//
archives

zizawa

zizawa has written 259 posts for Zizawa’s refuge

အန်းမ

ဂျပန်ခေတ်တုန်းက ကာလ၀မ်းတွေကျတော့ အန်းမကိုလဲ ကူးတယ်။ စစ်ပြေးနေတဲ့ကာလမို့ ရွာက သူ့ကို သေခါနီးပြီဆိုပြီး ကွပ်ပျစ်လေးတလုံးနဲ့ ရွာပြင်ထုတ်ထားတယ်။ အန်းမက သမီးကြီးကို မွေးပြီးခါစ။ သမီးဇောနဲ့မို့ ထင်တယ်။ မသေဘူး။ သူကတော့ သူမျောနေတုန်း ၀တ်ဖြူစင်ကြယ်၊ တောင်၀ှေးနဲ့ အဖိုးကြီးတယောက်လာပြီး ငါ့သမီးမသေရဘူးဆိုပြီး လာပြောတယ်လို့ သတိရတော့ ပြန်ပြောတယ်။ တကယ်တော့ သမီးကလေးကို စိတ်မချလို့၊ မထားရက်ခဲ့နိုင်လို့ မသေတာဖြစ်မယ်။ တခါ ဆေးရုံမှာ သွေးပေါင်ချိန် သုညနဲ့တင်လိုက်ရတော့ ဒီတခါတော့ သေပြီလို့ သမီးတွေက လက်လျှော့လိုက်ကြတယ်။ ဒါပေမယ့် အန်းမမသေဘူး။

အစွန်းများခေတ် (တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု ၁၉၁၄ – ၁၉၉၁) by E J Hobsbawm

သူရိန်ကျော်ဇော ဘာသာပြန်တယ်။ အခန်း ၃ စီးပွားပျက်ဝဲသြဃထဲ ကျရောက်ခြင်း ပထမကမ္ဘာစစ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားကောင်း ကြီးမားပေမယ့် ပုံမှန်အားဖြင့် တည်ငြိမ်နေတဲ့ စီးပွားရေးနဲ့ လူ့အသိုက်အမြုံကြီးကို ယာယီ ဝရုန်းသုန်းကားဖြစ်သွားစေတဲ့ ဖြစ်ရပ်ကြီးပဲဆိုပါစို့။ အဲဒီလိုသာဆိုရင် စစ်ကြောင့် ပျက်စီးခဲ့တဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားပြီးနောက်မှာ စီးပွားရေးဟာ သူ့ပုံမှန်အနေအထားကို ပြန်ရောက်သွားပြီး အဲဒီကနေ ရှေ့ပြန်ဆက်ဖို့ရှိတယ်။ ဂျပန်မှာ လူ နှစ်သန်းသုံးသန်းလောက်ကို အိုးအိမ်မဲ့ ဖြစ်စေခဲ့တဲ့ ၁၉၂၃ ငလျင်မှာ သေဆုံးခဲ့သူ ၃၀၀,၀၀၀ ကို မြေမြှုပ်သင်္ဂြိုဟ်ပြီး အပျက်အစီးတွေကိုရှင်းလင်း၊ နောက် ငလျင်ဒဏ်ပိုခံနိုင်မယ့် မြို့တမြို့ကို မြို့ဟောင်းပုံစံအတိုင်း ပြန်တည်ဆောက်သလိုမျိုး နေမှာပေါ့။ စစ်ကြီးနှစ်ခုကြားကာလက ကမ္ဘာကြီးဟာ အဲဒီလို အခြေအနေမျိုးမှာဆို ဘာနဲ့သွားတူမလဲ။ ဒါကို ကျနော်တို့ သိနိုင်မှာမဟုတ်ဘူး၊ သိနိုင်မှာမဟုတ်သလို မဖြစ်ခဲ့တာကို၊ … Continue reading

အစွန်းများခေတ် (တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု ၁၉၁၄ – ၁၉၉၁) E J Hobsbawm

သူရိန်ကျော်ဇော ဘာသာပြန်တယ်။ အခန်းနှစ်  ကမ္ဘာ့တော်လှန်ရေး   တော်လှန်ရေးဟာ နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တဲ့အရာပဲ။ အထူးသဖြင့် ၁၉၁၇ မှာ ဆိုဗီယက်ယူနီယံကို မွေးဖွားပေးခဲ့ပြီး သုံးဆယ့်တနှစ်ကြာစစ်ပွဲရဲ့ ဒုတိယပိုင်းအပြီးမှာ ဆိုဗီယက်ယူနီယံကို စူပါပါဝါ ဖြစ်လာစေတဲ့ ရုသျှတော်လှန်ရေးနဲ့ ပိုပြီးယေဘုယျကျကျပြောရရင် နှစ်ဆယ်ရာစုသမိုင်းတလျှောက် တကမ္ဘာလုံးမှာ မပြောင်းလဲတဲ့ အရာအဖြစ်ရှိနေတဲ့ တော်လှန်ရေးကို နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အကျပ်အတည်းတွေ၊ ပြိုကွဲမှုတွေ၊ တော်လှန်ရေးတွေဟာ စစ်တခုထဲကနေ မြေကြီးလက်ခပ်မလွဲ ဉီးတည် ဖြစ်ပွားလာတာတော့ မဟုတ်ဘူး။ တကယ်တမ်းမှာလည်း ၁၉၁၄ မတိုင်ခင်မှာ အနည်းဆုံး ထုံးတမ်းစဉ်လာကိုအားပြုပြီး တရားဝင်မှုတည်ဆောက်ထားတဲ့ traditional legitimacy အစိုးရတွေနဲ့ပတ်သက်လာရင် ဆန့်ကျင်ဘက်ယူဆချက်က ပိုအားကောင်းတယ်။ နပိုလီယံတစ် Napoleon I က သြစတြီးယားဧကရာဇ်ဟာ တိုက်ပွဲတရာရှုံးလည်း နန်းကျချင်မှကျမယ်၊ အလားတူ … Continue reading

Age of Extremes (The Short Twentieth Century 1914 – 1991) by E J Hobsbawm

translated by Thuyein Kyaw Zaw The Century: A Bird’s Eye View ရာစုနှစ်ကို ယေဘုယျ မြင်ကြည့်ခြင်း နှစ်ဆယ်ရာစုကို လူအယောက်နှစ်ဆယ်က ကြည့်ကြည့်တယ် Isaiah Berlin (ဗြိတိန်က ဖီလိုဆိုဖာ) နှစ်ဆယ်ရာစုရဲ့ အချိန်အများစုကို ကိုယ်တိုင်ဆင်းရဲဒုက္ခမကြုံရဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ထည့်ပြောမှဖြစ်မယ်။ ကျနော်ကတော့ နှစ်ဆယ်ရာစုကို အနောက်သမိုင်းမှာ Western history အဆိုးရွားဆုံးရာစုနှစ်အဖြစ်နဲ့သာ အမှတ်ရနေတယ်။ Julio Caro Baroja (စပိန်က မနုဿဗေဒပညာရှင်) ‘လူတယောက်ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ – ခလေးဘဝ၊ လူငယ်ဘဝ၊ သက်ကြီးရွယ်အိုဘဝတွေဟာ ကြီးကြီးမားမား စွန့်စားခန်းကြီးတွေနဲ့ မကြုံရဘဲ အေးအေးဆေးဆေးပဲ ကုန်လွန်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ – နှစ်ဆယ်ရာစုရဲ့ တကယ့်အဖြစ်တွေ … လူသားတရပ်လုံး … Continue reading

ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။

ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။ Nancy Hudson-Rodd http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို … Continue reading

မီဒီယာနှင့် ပြည်သူများ၏ နိုင်ငံရေးရေချိန်

ဧပြီလ ၂၃ရက်မှာ လွှတ်တော်ပြန်စတော့ အန်အယ်ဒီမတက်ပါဘူး။ ဒီကိစ္စကို မီဒီယာတွေမှာ ဘယ်လိုရေးမလဲ၊ ပြောမလဲဆိုတာ သိချင်လို့ စောင့်ကြည့်ပါတယ်။ ထုံးစံအတိုင်း ကြေးမုံနဲ့မြန်မာ့အလင်းက အန်အယ်ဒီလွှတ်တော်မတက်တဲ့အကြောင်း ခေါင်းစီးမပြောနဲ့ အတွင်းစာသားအနေနဲ့တောင် မပါပါဘူး။ ပုဂ္ဂလိကပိုင်လို့ ပြောကြတဲ့ အလဲဗင်းတို့ သည်ဗွိုက်စ်တို့က အခြေအနေကို ကိုယ်ပိုင်စကားလုံးနဲ့တောင် ဘာပြောရမှန်းမသိလို့ ဒေါ်စုနဲ့ အန်အယ်ဒီပြောတာတွေနဲ့ ခေါင်းစဉ်လုပ်ပါတယ်။ ရန်ကုန်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကြီးက ကြိုဆိုနေပါကြောင်း သမ္မဉီးသိန်းစိန်က ပြောကြားဆိုပြီး ခေါင်းစဉ်တပ်ပါတယ်။ ပြည်ပမီဒီယာတွေထဲမှာတော့ ဘီဘီစီက အန်အယ်ဒီမပါဘဲ လွှတ်တော် အစည်းအဝေးပြန်လည်စတင်ဆိုပြီး ရေးတယ်။

မြန်မာဆိုတာ

မြန်မာနိုင်ငံထဲမှာ နေကြတဲ့ ကချင်၊ ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ တရုတ်၊ ကုလား၁ တွေ အတွက် လတ်တလော ဒါမှမဟုတ် သမိုင်းမှာ မြန်မာနိုင်ငံသားလို့ အားလုံး ညီတူညာတူ ဂုဏ်ယူစရာဘာရှိမလဲ စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံထဲက အဆောက်အအုံတွေရှိနိုင်တယ်။ နေရာတွေရှိနိုင်တယ်။ ဒီလောက်ပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာလို့ ရင်ကော့နိုင်မယ့် လုပ်ရပ်စဉ်းစားကြည့်တယ်။ မတွေ့ဘူး။

မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ

မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ ယူကေက ဂါးဒီးယန်းသတင်းစာရဲ့ ထင်မြင်ချက်ဆောင်းပါးတပုဒ်။ တိုင်းပြည်ထဲကို ရင်းနှီးမြှပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အကြံပေးရတဲ့ ပညာရှင်တယောက် ထောက်ပြထားတွေကို ဖတ်နိုင်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ ဂျေယတီဂေါ့ရှ် သူဟာ ကမ္ဘာ့ထိပ်တန်းဘောဂဗေဒပညာရှင်တယောက်ဖြစ်တယ်။ ဂျာဝါဟာလာနေရူးတက္ကသိုလ်က ဘောဂဗဒပါမောက္ခ။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘောဂဗေဒ အဆိုးစီးရိတ် အဖွဲ့ရဲ့ အမှုဆောင်ချုပ်လဲဖြစ်တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ငွေတွေဟာ လူနည်းစုကိုပဲ ချမ်းသာစေမယ်ဆိုရင် ကမ္ဘာ့ရင်းနှီး မြှပ်နှံမှုနည်းတွေကိုပြန်ပြင်နေခြင်းရဲ့ (economic re-balancing)အကျိုးဆက်ဟာ စိုးရိမ်စရာပဲဖြစ်လိမ့်မယ်။ ရွှေရှာသူတွေ (ရင်းနှီးမြှပ်နှံသူတွေ)မြန်မာပြည်ထဲအလုံးအရင်းနဲ့ ဝင်လာကြတာနည်းနည်းတော့ကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ ပိုများလာတယ်။ အခုဆန်ရှင်တွေရုပ်တော့မှာဆိုတော့ ပိုလို့တောင် ရုတ်ရုတ်သဲသဲဖြစ်လာတော့မယ်။ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်က ဟိုတယ်တွေမှာ နိုင်ငံအသီးသီးက အစိုးရအရာရှိတွေနဲ့ တွေ့ကြမယ့် စီးပွားရေးသမားတွေနဲ့ ပြည့်နေတယ်။ သံယံဇာတတွေနဲ့ စျေးကွက်ဝေစု ရဖို့ စိတ်ထက်သန်နေကြတယ်။ … Continue reading

ခင်ညွန့်ကိုယ်တိုင်ပြောပြတဲ့ ထိပ်ဆုံးမှအောက်ဆုံးသို့

ဧပြီလ ၈ရက်ထုတ်ဘန်ကောက်ပို့စ်ထဲမှာပါတဲ့ မြင့်ရွှေရေးတဲ့ ဆောင်းပါးကို ဖတ်ပြီးကောက်ချက်ချမိတာက ၁။ ခင်ညွန့်ဟာ အခုပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့လက်ထက်ထဲကလုပ်ခဲ့တာ။ ဒေါ်စုနဲ့ရင်ကြားစေ့ရေးကိစ္စဟာလဲ အချိန်မတန်လို့ အထမမြောက်ခဲ့ဘူး။ နိုင်ငံရေးမှာ သူဟာအရေးပါတဲ့လူတယောက်အဖြစ် သူ့ကိုယ်သူပုံဖော်နေတယ်။ ၂။ နိုင်ငံရေးနဲ့ လူထုကြားထဲ လုံးဝပြန်မဝင်ဘူးလို့ မပြောဘူး။ လောလောဆယ် မဝင်သေးဘူးလို့ပဲ ပြောတယ်။ ၃။ ထောက်လှမ်းရေးချုပ်လုပ်ခဲ့တုန်းက တိုင်းပြည်အတွက် စစ်တပ်အတွက် အထက်လူကြီးတွေအတွက် လုပ်ခဲ့ရတာလို့ ပြောတာ။ သူလုပ်ခဲ့တာတွေကို နောင်တလုံးဝ မရဘူးလို့ပြောတယ်။ ၄။ ဒီပဲရင်းမှာ ဒေါ်စုကို သူ့လူတွေလွှတ်ပြီး ကယ်ခဲ့ရတယ်လို့ ပြောတယ်။ ၅။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတွေနဲ့ သူနဲ့ရင်းနှီးတဲ့သဘောမျိုးပြောတယ်။ ဘာသာရေး၊ လူမှုရေးပဲ လုပ်တော့မယောင်ပြောပြီး နိုင်ငံရေးရည်မှန်းချက် ရှိသေးတဲ့ မိစ္ဆာမင်းသားလို့ ခေါ်ခံရတဲ့ ခင်ညွန့်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်ဖို့ ဒီဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်။ အသုံးအနှုန်းတွေကို … Continue reading

ဟိုရောက်ဒီရောက်နဲ့ တပတ်တာ

ဒီခေါင်းစဉ်နဲ့အရင်က စာတိုလေးတွေရေးခဲ့ဖူးတယ်။ ဒီနေ့တော့ ဘလော့ကို ဒီဇိုင်းပြန်ပြင်ရင်း အဟောင်းလေးတွေ ပြန်ဖတ်ကြည့်တော့ ဒီလိုမျိုးတွေရေးချင်စိတ်ပြန်ပေါက်လာတယ်။ ဒီတပတ်ထဲမှာ နွေဉီးရောက်ပြီမို့ ပန်းတွေပွင့်ကြပြီ။ နိုင်ငံခြားရောက်မှ ဖြစ်တဲ့ အယ်လာဂျီလဲ စပြီ။ နှာရည်တွေတောက်တောက်ကျပြီး မျက်စိတွေလဲ ယားလာပြီ။ ထူးဆန်းတာက အရင်ကစားလို့ရတဲ့ အသီးတွေစားလို့မရတော့ဘူး။ ပန်းသီးတို့ ချယ်ရီတို့စားရင် နားတွေယားပြီး တခါတလေ နှုတ်ခမ်းတွေဘာတွေထော်လာတတ်တယ်။ မြေပဲနဲ့မတည့်တဲ့ ကျောင်းသားတယောက် ဗမာပြည် ရောက်ပြီးတရက်နှစ်ရက်မှာပဲ ဆေးရုံရောက်သွားတာ သတိရမိသေးတယ်။ ဆန်နဲ့မတည့်တဲ့လူလဲ တွေ့ဖူးတယ်။ သူတို့ကို အရင်ကထူးဆန်းတယ်ထင်တာ။ ကိုယ်ပါအခု အဲဒီလိုမျိုးဖြစ်လာပြီ။ ဝတုတ်ကအားပေးရှာတယ်။ ဝဋ်နာကံနာတဲ့။

Blog Stats

  • 89,877 hits