//
you're reading...
Philosophy texts

The Prince by Machiavelli 2

Of Mixed Principalities

အခန်း ၃ အသစ်မကျ၊ မျိုးရိုးစဉ်ဆက် အုပ်ချုပ်မှုပုံစံ မကျတဲ့ principalities များအကြောင်း

But it is in the new principality that difficulties arise. In the first place, if it is not completely new but is like and added appendage (so that the two parts together may be called mixed), its difficulties derive first from on natural problem inherent in all new principalities: that men gladly change their ruler, thinking to better themselves. This belief causes them to take up arms against their ruler, but they fool themselves in this, since they then see through experience that matters have become worse.

ဒါပေမယ့် အခက်အခဲတွေ ပေါ်ပေါက်တာက principalities သစ်တွေမှာ ဖြစ်တယ်။ ပထမတချက် အနေနဲ့ principality ဟာ အစစ အရာရာသစ်တဲ့ principality မဟုတ်ပဲ နဂိုရှိပြီးသား တိုင်းပြည် တခုခုထဲ သွတ်သွင်းခံရတာဆို သူ့အခက်အခဲတွေဟာ ပထမတချက် အနေနဲ့ principality သစ်တိုင်းမှာ သူ့သဘာဝ အလျောက် စကတည်းက ရှိနေတဲ့ ပြဿနာတွေကနေ ဆင်းသက်လာတဲ့ အခက်အခဲတွေ ဖြစ်တယ်။ အဲဒါကတော့ လူတွေက ကိုယ့်ကို အုပ်ချုပ်နေသူထက် ကောင်းအောင်လုပ်နိုင်မယ် အထင်နဲ့ အုပ်ချုပ်သူ ပြောင်းအောင် စိတ်အားထက်သန်စွာ  လုပ်ကြတာပဲ ဖြစ်တယ်။ ဒီအထင်နဲ့ အုပ်ချုပ်နေသူကို လက်နက်ကိုင် ပုန်ကန်ဖို့ ဖြစ်လာရော။ ဒါပေမယ့် အဲ့သလို ပုန်ကန်မှ အခြေအနေက ပိုဆိုးတာကို ကိုယ်တွေ့ သိလာတော့မှာ ကိုယ်ဟာ့ကိုယ် စိတ်ထင်ရာ လျှောက်လုပ်နေပါလားဆိုတာကို  သဘော ပေါက်ကြတယ်။ [ဒီနေရာမှာ မက်ခီယာဗယ်လီ ပြောနေတာက သူ့အုပ်ချုပ်မှုနဲ့သူ ရှိနေတဲ့ နယ်တနယ်ကို တခြားက လာသိမ်းပြီး မင်းလုပ်တဲ့အခါ အသိမ်းခံရတဲ့နယ်တွေမှာ တွေ့ရတတ်တာကို ပြောပြနေတာလို့ ယူဆတယ်။]

This stems from another natural and ordinary necessity, which is that a new prince must always harm his new subjects, both with his soldiers as well as with countless other injuries involved in his new conquest.

ဒီလို ဖြစ်ရတာဟာ အသစ်ရောက်လာတဲ့မင်းက သူသိမ်းပိုက်လိုက်တဲ့နယ်က လက်အောက်ငယ်သား အသစ်စက်စက် တွေကို သူ့စစ်သားတွေကတဆင့် ဒုက္ခ အမျိုးမျိုး ရောက်ရစေတဲ့အတွက် ဖြစ်တယ်၊ တခါ ဒီနယ်ကို သိမ်းပိုက်စဉ် အခါမှာလည်း မရေမတွက်နိုင်အောင် များတဲ့ တခြား ဒဏ်ရာ ဒဏ်ချက်တွေလည်း ကြုံရစေတဲ့ အတွက်ဖြစ်တယ်။ ဒါမျိုးက ရှောင်လို့မရဘူး၊ နယ်ပယ်သစ် တခုခုကို သိမ်းပိုက်ပြီ ဆိုရင် မလွဲမသွေ ကြုံရမှာတွေပဲ။

Thus, you have made enemies of all those you harmed in occupying the principality, and you are unable to maintain as friends those who helped you to rise to power, since you cannot satisfy them in the way that they had supposed.

ဒီတော့ principality တခုကို သွားသိမ်းပြီဆိုရင် ကိုယ်ကြောင့် ဒုက္ခရောက်သူ အားလုံးက ကိုယ့်ကို ရန်သူလို့ သဘောထားကြရော။ တခါကိုယ့်ကို အာဏာရလာအောင် ကူညီခဲ့သူတွေကိုလည်း သူတို့ ဖြစ်စေချင်တဲ့ အတိုင်း ကိုယ်က မဖြည့်ဆည်းပေးနိုင်တော့ သူတို့ကိုလည်း မိတ်ဆွေအဖြစ် ဆက်ပြီး ထိန်းမထားနိုင် ဖြစ်လာရော။

Nor can you use strong medicine against them, for you are in their debt: this is so because, although someone may have the most powerful of armies, he always needs the support of the inhabitants to seize a region. For these reasons, Louis XII, King of France, quickly occupied Milan and just as quickly lost it. The first time, the troops of Ludovico alone were needed to retake it from him because those citizens who had opened the gates of the city to the King, finding themselves deceived in their beliefs and in that future improvement they had anticipated, could not support the vexations of the new prince.

တခါ ဒီလူတွေကို ဆေးပြင်းတိုက်လို့လဲမရဘူး၊ ဘာလို့ဆို သူတို့ကျေးဇူးက ကိုယ့်ဆီရှိနေတာကိုး။  တချို့မှာ အင်အားအကြီးဆုံး စစ်တပ်ကြီး ရှိချင်ရှိမယ်၊ ဒါပေမယ့် ဘယ်တော့မဆို တိုင်းပြည်တခု သိမ်းဖို့က ဒီတိုင်းပြည်ထဲ နေထိုင်နေသူတွေရဲ့ အကူအညီကို လိုကိုလိုတယ်။ အဲဒိအကြောင်းတွေကြောင့်ပဲ ပြင်သစ်ဘုရင် လူဝီ ၁၂ ဟာ မီလန်ကို ချက်ချင်း သိမ်းနိုင်ပြီး ချက်ချင်းပြန် ဆုံးရှုံးသွားတယ်။ ပထမတကြိမ်တုန်းက လူဒီဗီချိုရဲ့ တပ်တွေနဲ့တင် မီလန်ကို သူ့လက်ထဲက ပြန်သိမ်းနိုင်တယ်၊ ဘာလို့ဆို ပြင်သစ်ဘုရင် မြို့လာသိမ်းတုန်းက မြို့တံခါးဖွင့်ပေးခဲ့သူတွေ ကိုယ်တိုင်က နောက်ပိုင်းမှာ သူတို့ မှန်းထားသလို၊ ယုံကြည်ခဲ့သလို မင်း အသစ်အောက်မှာ တိုးတက်မှုတွေ တကယ်မရှိနိုင်ပါလားဆိုတာ သူတို့ ဘာသာ ပြန်သဘောပေါက်တဲ့အခါကျတော့ အဲဒိမင်း အသစ်ကို စိတ်ပျက်လာကြလို့ ဖြစ်တယ်။ [မက်ခီယာဗယ်လီက ဆေးပြင်း ‘ဘာ’ ဆိုတာကို ရှင်းရှင်း မပြောထားဘူး။ ဒါပေမယ့် တိုင်းပြည် သိမ်းပိုက် အုပ်ချုပ်ပုံ၊ ပြုပြင် ပြောင်းလဲပုံတွေကို ဆေးဥပမာနဲ့ ခိုင်းနှိုင်းတာကို နောက်ပိုင်းမှာလည်း  အကြိမ်ကြိမ် တွေ့ကြရမယ်။ ဒါ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ political philosophy လို့ သတ်မှတ်မယ်ဆို သတ်မှတ်နိုင်မယ့် lead ‘အစ’ ကို စပြီး တွေ့ရပြီ။ တိုင်းပြည် တပြည်ကို ပြုပြင် ပြောင်းလဲပုံနဲ့ လူနာဆေးကုပုံနဲ့ နှိုင်းတာကိုကြည့်ရင် တိုင်းပြည်တပြည် ပြုပြင် ပြောင်းလဲတာဟာ အဓိက ဘာကိုရည်မျှော်ပြီး ပြုပြင် ပြောင်းလဲတာလဲ။ တိုင်းပြည်ခိုင်မာ တောင့်တင်းဖို့၊ ရေရှည်တည်တံ့ဖို့ ပြုပြင် ပြောင်းလဲမှု လုပ်တာဆိုရင် ကိုယ့်ရည်ရွယ်ချက် အောင်မြင်ဖို့က ကျင့်ဝတ်နဲ့ မညီလို့ မလုပ်သင့်တဲ့အရာ ရှိကို မရှိဘူးလို့ မက်ခီယာ ဗယ်လီက ယုံကြည်တယ်။ ဆရာဝန်က ဆေးကုတဲ့အခါ ရည်မှန်းချက်က လူနာရောဂါ ပျောက်အောင်ကုဖို့က အဓိကပဲ။ ကုထုံးတခု သင့်မသင့်၊ ကောင်း မကောင်း စဉ်းစားတယ်ဆိုရင်လည်း ဒီကုထုံးဟာ ကိုယ့်မူလ ရည်ရွယ်ချက် ပြည်ဖို့ အထောက်အကူ ပြုမပြုဆိုတာကိုသာ စဉ်းစားတယ်။ တိုင်းပြည်ကို ရေရှည် တည်တံ့အောင်၊ ခိုင်မာအောင် တည်ဆောက်မယ့် မင်း ဟာလည်း လုပ်ရပ်တခု လုပ်သင့် မသင့်ကို စဉ်းစားတဲ့အခါ ဒီလုပ်ရပ်ရဲ့ ကျင့်ဝတ်တန်ဖိုးထက် မူလ ရည်ရွယ်ချက် ပြည့်ရေးမှာ ဘယ်လောက် အထောက်အကူ ပြုသလဲ ဆိုတာကိုသာ စဉ်းစားတယ်။ မက်ခီယာဗယ်လီမှာ morality မရှိဘူးဆိုတာ လုံးလုံးတော့ မမှန်ဘူး။ သူက morality ဟာ တိုင်းပြည် တည်တံခိုင်မာရေး အတွက် ဘယ်လောက် အသုံးတည့်မလဲ၊ တည့်သလောက်သာ သူ့အတွက် morality က အရေးပါတယ်။ သူ့အတွက် morality ဟာ instrumental value ပဲရှိတယ်။ ဒီမှာ မေးချင်စရာကောင်းတာက တိုင်းပြည်တည်တံရေးဟာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်မယ့်သူရဲ့ အဓိက ရည်ရွယ်ချက်လို့ ဘာ့ကြောင့် ပြောရတာလဲ ဆိုတဲ့ မေးခွန်းပဲ။ နောက်ပိုင်း စာပိုဒ်တွေမှာ ဒီမေးခွန်းအတွက် အဖြေကို စတွေ့ရတော့်မယ်။

The Prince က  အခန်းသုံးမှာ မက်ခီယာဗယ်လီရဲ့ တိုင်းပြည် သိမ်းပိုက်မှု၊ အုပ်ချုပ်မှုတွေနဲ့ ဆိုင်တဲ့ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့ အရေးအသားတွေကို တွေ့ရတယ်။ မက်ခီယာ ဗယ်လီရဲ့ The Prince ဟာ ဆယ့်ငါးရာစု ဥရောပက အဖြစ်အပျက်တွေကို ဥပမာပေး ရေးထားတာမို့ စာဖတ်သူတွေနဲ့ နည်းနည်းတော့ အလှမ်းဝေးချင် ဝေးမယ်။ ဒါပေမယ့် သူ့ရဲ့ တင်ပြပုံက ကောင်းတော့ နည်းနည်းလေး အာရုံစိုက်လိုက်တာနဲ့ သူပြောချင်တာကို လွတ်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်ပါတယ်။]

I say, therefore, that those dominions, upon being conquered and added to the long-established state of the one who acquires them, are either of the same region and language or they are not. When they are it is easier to hold them, especially when they are unaccustomed to freedom. To possess them securely it is sufficient only to have wiped out the family line of the prince who ruled them, because so far as other things are concerned, men live peacefully as long as their old way of life is maintained and there is no change in customs.

ကလာအတန်ကြာက တည်တံ့လာတဲ့ တိုင်းပြည်တခုရဲ့ သိမ်းပိုက်ခံရပြီး ဒီတိုင်းပြည်ထဲ သွတ်သွင်း ခံရတဲ့ ဒိုမီနီယံတွေကိုကြည့်ရင် တချို့က ဒေသကြီးတခုထဲမှာ အတူ တည်ရှိကြတာဖြစ်သလို ဘာသာ စကားလည်း တူကြတယ်လို့ ကျွန်တော် ပြောမယ်။  တချို့ကျတော့လည်း မတူဘူး။ တူတယ်ဆိုရင် အဲဒိ ဒိုမီနီယံတွေကို ထိန်းထားရတာ  အထူးသဖြင့် သိမ်းလိုက်တဲ့ ဒိုမီနီယံတွေကလည်း လွတ်လပ်မှုနဲ့ ထိတွေ့မှု မရှိခဲ့တာမျိုးဆို ပိုလွယ်တယ်။ ဒီလို ဒိုမီနီယံတွေကို အုပ်ချုပ်တဲ့ မင်းနဲ့ သူ့မိသားစုကို အပြတ်ရှင်းပြီးတာနဲ့ သူ့ကို စိတ်ချ လက်ချ ပိုင်သွားပြီ။ ဘာလို့ဆို လူတွေဟာ သူတို့ လောလောဆယ် နေထိုင်လုပ်ကိုင်နေပုံအတိုင်း ဆက်ပြီး နေထိုင်လုပ်ကိုင် သွားနိုင်သရွေ့၊ တခြား ထုံးတမ်းစဉ်လာတွေ အပြောင်းအလဲ မရှိသရွေ့ အေးအေး ဆေးဆေး နေကြတယ်။

[ဒီမှာ ခဏ ရပ်ပြီး မက်ခီယာဗယ်လီရဲ့ အုပ်ချုပ်ခံတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ assumption ယူဆချက်ကို ကြည့်ရအောင်။ အဲဒါကတော့ ‘လူတွေဟာ သူတို့ လောလောဆယ် နေထိုင်လုပ်ကိုင်နေပုံအတိုင်း ဆက်ပြီး နေထိုင်လုပ်ကိုင် သွားနိုင်သရွေ့၊ တခြား ထုံးတမ်းစဉ်လာတွေ အပြောင်းအလဲ မရှိသရွေ့ အေးအေး ဆေးဆေး နေကြတယ်’ လို့ မက်ခီယာဗယ်လီက ပြောတယ်။  The Prince တအုပ်လုံးမှာ ခုလို ယူဆချက်မျိုးတွေနဲ့ ပြည့်နေတယ်။ မက်ခီယာဗယ်လီ စိတ်ဝင်စားတာက အပေါ်မှာ ပြောခဲ့သလို တိုင်းပြည်တွေကို ဘယ်လို အကြောင်းတရားတွေက ရေရှည်တည်တံ့ စေလဲ၊ အုပ်ချုပ်သူတွေကို ဘယ်လို အကြောင်းတရားတွေက အားကောင်းစေလဲ ဆိုတာပဲ ဖြစ်တယ်။ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲက အတွေ့အကြုံတွေနဲ့ သမိုင်းကပေးတဲ့ သင်္ခန်းစာတွေကနေ ဒီအကြောင်းတရား တွေ ဘာဆိုတာကို သူကောင်းကောင်း သဘောပေါက်တယ်၊ အုပ်ချုပ်သူတွေကို အကြံပေးနိုင်တယ်လို့ မက်ခီယာဗယ်လီက ယုံကြည်တယ်။

မက်ခီယာဗယ်လီရဲ့ ‘လူတွေဟာ အေးအေးဆေးဆေးပဲ နေချင်ကြတယ်’ ဆိုတဲ့ ယူဆချက်ကို ကနေ့ခေတ် ဘောဂဗေဒက consumer theory မှာ လူတွေ၊ တနည်း စားသုံးသူတွေနဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ယူဆချက်တွေထဲ တခု အပါအဝင် ဖြစ်တဲ့ စားသုံးသူ အများစုဟာ သာမန်အားဖြင့် ‘risk-averse’ ဖြစ်တယ် ဆိုတဲ့ ယူဆချက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့ကောင်းတယ်။ ဒါနဲ့ဆက်စပ်ပြီး ဒိထက်ပို challenging ဖြစ်တဲ့ မေးခွန်းတခုက ဒီမိုကရေစီဟာ ဘာ့ကြောင့် လိုချင်စရာ ကောင်းတာလဲ။ ဒီမေးခွန်းအတွက် အဖြေ အမျိုးမျိုး ရှိနိုင်တယ်။ နှစ်ဆယ်ရာစု သမိုင်းဆရာတချို့ရဲ့ အဖြေတခုကတော့ အရင်းရှင် စီးပွားရေးပုံစံကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ  ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသားတွေ တည်ငြိမ် အေးချမ်းမှုကို အာမခံချက် အပေးနိုင်ဆုံးစနစ် ဖြစ်တာကို ရှာဖွေတွေ့ရှိတဲ့အတွက် ဖြစ်တယ်လို့ ဆိုတယ်။[1]သူတို့ ကျိုးကြောင်းပြဆိုချက်ကို ခြုံပြီး အကြမ်းပြောရရင် ဆယ့်ကိုးရာစု အရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံ ဖြစ်တဲ့ pure and naked capitalism ဟာ ဆင်းရဲချမ်းသာ ကွာဟမှုကို အရမ်းကို ကြီးစေတယ်၊ လူလတ်တန်းစား ပျောက်သွားတယ်။ ဒီတော့ လူမှုရေး မကျေနပ်ချက်တွေ ပိုများစေတယ်။ အဲဒိအခါ ဒီလူ့အဖွဲ့အစည်းဟာ တည်ငြိမ်မှု မရှိတော့ပဲ နောက်ဆုံး အရင်းရှင်တွေ၊ လူချမ်းသာတွေ ကိုယ်တိုင် သူတို့ရဲ့ ကြွယ်ဝမှုကို မခံစားနိုင်တဲ့ အဖြစ်ကို ရောက်မယ်၊ အဲဒိအတွက် လူလတ်တန်းစား အများစုဖြစ်အောင် အရင်းရှင် စနစ်ကို ပြုပြင် ပြောင်းလဲရမယ်။ အများစု ဖြစ်လာတဲ့ လူလတ်တန်းစားတွေကို ငြိမ်အောင် ထိန်းနိုင်ရင် အကျိုးရှိမယ် ဆိုတဲ့ စဉ်းစားချက်နဲ့ အများစုဖြစ်တဲ့ လူလတ်တန်းစားကို ပြောရေးဆိုခွင့် ပိုရှိစေမယ့် နိုင်ငံရေး စနစ်ကို ဖော်ဆောင်ရမှာ ဒီမိုကရေစီဟာ နှစ်ဆယ်ရာစုမှာ အအောင်မြင်ဆုံး အုပ်ချုပ်မှု ပုံစံ ဖြစ်တာကို မြင်ခဲ့ကြရတာ ဖြစ်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။ ဝင်စတန်ချာချီ ပြောတဲ့ စကားမှာ ဒီစဉ်းစားချက်ကို တွေ့နိုင်တယ်။ ချာချီကက ဘာပြောလဲဆိုတော့

It has been said that democracy is the worst form of government except all those other forms that have been tried from time to time.

နှစ်ဆယ်ရာစုက အရင်းရှင် ကုန်ထုတ်လုပ်မှု ပုံစံကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ အများစု ဖြစ်လာတဲ့ လူလတ်တန်းစားတွေကို ဒီမိုကရေစီစနစ်နဲ့ ငြိမ်အောင်ထိန်းနိုင်တာ တွေ့ရတဲ့အတွက် ဒီမိုကရေစီ အစိုးရ ပုံစံဟာ ရေပန်းစားခဲ့တာ ဖြစ်တယ်လို့ သမိုင်းဆရာတချို့က သုံးသပ်တယ်။ ဒီတော့ တိုင်းပြည် အုပ်ချုပ်ပုံနဲ့ ပတ်သက်လာရင် မက်ခီယာဗယ်လီရဲ့ ယူဆချက်တွေဟာ ကနေ့ခေတ် statesmen/women တွေပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိသလဲဆိုတာ မှန်းဆ ကြည့်နိုင်တယ်။

မက်ခီယာဗယ်လီကို စိန်ခေါ်မယ်ဆိုရင် စိန်ခေါ်နိုင်တာ တခုက သူဟာ ခုတွေ့ခဲ့ရတဲ့ လူ့သဘာဝ၊ အုပ်ချုပ်ခံတွေရဲ့ သဘာဝဟာ ဘယ်တော့မှ အပြောင်းအလဲ မရှိတဲ့အရာတခုပမာ ယူဆထားတာမို့ သူဘာ့ကြောင့် ဒီလို ယူဆရသလဲဆိုပြီး မေးခွန်း ပြန်ထုတ်နိုင်စရာရှိတယ်။ ဆယ့်ငါးရာစု အီတလီမှာ ပြန့်ကျဲနေတဲ့ တိုင်းငယ် ပြည်ငယ်လေးတွေက အုပ်ချုပ်ခံတွေရဲ့ သဘာဝနဲ့  ဆိုပါစို့ ဆယ့်ရှစ်ရာစု မြန်မာနိုင်ငံထဲ ပြန့်ကျဲနေတဲ့ တိုင်းငယ် ပြည်ငယ်တွေက အုပ်ချုပ်ခံတွေရဲ့ သဘာဝဟာ ဘာမှ မကွာဘူးလို့ မက်ခီယာ ဗယ်လီက ပြောနိုင်စရာ ရှိတယ်။ လူများစုဟာ ထမင်းဝရင်၊ သူလုပ်ချင်တာကို အတိုင်းအတာ တခုထိ ပေးလုပ်ထားရင် အုပ်ချုပ် မင်းလုပ်သူကို ပြဿနာရှာဖို့ စဉ်းစားမှာ မဟုတ်ဖူးလို့ မက်ခီယာ ဗယ်လီက ဆိုဖွယ်ရှိတယ်။ ဒါမှန်မမှန် ဒီနေရာမှာ စဉ်းစားအကဲဖြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မက်ခီယာဗယ်လီ ပြောတာကို  လူ့အဖွဲ့အစည်းအကြောင်း၊ လူတွေအကြောင်း စိတ်ဝင်စားသူတွေ အလေးအနက် ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ လူတွေကို အုပ်ချုပ်မယ့်သူများ အတွက်ဆိုရင် ဒီလို ဆွေးနွေးမှုတွေဟာ လက်တွေ့မှာတောင် အသုံးဝင်စရာ ရှိတယ်။]

We have seen what happened in the case of Burgundy, Brittany, Gascony and Normandy, which have been part of France for such a long time; and although there are some linguistic differences, nevertheless the customs are similar, and they have been able to get along together easily. Anyone who acquires these lands and wishes to hold on to them must keep two things in mind: first, that the family line of the old prince must be wiped out; second that neither their laws nor their taxes be altered. As a result, in a very short time they will become one body with the old principality.

ကာလ အတန်ကြာကတည်းက ပြင်သစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဘာဂွန်ဒီ၊ ဘရစ်တနီ၊ ဂက်စကနီနဲ့ နော်မန်ဒီတို့မှာ ဖြစ်ပျက်ခဲ့တာတွေကို တွေ့ခဲ့ပြီးပြီ။ [နော်မန်ဒီကို ပြင်သစ်က ၁၂၀၄ မှာ သိမ်းတယ်၊ ဂက်စကနီကို ၁၄၅၃ မှာ အင်္ဂလိပ် လက်အောက်က ပြန်ယူတယ်၊ ဘာဂွန်ဒီက ၁၄၇၇ မှာ ပြင်သစ်နဲ့ လာပေါင်းတယ်၊ ဘရစ်တနီကိုတော့ ပြင်သစ်ဘုရင် ချားရှစ်နဲ့ ဘရစ်တနီနယ်စား အန်းတို့ လက်ဆက် ပြီးနောက် ၁၄၉၁ မှာ ပြင်သစ်ပြည်ထဲ ထည့်လိုက်တယ်။][2] ဒီတိုင်းငယ် ပြည်ငယ်တွေဟာ ပြင်သစ်နဲ့ ဘာသာစကား ကွာဟမှုတချို့ ရှိပေမယ့် ဓလေ့ထုံးစံတွေက ဆင်ကြပြီး တယောက်နဲ့တယောက် သင့်မြတ်အောင် နေနိုင်ဖို့ လွယ်တယ်။ ဒီနယ်တွေကို သိမ်းပြီး ဆက်ထိန်းထားချင်သူ ဘယ်သူမဆို အချက်နှစ်ချက်ကို သတိပြုရမယ်။ ပထမ တခုက ရှိပြီးသား မင်းရဲ့ မင်းဆက်ကို အပြတ် ရှင်းရမယ်၊ နောက်တခုက ဒီနယ်မှာ ရှိပြီးသား ဥပဒေတွေနဲ့ အခွန်အတုပ်တွေကို မပြောင်းလဲရဘူး။ အကျိုးဆက်အားဖြင့် ဒီနယ်သစ် ပယ်သစ်တွေဟာ သူတို့ကို သိမ်းလိုက်တဲ့ principality နဲ့ အချိန်တိုတွင်းမှာ တသားတည်း ဖြစ်သွားလိမ့်မယ်။

[ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ အကြံပေးချက်ကို တချို့က ကြက်သီးထကောင်း ထကြမယ်။ သူ့ရဲ့ အရေး အသားတွေဟာ ခံစားမှုမပါတဲ့ ကနေ့ခေတ် executive summary အစီရင်ခံစာတွေနဲ့ တူတယ်လို့ တချို့လည်း ထင်မိကြမယ်။ ဒါပေမယ့် မက်ခီယာဗယ်လီ အဓိက ပြောချင်တာကို သိထားရင် ဒီလို အရေးအသားလောက်ကို မြင်ရုံနဲ့ တလွဲကောက်ချက်ချတာတွေ လုပ်မိမယ် မထင်ဘူး။]

But when dominions are acquired in a region that is not similar in language, customs, and institutions, it is here that difficulties arise; and it is here that one needs much good luck and much diligence to hold on to them. One of the best and most efficacious remedies would be for the person who has taken possession of them to go there to live. This would make that possession more secure and durable; as happened with the Turk in Greece, for despite all the other methods he employed to retain that dominion, if he had not gone to live there it would have been impossible for him to hold on to it. By being on the spot, troubles are seen at their birth and can be quickly remedied; not being there, they are heard about after they have grown up and there is no longer any remedy. Moreover, the region would not be plundered by your own officers; the subjects would be pleased to have direct recourse to their prince; thus, those wishing to be good subjects have more reason to love him, and those wanting to be otherwise, more reason to fear him. Anyone who might wish to invade that dominion from abroad would be more hesitant; so that living right there, it is only with the greatest difficulty that the prince can lose it.

ဒါပေမယ့် အခက်အခဲတွေ ပေါ်လာတာက ဘာသာစကား၊ ဓလေ့ထုံးစံနဲ့ တခြားလူမှု အဆောက် အအုံတွေ မဆင်တဲ့ ဒေသက ဒိုမီနီယံတွေကို သိမ်းပိုက်တဲ့အခါမှာ ဖြစ်တယ်။ ကံတရားရဲ့ ဖေးမမှု ကောင်းကောင်းနဲ့ သတိ၊ ဝီရီယ ကြီးကြီးလိုတာ ဒီနယ်ပယ်တွေကို ထိန်းသိမ်းတဲ့ အပိုင်းမှာဖြစ်တယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကုစားနည်းကတော့ ပြည်သိမ်းမင်းကိုယ်တိုင်က သူသိမ်းလိုက်တဲ့ နယ်မှာ သွားနေဖို့ဖြစ်တယ်။ [အုပ်ချုပ်ပုံကို ဆေးကုသပုံနဲ့ နှိုင်းယှဉ်တာကို တခါတွေ့ရပြန်တယ်။] အဲဒိအခါ တူရကီတွေ ဂရိကို သိမ်းတုန်းကလို[3] ကိုယ်သိမ်းထားတဲ့နယ်ကို ပိုပြီး ခိုင်ခိုင်မာမာနဲ့ ကြာကြာ ထိန်းနိုင်မယ်။ … ကိုယ်တိုင်ရှိနေတဲ့အခါ ပြဿနာတွေကို စကတည်းက တန်းမြင်ပြီး မြန်မြန် ကုစားနိုင်မယ်။ ကိုယ်တိုင်မရှိတဲ့အခါ ပြဿနာတွေက ကြီးထွားလာပြီး ကုစားလို့ မရနိုင်တော့တဲ့ အခြေအနေရောက်မှ ကိုယ်ကကြားရတယ်။ ဒါ့အပြင် သိမ်းပိုက်ခံဒေသမှာ ကိုယ့်စစ်သည် အရာရှိတွေရဲ့ လုယက်တာမျိုးတွေလည်း ဖြစ်ချင်မှဖြစ်မယ်။ အုပ်ချုပ်ခံတွေက မင်း ဆီ [အုပ်ချုပ်သူဆီ] တိုက်ရိုက် ပေါက် တာကို သဘောကျဖွယ် ရှိတယ်။ ဒီတော့ ကောင်းကောင်းမွန်မွန် နေချင်တဲ့ ပြည်သူပြည်သားက ဒီ မင်းကို ချစ်ခင်စရာ အကြောင်း ပိုရှိပြီး ကောင်းကောင်းမွန်မွန် မနေချင်သူ အတွက်ကလည်း သူ့ကို ကြောက်စရာ အကြောင်း ပိုရှိတယ်။ ဒီသိမ်းထားတဲ့ ဒိုမီနီယံကို အပြင်ကနေ ဝင်သိမ်းချင်တဲ့လူက သိမ်းရမှာ လက်တွန့်မှာပဲ။ ဒါ့ကြောင့် သိမ်းပိုက်ပြီးသား နယ်မှာ သွားနေတဲ့အခါမှာ အတော်ကြီးကို ကြီးတဲ့ အခက်အခဲနဲ့ ကြုံရမှသာ ဒီနယ်ကို ဆုံးရှုံးရဖို့ရှိတယ်။

[ဘာသာစကား၊ ဓလေ့ထုံးစံ မတူတဲ့ နယ်ကို သိမ်းပိုက်တဲ့အခါ ဒီနယ်ကို ကြာကြာထိန်းထားနိုင်ဖို့  ပြည်သိမ်းမင်းကိုယ်တိုင် သိမ်းထားတဲ့နယ်မှာ သွားနေတဲ့နည်းလမ်း အပြင် နောက်ထပ်နည်းလမ်း လေးခုကို မက်ခီယာဗယ်လီက တင်ပြတယ်။ ဒီနည်းလမ်းလေးခုကို တခုချင်းစီ အသေးစိတ် ဘာသာ မပြန်တော့ပဲ အဓိက စာကြောင်းတွေကိုပဲ ဘာသာပြန်ပြီး သူဘာ့ကြောင့် ဒီလိုမျိုး အကြံပေးရသလဲ ဆိုတာကို သူပြောခဲ့တာကိုပဲ ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြတာက အချိန်စား သက်သာလိမ့်မယ် ယူဆပါတယ်။]

The other and better solution is to send colonies into one or two places, that will act as shackles on that state; for it is necessary that the prince either do this or maintain a large number of cavalry and infantry.

နောက်ထပ် ပိုကောင်းတဲ့ အဖြေတခုက သိမ်းထားတဲ့ နေရာတွေကို ခြေချုပ်ပမာ ချုပ်ထားမယ့် ကိုလိုနီတွေ စေလွှတ်ဖို့ ဖြစ်တယ်။ ဘာလို့ဆို ပြည်သိမ်းမင်း အတွက်က ဒီလို လုပ်ရင်လုပ် မဟုတ်ရင် အဲဒိမနယ်ကို ထိန်းထားနိုင်ဖို့ ခြေလျင်တပ်တွေ၊ မြင်းတပ်တွေ အများကြီး ချကို ချထားရလိမ့်မယ်။

[ကိုလိုနီထားပြီး ထိန်းတာက ကိုယ့်တပ်တွေ အများကြီး လွှတ်ပြီး ထိန်းရတာလောက် စရိတ် မကြီးဘူးလို့ မက်ခီယာဗယ်လီက ပြောတယ်။ မက်ခီယာဗယ်လီ ပြောတဲ့ ကိုလိုနီဆိုတာ ရုပ်သေး အစိုးရမျိုးကို ရည်ညွှန်းတာလို့ နားလည်မိတယ်။ (အဲဒါကြောင့် အီရတ်နဲ့ အာဖဂန်နစ္စတန်ကို သိမ်းပြီးတဲ့ အခါမှာ ရုပ်သေးအစိုးရ တခုခု ထားခဲ့ရေးကို ညွန့်ပေါင်းတပ်တွေနဲ့ နေတိုးတို့က  အရေးကြီးတဲ့ စဉ်းစားချက် တခုအနေနဲ့ စဉ်းစားကြတာ ဖြစ်တယ်။) ကိုလိုနီလွှတ်တဲ့အခါ သိမ်းထားတဲ့ နယ်ထဲက တချို့တလေလောက်ကိုသာ ကိုယ်က အနိုင်ကျင့်စရာလိုတယ်။ အများစုကို မထိဘူးဆိုရင် သူတို့က ကိုယ့်အုပ်ချုပ်မှုအောက်မှာ အေးဆေးဆေး နေလောက်တယ်၊ ဆူဆူပူပူ လုပ်တဲ့လူတွေကို အပြစ်ပေးပုံကို ကြည့်ပြီး  အမှားအယွင်း လုပ်မိမှာတောင် စိုးရိမ် ကြလိမ့်မယ်လို့ မက်ခီယာဗယ်လီက တွက်တယ်။ ဒီတော့ ကိုလိုနီတွေ လွှတ်တာ စရိတ်မကြီးဘူး၊ နယ်သစ်ပယ်သစ်က လက်အောက်ခံတွေ ကလည်း ကိုယ့်ပေါ် ပိုသစ္စာရှိမယ်၊ အုပ်ချုပ်ခံတွေပေါ်လည်း ဝန်မပိစေဘူး၊ နောက်ကလန် ကဆန် လုပ်တဲ့လူတွေကလည်း တကွဲတပြား ဖြစ်နေပြီး ကိုယ့်ကို ဘာမှ ဒုက္ခ ပေးနိုင်စရာ မရှိဘူးလို့ မက်ခီယာဗယ်လီက တွက်တယ်။ မက်ခီယာဗယ်လီ ပြောတာ ဟုတ်မဟုတ် အိုကီနာဝါမှာ အမေရိကန်တွေ စခန်းချထားတဲ့အခါ ကြုံရတဲ့ အခက်အခဲနဲ့ ပနားမားလို ကိုယ့်သြဇာညောင်းတဲ့ ရုပ်သေးအစိုးရ ချထားတဲ့အခါ ကြုံရတဲ့ အခက်အဲ နှိုင်းယှဉ်ကြည့်ဖို့ ကောင်းတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ နိုင်ငံတကာ ဆက်ဆံရေး လို နံမယ်အားဖြင့် ကိန်းကြီးခန်းကြီး နိုင်ရုံနိုင်ပြီး အနှစ်မရှိတဲ့ ဘာသာရပ်တွေ လေ့လာချင်သူတွေကို ကျနော့်အနေနဲ့ ရိုးရိုးသားသား အကြံပေးချင်တာကတော့ The Prnice လို စာအုပ်မျိုးတွေကို နက်နက်ရှိုင်းရှိုင်း နားလည်အောင် လိုအပ်ရင် အကြိမ်ကြိမ် ဖတ်ပါဆိုတာပဲ ဖြစ်ပါတယ်။]

Concerning this, it should be noted that men must be either caressed or wiped out; because they will avenge minor injuries, but cannot do so for grave ones. Any harm done to a man must be of the kind that removes any fear of revenge.

[မက်ခီယာဗယ်လီရဲ့ လက်တွေ့ကျတဲ့ အကြံပေးမှုကို ဒီစာပိုဒ်မှာ တခါ ထပ်တွေ့ရပြန်တယ်။]

ဒါနဲ့ပတ်သက်လို့ သတိပြုသင့်တာက လူတွေကို ချော့တန်ချော့၊ မဟုတ်ရင် အပြတ်ရှင်းပစ်ရတယ်။ ဘာလို့ဆို ဒဏ်ရာအသေးအမွှားလောက် ရသွားတဲ့လူက အဲဒိအတွက် လက်စားပြန်ချေလိမ့်မယ်၊ ဒါပေမယ့် ဒဏ်ရာ ကြီးကြီးမားမား ရသွားသူက ပြန်မချေနိုင်ဘူး။ လူတယောက်ကို ထိခိုက်ရန်လုပ်တဲ့ အခါ ကိုယ့်ကို လက်စားပြန်ချေမလားဆိုတဲ့ စိုးရိမ်စိတ် ကိုယ့်မှာ မကျန်လောက်တဲ့ ထိခိုက်မှုမျိုးကို လုပ်ရမယ်။

[နောက် တတိယနည်းကတော့]

…should make himself the leader and defender of his less powerful neighbors, and do all he can to weaken those who are more powerful; and he should be careful that, for whatever reason, no foreigner equal to himself in strength should enter there.

ကိုယ့်ထက် အင်အားနည်းတဲ့ အိမ်နီးချင်းတွေကို ကာကွယ်သူ၊ သူတို့ရဲ့ ခေါင်းဆောင် နေရာကို ကိုယ်က ယူသင့်တယ်။ [အနီးတဝိုက်က] အင်အားပိုကြီးသူတွေကို အားနည်းအောင် အတတ်နိုင်ဆုံး လုပ်သင့်တယ်။ နောက်တခါ [စတုထ္ထနည်းက] ကိုယ့်လိုပဲ အင်အားရှိတဲ့ ပြင်ပ တိုင်းပြည်တခုခုက မင်းက ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် ကိုယ်သိမ်းထားတဲ့ နယ်ထဲကို မဝင်အောင် သတိထားသင့်တယ်။

The order of things is such that, as soon as a powerful foreigner enters a region, all who are less powerful cling to him, moved by the envy they have against the ruler who has ruled over them. And so, concerning these weaker powers, the invader has no trouble whatsoever in winning them over, since all of them will immediately and willingly become part of the state he has acquired. He need only be careful that they do not seize too much military power and authority. With his own military power and their support, he can very easily put down those who are powerful, and remain complete arbiter of that region. Anyone who does not follow this procedure will quickly lose what he has taken, and while he holds it, he will find if full of infinite difficulties and troubles.

ဖြစ်ပုံက အင်အားကြီတဲ့ တိုင်းပြည် တခုခုက ကိုယ်သိမ်းထားတဲ့ နယ်ထဲ ဝင်လာတာနဲ့ သူ့လောက် အင်အားမကြီးသူအားလုံးက သူတို့ကို အုပ်ချုပ်နေသူကို မရှု့ဆိမ့်နိုင်ဖြစ်ပြီး အသစ် ဝင်လာသူဆီ ပြေးကပ်ကြရော။ အင်အားနည်းသူအားလုံးက အသစ်ဝင်လာသူ သိမ်းလိုက်တဲ့ တိုင်းပြည်ရဲ့ အစိတ် အပိုင်း အဖြစ်ကို ချက်ချင်း လိုလိုချင်ချင် ခံယူတဲ့အတွက် ဒီလူတွေကို သိမ်းသွင်းနိုင်ဖို့က ကျူးကျော်သူ အတွက် ဘာအခက်အခဲမှ မရှိဘူး။ ဒီလူတွေ စစ်အင်အားနဲ့ အာဏာ အများကြီး ရမသွားဖို့ပဲ ကိုယ်က ဂရုစိုက်စရာ လိုတယ်။ ကိုယ့်ရဲ့ စစ်အင်အား၊ နောက် ဒီလူတွေရဲ့ အကူအညီနဲ့ ကိုယ်သိမ်းထားတဲ့ တိုင်းပြည်ရှိရာ ဒေသမှာ ကိုယ်က ဘာမဆို အဆုံးအဖြတ် ပေးနိုင်သူ ဖြစ်နေနိုင်တယ်။ ဒီလုပ်ထုံး လုပ်နည်းကို မလိုက်နာတဲ့လူက သူသိမ်းထားတဲ့ တိုင်းပြည်ကို မြန်မြန် ဆန်ဆန် လက်လွှတ် ရလိမ့်မယ်။ သိမ်းထားတဲ့ အချိန်မှာလည်း အခက်အခဲတွေ၊ ဒုက္ခတွေ မရေ မတွက်နိုင်အောင် တွေ့လိမ့်မယ်။

[ခုပြောခဲ့တဲ့ အကြံပေးချက် အတွက် မက်ခီယာဗယ်လီက ရောမတွေကို ဥပမာတွေ ပေးတယ်။ ရောမတွေက သူတို့သိမ်းလိုက်တဲ့ တိုင်းပြည်တွေကို ကိုလိုနီလွှတ်တယ်၊ အနီးဝန်းကျင်က အင်အား သိပ်မကြီးတဲ့ တိုင်းငယ် ပြည်ငယ်တွေရဲ့ အင်အားကို မကြီးလာအောင် ဂရုထားပြီး ဆက်ဆံတယ်၊ တဘက်မှာ အင်အားနည်းနည်းရှိသူကို ခွေထားလိုက်သလို တခြားကနေ အင်အားကြီးတဲ့ နောက်ထပ် တိုင်းပြည်တခုခု အထဲမှာ ခြေကုပ်မရအောင် လုပ်တယ်လို့ ဆိုတယ်။ နောက်တခါ ရောမတွေဟာ]

…did what all wise princes must do: they must be on their guard not only against existing dangers but also against future disturbances, and try diligently to prevent them. Once evils are recognized ahead of time, they may be easily cured;

အမြော်အမြင်ရှိတဲ့ မင်းတိုင်းလုပ်ရမယ့် အရာကို လုပ်ခဲ့တယ်။ အဲဒါကတော့ မင်းဟာ လက်ရှိ အန္တရယ်ကနေ ကာကွယ်ဖို့ သတိရှိရမယ့် အပြင် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ မငြိမ်သက်မှုတွေ အတွက်လည်း သတိရှိရမယ်၊ ကြိုတင်ဟန့်တားနိုင်အောင် သတိ၊ ဝီရီယနဲ့ ကြိုးစားလုပ်ရမယ်။ အန္တရယ်တွေကို စောစောစီးစီး သိရရင် အလွယ်တကူ ကုစားနိုင်ဖွယ်ရှိတယ်။ [ကုသမှုနဲ့ နှိုင်းတာကို တခါတွေ့ရပြန်ပြီ။]

[ရောမတွေက အန္တရယ်ကို အစောကြီးကတည်းက သတိရှိတဲ့အခါကျတော့ ဒီအန္တရယ်တွေ အတွက် ကုထုံးကို အမြဲတန်း တွေ့တယ်။ စကတည်းက ဒီလို အန္တရယ်မျိုးတွေကို သူတို့က ပေါ်ခွင့်ကို မပေးဘူး။ တဘက်မှာ မက်ခီယာဗယ်လီက သူ့အကြံပေးချက် မှန်ကန်တာကို ဗင်းနစ်နယ်သားတွေရဲ့ ဖြစ်ပုံနဲ့ ဥပမာပေးတယ်။

ဗင်းနစ်နယ်သားတွေက အိမ်နီးချင်း လွန်ဘာဒီ Lombardy ပြည်က မြို့နှစ်မြို့ကို သိမ်းချင်တယ်။ ဒါပေမယ့် သူတို့ချည်း မသိမ်းနိုင်တော့ ပိုပြီး အင်အားကြီးတဲ့ ပြင်သစ်ကို လှမ်းအကူအညီ တောင်းတယ်။ တချိန်ထဲမှာ လူဝီဆယ့်နှစ်ကလည်း  အီတလီမှာ ခြေကုပ်ယူချင်နေတယ်။ တဘက်မှာ ဒေသခံတွေရဲ့ အကူကို သူက မရနိုင်ဘူး။ အဲဒိတော့ သူ့မှာ လူတကာကို မဟာမိတ်လုပ်ရတယ်။ ပထမ လွန်ဘာဒီ Lombardy ကို သိမ်းပြီးတဲ့အခါ အနီးတဝိုက်က တိုင်းငယ် ပြည်ငယ်တွေက သူ့ကို ချက်ချင်း ကျိုးနွံသွားကြတယ်။ ဂျီနိုအာ Genoa က လက်နက်ချသလို ဖလော့ရင့် Florence ကလည်း သူ့ရဲ့ မဟာမိတ် ဖြစ်သွားတယ်။ အနီးတဝိုက်က ရှိရှိသမျှ အင်အားစုတွေက သူ့မဟာမိတ်တွေ ချက်ချင်း ဖြစ်ကုန်ရော။ ခြုံကြည့်လိုက်ရင် ဗင်းနစ်နယ်သားတွေ အလုပ်မတတ်တဲ့အတွက် မြို့နှစ်မြို့ ရမယ် အထင်နဲ့ ပြင်သစ်ကို ချဉ်းကပ်မိရာကနေ အီတလီ တခုလုံးရဲ့ သုံးပုံနှစ်ပုံကို လူဝီဆယ့်နှစ်လက်ကို အပ်လိုက် ရတာသာ အဖတ်တင်ကျန်ခဲ့တယ်။

တခါ ဗင်းနစ် နယ်သားတွေ လုပ်မိတဲ့ အမှားမျိုးကို ပြင်သစ်ဘုရင်လည်း လုပ်မိပြန်တယ်။ မီလန်ကို သိမ်းပြီးချိန်မှာ လူဝီဆယ့်နှစ်က ပုပ်ရဟန်းမင်း အလက်ဇန်းဒါး Pope Alexander ကို Romagna [မလှမ်းမကမ်းမှာ ရှိတဲ့ တိုင်းပြည်ငယ်တခု] ကို သိမ်းနိုင်အောင် သွားကူတယ်။ ဒီလို လုပ်ခြင်းဖြင့် သူဟာ ပုပ်ရဟန်းမင်း အလက်ဇန်းဒါးကို ပို အားကောင်းစေရုံမက သူ့ကို အစပိုင်းမှာ ရှိန်သွားတဲ့ တိုင်းပြည်တွေကိုပါ အတင့်ရဲလာစေတယ်။ နောက်ဆုံးမှာ အလက်ဇန်းဒါးရဲ့ အာဏာဆက် မကြီးထွားလာအောင် သူနဲ့ စစ်တိုက်ရတဲ့ထိ ဖြစ်လာတယ်။ ခြုံကြည့်ရရင် ပြင်သစ်ဟာ အီတလီ တခုလုံးကို အပိုင်သိမ်းနိုင်ပါလျက်နဲ့ အလုပ်မတတ်တဲ့ အတွက် သူများနဲ့ ဝေစားရတဲ့ အဖြစ်ရောက်ရတယ်လို့ မက်ခီယာဗယ်လီက ဆိုတယ်။]

The desire to gain possessions is truly a very natural and normal thing, and when those men gain possessions who are able to do so, they will always be praised and not criticized.

ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ လူ့သဘာဝပဲ၊ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ဖူး။ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်သူကို ဝေဖန်ကြမှာ မဟုတ်ပဲ ချီးမွမ်းကြလိမ့်မယ်။

[ဒီစာကြောင်းဟာ အင်မတန်မှ အငြင်းအခုံ ဖြစ်ဖွယ်ရှိတယ်။ ဘယ်လို interpret လုပ်မလဲဆိုတာ စဉ်းစားစရာပဲ။ လူတွေရဲ့ သဘာဝက ကိုယ်လိုချင်တာကို ရအောင်ယူတဲ့လူကို တခြားလူတွေက ကဲ့ရဲ့မှာ မဟုတ်ဖူး၊ ချီးမွမ်းကြမှပဲ လို့ဆိုလိုချင်တာလို့ ယူဆနိုင်စရာ ရှိတယ်။ ကျနော့် အတွေ့အကြုံအရ  မတရားနည်းနဲ့ ချမ်းသာလာတာ၊ အရှိန်အဝါရလာတာကို တချို့ ပထမတော့အပြစ် ပြောတယ်၊ ဒါပေမယ့် အဲဒိအရှိန်အဝါ ရလာသူကိုယ်တိုင်က သူ့ကို လက်ကမ်းပေးလိုက်တာနဲ့ အရင် အပြစ် ပြောထားတာတွေ အားလုံးကို မေ့သွားကြရော။ ဒီလို ဖြစ်တတ်တဲ့ သဘောသဘာဝကို မက်ခီယာ ဗယ်လီက ပြောချင်တာလားဆိုတာ သိပ်မရှင်းဘူး။

ပြန်ကောက်ရရင် မက်ခီယာဗယ်လီက ဘာသာစကား၊ ဓလေ့ထုံးတမ်း မတူတဲ့ တိုင်းပြည်တွေကို သွားသိမ်းပြီး ရေရှည်ထိန်းထားချင်ရင် ဆောင်ရမယ့် ရှောင်ရမယ့် အချက် ငါးချက်ကို ချပြခဲ့တယ်။]

Thus, Louis committed these five errors: he wiped out the less powerful rulers; he increased the power of an already powerful ruler in Italy; he brought into that region an extremely powerful foreigner; he did not go there to live; and he did not set up colonies there.

လူဝီဘုရင်ဟာ အမှားငါးခုကို ကျူးလွန်ခဲ့တယ်။ သူ့လောက် အင်အားမရှိတဲ့ အုပ်ချုပ်သူတွေအားလုံးကို ရှင်းပစ်တယ်၊ နောက် အီတလီမှာ အင်အားကြီးပြီးသား အုပ်ချုပ်သူ တယောက်ရဲ့ အာဏာကို ပိုကြီးအောင် လုပ်ပေးတယ်၊ [ပုပ်ရဟန်းမင်း အလက်ဇန်းဒါးကို ရည်ညွှန်းတာ။] သူသိမ်းထားတဲ့ ဒေသကို အပြင်က အင်မတန် အင်အားကြီးသူ တယောက်ကို ခေါ်ချလာတယ်။ [နေပယ် Kingdom of Naples ကို လူဝီဆယ့်နှစ်က သိမ်းရာမှာ တယောက်ထဲ မနိုင်တော့ စပိန်ဘုရင် ဖာဒီနန်နဲ့ နေပယ်ကို တယောက် တခြမ်း ယူမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ သိမ်းတယ်။ အဲဒိ အဖြစ်အပျက်ကနေ အဲဒိအချိန်က အင်မတန် အာဏာကြီးတဲ့ စပိန်က အီတလီမှာ ခြေကုပ်ရသွားတယ်။] သိမ်းထားတဲ့ တိုင်းပြည်မှာ ကိုယ်ကိုယ်တိုင် သွားမနေဘူး၊ နောက်ဆုံး အဲဒိမှာ ရုပ်သေးအစိုးရ၊ ကိုလိုနီ မထားဖူး။

[နောက်ဆုံးမှာ လူဝီဘုရင်ဟာ သူပထမဆုံး ရထားတဲ့ လွန်ဘာဒီ Lombardy ကို ဆုံးရှုံးသွားတယ်။ ဒီလို ဖြစ်ရတာဟာ ပြင်သစ်တွေဟာ စစ်သာတိုက်တတ်တယ်၊ စစ်တိုက်ပြီး ရထားတဲ့ နယ်ပယ်တွေကို ကြာရှည် မထိန်းထားနိုင်ဘူး၊ မက်ခီယာဗယ်လီက ပြင်သစ်တွေဟာ statecraft ကို နားမလည်ဘူးလို့ ဆိုတယ်။ အုပ်ချုပ်နည်း မတတ်ဘူးလို့ မပြောတယ်။ ပုပ်ရဟန်းမင်း အလက်ဇန်းဒါးနဲ့ စပိန်ဘုရင် ဖာဒီနန်တို့ အီတလီမှာ အာဏာ အကြီးအကျယ် ရလိုက်ပြီး နောက်ဆုံး သူကိုယ်တိုင် အီတလီကနေ ပြေးရတာဟာ တကယ်တော့ လူဝီဘုရင်ရဲ့ အလုပ်အကိုင် မတတ်မှုကြောင့်လို့ မက်ခီယာဗယ်လီက ပြောတယ်။ အဲဒိကနေ သူက ဥပဒေသတခု ထုတ်ပြတယ်။]

From this one can derive a general rule which rarely, if ever, fails: that anyone who is the cause of another becoming powerful comes to ruin himself;

ဒီကနေ မှားခဲတဲ့ ဥပဒေတခုကို ထုတ်ယူနိုင်တယ်။ တခြားလူ တယောက်ယောက်ကို ကိုယ်က အင်အားကောင်းအောင် လုပ်ပေးတာဟာ ကိုယ့်ပျက်စီးကိန်း ဆိုက်စေဖို့သာ ဖြစ်တယ်။

End of Chapter III


[1] အသေးစိတ်ကို Eric Hobsbawm ရဲ့ Age of Extremes မှာ ကြည့်နိုင်ပါတယ်။

[2] See Oxford World Classic p9

[3] အော်တိုမန် အင်ပိုင်ယာကို မက်ခီယာဗယ်လီက တူရကီတွေလို့ပဲ့ ယေဘုယျ သုံးနှုန်းတယ်။ သူပြောတဲ့ ဂရိဆိုတာ ဘော်လကန် ကျွန်းဆွယ်ကို ပြောတာဖြစ်ပြီး လက်ရှိ ဂရိနိုင်ငံကို ရည်ညွှန်းတာ မဟုတ်။ အော်တိုမန် အင်ပိုင်ယာ တပ်တွေက ၁၃၅၄ မှာကတည်းက Hellespont ရေလက်ကြားကို ဖြတ်ပြီး ၁၄၅၃ မှာ မိုဟာမက်နှစ်က ခရစ်ယာန်တိုင်းပြည် ဖြစ်တဲ့ ရှေးဟောင် ဘိုင်ဇင်တိုင်း အင်ပိုင်ယာရဲ့ မြို့တော် Constantinople ကိုသိမ်းတယ်။ See Oxford World Classic p10

Discussion

One thought on “The Prince by Machiavelli 2

  1. zawgyi version of it
    Of Mixed Principalities

    အခန္း ၃ အသစ္မက်၊ မ်ိုးရိုးစဉ္ဆက္ အုပ္ခ်ုပ္မႈပံုစံ မက်တဲ့ principalities မ်ားအေျကာင္း

    But it is in the new principality that difficulties arise. In the first place, if it is not completely new but is like and added appendage (so that the two parts together may be called mixed), its difficulties derive first from on natural problem inherent in all new principalities: that men gladly change their ruler, thinking to better themselves. This belief causes them to take up arms against their ruler, but they fool themselves in this, since they then see through experience that matters have become worse.

    ဒါေပမယ့္ အခက္အခဲေတြ ေပၚေပါက္တာက principalities သစ္ေတြမွာ ျဖစ္တယ္။ ပထမတခ်က္ အေနနဲ့ principality ဟာ အစစ အရာရာသစ္တဲ့ principality မဟုတ္ပဲ နဂိုရွိျပီးသား တိုင္းျပည္ တခုခုထဲ သြတ္သြင္းခံရတာဆို သူ့အခက္အခဲေတြဟာ ပထမတခ်က္ အေနနဲ့ principality သစ္တိုင္းမွာ သူ့သဘာဝ အေလ်ာက္ စကတည္းက ရွိေနတဲ့ ျပႆနာေတြကေန ဆင္းသက္လာတဲ့ အခက္အခဲေတြ ျဖစ္တယ္။ အဲဒါကေတာ့ လူေတြက ကိုယ့္ကို အုပ္ခ်ုပ္ေနသူထက္ ေကာင္းေအာင္လုပ္နိုင္မယ္ အထင္နဲ့ အုပ္ခ်ုပ္သူ ေျပာင္းေအာင္ စိတ္အားထက္သန္စြာ လုပ္ျကတာပဲ ျဖစ္တယ္။ ဒီအထင္နဲ့ အုပ္ခ်ုပ္ေနသူကို လက္နက္ကိုင္ ပုန္ကန္ဖို့ ျဖစ္လာေရာ။ ဒါေပမယ့္ အဲ့သလို ပုန္ကန္မွ အေျခအေနက ပိုဆိုးတာကို ကိုယ္ေတြ့ သိလာေတာ့မွာ ကိုယ္ဟာ့ကိုယ္ စိတ္ထင္ရာ ေလွ်ာက္လုပ္ေနပါလားဆိုတာကို သေဘာ ေပါက္ျကတယ္။ [ဒီေနရာမွာ မက္ခီယာဗယ္လီ ေျပာေနတာက သူ့အုပ္ခ်ုပ္မႈနဲ့သူ ရွိေနတဲ့ နယ္တနယ္ကို တျခားက လာသိမ္းျပီး မင္းလုပ္တဲ့အခါ အသိမ္းခံရတဲ့နယ္ေတြမွာ ေတြ့ရတတ္တာကို ေျပာျပေနတာလို့ ယူဆတယ္။]

    This stems from another natural and ordinary necessity, which is that a new prince must always harm his new subjects, both with his soldiers as well as with countless other injuries involved in his new conquest.

    ဒီလို ျဖစ္ရတာဟာ အသစ္ေရာက္လာတဲ့မင္းက သူသိမ္းပိုက္လိုက္တဲ့နယ္က လက္ေအာက္ငယ္သား အသစ္စက္စက္ ေတြကို သူ့စစ္သားေတြကတဆင့္ ဒုကၡ အမ်ိုးမ်ိုး ေရာက္ရေစတဲ့အတြက္ ျဖစ္တယ္၊ တခါ ဒီနယ္ကို သိမ္းပိုက္စဉ္ အခါမွာလည္း မေရမတြက္နိုင္ေအာင္ မ်ားတဲ့ တျခား ဒဏ္ရာ ဒဏ္ခ်က္ေတြလည္း ျကံုရေစတဲ့ အတြက္ျဖစ္တယ္။ ဒါမ်ိုးက ေရွာင္လို့မရဘူး၊ နယ္ပယ္သစ္ တခုခုကို သိမ္းပိုက္ျပီ ဆိုရင္ မလြဲမေသြ ျကံုရမွာေတြပဲ။

    Thus, you have made enemies of all those you harmed in occupying the principality, and you are unable to maintain as friends those who helped you to rise to power, since you cannot satisfy them in the way that they had supposed.

    ဒီေတာ့ principality တခုကို သြားသိမ္းျပီဆိုရင္ ကိုယ္ေျကာင့္ ဒုကၡေရာက္သူ အားလံုးက ကိုယ့္ကို ရန္သူလို့ သေဘာထားျကေရာ။ တခါကိုယ့္ကို အာဏာရလာေအာင္ ကူညီခဲ့သူေတြကိုလည္း သူတို့ ျဖစ္ေစခ်င္တဲ့ အတိုင္း ကိုယ္က မျဖည့္ဆည္းေပးနိုင္ေတာ့ သူတို့ကိုလည္း မိတ္ေဆြအျဖစ္ ဆက္ျပီး ထိန္းမထားနိုင္ ျဖစ္လာေရာ။

    Nor can you use strong medicine against them, for you are in their debt: this is so because, although someone may have the most powerful of armies, he always needs the support of the inhabitants to seize a region. For these reasons, Louis XII, King of France, quickly occupied Milan and just as quickly lost it. The first time, the troops of Ludovico alone were needed to retake it from him because those citizens who had opened the gates of the city to the King, finding themselves deceived in their beliefs and in that future improvement they had anticipated, could not support the vexations of the new prince.

    တခါ ဒီလူေတြကို ေဆးျပင္းတိုက္လို့လဲမရဘူး၊ ဘာလို့ဆို သူတို့ေက်းဇူးက ကိုယ့္ဆီရွိေနတာကိုး။ တခ်ို့မွာ အင္အားအျကီးဆံုး စစ္တပ္ျကီး ရွိခ်င္ရွိမယ္၊ ဒါေပမယ့္ ဘယ္ေတာ့မဆို တိုင္းျပည္တခု သိမ္းဖို့က ဒီတိုင္းျပည္ထဲ ေနထိုင္ေနသူေတြရဲ့ အကူအညီကို လိုကိုလိုတယ္။ အဲဒိအေျကာင္းေတြေျကာင့္ပဲ ျပင္သစ္ဘုရင္ လူဝီ ၁၂ ဟာ မီလန္ကို ခ်က္ခ်င္း သိမ္းနိုင္ျပီး ခ်က္ခ်င္းျပန္ ဆံုးရံႈးသြားတယ္။ ပထမတျကိမ္တုန္းက လူဒီဗီခ်ိုရဲ့ တပ္ေတြနဲ့တင္ မီလန္ကို သူ့လက္ထဲက ျပန္သိမ္းနိုင္တယ္၊ ဘာလို့ဆို ျပင္သစ္ဘုရင္ ျမို့လာသိမ္းတုန္းက ျမို့တံခါးဖြင့္ေပးခဲ့သူေတြ ကိုယ္တိုင္က ေနာက္ပိုင္းမွာ သူတို့ မွန္းထားသလို၊ ယံုျကည္ခဲ့သလို မင္း အသစ္ေအာက္မွာ တိုးတက္မႈေတြ တကယ္မရွိနိုင္ပါလားဆိုတာ သူတို့ ဘာသာ ျပန္သေဘာေပါက္တဲ့အခါက်ေတာ့ အဲဒိမင္း အသစ္ကို စိတ္ပ်က္လာျကလို့ ျဖစ္တယ္။ [မက္ခီယာဗယ္လီက ေဆးျပင္း ‘ဘာ’ ဆိုတာကို ရွင္းရွင္း မေျပာထားဘူး။ ဒါေပမယ့္ တိုင္းျပည္ သိမ္းပိုက္ အုပ္ခ်ုပ္ပံု၊ ျပုျပင္ ေျပာင္းလဲပံုေတြကို ေဆးဥပမာနဲ့ ခိုင္းနွိုင္းတာကို ေနာက္ပိုင္းမွာလည္း အျကိမ္ျကိမ္ ေတြ့ျကရမယ္။ ဒါ စိတ္ဝင္စားဖို့ မေကာင္းဘူးလား။ ဒီေနရာမွာ မက္ခီယာဗယ္လီရဲ့ political philosophy လို့ သတ္မွတ္မယ္ဆို သတ္မွတ္နိုင္မယ့္ lead ‘အစ’ ကို စျပီး ေတြ့ရျပီ။ တိုင္းျပည္ တျပည္ကို ျပုျပင္ ေျပာင္းလဲပံုနဲ့ လူနာေဆးကုပံုနဲ့ နွိုင္းတာကိုျကည့္ရင္ တိုင္းျပည္တျပည္ ျပုျပင္ ေျပာင္းလဲတာဟာ အဓိက ဘာကိုရည္ေမွ်ာ္ျပီး ျပုျပင္ ေျပာင္းလဲတာလဲ။ တိုင္းျပည္ခိုင္မာ ေတာင့္တင္းဖို့၊ ေရရွည္တည္တံ့ဖို့ ျပုျပင္ ေျပာင္းလဲမႈ လုပ္တာဆိုရင္ ကိုယ့္ရည္ရြယ္ခ်က္ ေအာင္ျမင္ဖို့က က်င့္ဝတ္နဲ့ မညီလို့ မလုပ္သင့္တဲ့အရာ ရွိကို မရွိဘူးလို့ မက္ခီယာ ဗယ္လီက ယံုျကည္တယ္။ ဆရာဝန္က ေဆးကုတဲ့အခါ ရည္မွန္းခ်က္က လူနာေရာဂါ ေပ်ာက္ေအာင္ကုဖို့က အဓိကပဲ။ ကုထံုးတခု သင့္မသင့္၊ ေကာင္း မေကာင္း စဉ္းစားတယ္ဆိုရင္လည္း ဒီကုထံုးဟာ ကိုယ့္မူလ ရည္ရြယ္ခ်က္ ျပည္ဖို့ အေထာက္အကူ ျပုမျပုဆိုတာကိုသာ စဉ္းစားတယ္။ တိုင္းျပည္ကို ေရရွည္ တည္တံ့ေအာင္၊ ခိုင္မာေအာင္ တည္ေဆာက္မယ့္ မင္း ဟာလည္း လုပ္ရပ္တခု လုပ္သင့္ မသင့္ကို စဉ္းစားတဲ့အခါ ဒီလုပ္ရပ္ရဲ့ က်င့္ဝတ္တန္ဖိုးထက္ မူလ ရည္ရြယ္ခ်က္ ျပည့္ေရးမွာ ဘယ္ေလာက္ အေထာက္အကူ ျပုသလဲ ဆိုတာကိုသာ စဉ္းစားတယ္။ မက္ခီယာဗယ္လီမွာ morality မရွိဘူးဆိုတာ လံုးလံုးေတာ့ မမွန္ဘူး။ သူက morality ဟာ တိုင္းျပည္ တည္တံခိုင္မာေရး အတြက္ ဘယ္ေလာက္ အသံုးတည့္မလဲ၊ တည့္သေလာက္သာ သူ့အတြက္ morality က အေရးပါတယ္။ သူ့အတြက္ morality ဟာ instrumental value ပဲရွိတယ္။ ဒီမွာ ေမးခ်င္စရာေကာင္းတာက တိုင္းျပည္တည္တံေရးဟာ တိုင္းျပည္ အုပ္ခ်ုပ္ မင္းလုပ္မယ့္သူရဲ့ အဓိက ရည္ရြယ္ခ်က္လို့ ဘာ့ေျကာင့္ ေျပာရတာလဲ ဆိုတဲ့ ေမးခြန္းပဲ။ ေနာက္ပိုင္း စာပိုဒ္ေတြမွာ ဒီေမးခြန္းအတြက္ အေျဖကို စေတြ့ရေတာ့္မယ္။

    The Prince က အခန္းသံုးမွာ မက္ခီယာဗယ္လီရဲ့ တိုင္းျပည္ သိမ္းပိုက္မႈ၊ အုပ္ခ်ုပ္မႈေတြနဲ့ ဆိုင္တဲ့ အင္မတန္မွ စိတ္ဝင္စားစရာ ေကာင္းတဲ့ အေရးအသားေတြကို ေတြ့ရတယ္။ မက္ခီယာ ဗယ္လီရဲ့ The Prince ဟာ ဆယ့္ငါးရာစု ဥေရာပက အျဖစ္အပ်က္ေတြကို ဥပမာေပး ေရးထားတာမို့ စာဖတ္သူေတြနဲ့ နည္းနည္းေတာ့ အလွမ္းေဝးခ်င္ ေဝးမယ္။ ဒါေပမယ့္ သူ့ရဲ့ တင္ျပပံုက ေကာင္းေတာ့ နည္းနည္းေလး အာရံုစိုက္လိုက္တာနဲ့ သူေျပာခ်င္တာကို လြတ္စရာ အေျကာင္း မရွိေတာ့ဘူးလို့ ထင္ပါတယ္။]

    I say, therefore, that those dominions, upon being conquered and added to the long-established state of the one who acquires them, are either of the same region and language or they are not. When they are it is easier to hold them, especially when they are unaccustomed to freedom. To possess them securely it is sufficient only to have wiped out the family line of the prince who ruled them, because so far as other things are concerned, men live peacefully as long as their old way of life is maintained and there is no change in customs.

    ကလာအတန္ျကာက တည္တံ့လာတဲ့ တိုင္းျပည္တခုရဲ့ သိမ္းပိုက္ခံရျပီး ဒီတိုင္းျပည္ထဲ သြတ္သြင္း ခံရတဲ့ ဒိုမီနီယံေတြကိုျကည့္ရင္ တခ်ို့က ေဒသျကီးတခုထဲမွာ အတူ တည္ရွိျကတာျဖစ္သလို ဘာသာ စကားလည္း တူျကတယ္လို့ ကြ်န္ေတာ္ ေျပာမယ္။ တခ်ို့က်ေတာ့လည္း မတူဘူး။ တူတယ္ဆိုရင္ အဲဒိ ဒိုမီနီယံေတြကို ထိန္းထားရတာ အထူးသျဖင့္ သိမ္းလိုက္တဲ့ ဒိုမီနီယံေတြကလည္း လြတ္လပ္မႈနဲ့ ထိေတြ့မႈ မရွိခဲ့တာမ်ိုးဆို ပိုလြယ္တယ္။ ဒီလို ဒိုမီနီယံေတြကို အုပ္ခ်ုပ္တဲ့ မင္းနဲ့ သူ့မိသားစုကို အျပတ္ရွင္းျပီးတာနဲ့ သူ့ကို စိတ္ခ် လက္ခ် ပိုင္သြားျပီ။ ဘာလို့ဆို လူေတြဟာ သူတို့ ေလာေလာဆယ္ ေနထိုင္လုပ္ကိုင္ေနပံုအတိုင္း ဆက္ျပီး ေနထိုင္လုပ္ကိုင္ သြားနိုင္သေရြ့၊ တျခား ထံုးတမ္းစဉ္လာေတြ အေျပာင္းအလဲ မရွိသေရြ့ ေအးေအး ေဆးေဆး ေနျကတယ္။

    [ဒီမွာ ခဏ ရပ္ျပီး မက္ခီယာဗယ္လီရဲ့ အုပ္ခ်ုပ္ခံေတြနဲ့ ပတ္သက္တဲ့ စိတ္ဝင္စားဖို့ေကာင္းတဲ့ assumption ယူဆခ်က္ကို ျကည့္ရေအာင္။ အဲဒါကေတာ့ ‘လူေတြဟာ သူတို့ ေလာေလာဆယ္ ေနထိုင္လုပ္ကိုင္ေနပံုအတိုင္း ဆက္ျပီး ေနထိုင္လုပ္ကိုင္ သြားနိုင္သေရြ့၊ တျခား ထံုးတမ္းစဉ္လာေတြ အေျပာင္းအလဲ မရွိသေရြ့ ေအးေအး ေဆးေဆး ေနျကတယ္’ လို့ မက္ခီယာဗယ္လီက ေျပာတယ္။ The Prince တအုပ္လံုးမွာ ခုလို ယူဆခ်က္မ်ိုးေတြနဲ့ ျပည့္ေနတယ္။ မက္ခီယာဗယ္လီ စိတ္ဝင္စားတာက အေပၚမွာ ေျပာခဲ့သလို တိုင္းျပည္ေတြကို ဘယ္လို အေျကာင္းတရားေတြက ေရရွည္တည္တံ့ ေစလဲ၊ အုပ္ခ်ုပ္သူေတြကို ဘယ္လို အေျကာင္းတရားေတြက အားေကာင္းေစလဲ ဆိုတာပဲ ျဖစ္တယ္။ သူ့ရဲ့ အုပ္ခ်ုပ္ေရးအဖြဲ့ထဲက အေတြ့အျကံုေတြနဲ့ သမိုင္းကေပးတဲ့ သခၤၷ္းစာေတြကေန ဒီအေျကာင္းတရား ေတြ ဘာဆိုတာကို သူေကာင္းေကာင္း သေဘာေပါက္တယ္၊ အုပ္ခ်ုပ္သူေတြကို အျကံေပးနိုင္တယ္လို့ မက္ခီယာဗယ္လီက ယံုျကည္တယ္။

    မက္ခီယာဗယ္လီရဲ့ ‘လူေတြဟာ ေအးေအးေဆးေဆးပဲ ေနခ်င္ျကတယ္’ ဆိုတဲ့ ယူဆခ်က္ကို ကေန့ေခတ္ ေဘာဂေဗဒက consumer theory မွာ လူေတြ၊ တနည္း စားသံုးသူေတြနဲ့ ပတ္သက္တဲ့ အေျခခံ အက်ဆံုး ယူဆခ်က္ေတြထဲ တခု အပါအဝင္ ျဖစ္တဲ့ စားသံုးသူ အမ်ားစုဟာ သာမန္အားျဖင့္ ‘risk-averse’ ျဖစ္တယ္ ဆိုတဲ့ ယူဆခ်က္နဲ့ နွိုင္းယွဉ္ျကည့္ဖို့ေကာင္းတယ္။ ဒါနဲ့ဆက္စပ္ျပီး ဒိထက္ပို challenging ျဖစ္တဲ့ ေမးခြန္းတခုက ဒီမိုကေရစီဟာ ဘာ့ေျကာင့္ လိုခ်င္စရာ ေကာင္းတာလဲ။ ဒီေမးခြန္းအတြက္ အေျဖ အမ်ိုးမ်ိုး ရွိနိုင္တယ္။ နွစ္ဆယ္ရာစု သမိုင္းဆရာတခ်ို့ရဲ့ အေျဖတခုကေတာ့ အရင္းရွင္ စီးပြားေရးပံုစံကို က်င့္သံုးတဲ့ နိုင္ငံေတြမွာ ဒီမိုကေရစီ စနစ္ဟာ နိုင္ငံသားေတြ တည္ျငိမ္ ေအးခ်မ္းမႈကို အာမခံခ်က္ အေပးနိုင္ဆံုးစနစ္ ျဖစ္တာကို ရွာေဖြေတြ့ရွိတဲ့အတြက္ ျဖစ္တယ္လို့ ဆိုတယ္။[1]သူတို့ က်ိုးေျကာင္းျပဆိုခ်က္ကို ျခံုျပီး အျကမ္းေျပာရရင္ ဆယ့္ကိုးရာစု အရင္းရွင္ ကုန္ထုတ္လုပ္မႈပံုစံ ျဖစ္တဲ့ pure and naked capitalism ဟာ ဆင္းရဲခ်မ္းသာ ကြာဟမႈကို အရမ္းကို ျကီးေစတယ္၊ လူလတ္တန္းစား ေပ်ာက္သြားတယ္။ ဒီေတာ့ လူမႈေရး မေက်နပ္ခ်က္ေတြ ပိုမ်ားေစတယ္။ အဲဒိအခါ ဒီလူ့အဖြဲ့အစည္းဟာ တည္ျငိမ္မႈ မရွိေတာ့ပဲ ေနာက္ဆံုး အရင္းရွင္ေတြ၊ လူခ်မ္းသာေတြ ကိုယ္တိုင္ သူတို့ရဲ့ ျကြယ္ဝမႈကို မခံစားနိုင္တဲ့ အျဖစ္ကို ေရာက္မယ္၊ အဲဒိအတြက္ လူလတ္တန္းစား အမ်ားစုျဖစ္ေအာင္ အရင္းရွင္ စနစ္ကို ျပုျပင္ ေျပာင္းလဲရမယ္။ အမ်ားစု ျဖစ္လာတဲ့ လူလတ္တန္းစားေတြကို ျငိမ္ေအာင္ ထိန္းနိုင္ရင္ အက်ိုးရွိမယ္ ဆိုတဲ့ စဉ္းစားခ်က္နဲ့ အမ်ားစုျဖစ္တဲ့ လူလတ္တန္းစားကို ေျပာေရးဆိုခြင့္ ပိုရွိေစမယ့္ နိုင္ငံေရး စနစ္ကို ေဖာ္ေဆာင္ရမွာ ဒီမိုကေရစီဟာ နွစ္ဆယ္ရာစုမွာ အေအာင္ျမင္ဆံုး အုပ္ခ်ုပ္မႈ ပံုစံ ျဖစ္တာကို ျမင္ခဲ့ျကရတာ ျဖစ္တယ္လို့ သမိုင္းဆရာေတြက ဆိုတယ္။ ဝင္စတန္ခ်ာခ်ီ ေျပာတဲ့ စကားမွာ ဒီစဉ္းစားခ်က္ကို ေတြ့နိုင္တယ္။ ခ်ာခ်ီကက ဘာေျပာလဲဆိုေတာ့

    It has been said that democracy is the worst form of government except all those other forms that have been tried from time to time.

    နွစ္ဆယ္ရာစုက အရင္းရွင္ ကုန္ထုတ္လုပ္မႈ ပံုစံက်င့္သံုးတဲ့ တိုင္းျပည္ေတြမွာ အမ်ားစု ျဖစ္လာတဲ့ လူလတ္တန္းစားေတြကို ဒီမိုကေရစီစနစ္နဲ့ ျငိမ္ေအာင္ထိန္းနိုင္တာ ေတြ့ရတဲ့အတြက္ ဒီမိုကေရစီ အစိုးရ ပံုစံဟာ ေရပန္းစားခဲ့တာ ျဖစ္တယ္လို့ သမိုင္းဆရာတခ်ို့က သံုးသပ္တယ္။ ဒီေတာ့ တိုင္းျပည္ အုပ္ခ်ုပ္ပံုနဲ့ ပတ္သက္လာရင္ မက္ခီယာဗယ္လီရဲ့ ယူဆခ်က္ေတြဟာ ကေန့ေခတ္ statesmen/women ေတြေပၚမွာ ဘယ္ေလာက္ထိ လွြမ္းမိုးမႈ ရွိသလဲဆိုတာ မွန္းဆ ျကည့္နိုင္တယ္။

    မက္ခီယာဗယ္လီကို စိန္ေခၚမယ္ဆိုရင္ စိန္ေခၚနိုင္တာ တခုက သူဟာ ခုေတြ့ခဲ့ရတဲ့ လူ့သဘာဝ၊ အုပ္ခ်ုပ္ခံေတြရဲ့ သဘာဝဟာ ဘယ္ေတာ့မွ အေျပာင္းအလဲ မရွိတဲ့အရာတခုပမာ ယူဆထားတာမို့ သူဘာ့ေျကာင့္ ဒီလို ယူဆရသလဲဆိုျပီး ေမးခြန္း ျပန္ထုတ္နိုင္စရာရွိတယ္။ ဆယ့္ငါးရာစု အီတလီမွာ ျပန့္က်ဲေနတဲ့ တိုင္းငယ္ ျပည္ငယ္ေလးေတြက အုပ္ခ်ုပ္ခံေတြရဲ့ သဘာဝနဲ့ ဆိုပါစို့ ဆယ့္ရွစ္ရာစု ျမန္မာနိုင္ငံထဲ ျပန့္က်ဲေနတဲ့ တိုင္းငယ္ ျပည္ငယ္ေတြက အုပ္ခ်ုပ္ခံေတြရဲ့ သဘာဝဟာ ဘာမွ မကြာဘူးလို့ မက္ခီယာ ဗယ္လီက ေျပာနိုင္စရာ ရွိတယ္။ လူမ်ားစုဟာ ထမင္းဝရင္၊ သူလုပ္ခ်င္တာကို အတိုင္းအတာ တခုထိ ေပးလုပ္ထားရင္ အုပ္ခ်ုပ္ မင္းလုပ္သူကို ျပႆနာရွာဖို့ စဉ္းစားမွာ မဟုတ္ဖူးလို့ မက္ခီယာ ဗယ္လီက ဆိုဖြယ္ရွိတယ္။ ဒါမွန္မမွန္ ဒီေနရာမွာ စဉ္းစားအကဲျဖတ္ဖို့ ဘယ္လိုမွ မျဖစ္နိုင္ဘူး။ ဒါေပမယ့္ မက္ခီယာဗယ္လီ ေျပာတာကို လူ့အဖြဲ့အစည္းအေျကာင္း၊ လူေတြအေျကာင္း စိတ္ဝင္စားသူေတြ အေလးအနက္ ေဆြးေနြးသင့္တယ္လို့ ထင္တယ္။ လူေတြကို အုပ္ခ်ုပ္မယ့္သူမ်ား အတြက္ဆိုရင္ ဒီလို ေဆြးေနြးမႈေတြဟာ လက္ေတြ့မွာေတာင္ အသံုးဝင္စရာ ရွိတယ္။]

    We have seen what happened in the case of Burgundy, Brittany, Gascony and Normandy, which have been part of France for such a long time; and although there are some linguistic differences, nevertheless the customs are similar, and they have been able to get along together easily. Anyone who acquires these lands and wishes to hold on to them must keep two things in mind: first, that the family line of the old prince must be wiped out; second that neither their laws nor their taxes be altered. As a result, in a very short time they will become one body with the old principality.

    ကာလ အတန္ျကာကတည္းက ျပင္သစ္ရဲ့ အစိတ္အပိုင္းေတြ ျဖစ္တဲ့ ဘာဂြန္ဒီ၊ ဘရစ္တနီ၊ ဂက္စကနီနဲ့ ေနာ္မန္ဒီတို့မွာ ျဖစ္ပ်က္ခဲ့တာေတြကို ေတြ့ခဲ့ျပီးျပီ။ [ေနာ္မန္ဒီကို ျပင္သစ္က ၁၂၀၄ မွာ သိမ္းတယ္၊ ဂက္စကနီကို ၁၄၅၃ မွာ အဂၤႅိပ္ လက္ေအာက္က ျပန္ယူတယ္၊ ဘာဂြန္ဒီက ၁၄၇၇ မွာ ျပင္သစ္နဲ့ လာေပါင္းတယ္၊ ဘရစ္တနီကိုေတာ့ ျပင္သစ္ဘုရင္ ခ်ားရွစ္နဲ့ ဘရစ္တနီနယ္စား အန္းတို့ လက္ဆက္ ျပီးေနာက္ ၁၄၉၁ မွာ ျပင္သစ္ျပည္ထဲ ထည့္လိုက္တယ္။][2] ဒီတိုင္းငယ္ ျပည္ငယ္ေတြဟာ ျပင္သစ္နဲ့ ဘာသာစကား ကြာဟမႈတခ်ို့ ရွိေပမယ့္ ဓေလ့ထံုးစံေတြက ဆင္ျကျပီး တေယာက္နဲ့တေယာက္ သင့္ျမတ္ေအာင္ ေနနိုင္ဖို့ လြယ္တယ္။ ဒီနယ္ေတြကို သိမ္းျပီး ဆက္ထိန္းထားခ်င္သူ ဘယ္သူမဆို အခ်က္နွစ္ခ်က္ကို သတိျပုရမယ္။ ပထမ တခုက ရွိျပီးသား မင္းရဲ့ မင္းဆက္ကို အျပတ္ ရွင္းရမယ္၊ ေနာက္တခုက ဒီနယ္မွာ ရွိျပီးသား ဥပေဒေတြနဲ့ အခြန္အတုပ္ေတြကို မေျပာင္းလဲရဘူး။ အက်ိုးဆက္အားျဖင့္ ဒီနယ္သစ္ ပယ္သစ္ေတြဟာ သူတို့ကို သိမ္းလိုက္တဲ့ principality နဲ့ အခ်ိန္တိုတြင္းမွာ တသားတည္း ျဖစ္သြားလိမ့္မယ္။

    [ဒီေနရာမွာ မက္ခီယာဗယ္လီရဲ့ အျကံေပးခ်က္ကို တခ်ို့က ျကက္သီးထေကာင္း ထျကမယ္။ သူ့ရဲ့ အေရး အသားေတြဟာ ခံစားမႈမပါတဲ့ ကေန့ေခတ္ executive summary အစီရင္ခံစာေတြနဲ့ တူတယ္လို့ တခ်ို့လည္း ထင္မိျကမယ္။ ဒါေပမယ့္ မက္ခီယာဗယ္လီ အဓိက ေျပာခ်င္တာကို သိထားရင္ ဒီလို အေရးအသားေလာက္ကို ျမင္ရံုနဲ့ တလြဲေကာက္ခ်က္ခ်တာေတြ လုပ္မိမယ္ မထင္ဘူး။]

    But when dominions are acquired in a region that is not similar in language, customs, and institutions, it is here that difficulties arise; and it is here that one needs much good luck and much diligence to hold on to them. One of the best and most efficacious remedies would be for the person who has taken possession of them to go there to live. This would make that possession more secure and durable; as happened with the Turk in Greece, for despite all the other methods he employed to retain that dominion, if he had not gone to live there it would have been impossible for him to hold on to it. By being on the spot, troubles are seen at their birth and can be quickly remedied; not being there, they are heard about after they have grown up and there is no longer any remedy. Moreover, the region would not be plundered by your own officers; the subjects would be pleased to have direct recourse to their prince; thus, those wishing to be good subjects have more reason to love him, and those wanting to be otherwise, more reason to fear him. Anyone who might wish to invade that dominion from abroad would be more hesitant; so that living right there, it is only with the greatest difficulty that the prince can lose it.

    ဒါေပမယ့္ အခက္အခဲေတြ ေပၚလာတာက ဘာသာစကား၊ ဓေလ့ထံုးစံနဲ့ တျခားလူမႈ အေဆာက္ အအံုေတြ မဆင္တဲ့ ေဒသက ဒိုမီနီယံေတြကို သိမ္းပိုက္တဲ့အခါမွာ ျဖစ္တယ္။ ကံတရားရဲ့ ေဖးမမႈ ေကာင္းေကာင္းနဲ့ သတိ၊ ဝီရီယ ျကီးျကီးလိုတာ ဒီနယ္ပယ္ေတြကို ထိန္းသိမ္းတဲ့ အပိုင္းမွာျဖစ္တယ္။ အေကာင္းဆံုးနဲ့ အထိေရာက္ဆံုး ကုစားနည္းကေတာ့ ျပည္သိမ္းမင္းကိုယ္တိုင္က သူသိမ္းလိုက္တဲ့ နယ္မွာ သြားေနဖို့ျဖစ္တယ္။ [အုပ္ခ်ုပ္ပံုကို ေဆးကုသပံုနဲ့ နွိုင္းယွဉ္တာကို တခါေတြ့ရျပန္တယ္။] အဲဒိအခါ တူရကီေတြ ဂရိကို သိမ္းတုန္းကလို[3] ကိုယ္သိမ္းထားတဲ့နယ္ကို ပိုျပီး ခိုင္ခိုင္မာမာနဲ့ ျကာျကာ ထိန္းနိုင္မယ္။ … ကိုယ္တိုင္ရွိေနတဲ့အခါ ျပႆနာေတြကို စကတည္းက တန္းျမင္ျပီး ျမန္ျမန္ ကုစားနိုင္မယ္။ ကိုယ္တိုင္မရွိတဲ့အခါ ျပႆနာေတြက ျကီးထြားလာျပီး ကုစားလို့ မရနိုင္ေတာ့တဲ့ အေျခအေနေရာက္မွ ကိုယ္ကျကားရတယ္။ ဒါ့အျပင္ သိမ္းပိုက္ခံေဒသမွာ ကိုယ့္စစ္သည္ အရာရွိေတြရဲ့ လုယက္တာမ်ိုးေတြလည္း ျဖစ္ခ်င္မွျဖစ္မယ္။ အုပ္ခ်ုပ္ခံေတြက မင္း ဆီ [အုပ္ခ်ုပ္သူဆီ] တိုက္ရိုက္ ေပါက္ တာကို သေဘာက်ဖြယ္ ရွိတယ္။ ဒီေတာ့ ေကာင္းေကာင္းမြန္မြန္ ေနခ်င္တဲ့ ျပည္သူျပည္သားက ဒီ မင္းကို ခ်စ္ခင္စရာ အေျကာင္း ပိုရွိျပီး ေကာင္းေကာင္းမြန္မြန္ မေနခ်င္သူ အတြက္ကလည္း သူ့ကို ေျကာက္စရာ အေျကာင္း ပိုရွိတယ္။ ဒီသိမ္းထားတဲ့ ဒိုမီနီယံကို အျပင္ကေန ဝင္သိမ္းခ်င္တဲ့လူက သိမ္းရမွာ လက္တြန့္မွာပဲ။ ဒါ့ေျကာင့္ သိမ္းပိုက္ျပီးသား နယ္မွာ သြားေနတဲ့အခါမွာ အေတာ္ျကီးကို ျကီးတဲ့ အခက္အခဲနဲ့ ျကံုရမွသာ ဒီနယ္ကို ဆံုးရံႈးရဖို့ရွိတယ္။

    [ဘာသာစကား၊ ဓေလ့ထံုးစံ မတူတဲ့ နယ္ကို သိမ္းပိုက္တဲ့အခါ ဒီနယ္ကို ျကာျကာထိန္းထားနိုင္ဖို့ ျပည္သိမ္းမင္းကိုယ္တိုင္ သိမ္းထားတဲ့နယ္မွာ သြားေနတဲ့နည္းလမ္း အျပင္ ေနာက္ထပ္နည္းလမ္း ေလးခုကို မက္ခီယာဗယ္လီက တင္ျပတယ္။ ဒီနည္းလမ္းေလးခုကို တခုခ်င္းစီ အေသးစိတ္ ဘာသာ မျပန္ေတာ့ပဲ အဓိက စာေျကာင္းေတြကိုပဲ ဘာသာျပန္ျပီး သူဘာ့ေျကာင့္ ဒီလိုမ်ိုး အျကံေပးရသလဲ ဆိုတာကို သူေျပာခဲ့တာကိုပဲ ကိုယ့္စကားနဲ့ကိုယ္ ျပန္ေျပာျပတာက အခ်ိန္စား သက္သာလိမ့္မယ္ ယူဆပါတယ္။]

    The other and better solution is to send colonies into one or two places, that will act as shackles on that state; for it is necessary that the prince either do this or maintain a large number of cavalry and infantry.

    ေနာက္ထပ္ ပိုေကာင္းတဲ့ အေျဖတခုက သိမ္းထားတဲ့ ေနရာေတြကို ေျခခ်ုပ္ပမာ ခ်ုပ္ထားမယ့္ ကိုလိုနီေတြ ေစလွြတ္ဖို့ ျဖစ္တယ္။ ဘာလို့ဆို ျပည္သိမ္းမင္း အတြက္က ဒီလို လုပ္ရင္လုပ္ မဟုတ္ရင္ အဲဒိမနယ္ကို ထိန္းထားနိုင္ဖို့ ေျခလ်င္တပ္ေတြ၊ ျမင္းတပ္ေတြ အမ်ားျကီး ခ်ကို ခ်ထားရလိမ့္မယ္။

    [ကိုလိုနီထားျပီး ထိန္းတာက ကိုယ့္တပ္ေတြ အမ်ားျကီး လွြတ္ျပီး ထိန္းရတာေလာက္ စရိတ္ မျကီးဘူးလို့ မက္ခီယာဗယ္လီက ေျပာတယ္။ မက္ခီယာဗယ္လီ ေျပာတဲ့ ကိုလိုနီဆိုတာ ရုပ္ေသး အစိုးရမ်ိုးကို ရည္ညွြန္းတာလို့ နားလည္မိတယ္။ (အဲဒါေျကာင့္ အီရတ္နဲ့ အာဖဂန္နစၥတန္ကို သိမ္းျပီးတဲ့ အခါမွာ ရုပ္ေသးအစိုးရ တခုခု ထားခဲ့ေရးကို ညြန့္ေပါင္းတပ္ေတြနဲ့ ေနတိုးတို့က အေရးျကီးတဲ့ စဉ္းစားခ်က္ တခုအေနနဲ့ စဉ္းစားျကတာ ျဖစ္တယ္။) ကိုလိုနီလွြတ္တဲ့အခါ သိမ္းထားတဲ့ နယ္ထဲက တခ်ို့တေလေလာက္ကိုသာ ကိုယ္က အနိုင္က်င့္စရာလိုတယ္။ အမ်ားစုကို မထိဘူးဆိုရင္ သူတို့က ကိုယ့္အုပ္ခ်ုပ္မႈေအာက္မွာ ေအးေဆးေဆး ေနေလာက္တယ္၊ ဆူဆူပူပူ လုပ္တဲ့လူေတြကို အျပစ္ေပးပံုကို ျကည့္ျပီး အမွားအယြင္း လုပ္မိမွာေတာင္ စိုးရိမ္ ျကလိမ့္မယ္လို့ မက္ခီယာဗယ္လီက တြက္တယ္။ ဒီေတာ့ ကိုလိုနီေတြ လွြတ္တာ စရိတ္မျကီးဘူး၊ နယ္သစ္ပယ္သစ္က လက္ေအာက္ခံေတြ ကလည္း ကိုယ့္ေပၚ ပိုသစၥာရွိမယ္၊ အုပ္ခ်ုပ္ခံေတြေပၚလည္း ဝန္မပိေစဘူး၊ ေနာက္ကလန္ ကဆန္ လုပ္တဲ့လူေတြကလည္း တကြဲတျပား ျဖစ္ေနျပီး ကိုယ့္ကို ဘာမွ ဒုကၡ ေပးနိုင္စရာ မရွိဘူးလို့ မက္ခီယာဗယ္လီက တြက္တယ္။ မက္ခီယာဗယ္လီ ေျပာတာ ဟုတ္မဟုတ္ အိုကီနာဝါမွာ အေမရိကန္ေတြ စခန္းခ်ထားတဲ့အခါ ျကံုရတဲ့ အခက္အခဲနဲ့ ပနားမားလို ကိုယ့္ျသဇာေညာင္းတဲ့ ရုပ္ေသးအစိုးရ ခ်ထားတဲ့အခါ ျကံုရတဲ့ အခက္အဲ နွိုင္းယွဉ္ျကည့္ဖို့ ေကာင္းတယ္။ ဒီေနရာမွာ အေျကာင္းတိုက္ဆိုင္လို့ နိုင္ငံတကာ ဆက္ဆံေရး လို နံမယ္အားျဖင့္ ကိန္းျကီးခန္းျကီး နိုင္ရံုနိုင္ျပီး အနွစ္မရွိတဲ့ ဘာသာရပ္ေတြ ေလ့လာခ်င္သူေတြကို က်ေနာ့္အေနနဲ့ ရိုးရိုးသားသား အျကံေပးခ်င္တာကေတာ့ The Prnice လို စာအုပ္မ်ိုးေတြကို နက္နက္ရွိုင္းရွိုင္း နားလည္ေအာင္ လိုအပ္ရင္ အျကိမ္ျကိမ္ ဖတ္ပါဆိုတာပဲ ျဖစ္ပါတယ္။]

    Concerning this, it should be noted that men must be either caressed or wiped out; because they will avenge minor injuries, but cannot do so for grave ones. Any harm done to a man must be of the kind that removes any fear of revenge.

    [မက္ခီယာဗယ္လီရဲ့ လက္ေတြ့က်တဲ့ အျကံေပးမႈကို ဒီစာပိုဒ္မွာ တခါ ထပ္ေတြ့ရျပန္တယ္။]

    ဒါနဲ့ပတ္သက္လို့ သတိျပုသင့္တာက လူေတြကို ေခ်ာ့တန္ေခ်ာ့၊ မဟုတ္ရင္ အျပတ္ရွင္းပစ္ရတယ္။ ဘာလို့ဆို ဒဏ္ရာအေသးအမွြားေလာက္ ရသြားတဲ့လူက အဲဒိအတြက္ လက္စားျပန္ေခ်လိမ့္မယ္၊ ဒါေပမယ့္ ဒဏ္ရာ ျကီးျကီးမားမား ရသြားသူက ျပန္မေခ်နိုင္ဘူး။ လူတေယာက္ကို ထိခိုက္ရန္လုပ္တဲ့ အခါ ကိုယ့္ကို လက္စားျပန္ေခ်မလားဆိုတဲ့ စိုးရိမ္စိတ္ ကိုယ့္မွာ မက်န္ေလာက္တဲ့ ထိခိုက္မႈမ်ိုးကို လုပ္ရမယ္။

    [ေနာက္ တတိယနည္းကေတာ့]

    …should make himself the leader and defender of his less powerful neighbors, and do all he can to weaken those who are more powerful; and he should be careful that, for whatever reason, no foreigner equal to himself in strength should enter there.

    ကိုယ့္ထက္ အင္အားနည္းတဲ့ အိမ္နီးခ်င္းေတြကို ကာကြယ္သူ၊ သူတို့ရဲ့ ေခါင္းေဆာင္ ေနရာကို ကိုယ္က ယူသင့္တယ္။ [အနီးတဝိုက္က] အင္အားပိုျကီးသူေတြကို အားနည္းေအာင္ အတတ္နိုင္ဆံုး လုပ္သင့္တယ္။ ေနာက္တခါ [စတုထၳနည္းက] ကိုယ့္လိုပဲ အင္အားရွိတဲ့ ျပင္ပ တိုင္းျပည္တခုခုက မင္းက ဘယ္လို အေျကာင္းနဲ့ပဲ ျဖစ္ျဖစ္ ကိုယ္သိမ္းထားတဲ့ နယ္ထဲကို မဝင္ေအာင္ သတိထားသင့္တယ္။

    The order of things is such that, as soon as a powerful foreigner enters a region, all who are less powerful cling to him, moved by the envy they have against the ruler who has ruled over them. And so, concerning these weaker powers, the invader has no trouble whatsoever in winning them over, since all of them will immediately and willingly become part of the state he has acquired. He need only be careful that they do not seize too much military power and authority. With his own military power and their support, he can very easily put down those who are powerful, and remain complete arbiter of that region. Anyone who does not follow this procedure will quickly lose what he has taken, and while he holds it, he will find if full of infinite difficulties and troubles.

    ျဖစ္ပံုက အင္အားျကီတဲ့ တိုင္းျပည္ တခုခုက ကိုယ္သိမ္းထားတဲ့ နယ္ထဲ ဝင္လာတာနဲ့ သူ့ေလာက္ အင္အားမျကီးသူအားလံုးက သူတို့ကို အုပ္ခ်ုပ္ေနသူကို မရႈ့ဆိမ့္နိုင္ျဖစ္ျပီး အသစ္ ဝင္လာသူဆီ ေျပးကပ္ျကေရာ။ အင္အားနည္းသူအားလံုးက အသစ္ဝင္လာသူ သိမ္းလိုက္တဲ့ တိုင္းျပည္ရဲ့ အစိတ္ အပိုင္း အျဖစ္ကို ခ်က္ခ်င္း လိုလိုခ်င္ခ်င္ ခံယူတဲ့အတြက္ ဒီလူေတြကို သိမ္းသြင္းနိုင္ဖို့က က်ူးေက်ာ္သူ အတြက္ ဘာအခက္အခဲမွ မရွိဘူး။ ဒီလူေတြ စစ္အင္အားနဲ့ အာဏာ အမ်ားျကီး ရမသြားဖို့ပဲ ကိုယ္က ဂရုစိုက္စရာ လိုတယ္။ ကိုယ့္ရဲ့ စစ္အင္အား၊ ေနာက္ ဒီလူေတြရဲ့ အကူအညီနဲ့ ကိုယ္သိမ္းထားတဲ့ တိုင္းျပည္ရွိရာ ေဒသမွာ ကိုယ္က ဘာမဆို အဆံုးအျဖတ္ ေပးနိုင္သူ ျဖစ္ေနနိုင္တယ္။ ဒီလုပ္ထံုး လုပ္နည္းကို မလိုက္နာတဲ့လူက သူသိမ္းထားတဲ့ တိုင္းျပည္ကို ျမန္ျမန္ ဆန္ဆန္ လက္လွြတ္ ရလိမ့္မယ္။ သိမ္းထားတဲ့ အခ်ိန္မွာလည္း အခက္အခဲေတြ၊ ဒုကၡေတြ မေရ မတြက္နိုင္ေအာင္ ေတြ့လိမ့္မယ္။

    [ခုေျပာခဲ့တဲ့ အျကံေပးခ်က္ အတြက္ မက္ခီယာဗယ္လီက ေရာမေတြကို ဥပမာေတြ ေပးတယ္။ ေရာမေတြက သူတို့သိမ္းလိုက္တဲ့ တိုင္းျပည္ေတြကို ကိုလိုနီလွြတ္တယ္၊ အနီးဝန္းက်င္က အင္အား သိပ္မျကီးတဲ့ တိုင္းငယ္ ျပည္ငယ္ေတြရဲ့ အင္အားကို မျကီးလာေအာင္ ဂရုထားျပီး ဆက္ဆံတယ္၊ တဘက္မွာ အင္အားနည္းနည္းရွိသူကို ေခြထားလိုက္သလို တျခားကေန အင္အားျကီးတဲ့ ေနာက္ထပ္ တိုင္းျပည္တခုခု အထဲမွာ ေျခကုပ္မရေအာင္ လုပ္တယ္လို့ ဆိုတယ္။ ေနာက္တခါ ေရာမေတြဟာ]

    …did what all wise princes must do: they must be on their guard not only against existing dangers but also against future disturbances, and try diligently to prevent them. Once evils are recognized ahead of time, they may be easily cured;

    အေျမာ္အျမင္ရွိတဲ့ မင္းတိုင္းလုပ္ရမယ့္ အရာကို လုပ္ခဲ့တယ္။ အဲဒါကေတာ့ မင္းဟာ လက္ရွိ အနၱရယ္ကေန ကာကြယ္ဖို့ သတိရွိရမယ့္ အျပင္ အနာဂတ္မွာ ျကံုလာရနိုင္တဲ့ မျငိမ္သက္မႈေတြ အတြက္လည္း သတိရွိရမယ္၊ ျကိုတင္ဟန့္တားနိုင္ေအာင္ သတိ၊ ဝီရီယနဲ့ ျကိုးစားလုပ္ရမယ္။ အနၱရယ္ေတြကို ေစာေစာစီးစီး သိရရင္ အလြယ္တကူ ကုစားနိုင္ဖြယ္ရွိတယ္။ [ကုသမႈနဲ့ နွိုင္းတာကို တခါေတြ့ရျပန္ျပီ။]

    [ေရာမေတြက အနၱရယ္ကို အေစာျကီးကတည္းက သတိရွိတဲ့အခါက်ေတာ့ ဒီအနၱရယ္ေတြ အတြက္ ကုထံုးကို အျမဲတန္း ေတြ့တယ္။ စကတည္းက ဒီလို အနၱရယ္မ်ိုးေတြကို သူတို့က ေပၚခြင့္ကို မေပးဘူး။ တဘက္မွာ မက္ခီယာဗယ္လီက သူ့အျကံေပးခ်က္ မွန္ကန္တာကို ဗင္းနစ္နယ္သားေတြရဲ့ ျဖစ္ပံုနဲ့ ဥပမာေပးတယ္။

    ဗင္းနစ္နယ္သားေတြက အိမ္နီးခ်င္း လြန္ဘာဒီ Lombardy ျပည္က ျမို့နွစ္ျမို့ကို သိမ္းခ်င္တယ္။ ဒါေပမယ့္ သူတို့ခ်ည္း မသိမ္းနိုင္ေတာ့ ပိုျပီး အင္အားျကီးတဲ့ ျပင္သစ္ကို လွမ္းအကူအညီ ေတာင္းတယ္။ တခ်ိန္ထဲမွာ လူဝီဆယ့္နွစ္ကလည္း အီတလီမွာ ေျခကုပ္ယူခ်င္ေနတယ္။ တဘက္မွာ ေဒသခံေတြရဲ့ အကူကို သူက မရနိုင္ဘူး။ အဲဒိေတာ့ သူ့မွာ လူတကာကို မဟာမိတ္လုပ္ရတယ္။ ပထမ လြန္ဘာဒီ Lombardy ကို သိမ္းျပီးတဲ့အခါ အနီးတဝိုက္က တိုင္းငယ္ ျပည္ငယ္ေတြက သူ့ကို ခ်က္ခ်င္း က်ိုးနြံသြားျကတယ္။ ဂ်ီနိုအာ Genoa က လက္နက္ခ်သလို ဖေလာ့ရင့္ Florence ကလည္း သူ့ရဲ့ မဟာမိတ္ ျဖစ္သြားတယ္။ အနီးတဝိုက္က ရွိရွိသမွ် အင္အားစုေတြက သူ့မဟာမိတ္ေတြ ခ်က္ခ်င္း ျဖစ္ကုန္ေရာ။ ျခံုျကည့္လိုက္ရင္ ဗင္းနစ္နယ္သားေတြ အလုပ္မတတ္တဲ့အတြက္ ျမို့နွစ္ျမို့ ရမယ္ အထင္နဲ့ ျပင္သစ္ကို ခ်ဉ္းကပ္မိရာကေန အီတလီ တခုလံုးရဲ့ သံုးပံုနွစ္ပံုကို လူဝီဆယ့္နွစ္လက္ကို အပ္လိုက္ ရတာသာ အဖတ္တင္က်န္ခဲ့တယ္။

    တခါ ဗင္းနစ္ နယ္သားေတြ လုပ္မိတဲ့ အမွားမ်ိုးကို ျပင္သစ္ဘုရင္လည္း လုပ္မိျပန္တယ္။ မီလန္ကို သိမ္းျပီးခ်ိန္မွာ လူဝီဆယ့္နွစ္က ပုပ္ရဟန္းမင္း အလက္ဇန္းဒါး Pope Alexander ကို Romagna [မလွမ္းမကမ္းမွာ ရွိတဲ့ တိုင္းျပည္ငယ္တခု] ကို သိမ္းနိုင္ေအာင္ သြားကူတယ္။ ဒီလို လုပ္ျခင္းျဖင့္ သူဟာ ပုပ္ရဟန္းမင္း အလက္ဇန္းဒါးကို ပို အားေကာင္းေစရံုမက သူ့ကို အစပိုင္းမွာ ရွိန္သြားတဲ့ တိုင္းျပည္ေတြကိုပါ အတင့္ရဲလာေစတယ္။ ေနာက္ဆံုးမွာ အလက္ဇန္းဒါးရဲ့ အာဏာဆက္ မျကီးထြားလာေအာင္ သူနဲ့ စစ္တိုက္ရတဲ့ထိ ျဖစ္လာတယ္။ ျခံုျကည့္ရရင္ ျပင္သစ္ဟာ အီတလီ တခုလံုးကို အပိုင္သိမ္းနိုင္ပါလ်က္နဲ့ အလုပ္မတတ္တဲ့ အတြက္ သူမ်ားနဲ့ ေဝစားရတဲ့ အျဖစ္ေရာက္ရတယ္လို့ မက္ခီယာဗယ္လီက ဆိုတယ္။]

    The desire to gain possessions is truly a very natural and normal thing, and when those men gain possessions who are able to do so, they will always be praised and not criticized.

    ပိုင္ဆိုင္ခ်င္တဲ့ ဆနၵဟာ လူ့သဘာဝပဲ၊ ဘာမွ ထူးထူးဆန္းဆန္း မဟုတ္ဖူး။ ကိုယ္လိုခ်င္တာကို ရေအာင္ယူနိုင္သူကို ေဝဖန္ျကမွာ မဟုတ္ပဲ ခ်ီးမြမ္းျကလိမ့္မယ္။

    [ဒီစာေျကာင္းဟာ အင္မတန္မွ အျငင္းအခံု ျဖစ္ဖြယ္ရွိတယ္။ ဘယ္လို interpret လုပ္မလဲဆိုတာ စဉ္းစားစရာပဲ။ လူေတြရဲ့ သဘာဝက ကိုယ္လိုခ်င္တာကို ရေအာင္ယူတဲ့လူကို တျခားလူေတြက ကဲ့ရဲ့မွာ မဟုတ္ဖူး၊ ခ်ီးမြမ္းျကမွပဲ လို့ဆိုလိုခ်င္တာလို့ ယူဆနိုင္စရာ ရွိတယ္။ က်ေနာ့္ အေတြ့အျကံုအရ မတရားနည္းနဲ့ ခ်မ္းသာလာတာ၊ အရွိန္အဝါရလာတာကို တခ်ို့ ပထမေတာ့အျပစ္ ေျပာတယ္၊ ဒါေပမယ့္ အဲဒိအရွိန္အဝါ ရလာသူကိုယ္တိုင္က သူ့ကို လက္ကမ္းေပးလိုက္တာနဲ့ အရင္ အျပစ္ ေျပာထားတာေတြ အားလံုးကို ေမ့သြားျကေရာ။ ဒီလို ျဖစ္တတ္တဲ့ သေဘာသဘာဝကို မက္ခီယာ ဗယ္လီက ေျပာခ်င္တာလားဆိုတာ သိပ္မရွင္းဘူး။

    ျပန္ေကာက္ရရင္ မက္ခီယာဗယ္လီက ဘာသာစကား၊ ဓေလ့ထံုးတမ္း မတူတဲ့ တိုင္းျပည္ေတြကို သြားသိမ္းျပီး ေရရွည္ထိန္းထားခ်င္ရင္ ေဆာင္ရမယ့္ ေရွာင္ရမယ့္ အခ်က္ ငါးခ်က္ကို ခ်ျပခဲ့တယ္။]

    Thus, Louis committed these five errors: he wiped out the less powerful rulers; he increased the power of an already powerful ruler in Italy; he brought into that region an extremely powerful foreigner; he did not go there to live; and he did not set up colonies there.

    လူဝီဘုရင္ဟာ အမွားငါးခုကို က်ူးလြန္ခဲ့တယ္။ သူ့ေလာက္ အင္အားမရွိတဲ့ အုပ္ခ်ုပ္သူေတြအားလံုးကို ရွင္းပစ္တယ္၊ ေနာက္ အီတလီမွာ အင္အားျကီးျပီးသား အုပ္ခ်ုပ္သူ တေယာက္ရဲ့ အာဏာကို ပိုျကီးေအာင္ လုပ္ေပးတယ္၊ [ပုပ္ရဟန္းမင္း အလက္ဇန္းဒါးကို ရည္ညွြန္းတာ။] သူသိမ္းထားတဲ့ ေဒသကို အျပင္က အင္မတန္ အင္အားျကီးသူ တေယာက္ကို ေခၚခ်လာတယ္။ [ေနပယ္ Kingdom of Naples ကို လူဝီဆယ့္နွစ္က သိမ္းရာမွာ တေယာက္ထဲ မနိုင္ေတာ့ စပိန္ဘုရင္ ဖာဒီနန္နဲ့ ေနပယ္ကို တေယာက္ တျခမ္း ယူမယ္ဆိုတဲ့ သေဘာတူညီမႈနဲ့ သိမ္းတယ္။ အဲဒိ အျဖစ္အပ်က္ကေန အဲဒိအခ်ိန္က အင္မတန္ အာဏာျကီးတဲ့ စပိန္က အီတလီမွာ ေျခကုပ္ရသြားတယ္။] သိမ္းထားတဲ့ တိုင္းျပည္မွာ ကိုယ္ကိုယ္တိုင္ သြားမေနဘူး၊ ေနာက္ဆံုး အဲဒိမွာ ရုပ္ေသးအစိုးရ၊ ကိုလိုနီ မထားဖူး။

    [ေနာက္ဆံုးမွာ လူဝီဘုရင္ဟာ သူပထမဆံုး ရထားတဲ့ လြန္ဘာဒီ Lombardy ကို ဆံုးရံႈးသြားတယ္။ ဒီလို ျဖစ္ရတာဟာ ျပင္သစ္ေတြဟာ စစ္သာတိုက္တတ္တယ္၊ စစ္တိုက္ျပီး ရထားတဲ့ နယ္ပယ္ေတြကို ျကာရွည္ မထိန္းထားနိုင္ဘူး၊ မက္ခီယာဗယ္လီက ျပင္သစ္ေတြဟာ statecraft ကို နားမလည္ဘူးလို့ ဆိုတယ္။ အုပ္ခ်ုပ္နည္း မတတ္ဘူးလို့ မေျပာတယ္။ ပုပ္ရဟန္းမင္း အလက္ဇန္းဒါးနဲ့ စပိန္ဘုရင္ ဖာဒီနန္တို့ အီတလီမွာ အာဏာ အျကီးအက်ယ္ ရလိုက္ျပီး ေနာက္ဆံုး သူကိုယ္တိုင္ အီတလီကေန ေျပးရတာဟာ တကယ္ေတာ့ လူဝီဘုရင္ရဲ့ အလုပ္အကိုင္ မတတ္မႈေျကာင့္လို့ မက္ခီယာဗယ္လီက ေျပာတယ္။ အဲဒိကေန သူက ဥပေဒသတခု ထုတ္ျပတယ္။]

    From this one can derive a general rule which rarely, if ever, fails: that anyone who is the cause of another becoming powerful comes to ruin himself;

    ဒီကေန မွားခဲတဲ့ ဥပေဒတခုကို ထုတ္ယူနိုင္တယ္။ တျခားလူ တေယာက္ေယာက္ကို ကိုယ္က အင္အားေကာင္းေအာင္ လုပ္ေပးတာဟာ ကိုယ့္ပ်က္စီးကိန္း ဆိုက္ေစဖို့သာ ျဖစ္တယ္။
    End of Chapter III

    [1] အေသးစိတ္ကို Eric Hobsbawm ရဲ့ Age of Extremes မွာ ျကည့္နိုင္ပါတယ္။

    [2] See Oxford World Classic p9

    [3] ေအာ္တိုမန္ အင္ပိုင္ယာကို မက္ခီယာဗယ္လီက တူရကီေတြလို့ပဲ့ ေယဘုယ် သံုးနႈန္းတယ္။ သူေျပာတဲ့ ဂရိဆိုတာ ေဘာ္လကန္ ကြ်န္းဆြယ္ကို ေျပာတာျဖစ္ျပီး လက္ရွိ ဂရိနိုင္ငံကို ရည္ညွြန္းတာ မဟုတ္။ ေအာ္တိုမန္ အင္ပိုင္ယာ တပ္ေတြက ၁၃၅၄ မွာကတည္းက Hellespont ေရလက္ျကားကို ျဖတ္ျပီး ၁၄၅၃ မွာ မိုဟာမက္နွစ္က ခရစ္ယာန္တိုင္းျပည္ ျဖစ္တဲ့ ေရွးေဟာင္ ဘိုင္ဇင္တိုင္း အင္ပိုင္ယာရဲ့ ျမို့ေတာ္ Constantinople ကိုသိမ္းတယ္။ See Oxford World Classic p10

    Posted by politicsfreakcnz | 30/09/2011, 14:56

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: