//
archives

Gender

This category contains 3 posts

မြန်မာဆိုတာ

မြန်မာနိုင်ငံထဲမှာ နေကြတဲ့ ကချင်၊ ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ တရုတ်၊ ကုလား၁ တွေ အတွက် လတ်တလော ဒါမှမဟုတ် သမိုင်းမှာ မြန်မာနိုင်ငံသားလို့ အားလုံး ညီတူညာတူ ဂုဏ်ယူစရာဘာရှိမလဲ စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံထဲက အဆောက်အအုံတွေရှိနိုင်တယ်။ နေရာတွေရှိနိုင်တယ်။ ဒီလောက်ပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာလို့ ရင်ကော့နိုင်မယ့် လုပ်ရပ်စဉ်းစားကြည့်တယ်။ မတွေ့ဘူး။

ဗမာ့ဓလေ့ထုံးစံတွေထဲက မိန်းမတွေအကြောင်း

ကျွန်တော့်ရဲ့ ပထမဆုံး အဆိုဖြစ်တဲ့ ဗမာ့လူအဖွဲ့အစည်းတွင်းက ဓလေ့ထုံးတမ်း စဉ်လာတွေမှာ မိန်းမကိုနှိမ့်ချဆက်ဆံမှု၊ အထင်အမြင်သေးမှုတွေဟာ ထင်ထင်ရှားရှားပဲ ဖြစ်ဖြစ်၊ မထင်မရှားဘဲ ဖြစ်ဖြစ် ရှိနေတယ်လို့ ပြောခဲ့တယ်။ ခုရေးမယ့်စာမှာ ဒီအဆိုကို အကျယ်ထပ်ပြောမယ်။ တကယ်တော့ ဒီထင်မြင်ချက်ကို ကျွန်တော်စကားပြောဖြစ်တဲ့လူ အတော်များများက လက်ခံတယ်။ ဒါကိုခု comment section မှာထားခဲ့တဲ့ စာတွေမှာရော၊ fb ပေါ်ကရေးသားချက်တွေ အရရော၊ အပြင်မှာ စကားပြောချက်တွေ အရပါသိရတာ။ ဒါပေမယ့် တချို့ က ဒါကို လက်မခံချင်ဘူး။ ဒါဟာ အစောပိုင်းက ရေးတာလောက်နဲ့တင် မလုံလောက်လို့ လက်မခံတာ ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် ခုတခါ နည်းနည်း အကျယ်ထပ်ချဲ့ ပြီးပြောမယ်။ နောက်တခါ စမရေးခင် လိုအပ်တယ်ထင်လို့ တခုလောက် ကြိုပြောထားချင်တယ်။ မိန်းမတွေခွဲခြားဆက်ဆံခံရတာကို … Continue reading

Lugyi Min

မကေနဲ့ ကိုဝင်းမော်ကြီးတို့က တောင်းဆိုလို့ ၀တုတ်က စီးပွာေးရးဆောင်းပါးတပုဒ် ဒီရက်ပိုင်း ထပ်ရေးအုန်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာအနီတွေ အပြာတွေ အစိမ်းတွေကို နိုင်ငံအလိုက် ဈေးကွက်ဖွင့်ချိန်တွေမှာ ပြောင်းပြောင်းပြီးကြည့်ရတော့ မအားရှာဘူး။  တခါတလေ ည၂နာရီလောက်ကြီးလဲ တိုကျိုဈေးကွက်ဖွင့်ပြီဆိုပြီး ကွန်ပျူတာရှေ့ထိုင်သေးတာ မဟုတ်လား။ ဒီတော့ မကေနဲ့ ကိုဝင်းမော်ကြီးရေ၊ လာမယ်။ ကြာမယ်လို့ပဲ ကြားကကြိုပြောထားပါရစေ။ အခုတော့ စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေး ချရေးလိုက်အုံးမယ်။ ပြီးခဲ့တဲ့ တပတ်က ဗမာပြည်ကို ဖုန်းအလီလီဆက်ရပါတယ်။

Blog Stats

  • 89,890 hits