက္ခပေးစရာ အကြောင်းနည်းတယ်၊ ဒုက္ခရောက်အောင် လုပ်ဖို့ မလိုဘူး၊ ဒီတော့ သူ့ကို အပြင်က ရောက်လာသူထက် အောက်လက်ငယ်သားက ပိုချစ်လောက်တယ်။ [ဒီနေရာမှာ အုပ်ချုပ်ခံရသူတွေရဲ့ rationality၊ အုပ်ချုပ်ခံရသူတွေရဲ့ စိတ်နေသဘာဝနဲ့ ပတ်သက်ပြီး စဉ်းစားစရာ၊ ဆွေးနွေးစရာတွေ ရှိတယ်။ စာဖတ်သူတွေ အတွေးဆန့်ကြည့်ကြပါလို့ပဲ တိုက်တွန်းချင်တယ်။ မက်ခီယာဗယ်လီက အုပ်ချုပ်ခံတွေမှာ ရှိတတ်တဲ့ စိတ်နေစိတ်ထားကို ဘာတခွန်းမှ မှတ်ချက်မပေးဘဲ သူ့အဆိုအတွက် unspoken assumption ပမာ သဘောထား ဖော်ပြသွားတယ်။ ဒီလိုဖော်ပြပုံမျိုးကို The Prince က အခန်းတိုင်းလိုလိုမှာ တွေ့ရတယ်။ ဒီလူ့သဘာဝနဲ့ ပတ်သက်တဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တဲ့ မက်ခီယာဗယ်လီရဲ့ အဆိုတွေကတဆင့် သူ့ရဲ့ နိုင်ငံရေး ဖီလော်ဆော်ဖီကို ဖော်ကြည့်နိုင်တာ ဖြစ်တယ်။ ဒီဖီလော်ဆော်ဖီကို ဖော်ရာမှာ interpret လုပ်ကြရာမှာ တယောက်နဲ့ တယောက် ကွဲနိုင်တယ်။ ခုဒီစာအုပ်ထဲမှာ စာရေးသူရဲ့ interpretation ကို အလျဉ်းသင့်သလို ဖော်ပြသွားပါ့မယ်။] ဒီမင်းမှာ အော့ကြော့လန်စရာ ယုတ်ညံ့မှုမျိုးသာ မရှိရင် သူ့ကို အောက်လက် ငယ်သားက ကောင်းကောင်း နှစ်သက် သဘောကျဖွယ်ရှိတယ်။ [လူကြည်ညိုတဲ့ ပုဂ္ဂိုလ်များရဲ့ မျိုးဆက်တွေ နိုင်ငံရေးထဲ ဝင်မယ်ဆိုရင် ကိုယ့်မိဘ ဘိုးဘွား အရှိန်နဲ့ ကိုယ့်မှာ လူချစ်အောင် သိပ်ထူးထူးခြားခြား လုပ်စရာ မလိုဘူးဆိုတာကို သဘောပေါက်ရင် မက်ခီယာဗယ်လီ ပြောတာကို နားလည်နိုင်မှာပါ။] သူ့ရဲ့ အုပ်ချုပ်မှုက အပြတ်အလပ်လည်း မရှိ၊ တခါ ကာလလည်း ရှည်ကြာတာနဲ့အမျှ တိုင်းပြည်ထဲ လုပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လူတွေက အသားကျပြီး အသစ် အဆန်းလို့ မမြင်ကြတော့ဘူး။ ဘာလို့ဆို နောင်လုပ်မယ့် ပြုပြင်ပြောင်းလဲမှုက သူ့အရင် ရှိပြီးသား ပုံစံတွေကို အခြေပြုပြီး ဆက်လုပ်သွားတာမို့ ဖြစ်တယ်။


[1] See Oxford World Classic notes p7

[2] Ibid

[3] ဆယ့်ငါးရာစုက ပုပ်ရဟန်းမင်း ဂျူးလီးယပ်စ ၂ ကို ရည်ညွှန်းသည်။

Discussion

One thought on “The Prince by Machiavelli 1

  1. zawgyi font
    The Prince by Machiavelli 1
    Posted on 22/09/2011 by zizawa| Leave a comment

    ကမၻာမွာ ထင္ရွားတဲ့ နိုင္ငံေရး ဒႆနက်မ္းေတြကို ဗမာလို ျပန္ဆိုထားတာ မရွိသေလာက္ နည္းတာကို စာဖတ္သူေတြ သတိျပုမိျကမယ္ ထင္ပါတယ္။ တကယ္ေတာ့ နိုင္ငံေရး ဒႆနက်မ္း မဆိုထားနဲ့၊ ဒႆနိကေဗဒလို့ ဗမာလို ဘာသာျပန္ထားတဲ့ ဖီေလာ္ေဆာ္ဖီက အထင္ရွားဆံုးက်မ္းေတြေတာင္ က်ေနာ္တို့ဆီမွာ မရွိသေလာက္ ရွားတယ္။ ေဇာ္ဂ်ီက ပေလတိုရဲ့ ဒိုင္ယာေလာ့ဂ္ တခုျဖစ္တဲ့ Aesthetics အလွနဲ့ ပတ္သက္တဲ့ Ion ဒိုင္ယာေလာ့ဂ္ကို အိုင္ယြန္နကထာ ဆိုျပီး ဘာသာျပန္ဖူးတယ္။ ဖီေလာ္ေဆာ္ဖီ ေလ့လာသူေတြ မေလ့လာမျဖစ္ ေလ့လာျကရတဲ့ ပေလတိုရဲ့ အေတြးအျမင္နဲ့ ပတ္သက္ျပီး က်ေနာ္ သိရသေလာက္ ဆန္းလြင္တို့၊ နနၵာသိန္းဇံတို့အျပင္ ေဇာ္ဂ်ီရဲ့ ပေလတိုးနိဒါန္းရယ္၊ တကၠသိုလ္ ဘုန္းနိုင္ရဲ့ ခပ္သိမ္းကလ်ာ ရႈဖြယ္သာတည္း စာအုပ္ထဲ ပေလတိုနဲ့ အရစၥေတာ္တယ္တို့ကို အနည္းအက်ဉ္း မိတ္ဆက္ေပးထားတာသာ ေတြ့ဖူးတယ္။ ပါရဂူလည္း နွစ္အုပ္ ေလာက္ေတာ့ ေရးဖူးတယ္ထင္တယ္။ ဒါေပမယ့္ ေဇာ္ဂ်ီရဲ့ Ion ဘာသာျပန္ကလြဲျပီး မူရင္း က်မ္းေတြကို ဘာသာ ျပန္ထားတာ မေတြ့ဖူးဘူး။ ဖီေလာ္ေဆာ္ဖာ တေယာက္ရဲ့ ဖီေလာ္ေဆာ္ဖီကို သူေရးထားတဲ့ မူရင္းကို ဖတ္မွသာ သူ့ရဲ့ ဖီေလာ္ေဆာ္ဖီကို ထဲထဲဝင္ဝင္ သေဘာေပါက္နိုင္မယ္။ မူရင္းေတြဟာ ဖတ္ရတာ ခက္တယ္။ ေတာ္ရံုတန္ရံု သိခ်င္၊ နားလည္ခ်င္စိတ္ေလာက္နဲ့ဆို ေလးငါးေျခာက္မ်က္နွာ လွန္ျပီးရင္ စိတ္ပ်က္သြားနိုင္တယ္။ မူရင္း စာအုပ္က ခက္တဲ့အျပင္ ကိုယ္ဖတ္ေနတဲ့ ဖီေလာ္ေဆာ္ဖာဟာ ဘယ္ျပႆနာကို ရွင္းေနသလဲဆိုတာ စကတည္းက ရွင္းရွင္း လင္းလင္း သိမထားရင္ ဖီေလာ္ေဆာ္ဖီ ဇာတ္ရည္လည္ဖို့ ခက္ျပီး ေရွ့ဆက္ဖတ္ဖို့ အားကုန္သြားေရာ။ အဲဒိမွာ မူရင္းက်မ္းေတြကို ဖတ္ရာမွာ အေထာက္အကူ ျဖစ္ေစဖို့ secondary texts ေတြရဲ့ က႑ဍ ေရာက္လာတယ္။

    တခုေတာ့ ရွိတယ္။ ပေလတိုရဲ့ အေတြးအျမင္ကို interpret လုပ္ထားတဲ့၊ ဖြင့္ဆိုထားတဲ့ secondary texts ေတြကို ဖတ္တာနဲ့ ပေလတိုကို သိမွာမဟုတ္ဖူး။ ပေလတိုကို အေကာင္းဆံုး နားလည္နိုင္ဖို့၊ ထဲထဲဝင္ဝင္ နားလည္နိုင္ဖို့ ပေလတိုရဲ့ ဒိုင္ယာေလာ့ဂ္ တခုခ်င္းစီကို (ျဖစ္နိုင္ရင္ မူရင္း ဘာသာစကားနဲ့ ေရးထားတဲ့ က်မ္းေတြကို) အေခါက္ေခါက္ အခါခါ ဖတ္ျပီး သူ ‘ဘာ’ ကို ‘ဘယ္လို’ က်ိုးေျကာင္း ျပဆိုထားလဲဆိုတာ နားလည္ေအာင္ လုပ္မွသာ ျဖစ္နိုင္မယ္။ တဘက္မွာ secondary texts ေတြဟာလည္း သူ့တန္ဖိုးနဲ့ သူရွိတာပဲ။ မူရင္းက်မ္းကို ဖတ္ေနရင္း လည္လာရင္ ဇတ္ရည္လည္ေအာင္ secondary texts ေတြက အမ်ားျကီး အေထာက္အကူ ေပးတယ္။

    နိုင္ငံေရး ဒႆနက်မ္းေတြထဲမွာ ဂနၱဝင္လို့ သတ္မွတ္ျကတဲ့ စာအုပ္ေတြနဲ့ ဗမာစာဖတ္ ပရိသတ္ကို ရင္းနွီးကြ်မ္းဝင္ေစခ်င္တယ္။ ဒီစာအုပ္ေတြထဲက အေတာ္မ်ားမ်ားဟာ ခုဆိုရင္ အင္တာနက္မွာ အလကား ဖတ္နိုင္ေနျပီ။ ဒီစာေတြကို ဗမာလို ဘာသာျပန္တဲ့အျပင္ ဖတ္ေနရင္း ေဘးကေန ကူျပီး interpret လုပ္ေပးမယ္ဆိုရင္ ကမၻာမွာ ထင္ရွားခဲ့တဲ့ အေတြးအျမင္ေတြကို ဗမာစာဖတ္ ပရိသတ္ အေနနဲ့ ရင္းနွီးကြ်မ္းဝင္ေစဖို့ရာ အေထာက္အကူ ျဖစ္မယ္လို့ ယံုျကည္တယ္။ အဲ့သလို ယံုျကည္တဲ့ အေလ်ာက္ ဂနၱဝင္ ဖီေလာ္ေဆာ္ဖီ မူရင္းက်မ္းတခ်ို့ကို ဘာသာျပန္ျကည့္ထားတယ္။ ဘာသာျပန္ထားတဲ့အျပင္ ဇာတ္ရည္လည္ေအာင္ ဘာသာျပန္သူရဲ့ ရွင္းလင္းခ်က္ interpretation ကိုပါ ေဖာ္ျပေပးထားတယ္။

    နိုင္ငံေရး ဒႆနနဲ့ ပတ္သက္ျပီး အေစာဆံုးက်မ္းလို့ သတ္မွတ္ျကတဲ့ ပေလတိုရဲ့ Crito ကို ဘာသာ ျပန္ျပီးျပီ။ ဘာသာျပန္ အျကမ္းကို ဒီဘေလာ့မွာ ဖတ္လို့ရပါတယ္။ ဘာသာျပန္တဲ့အခါမွာ အေရးအသား ေခ်ာေမြ့ဖို့ထက္ မူရင္း ဖီေလာ္ေဆာ္ဖာရဲ့ proposition အဆိုေတြ၊ argument က်ိုးေျကာင္း ျပဆိုခ်က္ေတြ တိက်နိုင္သမွ် တိတိက်က် ျဖစ္ေရးကို ဉီးစားေပးထားတယ္။ Crito ျပီးေတာ့ ခု Machiavelli ရဲ့ The Prince ကို စျပီး ဘာသာျပန္ျကည့္တယ္။ ဘာသာျပန္ ဆိုေပမယ့္ တကယ္က ဘာသာျပန္ စစ္စစ္ မဟုတ္ဖူး။ တအုပ္လံုး ဘာသာျပန္မယ့္အစား အခန္းတိုင္းက အေရးျကီးဆံုး အဆိုေတြကိုပဲ ေရြးျပီး ဘာသာျပန္ထားတယ္။ က်ေနာ့္အထင္မွာ သိပ္အေရး မျကီးဘူးလို့ ထင္တဲ့ စာပိုဒ္ေတြကို ခ်န္ပစ္ခဲ့တယ္။ ေနာက္ ဗမာလို ဘာသာျပန္ထားတာကို ရုတ္တရက္ နားလည္ဖို့ ခက္ေနရင္ အဂၤႅိပ္ text ကိုျကည့္ျပီး ဆိုလိုရင္းကို နားလည္နိုင္ေအာင္ အဂၤႅိပ္ text ကိုပါ ထည့္ေပးထားတယ္။

    တကယ္ေတာ့ က်ေနာ့္ ဘာသာျပန္နဲ့ ရွင္းလင္းခ်က္ေတြဟာ မူရင္းစာကို စာဖတ္သူတို့ ကိုယ္တိုင္ ဖတ္ျဖစ္လာေအာင္ တြန္းအားေပးရံု သက္သက္သာ ရည္ရြယ္တယ္။ က်ေနာ့္ ဘာသာျပန္နဲ့ ရွင္းလင္းခ်က္ေတြကို ဖတ္ျပီး မက္ခီယာဗယ္လီရဲ့ The Prince ကို အစအဆံုး ဖတ္ဖို့ထိ စိတ္ျဖစ္လာရင္ ေရးရက်ိုးနပ္ျပီလို့ ယူဆပါတယ္။ The Prince အျပင္ ပေလတိုရဲ့ Crito နဲ့ Republic, Thomas Hobbes ရဲ့ Leviathan ေနာက္ ဂြ်န္ေလာ့၊ ရူးဆိုးတို့ရဲ့ အထင္ကရ က်မ္းေတြကိုပါ ျပန္ဖို့ ဆနၵရွိတယ္။ ခုေတာ့ The Prince နဲ့ စျကည့္အံုးမယ္။

    [ ] ေဒါင့္ကြင္းထဲ ေရးသားထားတာေတြက စာေရးသူရဲ့ interpretation ျဖစ္ပါတယ္။

    How many kinds of Principalities there are and ways they are acquired

    အခန္း ၁ Principalities ဘယ္နွစ္မ်ိုး ရွိလဲ၊ သူတို့ကို သိမ္းပိုက္နည္းမ်ား

    All states and all dominions that have had and continue to have power over men have been, and still are, either republics or principalities.

    [The Prince ရဲ့ ပထမအခန္းကို မက္ခီယာဗယ္လီက အေပၚက စာေျကာင္းနဲ့ စဖြင့္တယ္။ အရင္ဆံုး ေခါင္းစဉ္နဲ့ ဒီဝါက်မွာ ပါတဲ့ ေနာက္ပိုင္း အျကိမ္ျကိမ္ ေတြ့ျကရမယ့္ ေဝါဟာရေတြကို အနည္းဆံုး အျကမ္း နားလည္ထားသင့္တယ္။ မက္ခီယာဗယ္လီက political power နိုင္ငံေရး အာဏာကို ရည္ညွြန္းဖို့ state, dominion နဲ့ principalities ဆိုတဲ့ တဲခနိက ေဝါဟာရ သံုးခုကို အသံုး ျပုထားတယ္။ မက္ခီယာဗယ္လီ ေျပာတဲ့ state ဆိုတာ ကေန့ေခတ္ ကုလသမဂၢမွာ အဖြဲ့ဝင္ အျဖစ္ ပါေနျကတဲ့ နိုင္ငံ nation-state ကိုဆိုလိုတာ မဟုတ္ဖူး။ an institutional exercise of power over a territory[1] တနည္း နယ္ပယ္တခုမွာ အဖြဲ့အစည္း သ႑ဍာန္နဲ့ အာဏာက်င့္သံုးနိုင္တဲ့ ယူနစ္ကို ေျပာခ်င္တာ။ ကေန့ေခတ္ အီတလီလို့ ေျမပံုေပၚ နယ္နမိတ္မ်ဉ္းသတ္ထားတဲ့ နိုင္ငံေနရာမွာ ဆယ့္ငါးရာစု အကုန္ေလာက္က သူ့နယ္နဲ့သူ တသီးတသန့္ အုပ္ခ်ုပ္ေနတဲ့ ေျပာခဲ့တဲ့ အုပ္ခ်ုပ္ေရး ယူနစ္ေလးေတြ ပြစိျကဲေနတယ္။ အဲဒိ အုပ္ခ်ုပ္ေရး ယူနစ္ေလးေတြထဲက တခ်ို့ကို မက္ခီယာဗယ္လီက republic လို့ သတ္မွတ္ျပီး တခ်ို့ကိုေတာ့ principalities လို့ေခၚတယ္။ ကေန့ ျပည္ေထာင္စု ျမန္မာ နိုင္ငံေတာ္ နယ္နမိတ္ အျဖစ္ သတ္မွတ္ထားတဲ့ ဧရိယာ နယ္နမိတ္ထဲမွာ တခ်ိန္က အင္းဝ၊ ပဲခူး၊ အာရကန္ စတဲ့ ကိုယ့္နယ္ပယ္မွာ ကိုယ့္အုပ္ခ်ုပ္မႈနဲ့ကိုယ္ ရွိခဲတဲ့ အုပ္ခ်ုပ္ေရး ယူနစ္ေတြနဲ့ သေဘာခ်င္း မကြာ လွဘူးလို့ ယူဆမိတယ္။ ဒီေဝါဟာရေတြကို ေနာက္အျကိမ္ျကိမ္ ေတြ့ရမွာမို့ ေရွ့ေနာက္ ညီေအာင္ state ကို တိုင္းျပည္လို့ ဘာသာျပန္ထားလိုက္မယ္။ republic ကေတာ့ နိုင္ငံေတာ္ေပါ့။]

    Principalities are either hereditary, in which instance the family of the prince has ruled for generations, or they are new. The new ones are either completely new, as was Milan for Francesco Sforza, or they are like appendages added to the hereditary state of the prince who acquires them, as is the Kingdom of Naples for the King of Spain.

    Principalities ေတြမွာ မ်ိုးရိုး အစဉ္အဆက္ အုပ္ခ်ုပ္လာတာ ရွိသလို အသစ္ေပၚလာတာေတြလည္း ရွိတယ္။ [အသစ္ေပၚလာတဲ့ principalities ဆိုတာ အုပ္ခ်ုပ္သူ အသစ္ေရာက္လာတဲ့ principalities ကိုေျပာတယ္ဆိုတာ ဒီစာပိုဒ္ထဲက ဥပမာေတြအရ မွန္းျကည့္နိုင္တယ္။] အဲဒိ အသစ္ေတြထဲက တခ်ို့က Milan for Francesco Sforza လို အစစ အရာရာ သစ္တာ ျဖစ္သလို တခ်ို့က Kingdom of Naples for the Kingdom of Spain လို မ်ိုးရိုးစဉ္ဆက္ အုပ္ခ်ုပ္လာတဲ့ တိုင္းျပည္ တခုခုက သိမ္းပိုက္ျပီး သူတို့ တိုင္းျပည္ရဲ့ အစိတ္အပိုင္းတခု အျဖစ္ သြတ္သြင္းခံခဲ့ရတာေတြ ျဖစ္တယ္။ [Francesco Sforza ဟာ Venice ဗင္းနစ္က အာဏာပိုင္ေတြနဲ့ အေပးအယူလုပ္ျပီး ေနာက္နွစ္နွစ္ အျကာ ၁၄၅၀ မွာ မီလန္ကို သိမ္းလိုက္တယ္။ တနွစ္ထဲမွာ စပိန္ဘုရင္ ဖာဒီနန္က Kingdom of Naples ကို စိတ္ပိုင္းျပီး ယူဖို့ ျပင္သစ္ဘုရင္ လူဝီ ဆယ့္နွစ္နဲ့ သေဘာတူညီမႈယူျပီး ေနပယ္ကို သူ့ရဲ့ ညီတဝမ္းကြဲကို King Frederick I ကို အုပ္ခ်ုပ္ခိုင္းခဲ့တယ္။[2] မက္ခီယာဗယ္လီရဲ့ The Prince ကိုဖတ္တဲ့အခါ ျကံုရတတ္တဲ့ အခက္အခဲတခုက သူ့စာအုပ္ထဲက နံမယ္ေတြ၊ အျဖစ္အပ်က္ေတြနဲ့ ရင္းနွီးကြ်မ္းဝင္မႈ မရွိတာပဲ ျဖစ္တယ္။ ဒါေပမယ့္ သည္းခံျပီး ဖတ္ရင္ တျဖည္းျဖည္းနဲ့ သူအဓိက ေျပာခ်င္တဲ့ အဆိုက ဘာ ဆိုတာ သေဘာေပါက္လာမွာပါ။]

    Dominions taken in this way are either accustomed to living under a prince or are used to being free; and they are gained either by the arms of others or by one’s own, either through Fortune or through virtue.

    [state နဲ့ dominion ကို မက္ခီယာဗယ္လီ အသံုးျပုပံု မကြာတာကို သတိျပုပါ။] တျခား တိုင္းျပည္ တခုရဲ့ သိမ္းပိုက္ခံရျပီး အဲဒိတိုင္းျပည္ရဲ့ အစိတ္အပိုင္းတခု အျဖစ္ ေျပာခဲ့တဲ့နည္းနဲ့ သြတ္သြင္းခံခဲ့ရတဲ့ ဒိုမီနီယံေတြမွာ တခ်ို့ဟာ မင္းတပါးပါးရဲ့ လက္ေအာက္မွာ ေနရတဲ့ အေတြ့အျကံုရွိဖူးျပီး တခ်ို့ကေတာ့ လြတ္လပ္ခဲ့ဖူးတယ္။ [ဘာဆိုလိုသလဲဆိုတာ သိပ္မရွင္းဘူး။] ဒီဒိုမီနီယံေတြကို တေယာက္ေယာက္ရဲ့ လက္နက္ အကူအညီနဲ့ ရသလို ကိုယ္ကိုယ္တိုင္ရဲ့ Fortune ဒါမွမဟုတ္ virtue ေျကာင့္ရတယ္။

    [ဒီေနရာမွာ မက္ခီယာဗယ္လီရဲ့ political philosophy မွာ အခရာက်တဲ့ ေဝါဟာရ နွစ္ခုကို စျပီး ေတြ့ရတယ္။ အဲဒါကေတာ့ Fortune နဲ့ virtue။ ပထမ တခုက ရွင္းစရာမလိုဘူး။ ကံတရားရဲ့ ေဖးမမႈကို ေျပာခ်င္တာ။ virtue ဆိုတာက ပေလတိုရဲ့ အခ်ီအခ် ေဆြးေနြးခန္းေတြထဲက Socrates ေျပာတဲ့ က်င့္ဝတ္နဲ့ဆိုင္တဲ့ moral virtue မဟုတ္ဖူး။ မက္ခီယာဗယ္လီ ဆိုလိုတာက လုပ္ရည္ကိုင္ရည္၊ ျကံရည္ဖန္ရည္၊ ဇြဲနဘဲ ရွိတဲ့ ကိုယ္ရည္ကိုယ္ေသြးမ်ိုးကို ဆိုလိုတာလို့ နားလည္တယ္။ မက္ခီယာဗယ္လီ ေျပာတဲ့ Fortune နဲ့ virtue ကို ဗမာမွာ အလုပ္တခု ေအာင္ျမင္ဖို့ရာ လိုအပ္တယ္လို့ ဆိုျကတဲ့ ကံ၊ ဉာဏ္၊ ဝီရိယ သံုးခုနဲ့ ယွဉ္ျကည့္ရေအာင္။ မက္ခီယာဗယ္လီရဲ့ Fortune က ဗမာက ကံနဲ့ဆင္တယ္။ ေနာက္သူ့ရဲ့ Virtue က ဉာဏ္၊ ဝီရီယ နွစ္ခု ေပါင္းစပ္ထားတာနဲ့ ဆင္တယ္။ တူရကီ အာဏာရွင္ဆိုျပီး သိျကတဲ့ Kemal Ataturk တို့၊ ကုန္းေဘာင္မင္းဆက္ကို စတည္ေထာင္တဲ့ ဉီးေအာင္ေဇယ်တို့၊ လြတ္လပ္ေရးဖခင္ ဗိုလ္ခ်ုပ္ေအာင္ဆန္းတို့လို ပုဂၢိုလ္ေတြမွာ ေတြ့ရတဲ့ ကိုယ္ရည္ ကိုယ္ေသြးမ်ိုးလို့ ယူဆနိုင္စရာ ရွိပါတယ္။]

    Of Hereditary Principalities

    အခန္း ၂ ေဆြစဉ္မ်ိုးဆက္ အုပ္ခ်ုပ္ခဲ့တဲ့ principalities မ်ားအေျကာင္း

    I shall set aside any discussion of republics, because I have treated them at length elsewhere. I shall consider the principality, weaving together the threads mentioned above as I go, and I shall discuss how these principalities can be governed and maintained.

    [The Prince က principalities ေတြနဲ့ ဆိုင္ျပီး republics ေတြ အေျကာင္းကိုေတာ့ Discourses on Livy မွာ အက်ယ္ ရွင္းထားတယ္။ ဒီစာပိုဒ္မွာ မက္ခီယာဗယ္လီက ဒီစာအုပ္ရဲ့ အဓိက အေျကာင္းအရာကို စေျပာျပီ။ ေျပာခဲ့တဲ့ principalities ေတြကို ဘယ္လို အုပ္ခ်ုပ္မလဲ၊ ဘယ္လိုထိန္းသိမ္းမလဲ ဆိုတာ ေဆြးေနြးမယ္လို့ ေျပာတယ္။]

    I say, then, that in hereditary states accustomed to the rule of their prince’s family, there are far fewer difficulties in maintaining them than in new states, for it is sufficient simply not to break ancient customs, and then to suit one’s actions to unexpected events.

    မ်ိုးရိုးစဉ္ဆက္ မင္းဆက္ အုပ္ခ်ုပ္မႈနဲ့ အုပ္ခ်ုပ္ခံဖူးတဲ့ တိုင္းျပည္ေတြကို ထိန္းသိမ္းတာ အစကေန စရမယ့္ တိုင္းျပည္ေတြကို အုပ္ခ်ုပ္တာေလာက္ မခက္ဘူး။ ဘာလို့ဆို ဟိုးေရွးကတည္းက ရွိခဲ့တဲ့ အစဉ္အလာေတြကို အဆက္ ျပတ္မသြားေအာင္လုပ္၊ ျပီးရင္ ေမွ်ာ္လင့္မထားတဲ့ အျဖစ္အပ်က္ေတြကို လိုက္ျပီး မီးစင္ျကည့္က သြားတာနဲ့ရတယ္။ [အဓိပၸါယ္ မေပ်ာက္ေအာင္ စာေျကာင္းေတြ ခြဲလိုက္တယ္။]

    In this way, if such a prince is or ordinary ability he will always maintain his state, unless some extraordinary and inordinate force should deprive him of it, and although it may be taken away from him, he will regain it at the slightest mistake of the usurper.

    ဒီနည္းအတိုင္း အုပ္ခ်ုပ္မယ္ဆိုရင္ သာမန္ အရည္အခ်င္းရွိတဲ့ မင္းအတြက္က တကယ့္သာမန္ထက္ လြန္ကဲတဲ့ အေျကာင္းတရားေတြေျကာင့္ လက္လွြတ္ရတာမ်ိုးကလြဲရင္ သူ့တိုင္းျပည္ကို အျမဲတန္း ထိန္းသိမ္း သြားနိုင္လိမ့္မယ္။ လက္လွြတ္ရတယ္ ဆိုအံုးေတာ့၊ သူ့တိုင္းျပည္ လာသိမ္းသူက မဆို စေလာက္ အမွားေလး လုပ္မိတာနဲ့တင္ ဒါကို အခြင့္ေကာင္းယူျပီး သူ့တိုင္းျပည္ကို ျပန္သိမ္း နိုင္လိမ့္မယ္။

    As an example, we have in Italy, the Duke of Ferrara, who withstood the assaults of the Venetians in 1484 and those of Pope Julius in 1510 for no other reason than his long-established rule in that dominion. Because a prince by birth has fewer reasons and less need to harm his subjects, it is natural that he should be more loved; and if no unusual vices make him hated, it is reasonable that he should be naturally well liked by them. And through the great length and continuity of his dominion the memories and causes of innovations die out, because one change always leaves indentations for the construction of another.

    [The Prince ကို ဖတ္တဲ့အခါ သတိျပုမိျကမယ့္ အခ်က္တခုက မက္ခီယာဗယ္လီဟာ တိုင္းျပည္ အုပ္ခ်ုပ္မႈ၊ ကြပ္ကဲမႈနဲ့ ဆိုင္တဲ့ သူ့ရဲ့ အဆိုတိုင္းနီးနီးေလာက္ကို သမိုင္းမွာ ဒါမွမဟုတ္ သမိုင္း စာအုပ္ေတြထဲမွာ ျဖစ္ပ်က္ခဲ့တာေတြ၊ ဒါမွမဟုတ္ သူကိုယ္တိုင္ရဲ့ အေတြ့အျကံုေတြနဲ့ သက္ေသ အကိုးအကား ျပတဲ့ အခ်က္ပဲ ျဖစ္တယ္။]

    ဥပမာ အေနနဲ့ အီတလီမွာ ၁၄၈၄ မွာ ဗင္းနစ္နယ္သားေတြရဲ့ ေစာ္ကားမႈနဲ့ ၁၅၁၀ မွာ ပုပ္ရဟန္းမင္း ဂ်ူးလီးယပ္(စ)[3]ရဲ့ ေစာ္ကားမႈေတြကို ျကံ့ျကံ့ခံခဲ့တဲ့ ဖရားရာ ျမို့စားဟာ သူ့တိုင္းျပည္ကို ကာလ ရွည္ျကာ အတည္တက် အုပ္ခ်ုပ္ခဲ့တဲ့ အတြက္ေျကာင့္သာ ျကံ့ျကံ့ခံနိုင္ခဲ့တာ ျဖစ္တယ္။ ဘာလို့ဆို ေမြးကတည္းက ဒီတိုင္းျပည္မွာ တရက္ မင္းလုပ္ အုပ္ခ်ုပ္မယ့္သူက သူ့ေအာက္လက္ငယ္သားကို ဒုကၡေပးစရာ အေျကာင္းနည္းတယ္၊ ဒုကၡေရာက္ေအာင္ လုပ္ဖို့ မလိုဘူး၊ ဒီေတာ့ သူ့ကို အျပင္က ေရာက္လာသူထက္ ေအာက္လက္ငယ္သားက ပိုခ်စ္ေလာက္တယ္။ [ဒီေနရာမွာ အုပ္ခ်ုပ္ခံရသူေတြရဲ့ rationality၊ အုပ္ခ်ုပ္ခံရသူေတြရဲ့ စိတ္ေနသဘာဝနဲ့ ပတ္သက္ျပီး စဉ္းစားစရာ၊ ေဆြးေနြးစရာေတြ ရွိတယ္။ စာဖတ္သူေတြ အေတြးဆန့္ျကည့္ျကပါလို့ပဲ တိုက္တြန္းခ်င္တယ္။ မက္ခီယာဗယ္လီက အုပ္ခ်ုပ္ခံေတြမွာ ရွိတတ္တဲ့ စိတ္ေနစိတ္ထားကို ဘာတခြန္းမွ မွတ္ခ်က္မေပးဘဲ သူ့အဆိုအတြက္ unspoken assumption ပမာ သေဘာထား ေဖာ္ျပသြားတယ္။ ဒီလိုေဖာ္ျပပံုမ်ိုးကို The Prince က အခန္းတိုင္းလိုလိုမွာ ေတြ့ရတယ္။ ဒီလူ့သဘာဝနဲ့ ပတ္သက္တဲ့ အုပ္ခ်ုပ္သူ၊ အုပ္ခ်ုပ္ခံေတြရဲ့ စိတ္ေနစိတ္ထားနဲ့ ပတ္သက္တဲ့ မက္ခီယာဗယ္လီရဲ့ အဆိုေတြကတဆင့္ သူ့ရဲ့ နိုင္ငံေရး ဖီေလာ္ေဆာ္ဖီကို ေဖာ္ျကည့္နိုင္တာ ျဖစ္တယ္။ ဒီဖီေလာ္ေဆာ္ဖီကို ေဖာ္ရာမွာ interpret လုပ္ျကရာမွာ တေယာက္နဲ့ တေယာက္ ကြဲနိုင္တယ္။ ခုဒီစာအုပ္ထဲမွာ စာေရးသူရဲ့ interpretation ကို အလ်ဉ္းသင့္သလို ေဖာ္ျပသြားပါ့မယ္။] ဒီမင္းမွာ ေအာ့ေျကာ့လန္စရာ ယုတ္ညံ့မႈမ်ိုးသာ မရွိရင္ သူ့ကို ေအာက္လက္ ငယ္သားက ေကာင္းေကာင္း နွစ္သက္ သေဘာက်ဖြယ္ရွိတယ္။ [လူျကည္ညိုတဲ့ ပုဂၢိုလ္မ်ားရဲ့ မ်ိုးဆက္ေတြ နိုင္ငံေရးထဲ ဝင္မယ္ဆိုရင္ ကိုယ့္မိဘ ဘိုးဘြား အရွိန္နဲ့ ကိုယ့္မွာ လူခ်စ္ေအာင္ သိပ္ထူးထူးျခားျခား လုပ္စရာ မလိုဘူးဆိုတာကို သေဘာေပါက္ရင္ မက္ခီယာဗယ္လီ ေျပာတာကို နားလည္နိုင္မွာပါ။] သူ့ရဲ့ အုပ္ခ်ုပ္မႈက အျပတ္အလပ္လည္း မရွိ၊ တခါ ကာလလည္း ရွည္ျကာတာနဲ့အမွ် တိုင္းျပည္ထဲ လုပ္တဲ့ ျပုျပင္ ေျပာင္းလဲမႈေတြကို လူေတြက အသားက်ျပီး အသစ္ အဆန္းလို့ မျမင္ျကေတာ့ဘူး။ ဘာလို့ဆို ေနာင္လုပ္မယ့္ ျပုျပင္ေျပာင္းလဲမႈက သူ့အရင္ ရွိျပီးသား ပံုစံေတြကို အေျချပုျပီး ဆက္လုပ္သြားတာမို့ ျဖစ္တယ္။

    [1] See Oxford World Classic notes p7

    [2] Ibid

    [3] ဆယ့္ငါးရာစုက ပုပ္ရဟန္းမင္း ဂ်ူးလီးယပ္စ ၂ ကို ရည္ညွြန္းသည္။

    Posted by politicsfreakcnz | 24/09/2011, 09:16

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: