//
archives

Philosophy

This category contains 48 posts

Reflections on Descartes 5

First Meditation မှာ Descartes က လောကမှာ တခြားအရာတွေ တကယ်မရှိရင်တောင်၊ ဒါမှမဟုတ် အာရုံတွေကတဆင့် သူသိနေတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဖူး ဆိုရင်တောင် သူကတော့ ရှိနေတယ် ဆိုတဲ့အသိကတော့ ဘယ်လိုမှ သံသယမပွားနိုင်တဲ့ အသိလို့ဆိုတယ်။ ဒါကို (သူရှိနေတာကို) စဉ်းစားလိုက်တိုင်းမှာ သိရတယ် I’m thinking, therefore I am ဆိုပြီး သူ့အခေါ် first principle (ပထမဆုံးအသိလို့ပဲ ပြောရမလား) ကိုစတည်ဆောက်ခဲ့တယ်။ နောက်တခါ အဲဒိအသိကို လူ့ရဲ့ innate reason ကနေ သိနိုင်တယ်။ Scholastic syllogism အကူအညီမလိုဘူးလို့ ဆိုတယ်။

Reflections on Descartes 4

ဒေးကားရဲ့ ဖီလော်ဆော်ဖီ system တခုလုံးကို သူ့ရဲ့ သင်္ချာကို ယုံကြည်ကိုးစားမှုနဲ့ ပင့်ထောက် ထားတယ်လို့ အရင်အခန်းတွေမှာ အကြိမ်ကြိမ် ပြောသွားခဲ့တယ်။ ဂဏန်းသင်္ချာနဲ့ ဂျီသြမေတြီ နှစ်ခုရဲ့ မသေချာမှုတွေကနေ လွတ်ကင်းမှု (free from falsity and uncertainty) ပုံစံမျိုးကိုယူပြီး အသိ (scientia) ကိုတည်ဆောက်ရမယ်လို့ Descartes ဆိုတယ်။ ဒီတော့ Monsieur Descartes ရဲ့ အသိ scientia ကိုဖွင့်ဆိုပုံက ဘာလဲ။ All scientia is certain and evident cognition ကွလို့ Rule Twoမှာ အသိ scientia ရဲ့  အဓိပ္ပါယ်ကို သူကစဖွင့်တယ်။ ဒါဖြင့်ရင် အဲဒိ သေချာတဲ့၊ … Continue reading

Reflections on Descartes 3

ပြီးခဲ့တဲ့ အခန်းမှာ Descartes ရဲ့ ဖီလော်ဆော်ဖီက နံမယ်ကြီး စာပိုဒ်ကို တွေ့ခဲ့ရတယ်။ ဒီစာပိုဒ်တခုထဲနဲ့ Cartesian method ကို အပြည့်အ၀ appreciate လုပ်နိုင်မှာတော့ မဟုတ်ဖူး။ ဒါပေမယ့်လည်း အတိုင်းအတာ တခုထိတော့ မြင်နိုင်တယ်လို့ ထင်မိတယ်။ ဒီတော့ Cartesian Method ကို အကျယ်မရွှီးခင် ဒီစာပိုဒ်ကို နည်းနည်းလောက် ကလိကြည့်ရအောင်။ ပထမတချက် အနေနဲ့ Descartes က ခုလိုပြောတယ်။

Reflections on Descartes 2

ကော်ပါးနီးကပ်ပုံစံကို တဖြည်းဖြည်းနဲ့ လူလက်ခံလာမှုရဲ့  အကျိုးဆက်တခုကတော့ ဖီလော်ဆော်ဖီတခုဟာ နှစ်ထောင်ပေါင်းများစွာကြာ အခိုင်အမာတည်ရှိလာနေတာတောင် အဲဒိအချက်တခုထဲနဲ့တင် ဒီဖီလော်ဆော်ဖီဟာ ခိုင်လုံပြီလို့ စိတ်ချလို့ မရဘူးဆိုတဲ့ အသိပဲ ဖြစ်တယ်။ ဒီအသိဟာ Descartes တို့မျိုးဆက် ဖီလော်ဆော်ဖာတွေခေါင်းထဲ သံမှိုစွဲသလို စွဲသွားစေခဲ့ပုံရတယ်။ နောက်အကျိုးဆက်တခုကတော့ သင်္ချာဟာ အသိပညာရပ် အားလုံးမှာ (အထူးသဖြင့် အသိသစ်ကို ရှာတဲ့အခါမှာ) အတုယူထိုက်တဲ့ အတတ်ပညာဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။ Descartes ဟာ ဖီလော်ဆော်ဖီတင်မက သင်္ချာမှာလည်း အများကြီး အကျိုးပြုခဲ့တယ်။ အလယ်တန်း သင်္ချာမှာ တွေ့ရတဲ့ ပြင်ညီတခု၊ ဒါမှမဟုတ် သုံးဘက်တိုင်း ဟင်းလင်းပြင်တခုမှာ အစက်တခု၊ အမှုန်တခုရဲ့  တည်နေရာကို ကိုသြဒိနိတ်တွေသုံး သတ်မှတ်တဲ့နည်းကို Descartes ကို အစွဲပြုပြီး Cartesian … Continue reading

ဖင်ယားမှုကို သရုပ်ခွဲကြည့်ခြင်း ၂

ဒီတော့ ဘယ်လို လုပ်ရပ်တွေ၊ အမူအကျင့်တွေကို ‘ဖင်ယားတယ်’ ဆိုတဲ့ သတ်မှတ်ချက်အောက် ထည့်မလဲ။ ခက်တာက ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရကို ဘယ်အဘိဓာန်မှာမှ ရှာမတွေ့ ဘူး။ အင်္ဂလိပ်မှာက ဘယ်လောက်နားမခံသာတဲ့ စကားလုံးပဲ ဖြစ်ဖြစ် အဲဒိစကားလုံးရဲ့ အဓိပ္ပါယ်နဲ့ ဒီစကားလုံးရဲ့ etymology ဒီစကားလုံး ဘယ်လို မြစ်ဖျားခံသလဲဆိုတာကိုပါ စာအုပ်ထဲ ရှာလို့ရတယ်။ ဗမာမှာလည်း မင်းသုဝဏ်က ဝေါဟာရ အဘိဓာန်လုပ်တဲ့အခါ ရသမျှဝေါဟာရတွေကို ကောင်းကောင်းဆိုးဆိုး အကုန်စုဖို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အဲဒိဝေါဟာရက အဘိဓာန်ထဲ ပါလာတာ မတွေ့ရဘူး။ အဲဒိတော့ ဒီစကား ဘယ်တုန်းကပေါ်လာလဲ၊ ပေါ်လာစက အဓိပ္ပါယ်ကဘာလဲ၊ ခုလက်ရှိ နားလည်နေတဲ့ အဓိပ္ပါယ်ကဘာလဲ၊ အရင်အဓိပ္ပါယ်နဲ့ ခုအဓိပ္ပါယ်မတူရင် အဓိပ္ပါယ်ဘယ်လို ပြောင်းလာလဲဆိုတာ မှန်းဆချက်သက်သက်သာ ပြောနိုင်မဲ့ … Continue reading

‘ဖင်ယားမှု’ ကို သရုပ်ခွဲကြည့်ခြင်း

ဖင်ယားတယ်ဆိုတဲ့ စကားကို စာဖတ်သူတို့ ကိုယ်တိုင် တချိန်မဟုတ် တချိန်သုံးဖူးကြမယ်၊ ဒါမှမဟုတ် သူများသုံးတာ ကြားဖူးကြမယ်မှတ်ပါတယ်။ ဖင်ယားမှုနဲ့  ထောင်ကျတယ်၊ ဖင်သွား(လာ)ယားတယ်၊ ဖင်ယားမှု အာမခံမရဘူး၊ ဖင်သွား(လာ)မယားနဲ့  စသဖြင့် တချိန်မဟုတ် တချိန် ပြောတတ်ကြတယ်။ ခုတွေ့ ခဲ့ရတဲ့ အသုံးအနှုံးတွေအပြင် တခြား မသိသေးတဲ့ အသုံးအနှုံးတွေလည်း ရှိနိုင်ပါတယ်။ 

Reflections on Descartes 1

Good sense is, of all things among men, the most equally distributed တဲ့။ Discourses on Method ပထမဆုံးအခန်းကို Descartes က ပြောခဲ့တဲ့ စာကြောင်းနဲ့ စဖွင့်တယ်။ http://books.google.com/books?id=XnX3xsR_cvcC&printsec=frontcover&dq=descartes+discourse+on+method&hl=en&ei=LHLBTIvOBoiCOr-xsaUM&sa=X&oi=book_result&ct=result&resnum=1&ved=0CCwQ6AEwAA#v=onepage&q&f=false Descartes နဲ့ ပတ်သက်ရင် Discourses on Method ရယ်၊ Meditations on the First Philosophy ရယ်၊ Principles of Philosophy ရယ် သုံးအုပ်ဟာ သူ့ ဖီလော်ဆော်ဖီကို နားလည်ဖို့ရာ ဖတ်သင့်ဆုံးစာအုပ်တွေလို ဆိုကြတယ်။ ကံကောင်းထောက်မစွာပဲ Meditations ကိုလည်း အွန်လိုင်းမှာ ဖတ်လို့ရတယ်။ http://books.google.com/books?id=t4r9iLV2ZXYC&printsec=frontcover&dq=descartes+meditations+on+first+philosophy&hl=en&ei=C3XBTLWaB8qfOsTHwcoL&sa=X&oi=book_result&ct=result&resnum=2&ved=0CDIQ6AEwAQ#v=onepage&q&f=false (Meditations ကို လက်တင်ကနေ … Continue reading

Crito 6 (final part)

Socrates: ‘သူတို့က ဘယ်လိုပြောနိုင်လဲဆိုတော့ “Socrates သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို ဒို့ဘက်က အတင်းအကြပ် သဘောတူခိုင်းတာလည်း မဟုတ်ဖူး၊ နောက်ပီးတော့ တိုတောင်းတဲ့ကာလအတွင်းမှာ သင့်ကို ဒို့နဲ့ သဘောတူညီချက်ချုပ်ဆိုဖို့ အတင်းကောက်ကာငင်ကာ ဆုံးဖြတ်ခိုင်းခဲ့တာလည်း မဟုတ်ဖူး။ စဉ်းစားဖို့ နှစ်ခုနှစ်ဆယ်ကျော် အချိန်ရခဲ့တဲ့ ဒီသဘောတူညီချက်ကို သင်ချိုးဖောက်တော့မှာလား Socrates။ အဲဒိ နှစ်ခုနှစ်ဆယ်ကျော်အတွင်းမှာ ဒို့ကို သင်စိတ်တိုင်းမကျရင်၊ ဒါမှမဟုတ် သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို မတရားဘူးလို့ ယူဆရင် သင်ဟာ တခြားကို ထွက်သွားချင် ထွက်သွားလို့ရတယ်။ Lakedaimonia နဲ့ Crete နှစ်ခုစလုံးမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရှိတယ်လို့ သင်ပြောဖူးတယ်။ အဲဒိနှစ်ခုထဲက တခုခုကို သင်သွားလို့ရတာပဲ။ ဒါမှမဟုတ်လည်း ဒေသတွင်းက တခြားမြို့ ပြနိုင်ငံ တခုခုကို သင်သွားလို့ရတာပဲ။ မျက်မမြင်၊ မသန်မစွမ်းဖြစ်နေတဲလူတွေ၊ ငတုံးငအတွေ … Continue reading

Socrates, a hero of our time

Crito ကို ဘာသာပြန်နေတုန်း ဒီနေ့ သတင်းစာမှာ သူ့အကြောင်း ပါလာတယ်။ စိတ်ဝင်စားသူများအတွက် ရှဲလိုက်ပါတယ်။ Quote: ‘For Socrates, the pursuit of knowledge was as essential as the air we breathe.’ http://www.guardian.co.uk/books/2010/oct/17/socrates-philosopher-man-for-our-times w…

Crito 5

ဒီမေးခွန်းနဲ့ အလားတူ မေးခွန်းတွေကို မင်းဘယ်လိုဖြေမလဲ Crito။ ဘာလို့ဆိုတော့ အချုပ်အခြာအာဏာပိုင်အဖြစ်နဲ့ ငါ့ကို သေဒဏ်ချမှတ်လိုက်တဲ့၊ ဒို့ချိုးဖောက်တော့မဲ့ ဥပဒေတွေကိုယ်စား တခြားလူတွေက ဒါမှမဟုတ် orator တယောက်ယောက်က (ကနေ့ခေတ် သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ်မျိုးနဲ့ ခပ်ဆင်ဆင်လို့ ပြောရမလားမသိ။ နောက်တခါ Socrates က laws အထူးသဖြင့် အေသင်ရဲ့  law တွေကို သူက personify လုပ်ထားတာ၊ လူပုဂ္ဂိုလ်အသွင် ဖော်ပြထားတာကို သတိပြုပါ။) ဒိထက်မကတောင် မေးလာ၊ ပြောလာနိုင်တယ်။ အဲ့သလိုပြောလာရင် ‘မြို့ ပြအုပ်ချုပ်ရေး အာဏာပိုင်တွေကThe city က ဒို့ကို မတရား ဆက်ဆံတယ်။ အမှုကို သေသေချာချာ မစစ်ဆေးဘူး’ လို့ ဒို့တွေ ပြန်ပြောမလား။’ Crito: … Continue reading

Blog Stats

  • 92,579 hits