//
archives

zizawa

zizawa has written 259 posts for Zizawa’s refuge

ဗမာပြည်ဟာ IMF ပြောတာ နားမထောင်သင့်ဘူး။ ဘာ့ကြောင့်လဲ။

ဝန်ခံချက်။ တိုင်းပြည်ပွင့်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကောင်းအဆိုး၊ နှစ်ဘက်မျှသိနိုင်ဖို့ နိုင်ငံခြားရေးရာပေါ်လစီ မဂ္ဂဇင်းမှာပါတဲ့ ရစ်ရောင်ဒန်ရဲ့ ဆောင်းပါးကို ဘာသာပြန်ပြီးတင်လိုက်ပါတယ်။ ဘာသာပြန်သင့်လို့ ပြန်တာဖြစ်ပေမယယ့် ဘောဂဗေဒနဲ့ပတ်သက်တဲ့ အသုံးအနှုန်း၊ အယူအဆတွေကို မကျွမ်းကျင်လို့ စာမချောရင်၊ အမြင်မတော်တာတွေ့ရင် ကော်မန့်ထားခဲ့လိုက်ပါ။ (ရစ်ရောင်ဒန်ဟာ အရင်က ဂျီနီဗာ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကွန်ဖရင့် UNCTAD မှာ ဒေသတွင်းအကြံပေး နဲ့ Action Aid ဆိုတဲ့ အန်ဂျီအိုမှာ အကြီးတန်းပေါ်လစီသုံးသပ်လေ့လာသူအဖြစ် လုပ်ခဲ့တယ်။ အခုတော့ နယူးဒေလီက ဂျာဝါဟာလာနေရူးတက္ကသိုလ်မှာ ဘောဂဗေဒပါရဂူကျောင်းသား။) ဗမာပြည်က ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်နလံပြန်ထူစေချင်တယ်ဆိုရင် ဝါရှင်တန်သဘောတူညီမှုဆိုတာကို မျက်ကွယ်ပြုသင့်တယ်။ ဗမာပြည်ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ဇာတ်ဆန်ပြီး (အထိအပါးမခံနိုင်တဲ့) နိုင်ငံရေးလုပ်ကွက်တွေ ပေါ်လာတာကို လူတွေကအာရုံစိုက်ကြတယ်။ တချိန်တည်းမှာ … Continue reading

စပွန်ဆာနဲ့ euphemism

ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။  မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading

နွေဦးရောက် မရောက် ငြင်းကြလေသောအခါ

ပြီးခဲ့တဲ့လက မြောက်ပိုင်းတက္ကသိုလ်တစ်ခုက အာရပ်နဲ့အာရှနွေဦး ဆွေးနွေးပွဲကိုဖိတ်လို့  ရောက်သွားခဲ့တယ်။ အာရှကို ကိုယ်စားပြုပြီး ဆွေးနွေးရတဲ့လူကနည်းပြီး အာရပ်ပညာရှင်တွေက များနေခဲ့တယ်။ တနေကုန်ကြာတဲ့ ဆွေးနွေးပွဲမှာ အာရပ်နဲ့အာရှကြား နားလည်မှုတွေ တော်တော်ကွာဟနေတာ အချင်းချင်းသိလိုက်ရတယ်။ အာရှတိုက်အကြောင်းလေ့လာနေတဲ့ (ဆွေးနွေးပွဲမှာ ထိုင်း၊ ဗမာ၊ ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အကြောင်းလေ့လာနေတဲ့ အနောက်တိုင်းသားပညာရှင်တွေနဲ့ စင်္ကာပူကဆရာတယောက်) ပညာရှင်တွေက အာရပ်နိုင်ငံတွေအကြောင်းကောင်းကောင်းမသိကြသလို အာရှဘက်က အကြောင်းတွေကိုလည်း အာရပ်ဒါမှမဟုတ် အရှေ့အလယ်ပိုင်းအကြောင်း လေ့လာတဲ့ပညာရှင်တွေကောင်းကောင်းမသိကြဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းအထူးပြုပညာရှင် (နောက်ပိုင်း အာရပ်ပညာရှင်လို့ သုံးပါ့မယ်) တွေက များတော့ ဆွေးနွေးပွဲမှာ သူတို့ချည်းပဲ လွှမ်းမိုးထားသလို ဖြစ်နေတယ်။ အခုရေးချင်တာက အဲဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဖြစ်ကြတာတွေကို စာဖတ်သူတွေ ဗဟုသုတရဖို့ အနှစ်ချုပ်၊ ခပ်တိုတိုလေး ရေးချင်တာပါ။ အသုံးအနှုန်းတွေနဲ့ ဘာအကြောင်းအရာတွေကို ဒီကလူတွေ … Continue reading

ဇာဂနာ

အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။

ဇာဂနာ

အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။

Frege မိတ်ဆက်

‘မိုးသောက်ကြယ်’ဆိုတဲ့ ပုဂ္ဂလနာမ်ဟာ ‘မိုးလင်းခါနီး နေထွက်ချိန်တဝိုက်မှာ အရှေ့ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ တခါ ‘ညနေကြယ်’ ဆိုတာ ‘ညနေစောင်း နေဝင်ချိန်တဝိုက်မှာ အနောက်ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ ဟိုးအရင်က ညနေကြယ်နဲ့ မိုးသောက်ကြယ်က တခုနဲ့တခု မတူဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်က ဝထ္ထုပစ္စည်းတွေ လှည့်လည် သွားလာပုံနဲ့ ပတ်သက်ပြီး အသိသစ်တွေ တိုးလာတဲ့အခါ မိုးသောက်ကြယ်နဲ့ ညနေကြယ် နှစ်ခုဟာ အတူတူပဲ၊ သူတို့နှစ်ခုစလုံးဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတာဆိုတာ သိလာကြတယ်။ အဲဒိတော့ မိုးသောက်ကြယ်၊ ညနေကြယ်၊ သောကြာဂြိုလ်၊ မိုးလင်းခါနီး နေထွက်ချိန် တဝိုက်မှာ အရှေ ့ဘက် ကောင်းကင်းယံမှာ တွေ့ရတဲ့ကြယ် စတဲ့ … Continue reading

အင်္ဂလိပ်က အင်္ဂလိပ်ကျင့် ကျင့်တော့ ဖားပြုတ်က မခံချိ မခံသာဖြစ်

လူမျိုးအတော်များများမှာ သူတို့ ကြည့်မရတဲ့ တခြားလူမျိုး တမျိုးကို လှောင်ပြောင်သရော်တဲ့ ဟာသတွေ၊ ဆိုရိုးတွေ ရှိကြမှာဘဲ။ ကုလားခပ်တဲ့ ပါနီ ကုလား ဖင်ဆေးတာနဲ့ ကုန်တာပဲတဲ့။ နောက်ဘာရှိအုံးမလဲ။ ဒါပေမယ့် လူမျိုး တမျိုးနဲ့တမျိုး အမုန်းတရားကို ဆွေစဉ်မျိုးဆက် ဂုဏ်လုပ်ပြီး သိမ်းဆည်းလာတဲ့ လူမျိုးတွေထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ထက် သာတဲ့ လူမျိုးရှိမယ် မထင်ဘူး။ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း အီးယူနဲ့ ခွာပြဲလာပြီးတဲ့နောက် ပြင်သစ် မီဒီယာတွေမှာတော့ ဘယ်လို ရေးသလဲ မသိဘူး။ ယူကေက မီဒီယာတွေမှာတော့ အီးယူနဲ့ ပတ်သက်သမျှကို တဆိတ် တအိတ်လုပ် ရေးတာတွေ နေ့တိုင်းလိုလိုပဲ။ ဟော သိပ်မကြာဘူး။ ပြင်သစ်က အစိုးရ အရာရှိမင်းများ ကိုယ်တိုင် ဝင်ပါလာတာ တွေ့ရတယ်။ စီပွားရေး … Continue reading

norm and conformity

ဒီနေ့ ဟောပြောပွဲတခု သွားခဲ့တယ်။ ဟောပြောသူက ထိုင်းသမိုင်းပညာရှင်တွေထဲမှာ လောလောဆယ်နာမည်အကြီးဆုံးလို့ ပြောလို့ရမယ့် ပါမောက္ခ Thongchai Winichakul။ သူပြောတဲ့ခေါင်းစဉ်က Thailand: The State in Denial တဲ့။ အဓိကပြောသွားတဲ့ အကြောင်းက ဘုရင်၊ ဖိဖုရားနဲ့ ဘုရင်လောင်းလျာကို အသရေဖျက်တာ၊ ပုတ်ခတ်တာ၊ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး အရေးယူလို့ရတဲ့Article 112 လို့ခေါ်တဲ့ ဥပဒေအကြောင်း။ သူအဓိကထားပြောသွားတာက ထိုင်းနိုင်ငံမှာ အဲဒီပုဒ်မတည်နေတာဟာ ဘုရင်ကိုသစ္စာရှိတဲ့ လူတန်းစားတစုကြောင့်မဟုတ်ဘဲ civil society တခုလုံးကပူးပေါင်းပြီး အသံတိတ်နေလို့တဲ့။ norm လို့ခေါ်တဲ့ လူအများစုလက်ခံတာကိုပဲ ပြောရမယ်ဆိုတဲ့အသိကြီးနဲ့ လူတိုင်းက အသံတိတ်ပူးပေါင်းပြီး ဒီဥပဒေကို သက်ဆိုးရှည်စေတယ်။ တခါအတိတ်မှာလဲ ၁၉၇၅ အောက်တိုဘာ ၆ရက်လူသတ်မှုကြီးကို လူထုကြီးက သြဘာပေးခဲ့ကြတယ်။ အဲဒီတုန်းက လူ၄၀ကျော်အသတ်ခံရတယ်။ … Continue reading

ဘုရားသခင် သေဆုံးခြင်း

မနက်ခင်း လင်းလင်းချင်းချင်းကြီးမှာ မီးအိမ်ကြီး လက်ကကိုင်ပြီး ဈေးထဲပြေးဝင်လာ၊ ပါးစပ်ကလည်း ‘ငါဘုရားသခင်ကို ရှာနေတယ်၊ ငါဘုရားသခင်ကို ရှာနေတယ်။’ဆိုပြီး အဆက်မပြတ် အော်ဟစ်နေတဲ့ အရူးတယောက် အသံကို မင်းတို့ မကြားကြဘူးလားဟေ။ လမ်းမှာ ရပ်နေတဲ့လူတွေထဲမှာ ဘုရားသခင်ကို မယုံတဲ့လူတွေလည်း အများကြီးရှိလေတော့ ဒီအရူးက သူတို့အတွက် ရီစရာ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ၊ ဘုရားသခင် တကယ်ပဲ ပျောက် သွားလို့လား ဆိုပြီး တယောက်က မေးတယ်။ နောက်တယောက်ကလည်း ဘုရားသခင် သူငယ်ပြန်သွားလို့လားတဲ့။  ဒါမှမဟုတ် ပုန်းနေတာပဲလား၊ ဒို့တွေကို ကြောက်လို့လား၊ ပင်လယ်ရပ်ခြားများ ခရီး ထွက်သွားသလား၊ တခြားများ ပြောင်းသွားလား ဆိုပြီး  လှောင်ပြောင် မေးခွန်းထုတ်ရင်း အာလုပ်သံကြီးတွေနဲ့ ဟားတိုက်ရီမောကြတယ်။ အရူးကတော့ လူတွေကြားထဲ ဝုန်းကနဲ ဒိုင်းကနဲ ဝင်လာပြီး … Continue reading

The Prince by Machiavelli 3

[အခန်းသုံးမှာ တိုင်းပြည်တပြည် ဟာ အသစ် သိမ်းလို့ရထားတဲ့ တခြား နယ်တခုခုကို ထိန်းသိမ်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို မက်ခီယာဗယ်လီက ရှင်းပြခဲ့တယ်။ ဒါပေမယ့် အလက်ဇန်းဒါး Alexender the Great ရဲ့ သိမ်းပိုက်တာ ခံရတဲ့ ဒါရီးယပ် တိုင်းဟာ အလက်ဇန်းဒါးသေတဲ့အခါ တတိုင်းပြည်လုံး ထကြွပြီး ပုန်ကန်ခြားနားမယ်လို့ ထင်စရာ ရှိပေမယ့် ဒါမျိုး မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့် မပုကန်သလဲ ဆိုတာကို မက်ခီယာဗယ်လီက ရှင်းပြတယ်။ အဲ့သလို ရှင်းပြတဲ့အခါမှာ power distribution အုပ်ချုပ်မှု အာဏာ ဖြန့်ကျက်တည်နေပုံနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့ အမြင်တွေကို တွေ့ရတယ်။ ဒီအမြင်တွေဟာ ကနေ့ချိန်ထိ အကြုံးဝင် မဝင်ဆိုတာ စာဖတ်သူတို့ ဆင်ခြင်ကြည့်ကြပါ။]

Blog Stats

  • 92,339 hits