ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး လုပ်လာတာကို ဝေဖန်တာ ဖြစ်တယ်။ ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင် ချင်ပါတယ်။
မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ ကြွေးကြော်သံကို အာပေါင်အာရင်း သန်သန် ကြွေးကြော်ခဲ့ပြီး သကာလ နှစ်နှစ်ဆယ်မျှ ကြာသောအခါ ဒီချုပ်ခမျာ ပါတီ မသေရေးအတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆို လုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ ကောင်းပါ တယ်လေ၊ နောက်ပြီး ဒါက ကိုယ့် own tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး၊ ဒါပေမယ့် ဇော်ဇော့် ဘောပွဲဆီသွားပြီး ဘောပွဲ လက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီက ဉီးအောင်မြင့်ထွန်းက ဗိုလ်စောမောင် နဝတနဲ့ ဒီချုပ် အနေအထားနဲ့ပတ်သက်ပြီး ‘ဒီတော့ ဘောလုံးက ခုဘယ်ဘက်မှာလဲလို့’ မေးတော့ ‘ကျမက ဘောလုံး အကြောင်း နားမလည်ဘူး’ … Continue reading
“We have everything – a parliament, courts, a president, a prime minister and so on. But it’s more of an imitation,” -Mikhail Gorbachev- “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.”-Aung San Suu Kyi- ခုရေးမယ့် စာမှာ … Continue reading
ဝီကီလိ ၀က်ဆိုက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်သံရုံး ကေဘယ်တွေ ထပ်ထွက်လာတယ်။ ခုနောက်ဆုံးတွေ့ရတဲ့ ကေဘယ်က စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်။ ဂျင်ဝက် ခရီးစဉ်မှာ ယန်းကီးတွေရဲ့  ကုလားဖန်ထိုးကွက်လေးတွေကို ရှုးစားနိုင်အောင် ဒီကေဘယ် လင့်ကို ပေးလိုက်ပါတယ်။ အမေရိကန်ကို မျက်စိမှိတ်ထောက်ခံပြီး confirmation bias ၀င် နေသူတွေ ကျိန်ဆဲနိုင်အောင် ဂျင်ဝက်ကြီး လာတုန်းက ရေးထားတဲ့ ပို့စလေးတခုပါ တင်ပေးလိုက်တယ်။ ဖတ်ပြီးရင် ကျုပ်ကို အားရပါးရဆဲပေတော့.. 😀 http://213.251.145.96/cable/2009/08/09RANGOON539.html
Recent Comments