//
you're reading...
Burma, Economy, Politics

မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ

မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ

ယူကေက ဂါးဒီးယန်းသတင်းစာရဲ့ ထင်မြင်ချက်ဆောင်းပါးတပုဒ်။

တိုင်းပြည်ထဲကို ရင်းနှီးမြှပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အကြံပေးရတဲ့ ပညာရှင်တယောက် ထောက်ပြထားတွေကို ဖတ်နိုင်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။

ဂျေယတီဂေါ့ရှ်

သူဟာ ကမ္ဘာ့ထိပ်တန်းဘောဂဗေဒပညာရှင်တယောက်ဖြစ်တယ်။ ဂျာဝါဟာလာနေရူးတက္ကသိုလ်က ဘောဂဗဒပါမောက္ခ။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘောဂဗေဒ အဆိုးစီးရိတ် အဖွဲ့ရဲ့ အမှုဆောင်ချုပ်လဲဖြစ်တယ်။

အလုံးအရင်းနဲ့ဝင်လာတဲ့ငွေတွေဟာ လူနည်းစုကိုပဲ ချမ်းသာစေမယ်ဆိုရင် ကမ္ဘာ့ရင်းနှီး မြှပ်နှံမှုနည်းတွေကိုပြန်ပြင်နေခြင်းရဲ့ (economic re-balancing)အကျိုးဆက်ဟာ စိုးရိမ်စရာပဲဖြစ်လိမ့်မယ်။

ရွှေရှာသူတွေ (ရင်းနှီးမြှပ်နှံသူတွေ)မြန်မာပြည်ထဲအလုံးအရင်းနဲ့ ဝင်လာကြတာနည်းနည်းတော့ကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ ပိုများလာတယ်။ အခုဆန်ရှင်တွေရုပ်တော့မှာဆိုတော့ ပိုလို့တောင် ရုတ်ရုတ်သဲသဲဖြစ်လာတော့မယ်။ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်က ဟိုတယ်တွေမှာ နိုင်ငံအသီးသီးက အစိုးရအရာရှိတွေနဲ့ တွေ့ကြမယ့် စီးပွားရေးသမားတွေနဲ့ ပြည့်နေတယ်။ သံယံဇာတတွေနဲ့ စျေးကွက်ဝေစု ရဖို့ စိတ်ထက်သန်နေကြတယ်။ နိုင်ငံတကာနဲ့အလုပ်လုပ်တဲ့အဖွဲ့တွေ၊ ထောက်ပံ့ရေးအဖွဲ့တွေကလဲ အနားမှာအနံ့ခံနေကြတယ်။ သူတို့လက်တော့တွေထဲမှာ ပေါ်လစီအကြံပေးချက်တွေနဲ့ ပြည့်လို့။

မျက်စိထဲ ဒါကိုမြင်ကြည့်လိုက်စမ်းပါ။ သဘာဝသယံဇာတတွေနဲ့ ချမ်းသာနေတဲ့ တိုင်းပြည်။ အထဲကတင်းကျပ်တဲ့ထိန်းချုပ်မှုတွေ၊ ပြင်ပနဲ့အဆက်ဖြတ်ထားမှုတွေနဲ့ ကိုယ့်ကိုကိုယ် အထီးကျန်အောင် ရာစုနှစ်တဝက်လောက် စစ်အစိုးရကလုပ်ထားခဲ့တဲ့ တိုင်းပြည်။ အခုတော့ အထဲကရောအပြင်ကပါ ဖွင့်လိုက်ကြပြီ။ အထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လာပြီ။ အပြင်က ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှုအတွက်လဲ ပွင့်လာပြီ။ အကျိုးအမြတ်ရှာချင်သူတွေနဲ့ ကောင်းတာလေးတွေ လုပ်မယ်ဆိုတဲ့စိတ်ရှိသူ (do-gooders)တွေအတွက်တော့ အခွင့်အရေးတွေ အများကြီးမှ အများကြီးပဲ။

ပြင်ပကမ္ဘာကတော့ မြန်မာပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲဟာ စစ်တပ်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် လူတွေကြည်ညိုလွန်းတဲ့ အောင်ဆန်းစုကြည်တို့ အားစမ်းပွဲလို့ပဲ ရိုးရိုးရှင်းရှင်းမြင်နေကြတယ်။ လက်တွေ့ဖြစ်နေတာတွေဟာ ဒီလောက်မရှင်းဘူး။ ရန်သူတွေအမျိုးမျိုးပြောင်းပြီး တောက်လျှောက်ဆက်ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ နိုင်ငံခြားပါဝါတွေကို ကျောထောက်နောက်ခံပြုထားတဲ့ ဒေသတွင်းခွဲထွက်ရေးနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ။ ဒါတွေဟာ အုပ်ချုပ်သူလူတန်းစားရဲ့ ဖိနှိပ်လိုစိတ်ကိုပြဌာန်းပေးတယ်။ ဒါတွေကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဟာ စစ်တပ်ဆန်လာတယ်။

၁၉၇၀လောက်က ကြွေးကြော်ခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သွားမယ့် ဆိုရှယ်လစ်စနစ်ဆိုတာနဲ့ပတ်သက်တဲ့ ဟန်ဆောင်မှုတွေအားလုံးကို ၁၉၉၀အစောပိုင်းမှာ စစ်အစိုးရဟာ ကျောခိုင်းလိုက်တယ်။ စိုက်ပျိုးရေး၊ ရေနံ၊ တွင်းထွက်နဲ့ကျောက်မျက်၊ အသစ်တွေ့လာတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့တို့လို တူးယူလုပ်ကိုင်ရတဲ့လုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမှုတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ စီးပွားရေးချဲ့ဖို့ ရွေးချယ်ခဲ့တယ်။ အနောက်စီးပွားရေးပိတ်ဆို့မှုအကျုံးမဝင်တဲ့ တရုတ်တို့လိုနိုင်ငံတွေကနေ ဒီရင်းနှီးမြှပ်နှံမှုတွေလာတယ်။ ဒီလိုဖွံ့ဖြိုးမှုဟာ တခြားနိုင်ငံတွေကြုံခဲ့ရတဲ့ သယံဇာတကျိန်ဇာသင့်ခြင်းဆိုတဲ့ပုံစံမျိုးပဲ။ သာမန်လူနေမှုအဆင့်အတန်းတွေမှာတိုးတက်မှု မရှိသေလာက်ပဲ။ လူတွေအများအားဖြင့် ဆင်းရဲတွင်းနက်သထက်နက်မြဲ။ စီးပွားရေးချဲ့ထွင်မှုရဲ့ အမြတ်တွေ အားလုံးအတွက် ညီတူညီမျှမစီးဆင်းသွားဘူးဆိုတာ တိုင်းပြည်အနှံအပြားက လမ်းပန်းဆက်သွယ်ရေးဆိုးရွားမှုတွေက သက်သေခံနေတယ်။

စစ်တပ်ကပဲ ပြန်ပြီးနေရာယူသွားတဲ့ ၂၀၁၀ရွေးကောက်ပွဲကို ပထမတော့ လုပ်ပွဲကြီးပဲဖြစ်မယ်လို့ ထင်ကြသေးတယ်။ ဒါပေမယ့် ဒါဟာ ကစားကွက်ပြောင်းသွားစေတဲ့ အကွက်ဖြစ်သွားတယ်။ သမ္မတသိန်းစိန်ခေါင်းဆောင်တဲ့ ရွေးကောက်ခံအစိုးရသစ်ဟာ ဗိုလ်ချုပ်အချို့ရဲ့ အံ့သြမယ်ဆိုလဲ အံ့သြစရာကောင်းမယ့် တိုးတိုးတိတ်တိတ်ထောက်ခံမှုတွေနဲ့ ဘယ်သူမှမမျှော်လင့်ခဲ့တဲ့အရှိန်နဲ့ နိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။

သူပုန်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေချုပ်တယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အပါအ၀င်ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်။ ဒါပေမယ့် အနောက်က ဒါတွေကို အန်အယ်ဒီ ဒါမှမဟုတ် အောင်ဆန်းစုကြည်ပါတီ ဝင်ပြိုင်ပြီးနိုင်သွားတဲ့၊ အများအားဖြင့် မျှမျှတတကျင်းပနိုင်ခဲ့တဲ့ ဧပြီရွေးကောက်ပွဲလောက် အရေးတယူမလုပ်ခဲ့ဘူး။ အမတ် [၆၀၀ကျော်] ပါတဲ့ စစ်တပ်ကြီးစိုးဆဲ ပါလီမန်အတွက်တော့ ဒါဟာကြီးကြီးမားမားကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ဒါဟာရှေ့လျှောက် နိုင်ငံရေးအပြောင်းအလဲတွေ ဆက်ဖြစ်လာမယ်ဆိုတဲ့ လက္ခဏာပဲ။

စီးပွားရေးအပြောင်းအလဲဟာလဲ လန့်စရာပဲ။ စိတ်ပျက်စရာတောင်ဖြစ်နိုင်တယ်။ စီးပွားရေးဖွင့်လိုက်မှုဟာမြန်လွန်းလို့ သတိထားပြီး ဖြည်းဖြည်းမှန်မှန်သွားသင့်တယ်လို့ IMF ကိုယ်စားလှယ်တွေကတောင် စိတ်ပူရတဲ့တိုင်းပြည်ဟာ မြန်မာပြည်တပြည်ပဲ ဖြစ်လိမ့်မယ်။

ကျပ်ကို ထိန်းချုပ်ထားတဲ့နှုန်းကနေ နှုန်းရှင်ကို ဧပြီအစောပိုင်းက ပြောင်းတုန်းက မူလ၁ဒေါ်လာကို ၆.၄ကျပ်ကနေ ၈၁၈ကျပ်အထိ တက်သွားတယ်။ မြန်မာကျပ်ငွေ အဆ၁၃၀လောက် တန်ဖိုးနည်းသွားတာ။ မျှော်လင့်ထားသလောက် ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအေဂျင်စီတွေအပါအဝင် ငွေအပေးအယူတော်တော်များများက စျေးကွက်ပေါက်စျေးနဲ့ လဲလှယ်ခဲ့ကြတာကိုး။ မြန်မာကျပ်ငွေက  ၆လအတွင်းမှာ ၃၀ရာခိုင်နှုန်းလောက်တက်သွားခဲ့တယ်။ သယံဇာတရောင်းချရငွေတွေရယ်၊ ပြည်သူပိုင်ကို ပုဂ္ဂလိကပိုင်လုပ်တာကနေရမယ့် ငွေတွေရယ်၊ ပြည်ပတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေရယ်၊ ကြိုရိုက်ကနေတောင်လာနိုင်တဲ့ငွေတွေရယ်ကြောင့် မြန်မာငွေဟာ ဒီထက်ပိုပြီး တန်ဖိုးတက်လာနိုင်စရာရှိတယ်။

ဥပဒေသစ်တွေနဲ့ အနောက်ကပိတ်ဆို့မှုရှုပ်သိမ်းသွားမှာတွေက ငွေတွေပိုဝင်လာအောင် လုပ်ပေးလိမ့်မယ်။ ဥပဒေသစ်တွေက မြေသုံးစွဲခွင့်တွေပိုပြီးလွယ်လာအောင်၊ ဘဏ္ဍရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးနဲ့  နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုပြီးလွတ်လွတ်လပ်လပ်လုပ်နိုင်အောင် လုပ်ပေးလိမ့်မယ်။ ၂၀၁၀တုန်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရဲ့ လေးပုံသုံးပုံဟာ တရုတ်ကလာတယ်။ ကျန်တာက ဒေသတွင်းက ထိုင်းတို့၊ မလေးရှားတို့ အိန္ဒိယတို့က လာတယ်။ အမေရိကန်နဲ့ အီးယူ ကုမ္ပဏီတွေဟာ သူတို့ကို မြန်မာပြည်ရဲ့ ညွန့်ပေ့ဆိုတာတွေနဲ့ ဝေးအောင်လုပ်တဲ့ ဆန်ရှင်တွေပေါ် စိတ်ပျက်လာကြတယ်။ ဆန်ရှင်တွေရုပ်ဖို့ မျှော်လင့်ချက်နဲ့ တိုင်းပြည်ထဲမှာ စေ့စပ်ဆွေးနွေးတာတွေကို လာလုပ်ကြတယ်။

ကမ္ဘာ့ရင်းနှီးမြှပ်နှံငွေတွေ ရုတ်တရက်ဝင်လာတာဟာ အန္တရယ်များတယ်။ ကနဉီးအဆင့်တွေမှာ လူနည်းစု ရုတ်တရက်ချမ်းသာလာမယ့် စီးပွားရေးလမ်းကြောင်းပုံစံဟာ နောက်တော့ မညီမျှမှုတွေ ကြိုကြားဖွံ့ဖြိုးမှုတွေ ပေါ်လာစေမယ်။ ဒါ့အပြင် အလုပ်အကိုင်အသစ်တွေမဖန်တီးပေးနိုင်လို့ မိရိုးဖလာအသက်မွေးဝမ်းတွေ ပျက်စီးကုန်တာ၊ မတည်ငြိမ်မှုနဲ ပဋိပက္ခတွေဖြစ်လာတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ဖြစ်လာမယ်။

သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်မှုတွေကြောင့် အနည်းဆုံး စီမံကိန်းကြီး၂ခု ရပ်လိုက်ပြီ။ ရွေးစရာပိုများလို့ မဟုတ်ဘဲ အရင်ဝင်လာတဲ့လူတွေလုပ်ခဲ့တဲ့ [မြေကြီးနဲ့ရေအောက်ကသက်ရှိသက်မဲ့] တူးဖော်ရေးလုပ်ငန်းတွေကြောင့် ဂေဟစနစ်ပျက်စီးလာမှု၊ ပြီးတော့ အကျိုးအမြတ်တွေက လူတွေဆီကို အလုပ်အကိုင်ဖန်တီးပေးမှုတွေဆီကနေတဆင့် မရောက်ခဲ့မှုတွေကြောင့် အရင်လို ပုံစံမျိုးနဲ့ရင်းနှီးမြှပ်နှံမှုလာလုပ်မယ်ဆိုရင် လက်ခံဖို့ခက်လိမ့်မယ်။

မကြာခင် မြန်မာပြည်ဘာဖြစ်လာမလဲဆိုတာ ဒီလှပတဲ့တိုင်းပြည်ကလူတွေအတွက်သာမက ကမ္ဘာ့စီးပွားရေးလောကအတွက်ပါ အရေးကြီးတယ်။ အထူးသဖြင့် အခုပြောင်းလဲလာတဲ့ ရင်းနှီးမြှပ်နှံမှုပုံစံဟာ ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကလူတွေအတွက် ဘာအဓိပ္ပာယ်ဆောင် သလဲဆိုတာကို မြန်မာပြည်ဘာဖြစ်လာမလဲဆိုတာကနေ ပြောပြနိုင်တယ်။

မူရင်း၊ Jayati Ghosh, ‘Nothing is Simple in Burma’s Great Gold Rush’, The Guardian, http://www.guardian.co.uk/commentisfree/2012/apr/09/great-burma-gold-rush accessed on 10/04/2012

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: