သူရိန်ကျော်ဇော ဘာသာပြန်တယ်။ အခန်းနှစ် ကမ္ဘာ့တော်လှန်ရေး တော်လှန်ရေးဟာ နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တဲ့အရာပဲ။ အထူးသဖြင့် ၁၉၁၇ မှာ ဆိုဗီယက်ယူနီယံကို မွေးဖွားပေးခဲ့ပြီး သုံးဆယ့်တနှစ်ကြာစစ်ပွဲရဲ့ ဒုတိယပိုင်းအပြီးမှာ ဆိုဗီယက်ယူနီယံကို စူပါပါဝါ ဖြစ်လာစေတဲ့ ရုသျှတော်လှန်ရေးနဲ့ ပိုပြီးယေဘုယျကျကျပြောရရင် နှစ်ဆယ်ရာစုသမိုင်းတလျှောက် တကမ္ဘာလုံးမှာ မပြောင်းလဲတဲ့ အရာအဖြစ်ရှိနေတဲ့ တော်လှန်ရေးကို နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အကျပ်အတည်းတွေ၊ ပြိုကွဲမှုတွေ၊ တော်လှန်ရေးတွေဟာ စစ်တခုထဲကနေ မြေကြီးလက်ခပ်မလွဲ ဉီးတည် ဖြစ်ပွားလာတာတော့ မဟုတ်ဘူး။ တကယ်တမ်းမှာလည်း ၁၉၁၄ မတိုင်ခင်မှာ အနည်းဆုံး ထုံးတမ်းစဉ်လာကိုအားပြုပြီး တရားဝင်မှုတည်ဆောက်ထားတဲ့ traditional legitimacy အစိုးရတွေနဲ့ပတ်သက်လာရင် ဆန့်ကျင်ဘက်ယူဆချက်က ပိုအားကောင်းတယ်။ နပိုလီယံတစ် Napoleon I က သြစတြီးယားဧကရာဇ်ဟာ တိုက်ပွဲတရာရှုံးလည်း နန်းကျချင်မှကျမယ်၊ အလားတူ … Continue reading
Recent Comments