ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်လောက်ကစပြီး ကနေ့ထိ world reserve currency ကမ္ဘာသုံးငွေ အဆင့်ကို ရထားတဲ့ ဒေါ်လာဟာ နောက်အနှစ် နှစ်ဆယ် သုံးဆယ်လောက်အကြာမှာ ကနေ့ရထားတဲ့ အဆင့်အတန်းကို ဆက်ယူထားနိုင့်ပါမလား။ ဆက်ထိန်းမထားနိုင်ဘူးဆိုရင် သူ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပီးခဲ့တဲ့ အပတ်ကWSJ မှာ ကျနော့် အထင် အရမ်းကောင်းတဲ့ ဆောင်းပါး တပုဒ်ပါလာတယ်။ စိတ်ဝင်စားသူများ အတွက် လင့်ပေးလိုက်ပါသည်။ http://online.wsj.com/article/SB10001424052748703313304576132170181013248.html အပေါ်ကမေးခွန်းကို ဆွေးနွေးနိုင်ဖို့ ကျနော့်အထင်မှာ အခြေခံကျတဲ့ မေးခွန်းတခုနဲ့ စကြည့်ရင် ကောင်းမယ်။ အဲဒါကတော့ Why are we using dollar? Why can’t we get away from dollar? ကျနော်တို့တွေ ဘာလို့ … Continue reading
ဗမာပြည်အပါအ၀င် နိုင်ငံခြားက တချို့ ဈေးဆိုင်တွေမှာ အကြွေးရောင်းသူနဲ့ လက်ငင်းရောင်းသူ ဆိုင်ရှင်နှစ်ယောက်ရဲ့ အခြေအနေကို ယှဉ်ပြထားတဲ့ ပိုစတာကို cashier counter နားကနံရံမှာ ကပ်ထားတတ်တာ တွေ့ဘူးကြမယ်။ လက်ငင်းရောင်းတဲ့လူက ကုလားထိုင်မှာ အခန့်သားထိုင်ပြီး တောက်တောက် ပြောင်ပြောင်၊ စမတ်ကျကျ ၀တ်ထားစားထားတယ်။ သူထိုင်နေတဲ့ စားပွဲပေါ်နဲ့ ကြမ်းပေါ်မှာ ပိုက်ဆံထုတ်ကြီးတွေရှိတယ်။ အကြွေးရောင်းသူမှာတော့ စုတ်တီးစုတ်ဖတ် အ၀တ်အစားနဲ့ ခနော်နီ ခနော်နဲ့ ဖြစ်နေတဲ့ တဲပျက်ထဲမှာ အကြွေးစာရင်းတွေကြည့် ခေါင်းကုပ်နေတဲ့ပုံကို ပြထားတယ်။ တကယ်တော့ ဒီပုံဟာ ပိုက်ဆံရဲ့ သဘောကို နားလည်မှုလွဲစေတဲ့ပုံပဲ။ ဒါကို နည်းနည်းလေး အတွေးဆန့်ကြည့်ရင် သဘောပေါက်နိုင်တယ်။
ကမ္ဘာ့စီးပွားရေး ပါဝါဟာ အနောက်ကနေ အရှေ့ ကို တရွေ့ ရွေ့ ပြောင်းနေတယ်ဆိုတာကို ဒီဘလော့မှာ အကြိမ်ပေါင်းများစွာ ရေးခဲ့ပီးပီ။ သမိုင်းကိုပြန်ကြည့်ရင် အရင်း capital ရှိတဲ့နေရာကို စီးပွားရေး၊ နိုင်ငံရေးပါဝါလည်း လိုက်ရွေ့ ရတာပဲ။ ဆယ့်ကိုးရာစုတုန်းက အရင်းဟာ ဥရောပမှာ အများဆုံးရှိတယ်။ အကျိုးဆက်အားဖြင့် ကမ္ဘာ့နိုင်ငံရေးရာတွေမှာ ဥရောပနိုင်ငံတွေက အထူးသဖြင့် အင်္ဂလန်က ပြောရေးဆိုပိုင်ခွင့် အရှိဆုံးပဲ။ အင်္ဂလန်ဟာ တချိန်မှာ ကမ္ဘာမှာ သံမဏိအများဆုံး ထုတ်တဲ့နိုင်ငံ၊ ချည်ထည်အများဆုံး ထုတ်တဲ့ နိုင်ငံ၊ အရင်းအများဆုံးတင်ပို့တဲ့ နိုင်ငံပဲ။ ဥရောပတိုက်သားတွေက တကမ္ဘာလုံးရဲ့ ကံကြမ္မာကို ပြဌာန်းတယ်။ ဗမာပြည်အပါအ၀င် ကမ္ဘာ့ ကိုလိုနီတွေရဲ့  ကနေ့ခေတ့် နယ်နမိတ်စည်းကို သူတို့ပဲ ပိုင်းခြားသတ်မှတ်ခဲ့ကြတာပဲ။
သတင်းစာ တရက်မဖတ်ရင် တခေတ်နောက်ကျသတဲ့။ ပုံမှန်ဆို တနင်္ဂနွေမနက်မှာ နိုးနိုးချင်း Sunday papers တွေအကုန်လုံးကို ဖတ်နေကြ။ ဒါပေမယ့် ဘလော့ရေးတဲ့ အလုပ်ကို နေ့စဉ်ရက်ဆက်လုပ်နေတော့ ကိုယ့်ရဲ့ ပုံမှန် routine တွေလည်း ပျက်ကုန်ပြီ။ comment box မှာ တယောက်က တရုတ်ကိစ္စရေးပါအုန်းဆိုပြီး လာတိုက်တွန်းတော့ အဲဒိအချိန်မှာ ခေါင်းထဲရှိတာကို ချရေးလိုက်တယ်။ သိပ်မကြာခင် ပိုင်က CNN မှာ တရုတ်ကသူ့ပိုက်ဆံကို float လုပ်မယ်လို့ ကြေညာသွားတယ်ဆိုပြီး comment ထားလိုက်တယ်။ အဲဒိမှာ ‘ဟင်…’ ဘယ်တုန်းကပြောလိုက်တာပါလိမ့်လို့ ကပျာကယာ ကြည့်တော့မှ တွေ့ရတော့တယ်။ ဒီသတင်းကို မနေ့မနက်က သတင်းစာ ဖတ်ဖြစ်ရင် ချက်ချင်းသိပြီး အစောပိုင်းက ရေးတဲ့ထဲမှာ ပိုပြည့်ပြည့်စုံစုံ ထည့်ရေးနိုင်မှာ။ anyway..
မေလ ဆယ်ရက်နေ့မနက်မှာ အီးယူနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဥရောပ ဗဟိုဘဏ် (အီးစီဘီ)တို့ ကဥရောပ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ယူရို ဘီလီယံ ၇၂၀ အမေရိကန် ဒေါ်လာနဲ့ ဆို ဘီလီယံ ၉၃၀ (သန်းပေါင်း ကိုးသိန်းကျော်) တန်ဖိုးရှိတဲ့ အစီအစဉ်တခုကို ကြေညာသွားတယ်။ ၂၀၀၇ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကနေ ခုချိန်ထိ အစိုးရတွေရဲ့ ခုလို stimulus packages ကယ်ဆယ်ရေး အစီအစဉ်တွေဟာ တန်ဖိုးအားဖြင့်ဆိုရင် ဒေါ်လာ ထြီလီယံနဲ့  ချီ ရှိနေပြီ။ ပထမ အမေရိကန်က အေအိုင်ဂျီ အာမခံကုမ္ပဏီအပါအ၀င် ရင်းနှီးမြှတ်နှံမှု ဘဏ်တွေနဲ့ အိမ်ဝယ်သူတွေအတွက် ငွေထုတ်ချေးတဲ့ Freddie နဲ့ Fannie ဘဏ်ကြီးတွေကို ၀င်ကယ်တုံးကတခါ၊ … Continue reading
ဥရောပ တတိုက်လုံးမှာ ဘဏ်တွေ၊ နိုင်ငံရေး သမားတွေ၊ ပေါ်လစီပိုင်းမှာ တာဝန်ရှိသူတွေ အရူးမီးဝိုင်း ဖြစ်နေပြီ။ ဂရိကနေ စလိုက်တဲ့ မီးပွားလေးဟာ ဥရောပ တတိုက်လုံးကို ၀ါးမြို ပစ်လိုက်နိုင်တဲ့ မီးတောက်ကြီး အဖြစ် အသွင်ပြောင်းသွားနိုင်တဲ့ လက္ခဏာတွေ မကြာခင်ရက်ပိုင်းတွေက စတွေ့ လာနေရပြီ။
ပြီးခဲ့တဲ့အပတ်ကာသပတေးနေ့ (အောက်တိုဘာ ၈ ရက်နေ့ )က ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၁၀၆၁ ကျော်ထိ စံချိန်တင် တက်သွားခဲ့တယ်။ ခုဒီစာရေးနေချိန်မှာရွှေလက်ငင်းပေါက်ဈေး (spot price) ဟာ ၁၀၅၀ အထက်မှာ အေးအေးဆေးဆေးရှိနေတယ်။ အမေရိကန်ဒေါ်လာပေါ် အယုံအကြည်ကင်းမဲ့တဲ့ ပြောဆိုသံတွေ ပိုကျယ်လောင်လာချိန်မှာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဒေါ်လာတန်ဖိုးတက်လာမှာ အသေအချာပဲ။ ဒါပေမဲ့ ဘာကြောင့် ကြာသပတေးနေ့ မှာ ဖတ်ကနဲ စံချိန်တင်တက်သွားသလဲဆိုတာ စိတ်ဝင်စားစရာပဲ။
Burma Isn’t Broke By Sean Turnell ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ အောင်ဆန်းစုကြည်အပေါ် အချိန်ဆွဲလုပ်ပွဲအမှုက ဗမာပြည်ပေါ် ပြန်ပြီးအာရုံစိုက်လာစေပါတယ်။ စစ်အစိုးရနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အပေါ်လဲ ဆွေးနွေးမှုတွေဖြစ်လာအောင်လဲ လှုံ့ဆော်ပေးပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာအထောက်အပံ့က ဗိုလ်ချုပ်တွေကို စကားပြောလာစေဖို့ သိမ်းသွင်းနိုင်မယ့်အရာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မကြာသေးခင်က မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အများထင်ထားတာနဲ့ မတူတာက စစ်အစိုးရက သူတို့ပြောလေ့ရှိတဲ့အတိုင်း ဆင်းရဲမွဲတေနေတာ မဟုတ်ပါဘူး။
ဗမာပြည်က စာဖတ်သူတွေ သိချင်မယ်ထင်လို့ ဒီအက်ဆေးကို ရေးပါတယ်။ မနှစ်က နှစ်လယ်ပိုင်းလောက်ကစလို့ ကမ္ဘာတလွှားစီးပွားရေးကျဆင်းမှုဒဏ်ကို တနိုင်ငံပြီးတနိုင်ငံ ခံနေရတာ အားလုံးအသိပါ။ အမေရိကားမှာနေသူတွေကအစ ကျွန်မတို့ရဲ့ ဒေးဒရဲက ကမ်းခြေရွာ ရှမ်းကန်လေးအဆုံး စီးပွားရေးဆုတ်ကပ်ရဲ့ ဒဏ်ကို ခံရပါတယ်။ အမေရိကားမှာ လူတွေအလုပ်ပြုတ်ကြတယ်။ ဘဏ်ကိုအိမ်ပေါင် (mortgage) မပေးနိုင်လို့ အိမ်တွေဆုံးကြတယ်။ အလုပ်သစ်တွေ ရှားလာလို့ ဖယ်ဒရယ် အစိုးရရဲ့ အထောက်အပံ့ပေါ် မှီခိုနေ ရတယ်။
“We have lent huge amounts of money to the United States. Of course we are concerned about the safety of our assets. To be honest, I am a little bit worried and I would like to… call on the United States to honour its word and remain a credible nation and ensure the safety of … Continue reading
Recent Comments