//
archives

Uncategorized

This category contains 59 posts

အန်းမ

ဂျပန်ခေတ်တုန်းက ကာလ၀မ်းတွေကျတော့ အန်းမကိုလဲ ကူးတယ်။ စစ်ပြေးနေတဲ့ကာလမို့ ရွာက သူ့ကို သေခါနီးပြီဆိုပြီး ကွပ်ပျစ်လေးတလုံးနဲ့ ရွာပြင်ထုတ်ထားတယ်။ အန်းမက သမီးကြီးကို မွေးပြီးခါစ။ သမီးဇောနဲ့မို့ ထင်တယ်။ မသေဘူး။ သူကတော့ သူမျောနေတုန်း ၀တ်ဖြူစင်ကြယ်၊ တောင်၀ှေးနဲ့ အဖိုးကြီးတယောက်လာပြီး ငါ့သမီးမသေရဘူးဆိုပြီး လာပြောတယ်လို့ သတိရတော့ ပြန်ပြောတယ်။ တကယ်တော့ သမီးကလေးကို စိတ်မချလို့၊ မထားရက်ခဲ့နိုင်လို့ မသေတာဖြစ်မယ်။ တခါ ဆေးရုံမှာ သွေးပေါင်ချိန် သုညနဲ့တင်လိုက်ရတော့ ဒီတခါတော့ သေပြီလို့ သမီးတွေက လက်လျှော့လိုက်ကြတယ်။ ဒါပေမယ့် အန်းမမသေဘူး။

ဇာဂနာ

အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။

အင်္ဂလိပ်က အင်္ဂလိပ်ကျင့် ကျင့်တော့ ဖားပြုတ်က မခံချိ မခံသာဖြစ်

လူမျိုးအတော်များများမှာ သူတို့ ကြည့်မရတဲ့ တခြားလူမျိုး တမျိုးကို လှောင်ပြောင်သရော်တဲ့ ဟာသတွေ၊ ဆိုရိုးတွေ ရှိကြမှာဘဲ။ ကုလားခပ်တဲ့ ပါနီ ကုလား ဖင်ဆေးတာနဲ့ ကုန်တာပဲတဲ့။ နောက်ဘာရှိအုံးမလဲ။ ဒါပေမယ့် လူမျိုး တမျိုးနဲ့တမျိုး အမုန်းတရားကို ဆွေစဉ်မျိုးဆက် ဂုဏ်လုပ်ပြီး သိမ်းဆည်းလာတဲ့ လူမျိုးတွေထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ထက် သာတဲ့ လူမျိုးရှိမယ် မထင်ဘူး။ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း အီးယူနဲ့ ခွာပြဲလာပြီးတဲ့နောက် ပြင်သစ် မီဒီယာတွေမှာတော့ ဘယ်လို ရေးသလဲ မသိဘူး။ ယူကေက မီဒီယာတွေမှာတော့ အီးယူနဲ့ ပတ်သက်သမျှကို တဆိတ် တအိတ်လုပ် ရေးတာတွေ နေ့တိုင်းလိုလိုပဲ။ ဟော သိပ်မကြာဘူး။ ပြင်သစ်က အစိုးရ အရာရှိမင်းများ ကိုယ်တိုင် ဝင်ပါလာတာ တွေ့ရတယ်။ စီပွားရေး … Continue reading

DSK & De-Europeanization of IMF

ဟေဂယ်နဲ့ Marx လက်စသပ်နေတုန်း ဖွချင်စရာ နောက်အကြောင်းအရာ တခုက အာရုံပြောင်းအောင် လာလုပ်နေပြန်ပါပြီ။ နိုင်ငံတကာ သတင်းတွေ မျက်ခြေမပြတ်တဲ့ သူတွေဆို ခုရက်ပိုင်းတွေအတွင်းမှာ တွေ့ခဲ့ရတဲ့ သံဝေဂ ယူချင်စရာ အဖြစ်အပျက် ကြီးတွေကို သတိပြုမိကြမှာဘဲ။ ဒို့အောက်က လွတ်လပ်ရေး လိုချင်ရအောင် မင်းတို့က ဘာမို့လို့လဲဆိုတဲ့ မတူမတန်သလို အထင်သေးတဲ့ အမြင်မျိုးနဲ့ တောက်လျှောက် ဆက်ဆံခဲ့တဲ့ အိုင်ယာလန်ကို အဲလိဇဘက် ဘုရင်မကိုယ်တိုင် အရောက်သွားပီး အရင်တုန်းက ဗြိတိသျှတွေ ရမ်းကားခဲ့တာတွေကို ပြေရာပြေကြောင်း လာပြောနေတာတွေ့တော့ အရင် နေမ၀င် အင်ပိုင်ယာကြီးခမျာ ခုတော့ အထည်ကြီးပျက် ဖြစ်ရှာသမို့ တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း သံဝေဂတရား လက်ကိုင်ထားနေရရှာပြီလို့ပဲ စိတ်ထဲ ထင်မိတယ်။ အထည်ကြီးပျက် ယူကေ အကြောင်းကို နောင်တချိန်အတွက်ထားပြီး ခုတော့ … Continue reading

Marx မှာတွေ့ရတဲ့ Hegel 2

စောစောက စိတ်ဆိုတာ သိတာကို ခေါ်တယ်လို့ ပြောသွားတယ်။ သိတယ်ဆိုတော့ ဘာကို သိတာလဲ။ အင်္ဂလိပ်လို consciousness ဆိုတဲ့ ဝေါဟာရဟာ ဒီဝေါဟာရရဲ့ အဓိပ္ပါယ်ကို တန်းပေါ်စေတယ်။ consciousness ဆိုလိုက်တာနဲ့ ဘာကို conscious ဖြစ်တာလဲ ဆိုတာ မေးစရာက တန်းပေါ်လာပြီ။ တခုခုကို သိမှသာ သိတယ်လို့ခေါ်နိုင်တာပေါ့။ တနည်းအားဖြင့် အသိခံရတဲ့ အရာတခုခု ရှိမှသာလျင် သိခြင်း၊ အသိ ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ conscious အလုပ်ခံရတဲ့ အရာတခုခု ရှိမှသာလျင် consciousness ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ ဟုတ်တယ်မလား။ ဒီတော့ကာ အသိခံရမဲ့ အရာဝထ္ထု တခုရှိမှသာ စိတ်ဆိုတာ တည်ရှိနိုင်မှာမို့ (တနည်းအားဖြင့် စိတ်ဆိုပြီး တည်ရှိနိုင်ဖို့ တခြား အရာတခုခုပေါ် … Continue reading

Karl Marx မှာတွေ့ရတဲ့ Hegel

ပထမစာမှာ ဘာသာရေးဟာ လွတ်မြောက်မှု ရှာနေတဲ့ လူသားရဲ့ တောင်းဆိုချက် ဖြစ်တယ်၊ တချိန်ထဲမှာ ဘာသာရေးဟာ လူသားတွေ ရှာနေတဲ့ လွတ်မြောက်မှုရဲ့ အဟန့် အတား လည်း ဖြစ်တယ်လို့ Karl Marx ကပြောသွားတာကို တွေ့ခဲ့ရတယ်။ တခါ လွတ်မြောက်မှုရဖို့ လူသားကို သူကိုးကွယ်ယုံကြည်နေတဲ့ (တချိန်ထဲမှာ သူ့လွတ်မြောက်ရေး လမ်းကြောင်းမှာ အဟန့်အတား ဖြစ်နေတဲ့) ဘာသာရေးကို မှားတယ်လို့ ပြောမယ့်အစား အဲဒိ အမြင် မှားယွင်းမှုကို ဖြစ်စေတဲ့ ရုပ်အခြေအနေတွေကို ပြောင်းလဲ ပစ်ရမယ်၊ တနည်းအားဖြင့် သူ့မှာ ပျောက်ဆုံးနေတဲ့ လူ့ဘ၀ရဲ့ အနှစ်သာရ spirit ကို သူ့ဆီ ပြန်ဆောင်ကြဉ်းပေးခြင်း ကသာလျင် သူ့ကို တကယ့် ချမ်းသာပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရာ ရောက်မယ်လို့ Marx … Continue reading

Public relations and war by John Pilger

Here John Pilger demythified so-called American democracy project in Iraq. Watch it and NEVER FORGET IT!!! Pilger made a mockery of mainstream journalists and challenged the notion of BBC’s impartiality.. http://www.itv.com/itvplayer/video/?Filter=198443 For those outside UK, you can watch it on youtube. http://www.youtube.com/watch?v=egcTynu6sBk

ရယ်စေမောစေ ၂

တခါက သင်္ချာကျောင်းသားတစုနဲ့ အင်ဂျင်နီယာကျောင်းသားတစု ရထားနဲ့ ခရီးထွက်ကြတယ်။ ရထားပေါ်မတက်ခင် လက်မှတ်ဝယ်ကြတော့ အင်ဂျင်နီယာကျောင်းသားတွေက တယောက်လက်မှတ်တစောင်ကျ ၀ယ်ပေမဲ့ သင်္ချာကျောင်းသားတွေကတော့ သူတို့တအုပ်လုံးအတွက် လက်မှတ်တစောင်ပဲဝယ်တယ်။ အင်ဂျင်နီယာအုပ်စုကတော့ ဒီကောင်တွေ လက်မှတ်စစ်နဲ့ တွေ့ရင်တော့ ချောက်ကျမှာ၊ နေပစေလို့ စိတ်ထဲကနေကျိတ်ပျော်နေတယ်။ ဒီလိုနဲ့ စီးလာလိုက်တာ လမ်းက ဘူတာတခုမှာ လက်မှတ်စစ်တက်လာတယ်။ အဲဒိမှာ သချာင်္ကျောင်းသားတွေက  တအုပ်လုံးကြီး အိမ်သာထဲဝင်ပြေးတယ်။ လက်မှတ်စစ်က အိမ်သာ တံခါးခေါက်တော့ တံခါးနံရံက အပေါက်လေးကနေတဆင့် လက်မှတ်လေးထိုးပေးတယ်။ လက်မှတ်စစ်က လက်မှတ်ယူကြည့်ပြီး အိမ်သာထဲပြန်ပေးလိုက်တယ်။ အဲဒိမှာ အင်ဂျင်နီယာကျောင်းသားတွေက သင်္ချာကျောင်းသားတွေကို အရမ်းအထင်ကြီးသွားတယ်။ ဒီကောင်တွေ ဘယ်ဆိုးလို့လဲပေါ့။ ဒီလိုနဲ့ အပြန်ခရီးအတွက် လက်မှတ်ဝယ်တော့ အင်ဂျင်နီယာကျောင်းသားတွေက သူတို့တအုပ်လုံးအတွက် တစောင်ပဲဝယ်တယ်။ ဒီတခါတော့ သင်္ချာကျောင်းသားတွေက တစောင်မှ မ၀ယ်တော့ဘူး။ အဲဒိမှာ … Continue reading

ရယ်စေမောစေ

အီရတ်မှာ သိပ်မကြာခင်က ရွေးကောက်ပွဲလုပ်တော့ အာဏာပိုင်တွေ အနိုင်ရစေချင်တဲ့ ပါတီကို လူတွေက မဲမထည့်ချင်ဖြစ်နေတယ်။ တခြား ရွေးစရာပါတီလည်း လောက်လောက်လားလား မရှိဘူးထင်ပါတယ်။ အဲဒိမှာ လူတွေက မဲသွားမထည့်ကြဖို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် လူတယောက်ကတော့ ဒီတိုင်း မနေနိုင်ဘူး၊ ဘယ်ပါတီကိုမှ မကြိုက်ပေမဲ့ အစိုးရကို မုန်းလွန်းလို့ အစိုးရနိုင်စေချင်တဲ့ပါတီ မနိုင်အောင် သူတို့ အတိုက်အခံအဖြစ် မြင်ကြတဲ့ ပါတီက ကိုယ်စားလှယ်လောင်းကို မဲသွားပေးမယ်လုပ်တယ်။ သူ့အိမ်ကတော့ စိတ်ပူတာပေါ့။ ခေတ်ကြီးက နီးရာဓါးကြောက်ရတဲ့ ကာလကြီးဆိုတော့ မတော် ကိုယ်ဘယ်သူ့မဲထည့်သလဲဆိုတာ သိသွားရင် ကိုယ့်လာဒုက္ခပေး မခက်ဘူးလားလို့ အတင်းဝိုင်း တားကြတယ်။ ဒါပေမယ့် ဇွတ်ကိုကိုကတော့ မမှုဘူး။ သူစိတ်ဆုံးဖြတ်ထားပြီးသား၊ အတိုက်အခံပါတီ တခုခုကို မဲသွားပေးဖြစ်အောင်ကိုသွားပေးမယ်လို့ပြောပြီး အစိုးရ အတိုက်အခံအဖွဲ့တခုကို မဲသွားပေးတယ်။ မဲပေးပြီး … Continue reading

Can the World Go Back to the Gold Standard?

Wolf thinks not. As always, his article is packed with fantastic no-non sense observations and insightful anecdotes. Whether we return there or not, what is certain is that the days of federal reserves are numbered. Viva La Revolucion?? http://blogs.ft.com/martin-wolf-exchange/2010/11/01/could-the-world-go-back-to-the-gold-standard/

Blog Stats

  • 89,941 hits