//
you're reading...
Philosophy texts

The Prince by Machiavelli 3

[အခန်းသုံးမှာ တိုင်းပြည်တပြည် ဟာ အသစ် သိမ်းလို့ရထားတဲ့ တခြား နယ်တခုခုကို ထိန်းသိမ်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို မက်ခီယာဗယ်လီက ရှင်းပြခဲ့တယ်။ ဒါပေမယ့် အလက်ဇန်းဒါး Alexender the Great ရဲ့ သိမ်းပိုက်တာ ခံရတဲ့ ဒါရီးယပ် တိုင်းဟာ အလက်ဇန်းဒါးသေတဲ့အခါ တတိုင်းပြည်လုံး ထကြွပြီး ပုန်ကန်ခြားနားမယ်လို့ ထင်စရာ ရှိပေမယ့် ဒါမျိုး မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့် မပုကန်သလဲ ဆိုတာကို မက်ခီယာဗယ်လီက ရှင်းပြတယ်။ အဲ့သလို ရှင်းပြတဲ့အခါမှာ power distribution အုပ်ချုပ်မှု အာဏာ ဖြန့်ကျက်တည်နေပုံနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့ အမြင်တွေကို တွေ့ရတယ်။ ဒီအမြင်တွေဟာ ကနေ့ချိန်ထိ အကြုံးဝင် မဝင်ဆိုတာ စာဖတ်သူတို့ ဆင်ခြင်ကြည့်ကြပါ။]

 … all principalities known to us are governed in two different ways: either by a prince with all the others his servants, who as ministers (through his favor and permission) assist in governing that kingdom; or by a prince and by barons, who hold that rank not because of any favor of their master but because of antiquity of their bloodline. [with နဲ့ and ခြားပြီး သုံးထားတာ သတိပြုပါ။]

သိရသလောက် principality အားလုံးကို အုပ်ချုပ်ပုံ နှစ်နည်းရှိတယ်။ တနည်းက မင်းနဲ့ သူကိုယ်တိုင် သဘောကျလို့ ဝန်ကြီးတွေ အဖြစ် ခန့်ထားတဲ့ သူ့ရဲ့ အစေအပါးတွေ အုပ်ချုပ်တဲ့နည်း၊ ဒီနည်းမှာ သူ့အစေ အပါး ဝန်ကြီးတွေက အုပ်ချုပ်ရာမှာ သူ့ကို အကူအညီပေးတယ်။ နောက်တနည်းက မင်းနဲ့ [barons] နယ်စားပယ်စားတွေ အတူတွဲ အုပ်ချုပ်တဲ့နည်း။ ဒီနယ်စား ပယ်စားတွေဟာ သူတို့ အရိုက် အရာကို မင်းရဲ့ ကြည်ဖြူ နှစ်သက်မှုနဲ့ ရထားတာ မဟုတ်ပဲ သားစဉ်မြေးဆက် အစဉ်အလာတွေ အရ ရထားတာ ဖြစ်တယ်။

[ပထမနည်းမှာ အုပ်ချုပ်မှု အာဏာက တနေရာထဲမှာ (မင်းဆီမှာ) သွားစုနေပြီး ဒုတိယနည်းမှာ အာဏာက ပြန့်နေတာကို မက်ခီယာဗယ်လီက ပြောချင်တာ ဖြစ်တယ်။ အပေါ် စာပိုဒ်မှာ ပါတဲ့ with နဲ့ and မှာ with က မင်းက ခန့်ထားတဲ့ ဝန်ကြီးတွေက မင်းကို ကူရုံကူရတဲ့ အနေအထားကို ပြောချင်တာ ဖြစ်ပြီး and က မင်းနဲ့ နယ်စားပယ်စားတွေ တန်းတူဖြစ်မှုကို ဆိုလိုတယ်။  မက်ခီယာဗယ်လီက တူရကီနဲ့ ပြင်သစ် ဘုရင်တွေကို ဥပမာအဖြစ် ပြတယ်။]

One ruler governs the entire kingdom of the Turk; the others are his servants; and dividing his kingdom into …, he sends various administrators there, and he moves them and changes them around as he pleases. But the King of France is placed among a group of hereditary nobles who are recognized in that state by their subjects and who are loved by them; they have their hereditary privileges, which the King cannot take away without endangering himself.

တူရကီမှာ တတိုင်းပြည်လုံးကို တယောက်ထဲက အုပ်ချုပ်ပြီး ကျန်တဲ့လူတွေက သူ့အစေအပါးတွေပဲ ဖြစ်တယ်။ တူရကီ ဘုရင်က တိုင်းပြည်ကို … စိတ်ပိုင်းပြီး အုပ်ချုပ်ရေးမှုးတွေခန့်၊ ပြီးရင် ဒီအုပ်ချုပ်ရေးမှုးတွေကို သူလိုရင် လိုသလို အပြောင်းအရွှေ့ လုပ်တယ်။ ဒါပေမယ့် ပြင်သစ်မှာတော့ ဘုရင်က သားစဉ်မြေးဆက် အစဉ်အလာနဲ့ ရာထူးရထားတဲ့ သူကောင်းမျိုးတွေကြား ရောက်နေတယ်။ ဒီသူကောင်းမျိုးတွေက သူတို့ ဆိုင်ရာ နယ်ပယ်က လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်မှုနဲ့ နေရာ ရထားသူတွေ ဖြစ်တယ်။ သူတို့ဆီမှာ သားစဉ်မြေးဆက် ရလာတဲ့ အခွင့်အရေးတွေရှိတယ်။ ဘုရင်က ဒီအခွင့်အရေးတွေကို ရုပ်သိမ်းရင် သူဒုက္ခမရောက်ပဲ မနေဘူး။

[ဒီတိုင်းပြည်နှစ်ခုမှာ တူရကီက သိမ်းရတာ ခက်ပြီး ထိန်းသိမ်း အုပ်ချုပ်ရတာ လွယ်တယ်၊ တဘက်မှာ ပြင်သစ်က သိမ်းရတာ လွယ်ပြီး ထိန်းသိမ်း အုပ်ချုပ်ရတာ ခက်တယ်လို့ မက်ခီယာဗယ်လီက ပြောတယ်။ သူဘာလို့ ဒီလို ပြောသလဲ။]

The reasons for the difficulty in being able to occupy the kingdom of the Turk are because it is not possible to be summoned there by the princes of that kingdom, or to hope, through the rebellion of those the ruler has around him, to make your enterprise easier. …since they are all his slaves and bound to him, it is more difficult to corrupt them; and even if they could be corrupted, little profit can be hoped for, since they will not be followed by the people for the reasons already discussed. Therefore, anyone who attacks the Turk must realize that he will find him completely united, and he must rely more on his own forces than on the disunity of his opponent. But once beaten and broken in battle so that he cannot regroup his troops, there is nothing else to be feared than the ruler’s family.

တူရကီကို သိမ်းပိုက်ရခက်တဲ့ အကြောင်းရင်းတွေက အဲဒိတိုင်းပြည်မှာ ရှိတဲ့ မင်းတွေက ကိုယ့်ကို သူတို့ဆီကြွအောင် ပင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခါ အဲဒိတိုင်းပြည်မှာ မင်းလုပ်နေသူ အနားက လူတွေ သူ့ကို ပြန်ပုန်ကန်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဘာလို့ဆို သူ့ပတ်ပတ်လည်က လူအားလုံးက သူ့ရဲ့ အစေအပါးတွေချည်း ဖြစ်ပြီး သူနဲ့ခွဲလို့ မရဘူး၊ ဒီတော့ ဒီလူတွေကို အကျင့်ဖျက်လို့ မရဘူး။ ဖျက်လို့ ရရင်တောင် သူတို့နောက်ကို တခြားလူတွေက ပါလာမှာမဟုတ်တဲ့အတွက် အကျိုးအမြတ် အနည်း အကျဉ်းပဲ မျှော်လင့်နိုင်မယ်။ အဲဒိအတွက်ကြောင့် တူရကီကို တိုက်ဖို့ ကြိုးစားတဲ့သူဟာ တနိုင်ငံလုံးက တူရကီမင်းနဲ့ တစည်းတလုံးထဲ ရှိနေတာ တွေ့ရမှာဖြစ်ပြီး အနိုင်တိုက်နိုင်ဖို့ရာ ကိုယ့်ရန်သူဘက်က စိတ်ဝမ်းကွဲပြားမှုထက် ကိုယ့်တပ်ကိုပဲ ကိုယ်အားကိုးရမှာ ဖြစ်တယ်။ ဒါပေမယ့် စစ်မြေပြင်မှာ ဒီမင်းကို နိုင်လိုက်ပြီ၊ နောက် သူရဲ့ တပ်တွေကိုလည်း သူ့အနေနဲ့ ပြန်မစုစည်း နိုင်တော့ဘူး ဆိုရင် အုပ်ချုပ်သူရဲ့ မိသားစုကလွဲပြီး တခြား ဘာမှ ကြောက်စရာ မရှိတော့ဘူး။

The opposite occurs in kingdoms governed like that of France, because you can invade them with ease once you have won to your side some barons of the kingdom, since you can always find malcontents and men who desire a change. These people, for the reasons already given, can open the way to that dominion and facilitate your victory. However, when you wish to hold on to it this is accompanied by endless problems, both with those who have helped you and with those you have suppressed. Nor is it sufficient for you to wipe out the ruling family, since the nobles who make themselves heads of new insurrections still remain. And since you are neither able to make them happy nor to wipe them out, you lose that dominion whenever the opportunity arises.

ပြင်သစ်က ပုံစံလို အုပ်ချုပ်တဲ့ တိုင်းပြည်တွေကျတော့ [တူရကီနဲ့] ပြောင်းပြန်။ တိုင်းပြည်ထဲက နယ်စား ပယ်စားတချို့ ကိုယ့်ဘက်ပါလာပြီဆိုရင် ဒီတိုင်းပြည်ကို ဝင်သိမ်းလို့ရပြီ။ ဒီနယ်စား ပယ်စားတွေ ထဲမှာ အပြောင်းအလဲ ဖြစ်ချင်တဲ့သူတွေ၊ လက်ရှိအုပ်ချုပ်မှုကို မရောင့်ရဲ့သူတွေကို ဘယ်တော့ မဆို ရှာတွေ့ နိုင်တယ်။ ဒီလူတွေက ကိုယ့်ကို တိုင်းပြည်သိမ်းနိုင်အောင် တံခါးဖွင့်ပေးပြီး ကိုယ့်ရဲ့ လုပ်ကြံမှု အောင်မြင် အောင် ဆောင်ကြဉ်းပေးလိမ့်မယ်။ [ဘာ့ကြောင့် ခုလို တံခါးဖွင့်ပေးသလဲ ဆိုတာ အခန်းသုံးမှာ မက်ခီယာ ဗယ်လီက ရှင်းပြထားတယ်။] ဒါပေမယ့် ဒီတိုင်းပြည်ကို ရပြီး ဆက်ထိန်းသိမ်းထားချင်ပြီဆိုရင် ကိုယ့်ကို အကူအညီ ပေးခဲ့သူတွေဆီကရော၊ ကိုယ်က နှိမ်နင်းခဲ့သူတွေ ဆီကပါ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ပြဿနာတွေ ကျွဲကူးရေပါ ဆိုသလို ပါလာတော့မယ်။ ကိုယ်သိမ်းလိုက်တဲ့ တိုင်းပြည်ရဲ့ မင်းနဲ့ မိသားစုတစုလုံးကို အပြတ်ရှင်းရုံနဲ့လည်း မရသေးဘူး။ ဘာလို့ဆို ကိုယ့်ကို ပုန်ကန်ထကြွမှု ထလုပ်လာနိုင်တဲ့ နယ်စား ပယ်စား တချို့ ရှိနေသေးတယ်။ [သီပေါမင်း ပါတော်မူပြီးနောက် ဝန်းသိုစော်ဘွား ဉီးအောင်မြတ်ကို အချိန်ယူပြီး နှိမ်နင်းရတဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါတယ်။] ဒီနယ်စား ပယ်စားတွေ အားလုံးကို စိတ်တိုင်းကျအောင်လည်း မလုပ်နိုင်၊ အကုန်လုံးကို ရှင်းပစ်ဖို့လည်း မတတ်နိုင် ဆိုတော့ အခွင့်အရေး ပေါ်တာနဲ့ ကိုယ် သိမ်းထားတဲ့ ဒိုမီနီယံကို ဆုံးရှုံးဖို့ ဖြစ်လာရော။

[အလက်ဇန်းဒါး Alexander the Great ဟာ အရှေ့ဘက် တိုင်းပြည်တွေကို သိမ်းပိုက်ရာမှာ အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရတယ်။ ဘာလို့ဆို ဒီတိုင်းပြည်တွေရဲ့ power structure ပဲခေါ်ခေါ် power distribution ပဲခေါ်ခေါ် အုပ်ချုပ်မှု အာဏာဖွဲ့စည်းပုံ ဒါမှမဟုတ် ဖြန့်ကျက် ထားပုံက  အုပ်ချုပ်သူ မင်းတပါးထဲမှာ ရှိသမျှ အာဏာက သွားစုနေတယ်။ ဒီတော့ သူ့ကို အနိုင်တိုက်ရ ခက်တယ်။ ဒါပေမယ့် သူ့ကို တိုက်ပွဲမှာ နိုင်ပြီးလို့ သူ့ရဲ့ မိသားစု တခုလုံးကို အပြတ်ရှင်းပြီးတာနဲ့ ဒီတိုင်းပြည်က လုံးဝ ဉီးကျိုးသွားပြီ။ ကျန်တဲ့ တိုင်းသူပြည်သားက ပုန်ကန်ခြားနားမှာကို ဘာမှ ကြောက်စရာ မရှိတော့ဘူး။ ဘာနဲ့တူလဲဆိုတော့ ဗမာပြည်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး စစ်အုပ်စုကို ဆန့်ကျင်မှု မှန်သမျှကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲမှာ သွားစုထားတဲ့ ပုံမျိုးပဲ။ မှန်တာ မှားတာ၊ စစ်အုပ်စုရဲ့ ဂုတ်သွေးစုပ်မှုအောက်က ကယ်တင်နိုင်ဖို့ မျှော်လင့်တာအားလုံးဟာ သူ့ဆီ သွားစုနေတယ်။ စစ်အုပ်စု ဆန့်ကျင်သူအားလုံးက ဒေါ်စုကို ရံပြီး စည်းစည်းလုံးလုံး တောင့်ခံနေတာမို့ အတိုက်အခံ နိုင်ငံရေးကို စစ်တပ်က ဖြိုဖို့ ကြိုးစားရာမှာ ဘယ်လောက်ခက်သလဲ။ ဒါပေမယ့် ဒီပုံစံရဲ့ အားနည်းချက်က အဓိက ကာယံကံရှင်ကို ခွေလိုက်နိုင်ပြီဆိုရင် ပွဲသိမ်းသွားပြီ။ ဒေါ်အောင်ဆန်း စုကြည်ကို အိတ်ထဲထည့်ပြီးရင် ကိစ္စပြတ်သလောက် ရှိသွားပြီ။ ဒေါက်တာ လွဏ်းဆွေဘလော့က မှတ်ချက် ပေးသူတယောက်ရဲ့စကား ငှားပြောရရင် ခေါင်ထိရင် အကုန်ရပြီ။ တဘက်မှာ လူကို ရံပြီး စည်းလုံးတာ မဟုတ်ဘဲ မူကို ရံပြီး တစည်းတလုံးထဲ ရှိတာမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် စစ်အုပ်စု အိတ်ထဲ ပါသွားလဲ ပွဲမသိမ်းသေးဘူး။  ဒီတော့ မူကို သစ္စာမဖေါက်ပဲ ကိုယ်လုပ်စရာရှိတာကို တူရာအစုလေးတွေ စုပြီး လုပ်ထားမယ်ဆိုရင် မျှော်လင့်ချက် ရှိနိုင်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ပေါ် သစ္စာရှိတယ် ဆိုရာမှာလည်း စစ်အုပ်စုရဲ့ စစ်ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို အလျှော့မပေးရေး မူကို သူ ဘယ်လောက်သစ္စာရှိသလဲဆိုတဲ့ အချက်ကိုကြည့်ပြီးတော့သာ သစ္စာရှိသင့်တယ်လို့ ထင်တယ်။ စကတည်းက အားလုံးဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်မယ် အထင်နဲ့ သူ့ကို ယုံကြည်ထောက်ခံ လာတာဆိုရင် ဒီဆန္ဒတွေကို သူမဖြည့်ဆည်းနိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှိလာရင် သူ့ကို ထောက်ခံစရာ မရှိတော့ပါ။ လက်တွေ့ကျကျ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်မချင်း ကျနော်တို့ ဆန္ဒတွေ ပြည့်မှာမဟုတ်ပါ။ ဒါကို မပြင်နိုင်ခင် ပါတီ ဆက်ရပ်တည်နိုင်ဖို့ စဉ်းစားချက် တခုထဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အကြောင်းတခွန်းမှ မဟပဲ အလော သုံးဆယ် မှတ်ပုံတင်တာဟာ လူထု ဆန္ဒကို မထေ့မဲမြင်ပြုရာ ရောက်တယ်လို့ ယူဆတယ်။]

Discussion

One thought on “The Prince by Machiavelli 3

  1. zawgyi version of it
    [အခန္းသံုးမွာ တိုင္းျပည္တျပည္ ဟာ အသစ္ သိမ္းလို့ရထားတဲ့ တျခား နယ္တခုခုကို ထိန္းသိမ္းတဲ့အခါ ျကံုရတဲ့ အခက္အခဲေတြကို မက္ခီယာဗယ္လီက ရွင္းျပခဲ့တယ္။ ဒါေပမယ့္ အလက္ဇန္းဒါး Alexender the Great ရဲ့ သိမ္းပိုက္တာ ခံရတဲ့ ဒါရီးယပ္ တိုင္းဟာ အလက္ဇန္းဒါးေသတဲ့အခါ တတိုင္းျပည္လံုး ထျကြျပီး ပုန္ကန္ျခားနားမယ္လို့ ထင္စရာ ရွိေပမယ့္ ဒါမ်ိုး မျဖစ္ခဲ့ဘူး။ ဘာ့ေျကာင့္ မပုကန္သလဲ ဆိုတာကို မက္ခီယာဗယ္လီက ရွင္းျပတယ္။ အဲ့သလို ရွင္းျပတဲ့အခါမွာ power distribution အုပ္ခ်ုပ္မႈ အာဏာ ျဖန့္က်က္တည္ေနပံုနဲ့ ပတ္သက္ျပီး အင္မတန္မွ စိတ္ဝင္စားဖို့ ေကာင္းတဲ့ သူ့ရဲ့ အျမင္ေတြကို ေတြ့ရတယ္။ ဒီအျမင္ေတြဟာ ကေန့ခ်ိန္ထိ အျကံုးဝင္ မဝင္ဆိုတာ စာဖတ္သူတို့ ဆင္ျခင္ျကည့္ျကပါ။]

    … all principalities known to us are governed in two different ways: either by a prince with all the others his servants, who as ministers (through his favor and permission) assist in governing that kingdom; or by a prince and by barons, who hold that rank not because of any favor of their master but because of antiquity of their bloodline. [with နဲ့ and ျခားျပီး သံုးထားတာ သတိျပုပါ။]

    သိရသေလာက္ principality အားလံုးကို အုပ္ခ်ုပ္ပံု နွစ္နည္းရွိတယ္။ တနည္းက မင္းနဲ့ သူကိုယ္တိုင္ သေဘာက်လို့ ဝန္ျကီးေတြ အျဖစ္ ခန့္ထားတဲ့ သူ့ရဲ့ အေစအပါးေတြ အုပ္ခ်ုပ္တဲ့နည္း၊ ဒီနည္းမွာ သူ့အေစ အပါး ဝန္ျကီးေတြက အုပ္ခ်ုပ္ရာမွာ သူ့ကို အကူအညီေပးတယ္။ ေနာက္တနည္းက မင္းနဲ့ [barons] နယ္စားပယ္စားေတြ အတူတြဲ အုပ္ခ်ုပ္တဲ့နည္း။ ဒီနယ္စား ပယ္စားေတြဟာ သူတို့ အရိုက္ အရာကို မင္းရဲ့ ျကည္ျဖူ နွစ္သက္မႈနဲ့ ရထားတာ မဟုတ္ပဲ သားစဉ္ေျမးဆက္ အစဉ္အလာေတြ အရ ရထားတာ ျဖစ္တယ္။

    [ပထမနည္းမွာ အုပ္ခ်ုပ္မႈ အာဏာက တေနရာထဲမွာ (မင္းဆီမွာ) သြားစုေနျပီး ဒုတိယနည္းမွာ အာဏာက ျပန့္ေနတာကို မက္ခီယာဗယ္လီက ေျပာခ်င္တာ ျဖစ္တယ္။ အေပၚ စာပိုဒ္မွာ ပါတဲ့ with နဲ့ and မွာ with က မင္းက ခန့္ထားတဲ့ ဝန္ျကီးေတြက မင္းကို ကူရံုကူရတဲ့ အေနအထားကို ေျပာခ်င္တာ ျဖစ္ျပီး and က မင္းနဲ့ နယ္စားပယ္စားေတြ တန္းတူျဖစ္မႈကို ဆိုလိုတယ္။ မက္ခီယာဗယ္လီက တူရကီနဲ့ ျပင္သစ္ ဘုရင္ေတြကို ဥပမာအျဖစ္ ျပတယ္။]

    One ruler governs the entire kingdom of the Turk; the others are his servants; and dividing his kingdom into …, he sends various administrators there, and he moves them and changes them around as he pleases. But the King of France is placed among a group of hereditary nobles who are recognized in that state by their subjects and who are loved by them; they have their hereditary privileges, which the King cannot take away without endangering himself.

    တူရကီမွာ တတိုင္းျပည္လံုးကို တေယာက္ထဲက အုပ္ခ်ုပ္ျပီး က်န္တဲ့လူေတြက သူ့အေစအပါးေတြပဲ ျဖစ္တယ္။ တူရကီ ဘုရင္က တိုင္းျပည္ကို … စိတ္ပိုင္းျပီး အုပ္ခ်ုပ္ေရးမႈးေတြခန့္၊ ျပီးရင္ ဒီအုပ္ခ်ုပ္ေရးမႈးေတြကို သူလိုရင္ လိုသလို အေျပာင္းအေရွြ့ လုပ္တယ္။ ဒါေပမယ့္ ျပင္သစ္မွာေတာ့ ဘုရင္က သားစဉ္ေျမးဆက္ အစဉ္အလာနဲ့ ရာထူးရထားတဲ့ သူေကာင္းမ်ိုးေတြျကား ေရာက္ေနတယ္။ ဒီသူေကာင္းမ်ိုးေတြက သူတို့ ဆိုင္ရာ နယ္ပယ္က လက္ေအာက္ငယ္သားေတြရဲ့ ခ်စ္ခင္မႈနဲ့ ေနရာ ရထားသူေတြ ျဖစ္တယ္။ သူတို့ဆီမွာ သားစဉ္ေျမးဆက္ ရလာတဲ့ အခြင့္အေရးေတြရွိတယ္။ ဘုရင္က ဒီအခြင့္အေရးေတြကို ရုပ္သိမ္းရင္ သူဒုကၡမေရာက္ပဲ မေနဘူး။

    [ဒီတိုင္းျပည္နွစ္ခုမွာ တူရကီက သိမ္းရတာ ခက္ျပီး ထိန္းသိမ္း အုပ္ခ်ုပ္ရတာ လြယ္တယ္၊ တဘက္မွာ ျပင္သစ္က သိမ္းရတာ လြယ္ျပီး ထိန္းသိမ္း အုပ္ခ်ုပ္ရတာ ခက္တယ္လို့ မက္ခီယာဗယ္လီက ေျပာတယ္။ သူဘာလို့ ဒီလို ေျပာသလဲ။]

    The reasons for the difficulty in being able to occupy the kingdom of the Turk are because it is not possible to be summoned there by the princes of that kingdom, or to hope, through the rebellion of those the ruler has around him, to make your enterprise easier. …since they are all his slaves and bound to him, it is more difficult to corrupt them; and even if they could be corrupted, little profit can be hoped for, since they will not be followed by the people for the reasons already discussed. Therefore, anyone who attacks the Turk must realize that he will find him completely united, and he must rely more on his own forces than on the disunity of his opponent. But once beaten and broken in battle so that he cannot regroup his troops, there is nothing else to be feared than the ruler’s family.

    တူရကီကို သိမ္းပိုက္ရခက္တဲ့ အေျကာင္းရင္းေတြက အဲဒိတိုင္းျပည္မွာ ရွိတဲ့ မင္းေတြက ကိုယ့္ကို သူတို့ဆီျကြေအာင္ ပင့္ဖို့ဆိုတာ မျဖစ္နိုင္ဘူး။ တခါ အဲဒိတိုင္းျပည္မွာ မင္းလုပ္ေနသူ အနားက လူေတြ သူ့ကို ျပန္ပုန္ကန္ဖို့ ဆိုတာလည္း မျဖစ္နိုင္ဘူး။ ဘာလို့ဆို သူ့ပတ္ပတ္လည္က လူအားလံုးက သူ့ရဲ့ အေစအပါးေတြခ်ည္း ျဖစ္ျပီး သူနဲ့ခြဲလို့ မရဘူး၊ ဒီေတာ့ ဒီလူေတြကို အက်င့္ဖ်က္လို့ မရဘူး။ ဖ်က္လို့ ရရင္ေတာင္ သူတို့ေနာက္ကို တျခားလူေတြက ပါလာမွာမဟုတ္တဲ့အတြက္ အက်ိုးအျမတ္ အနည္း အက်ဉ္းပဲ ေမွ်ာ္လင့္နိုင္မယ္။ အဲဒိအတြက္ေျကာင့္ တူရကီကို တိုက္ဖို့ ျကိုးစားတဲ့သူဟာ တနိုင္ငံလံုးက တူရကီမင္းနဲ့ တစည္းတလံုးထဲ ရွိေနတာ ေတြ့ရမွာျဖစ္ျပီး အနိုင္တိုက္နိုင္ဖို့ရာ ကိုယ့္ရန္သူဘက္က စိတ္ဝမ္းကြဲျပားမႈထက္ ကိုယ့္တပ္ကိုပဲ ကိုယ္အားကိုးရမွာ ျဖစ္တယ္။ ဒါေပမယ့္ စစ္ေျမျပင္မွာ ဒီမင္းကို နိုင္လိုက္ျပီ၊ ေနာက္ သူရဲ့ တပ္ေတြကိုလည္း သူ့အေနနဲ့ ျပန္မစုစည္း နိုင္ေတာ့ဘူး ဆိုရင္ အုပ္ခ်ုပ္သူရဲ့ မိသားစုကလြဲျပီး တျခား ဘာမွ ေျကာက္စရာ မရွိေတာ့ဘူး။

    The opposite occurs in kingdoms governed like that of France, because you can invade them with ease once you have won to your side some barons of the kingdom, since you can always find malcontents and men who desire a change. These people, for the reasons already given, can open the way to that dominion and facilitate your victory. However, when you wish to hold on to it this is accompanied by endless problems, both with those who have helped you and with those you have suppressed. Nor is it sufficient for you to wipe out the ruling family, since the nobles who make themselves heads of new insurrections still remain. And since you are neither able to make them happy nor to wipe them out, you lose that dominion whenever the opportunity arises.

    ျပင္သစ္က ပံုစံလို အုပ္ခ်ုပ္တဲ့ တိုင္းျပည္ေတြက်ေတာ့ [တူရကီနဲ့] ေျပာင္းျပန္။ တိုင္းျပည္ထဲက နယ္စား ပယ္စားတခ်ို့ ကိုယ့္ဘက္ပါလာျပီဆိုရင္ ဒီတိုင္းျပည္ကို ဝင္သိမ္းလို့ရျပီ။ ဒီနယ္စား ပယ္စားေတြ ထဲမွာ အေျပာင္းအလဲ ျဖစ္ခ်င္တဲ့သူေတြ၊ လက္ရွိအုပ္ခ်ုပ္မႈကို မေရာင့္ရဲ့သူေတြကို ဘယ္ေတာ့ မဆို ရွာေတြ့ နိုင္တယ္။ ဒီလူေတြက ကိုယ့္ကို တိုင္းျပည္သိမ္းနိုင္ေအာင္ တံခါးဖြင့္ေပးျပီး ကိုယ့္ရဲ့ လုပ္ျကံမႈ ေအာင္ျမင္ ေအာင္ ေဆာင္ျကဉ္းေပးလိမ့္မယ္။ [ဘာ့ေျကာင့္ ခုလို တံခါးဖြင့္ေပးသလဲ ဆိုတာ အခန္းသံုးမွာ မက္ခီယာ ဗယ္လီက ရွင္းျပထားတယ္။] ဒါေပမယ့္ ဒီတိုင္းျပည္ကို ရျပီး ဆက္ထိန္းသိမ္းထားခ်င္ျပီဆိုရင္ ကိုယ့္ကို အကူအညီ ေပးခဲ့သူေတြဆီကေရာ၊ ကိုယ္က နွိမ္နင္းခဲ့သူေတြ ဆီကပါ ဘယ္ေတာ့မွ အဆံုးသတ္မွာ မဟုတ္တဲ့ ျပႆနာေတြ ကြ်ဲကူးေရပါ ဆိုသလို ပါလာေတာ့မယ္။ ကိုယ္သိမ္းလိုက္တဲ့ တိုင္းျပည္ရဲ့ မင္းနဲ့ မိသားစုတစုလံုးကို အျပတ္ရွင္းရံုနဲ့လည္း မရေသးဘူး။ ဘာလို့ဆို ကိုယ့္ကို ပုန္ကန္ထျကြမႈ ထလုပ္လာနိုင္တဲ့ နယ္စား ပယ္စား တခ်ို့ ရွိေနေသးတယ္။ [သီေပါမင္း ပါေတာ္မူျပီးေနာက္ ဝန္းသိုေစာ္ဘြား ဉီးေအာင္ျမတ္ကို အခ်ိန္ယူျပီး နွိမ္နင္းရတဲ့ အျဖစ္အပ်က္နဲ့ နွိုင္းယွဉ္ျကည့္ရင္ စိတ္ဝင္စားဖို့ ေကာင္းမယ္ထင္ပါတယ္။] ဒီနယ္စား ပယ္စားေတြ အားလံုးကို စိတ္တိုင္းက်ေအာင္လည္း မလုပ္နိုင္၊ အကုန္လံုးကို ရွင္းပစ္ဖို့လည္း မတတ္နိုင္ ဆိုေတာ့ အခြင့္အေရး ေပၚတာနဲ့ ကိုယ္ သိမ္းထားတဲ့ ဒိုမီနီယံကို ဆံုးရံႈးဖို့ ျဖစ္လာေရာ။

    [အလက္ဇန္းဒါး Alexander the Great ဟာ အေရွ့ဘက္ တိုင္းျပည္ေတြကို သိမ္းပိုက္ရာမွာ အခက္အခဲ ျကီးျကီးမားမားနဲ့ ရင္ဆိုင္ရတယ္။ ဘာလို့ဆို ဒီတိုင္းျပည္ေတြရဲ့ power structure ပဲေခၚေခၚ power distribution ပဲေခၚေခၚ အုပ္ခ်ုပ္မႈ အာဏာဖြဲ့စည္းပံု ဒါမွမဟုတ္ ျဖန့္က်က္ ထားပံုက အုပ္ခ်ုပ္သူ မင္းတပါးထဲမွာ ရွိသမွ် အာဏာက သြားစုေနတယ္။ ဒီေတာ့ သူ့ကို အနိုင္တိုက္ရ ခက္တယ္။ ဒါေပမယ့္ သူ့ကို တိုက္ပြဲမွာ နိုင္ျပီးလို့ သူ့ရဲ့ မိသားစု တခုလံုးကို အျပတ္ရွင္းျပီးတာနဲ့ ဒီတိုင္းျပည္က လံုးဝ ဉီးက်ိုးသြားျပီ။ က်န္တဲ့ တိုင္းသူျပည္သားက ပုန္ကန္ျခားနားမွာကို ဘာမွ ေျကာက္စရာ မရွိေတာ့ဘူး။ ဘာနဲ့တူလဲဆိုေတာ့ ဗမာျပည္မွာ လြန္ခဲ့တဲ့ နွစ္နွစ္ဆယ္လံုးလံုး စစ္အုပ္စုကို ဆန့္က်င္မႈ မွန္သမွ်ကို ေဒၚေအာင္ဆန္းစုျကည္ တေယာက္ထဲမွာ သြားစုထားတဲ့ ပံုမ်ိုးပဲ။ မွန္တာ မွားတာ၊ စစ္အုပ္စုရဲ့ ဂုတ္ေသြးစုပ္မႈေအာက္က ကယ္တင္နိုင္ဖို့ ေမွ်ာ္လင့္တာအားလံုးဟာ သူ့ဆီ သြားစုေနတယ္။ စစ္အုပ္စု ဆန့္က်င္သူအားလံုးက ေဒၚစုကို ရံျပီး စည္းစည္းလံုးလံုး ေတာင့္ခံေနတာမို့ အတိုက္အခံ နိုင္ငံေရးကို စစ္တပ္က ျဖိုဖို့ ျကိုးစားရာမွာ ဘယ္ေလာက္ခက္သလဲ။ ဒါေပမယ့္ ဒီပံုစံရဲ့ အားနည္းခ်က္က အဓိက ကာယံကံရွင္ကို ေခြလိုက္နိုင္ျပီဆိုရင္ ပြဲသိမ္းသြားျပီ။ ေဒၚေအာင္ဆန္း စုျကည္ကို အိတ္ထဲထည့္ျပီးရင္ ကိစၥျပတ္သေလာက္ ရွိသြားျပီ။ ေဒါက္တာ လြဏ္းေဆြဘေလာ့က မွတ္ခ်က္ ေပးသူတေယာက္ရဲ့စကား ငွားေျပာရရင္ ေခါင္ထိရင္ အကုန္ရျပီ။ တဘက္မွာ လူကို ရံျပီး စည္းလံုးတာ မဟုတ္ဘဲ မူကို ရံျပီး တစည္းတလံုးထဲ ရွိတာမ်ိုးဆိုရင္ ေဒၚေအာင္ဆန္းစုျကည္ စစ္အုပ္စု အိတ္ထဲ ပါသြားလဲ ပြဲမသိမ္းေသးဘူး။ ဒီေတာ့ မူကို သစၥာမေဖါက္ပဲ ကိုယ္လုပ္စရာရွိတာကို တူရာအစုေလးေတြ စုျပီး လုပ္ထားမယ္ဆိုရင္ ေမွ်ာ္လင့္ခ်က္ ရွိနိုင္မယ္ ထင္ပါတယ္။ ေဒၚေအာင္ဆန္း စုျကည္ေပၚ သစၥာရွိတယ္ ဆိုရာမွာလည္း စစ္အုပ္စုရဲ့ စစ္ကြ်န္ဇာတ္သြင္းေရး စီမံကိန္းကို အေလွ်ာ့မေပးေရး မူကို သူ ဘယ္ေလာက္သစၥာရွိသလဲဆိုတဲ့ အခ်က္ကိုျကည့္ျပီးေတာ့သာ သစၥာရွိသင့္တယ္လို့ ထင္တယ္။ စကတည္းက အားလံုးျဖစ္ေစခ်င္တဲ့ ဆနၵကို ျဖည့္ဆည္းနိုင္မယ္ အထင္နဲ့ သူ့ကို ယံုျကည္ေထာက္ခံ လာတာဆိုရင္ ဒီဆနၵေတြကို သူမျဖည့္ဆည္းနိုင္ေတာ့ဘူးဆိုတာ ရွင္းရွင္းလင္းလင္း ရွိလာရင္ သူ့ကို ေထာက္ခံစရာ မရွိေတာ့ပါ။ လက္ေတြ့က်က် ေျပာရရင္ ၂၀ဝ၈ ဖြဲ့စည္းပံု အေျခခံဥပေဒကို မျပင္မခ်င္း က်ေနာ္တို့ ဆနၵေတြ ျပည့္မွာမဟုတ္ပါ။ ဒါကို မျပင္နိုင္ခင္ ပါတီ ဆက္ရပ္တည္နိုင္ဖို့ စဉ္းစားခ်က္ တခုထဲနဲ့ ၂၀ဝ၈ ဖြဲ့စည္းပံု အေျကာင္းတခြန္းမွ မဟပဲ အေလာ သံုးဆယ္ မွတ္ပံုတင္တာဟာ လူထု ဆနၵကို မေထ့မဲျမင္ျပုရာ ေရာက္တယ္လို့ ယူဆတယ္။]

    Posted by politicsfreakcnz | 30/09/2011, 14:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: