ဝါဒဖြန့်မှု propaganda ဆိုတာ ရည်ရွယ်ချက် တခုခုအတွက် လူ့အသိုင်းအ၀ိုင်းတခုရဲ့  ယုံကြည်မှု ဒါမှမဟုတ် ထင်မြင်ယူဆချက် ဒါမှမဟုတ် စိတ်နေစိတ်ထား ဒါမှမဟုတ် စဉ်းစားပုံကို (၀ါဒဖြန့်သူ) လိုချင်တဲ့ လမ်းကြောင်းပုံစံတခုပေါ်ရောက်အောင် ကြိုးပမ်းမှုလို့ အဓိပ္ပါယ်ဖွင့်ကြည့်မယ်။ ဒီအဓိပ္ပါယ်ဖွင့်မှုဟာ ပြည့်စုံချင်မှ ပြည့်စုံမယ်။ ဒါပေမယ့် ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုမှုကို ရလာအောင် အဘိဓာန်တွေ၊ အွန်လိုင်းစွယ်စုံကျမ်းတွေကို လိုက်ကြည့်ပြီး အားလုံးမှာ အကြုံးဝင်တဲ့ အချက်တွေကို ပါဝင်အောင် ဖွင့်ဆိုကြည့်ထားတာ ဖြစ်တယ်။ နောက် ‘၀ါဒဖြန့်မှု’ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တချို့  ကိုလည်း သတိပြုမိတယ်။ စာဖတ်သူလည်း သတိပြုမိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။ ပထမအချက် အနေနဲ့ ၀ါဒဖြန့်တယ်ဆိုကတည်းက ဘယ်သူ့ကို ပစ်မှတ်ထား ၀ါဒဖြန့်တာလဲ ဆိုတဲ့အချက်ပဲ။ တနည်းအားဖြင့် ဒီစကားလုံးကို … Continue reading
လူလိမ်ဆိုတာ အမှန်မပြောသူ၊ အမှန်တရားကို ဖုံးကွယ်ဖို့ကြိုးစားသူမို့ အနည်းဆုံးသူဟာ အမှန်အမှားကို ကွဲအောင်ခွဲဖို့ တာဝန်ရှိသေးတယ်။ ဘယ်ဟာအမှား၊ ဘယ်ဟာ အမှန်ဆိုတာ သိဖို့လိုသေးတယ်။ လိမ်လည်မှုမှာ အမှားအမှန် ခွဲခြားမှု ရှိသေးတယ်။ ခွဲခြားပြီးမှ အမှန်ကို အမှားဆိုပြီးတင်ပြတာ၊ ဟုတ်တယ်မလား။ စကားမစပ် လူလိမ်လို့ ဆိုရာမှာ အမြဲတန်းလိမ်တဲ့လူနဲ့ တခါတရံမှ လိမ်တဲ့လူ ဘယ်သူပိုကြောက်ဖို့ကောင်းလဲ။ ကျွန်တော့်ရဲ့ gut feeling ကတော့ ဒုတိယလူ ပိုကြောက်ဖို့ကောင်းတယ်ထင်တယ်။ ထားပါတော့။ လူလိမ်ထက် ရွံ့ စရာကောင်းတဲ့ လူအမျိုးအစားတခုရှိတယ်လို့ အမေရိကန် ဖီလော်ဆော်ဖာ Harry Frankfurt ကပြောတယ်။ အဲဒိအမျိုးအစားကို သူက bullshit လို့ နံမယ်ပေးထားတယ်။ ဗမာလို ချေးထုတ်လို့ ပြန်ရရင် သင့်မယ်ထင်တယ်။ Frankfurt ရဲ့  … Continue reading
လောကကြီးမှာ ကျေးဇူးတင်ထိုက်တဲ့အရာတွေ၊ ကျေးဇူးတင်ထိုက်သူတွေ အများကြီးပဲ။ ကျွန်တော့်နှာခေါင်းကို ကျေးဇူးတင်တယ်၊ ဘာကြောင့်လဲဆိုတော့ မျက်မှန်တင်လို့ရလို့။ မျက်မှန်မရှိရင် ဒုက္ခရောက်တာ အကြိမ်ကြိမ်။ တခါက ကျွန်းတကျွန်းပေါ် လူငါးယောက် သင်္ဘောပျက်ပီးရောက်လာတယ်။ ကျွန်းပေါ် ရောက်တော့ ဘ၀ရပ်တည်ရေးအတွက် အလုပ်တာဝန်တွေ ခွဲကြရော။ တယောက်က အိုကေ ကျုပ်ကရေခပ်မယ်။ နောက်တယောက် ကျုပ်က ငါးမြှားမယ်။ နောက်တယောက်က အုန်းသီးခွဲမယ် စသဖြင့် စသဖြင့် အသီးသီး တာဝန်ယူကြတယ်။ နောက်ဆုံးတယောက်ကတော့ ခင်ဗျားတို့ ရှာဖွေလာတာတွေကို ကျုပ်က ဒိုင်ခံစားပေးတဲ့ တာဝန်ယူမယ်လို့ဆိုတယ်။ သူ့နံမယ်ကို ကိုကျေးဇူးလို့ (အလကား အလကား)ခဏ ပေးထားမယ်။ တနေ့တနေ့ ရေခပ်တဲ့လူကလည်း ရေသွားခပ်၊ ငါးမြှားတဲ့လူက လည်းမြှားနဲ့ ညနေကျတော့ စုစားကြရော။ ကိုကျေးဇူးက သူများတကာ ရှာထားတာမှန်သမျှကို ဒိုင်ခံစားပေးတယ်။ ကျန်တဲ့လူတွေလည်း … Continue reading
တခါ တခါကျ ၀ါကျ တခုမှာ ပါတဲ့ စကားစုတိုင်းဟာ အဓိပ္ပါယ်ထွက်ပေမယ့် အဲဒိ အဓိပ္ပါယ်ထွက်တဲ့ စကားစုတိုင်းကို စုထားတဲ့ ၀ါကျဟာ ဘာအဓိပ္ပါယ်မှ မရှိတာမျိုး ရှိနိုင်တယ်။ ဥပမာ နေပေါ်မှာ မွန်းတည့်နေပြီ။ ဒီဝါကျမှာ ‘နေပေါ်မှာ’ ဆိုတာရော ‘မွန်းတည့်နေပြီ’ ဆိုတာရော နှစ်ခုစလုံးဟာ သူ့ချည်းသက်သက် အဓိပ္ပါယ် ထွက်တယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ၀ါကျကတော့ အဓိပ္ပါယ် လုံးဝ မရှိဘူး။ မွန်းတည့်တယ်ဆိုတာ နေကို reference လုပ်ပြီးသာ ပြောလို့ရတဲ့ စကားမို့ နေပေါ်မှာ မွန်းတည့်တယ်ဆိုတာ …… ။ ဒီဥပမာက သူများဆီကနေ ခိုးချထားတာ။ မူလပြောသူက Wittgenstein။ သူပြောတာ အတိအကျက It’s five o’ clock on … Continue reading
Recent Comments