//
you're reading...
Philosophy
ရာဇ၀တ်မှုဆိုတာ တကယ်ပဲ မကောင်းဘူးလား
ရာဇ၀တ်မှုကို ကောင်းတယ်လို့ ဘယ်သူမှ ပြောမယ်မထင်ဘူး။ နိုင်ငံရေးသမားတွေ ရွေးကောက်ခံရဖို့ မဲဆွယ်တဲ့အခါမှာ ရာဇ၀တ်မှု လျော့ကျအောင် လုပ်ပေးမယ်လို့ ကတိပေးပြီး မဲဆွယ်တာတွေကို မကြာခဏ ကြားဖူး တွေ့ဖူးကြမှာဘဲ။ ဒါပေမယ့် ရာဇ၀တ်မှု crime ဟာ တကယ်ပဲ မကောင်းဘူးလား။ လူတယောက် အသက်ရှင်ဖို့ အလုပ်လုပ်တဲ့ အဆုတ်တခု လိုအပ်သလိုမျိုး လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာ အလုပ်လုပ်ဖို့ ရာဇ၀တ်မှုဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ အယူအဆတခုကို ဒီအခန်းမှာ မိတ်ဆက်ပေးချင်တယ်။ 
ဒီအဆိုကို စပြောသူက ပြင်သစ်လူမျိုး Emile Durkheim။ ဂူဂယ်မှာ သူ့နံမယ်နဲ့ crime ဆိုပြီး တွဲရိုက်ကြည့်ရင် သူနဲ့ ပတ်သက်တာတွေ တသီကြီးတွေ့ရမယ်။ Durkheim ဟာ လူမှုဗေဒခေါ်တဲ့ sociology ဘာသာရပ်ကို အများကြီး အကျိုးပြုသွားသူအဖြစ် Karl Marx နောက် Max Weber တို့နှစ်ယောက်နဲ့အတူ ပူးတွဲ အသိအမှတ်ပြုခံရသူ ဖြစ်တယ်။
Durkheim က ရာဇ၀တ်မှုဟာ inevitable ရှောင်လွှဲလို့ မရရုံမက လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခု necessary ဆိုပြီးပြောတယ်။ သူဘာကြောင့် ဒီလိုပြောသလဲ ဆိုတာ ရှင်းပြဖို့ ဗမာပြည်သားတိုင်း ရင်းနှီးနေတယ်လို့ ယူဆတဲ့ ရှုမြင်ချက်တခုနဲ့ စကြည့်မယ်။ ဗမာပြည်မှာ ဘုန်းကြီးကျောင်းတွေဟာ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် အရေးပါတဲ့ အခန်းမှာပါတယ်။ ဘာ့ကြောင့်လဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် လူတွေဟာ ဥပမာ နေမကောင်းလို့ဖြစ်ဖြစ်၊ စားစရာ နေစရာ မရှိလို့ဖြစ်ဖြစ် တခုခုလိုအပ်တယ်ဆိုရင် အစိုးရကို အကူအညီတောင်းလို့ရတယ်။ အစိုးရတွေမှာ လူမှုဖူလုံရေးစနစ် social welfare စနစ် ကောင်းကောင်းရှိတယ်။ သူတို့ဆီမှာ လူ့အဖွဲ့အစည်းတခု မပြိုလဲအောင် ထိန်းပေးထားတဲ့ formal institution တွေ တနည်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတဲ့ စနစ်တွေရှိတယ်။
ဒါပေမယ့် ဗမာပြည်လို အစိုးရရဲ့ ပြည်သူလူထုပေါ်တာဝန်ယူမှု အားနည်းတဲ့ ဒါမှမဟုတ် လုံးဝနီးနီးမရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ informal institution တွေပေါ်လာရတယ်။ ဘုန်းကြီးကျောင်းတွေဟာ ပြောခဲ့တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ informal social safety net တွေဖြစ်တယ်။ ဥပမာ စားစရာမရှိရင် ဘုန်းကြီးကျောင်းတွေမှာ အတိုင်းအတာ တခုထိ ဆွမ်းဟင်း အကျန်တော့ စားဖို့ ဖြစ်နိုင်သေးတယ်။ နောက်တခါ ချမ်းသာတဲ့ လူတွေက ဘုန်းကြီးကျောင်းကို ပိုက်ဆံလှုတဲ့အခါ ဘုန်းကြီးတွေက ဒီပိုက်ဆံကို တကယ်လိုအပ်တဲ့ နေရာတွေကို လမ်းကြောင်းလွှဲပေးပြီး လူ့အဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ အစိုးရကလည်း စီမံမပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ကွက်လပ်ဖြည့်ပေးနိုင်တယ်။
ဥပမာ သာမည ဆရာတော်ကြောင့် သူသီတင်းသုံးသွားတဲ့ ဒေသမှာ လူတွေဟာ နေရေး စားရေး မပူရသလို နောက်ဆုံးလမ်းဖောက်တာထိကို လုပ်ပေးနိုင်တဲ့ အနေအထား ရှိခဲ့တယ်။ တနည်းအားဖြင့် ဘုန်းကြီးကျောင်းတွေဟာ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် လိုအပ်တဲ့ social functions တွေကို လုပ်ပေးနေတဲ့ institution တွေ လူမှုအဆောက်အအုံတွေပဲ။
ခုလို လူအဖွဲ့အစည်းတခုမှာ မရှိမဖြစ်လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပေးနေတဲ့ လူမှုအဆောက်အအုံတွေဟာ ဘုန်းကြီးကျောင်းတွေတင်မကပါဘူး။ နာရေးကူညီမှုအသင်းဟာ လူ့အဖွဲ့အစည်းတွင်း မရှိမဖြစ် လိုအပ်တဲ့ functions တွေကို ဖြည့်ဆည်းပေးနေတဲ့ လူမှုအဆောက်အအုံတွေထဲမှာ အပါအ၀င် ဖြစ်တယ်။ လူ့အဖွဲ့အစည်းထဲမှာ ဒီလိုအဆောက်အအုံတွေဟာ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုမှုနဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဆက်စပ်စဉ်းစားကြည့်ရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူတွေဟာ ဖာသိဖာသာ နေတဲ့ဓလေ့ ထွန်းကားပြီး ရုပ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ community spirit အားကောင်းတယ်။ ရပ်ကျိုး ရွာကျိုး စုပေါင်းလုပ်တာကို အားပေးတဲ့ ဓလေ့တွေ ထွန်းကားတယ်။ နှစ်ဆန်းတရက်နေ့ ပရိတ်ရွတ်တာတို့၊ အသံမစဲ ပဌာန်းပူဇော်တာတို့လို စုပေါင်းရှင်ပြုတာတို့လို လုပ်ရပ်တွေဟာ ဒီဓလေ့ထဲမှာ အကျုံးဝင်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ဒါမျိုး လိုမှ မလိုတာ။ နောက်တခါ ဗေဒင် ယတြာယုံကြည်မှု အားကောင်းတယ်ဆိုတာလည်း formal counselling service ကျကျနန မရှိတဲ့ နိုင်ငံတွေမှာ တူညီတဲ့ ရည်ရွယ်ချက်မျိုး equivalent function ကိုဖြည့်ဆည်းပေးဖို့ အားကောင်းတာ ဖြစ်နိုင်တယ်။
ခုတခါ ရာဇ၀တ်မှုအလှည့်ရောက်ပြီ။ Durkheim က ရာဇ၀တ်မှုဟာ လူ့အဖွဲ့အစည်းတခု ပုံမှန်အလုပ်လုပ်နိုင်ဖို့ရာ အရေးပါတဲ့ ရည်ရွယ်ချက် social function တွေကို ဖြည့်ဆည်းပေးနေတယ်လို့ဆိုတယ်။ သူပြောတဲ့ ရာဇ၀တ်မှုရဲ့ social function ကဘာလဲ ဆိုတာ ခုကြိုးစားပြီး ရှင်းကြည့်မယ်။
ခိုးမှုဟာ ရာဇ၀တ်မှု၊ လူသတ်မှုဟာ ရာဇ၀တ်မှု ဖြစ်တယ်။ ဒါဘာ့ကြောင့်လဲ။ ရာဇ၀တ်မှုဆိုတာ လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့ အရာတခုဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုတွေကို (ဥပမာ သူများပိုင်ကိုခိုးယူမှု)ကျူးလွန်တဲ့ လုပ်ရပ်ကို ရာဇ၀တ်မှုလို့ သတ်မှတ်ကြတာ ဖြစ်တယ်။ ခိုးမှုကို ရာဇ၀တ်မှုလို့ မသတ်မှတ်တဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လို အဖွဲ့အစည်း ဖြစ်မလဲ။ ခိုးတာဝှက်တာဟာ သမားရိုးကျဖြစ်နေတဲ့ အဖွဲ့အစည်းဟာ ဘယ်လို အဖွဲ့အစည်းဖြစ်မလဲ။ ကျွန်တော်တို့အားလုံး လက်ခံထားတဲ့ ကျင့်ဝတ်တွေနဲ့ ညီတဲ့ လူ့အဖွဲ့အစည်းတော့ ဖြစ်မယ် မထင်ဘူး။ ဒီတော့ ရာဇ၀တ်မှုဟာ လူ့အဖွဲ့အစည်းထဲကလူတွေရဲ့  ကျင့်ဝတ်ပိုင်း ဆိုင်ရာ အဆင့်အတန်းကို သွယ်ဝိုက်ဖော်ပြနေတဲ့ အရာတခုပဲ။ အားလုံးက တညီတညွတ်ထဲ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တခု၊ ယုံကြည်ချက်တခု (ဥပမာ ခိုးမှုဟာ မကောင်းဘူးဆိုတဲ့ အယူအဆ) ကို ဖောက်ဖျက်တဲ့ အခါမှာ (တနည်းအားဖြင့် ရာဇ၀တ်မှု ဖြစ်ပွားတဲ့အခါမှာ) လူ့အဖွဲ့အစည်းထဲမှာ မှန်ကန်တဲ့ လုပ်ရပ်ဟာဘာ၊ မမှန်ကန်တဲ့ လုပ်ရပ်ဟာ ဘာဆိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်။ အကျိုးဆက်အားဖြင့် လူတွေဟာ မတရားမှု (ဒါမှမဟုတ် မသင့်တော်တဲ့ ယူဆမှုတခု)ကို စုပြုံဆန့်ကျင်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းထဲမှာ တစည်းတလုံးထဲ ရှိမှုကို ဖြစ်စေတယ်။ ရာဇ၀တ်မှုဆိုတာ လူ့အဖွဲ့အစည်းရဲ့ collective conscience ဆိုလိုတာက လူ့အဖွဲ့အစည်းတခုလုံးက လက်ခံထားတဲ့ ကျင့်ဝတ်စံနှုံးတွေကို ထိပါးခြင်းဖြင့် လူ့အဖွဲ့အစည်းထဲမှာ social cohesion တဦးနဲ့တဦးစည်းနှောင်မှုကို ဖြစ်စေတယ်။ ဒါကို Durkheim ပြောတာက
We do not condemn it because it is a crime, but it is a crime because we condemn it.
ရာဇ၀တ်မှုမို့ လူတွေက ရှုံ့ ချတာမဟုတ်ဖူး။ လူတွေက ရှုံ့ ချတဲ့အတွက်ကြောင့်သာ ရာဇ၀တ်မှု ဖြစ်နေတာလို့ ပြောတယ်။ ပြောခဲ့တဲ့ လူ့အဖွဲ့အစည်းတွင်း social cohesion ဖြစ်စေတာဟာ ရာဇ၀တ်မှုရဲ့ အရေးပါတဲ့ social function လို့ Durkheim ကပြောတယ်။
လူ့အဖွဲ့အစည်းတွင်း စည်းလုံးမှုကို ဖြစ်ပွားစေတာမို့ ရာဇ၀တ်မှုဟာ တကယ်တော့ မကောင်းတဲ့ အရာမဟုတ်ဖူး။ လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာနဲ့ ရှင်သန် ရပ်တည်ဖို့ စောစောက ပြောခဲ့တဲ့ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတွေက ပရဟိတ အသင်းအဖွဲ့တွေလို မရှိမဖြစ်အရေးပါတဲ့ အရေးပါတဲ့ အရာတခုပဲ။ Crime is a part and parcel of a healthy society.
ဒီအတွက်အကောင်းဆုံးဥပမာတခုကို ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ ကျေးဇူးတရားကို အကြောင်းပြုပြီး ငြင်းတဲ့ အငြင်းအခုံတွေမှာ တွေ့ခဲ့ကြရတယ်။ ဒီအကြောင်းက အတော်များများလည်း သိနေပြီးသားမို့ ထပ်မပြောတော့ဘူး။ ဒီအငြင်းအခုံမှာ wesheme, ritako နဲ့ kopaw07 တို့ဘလော့မှာ ရေးခဲ့တဲ့ မှတ်ချက်တွေကို ကြည့်ပြီး ခုဥပမာကို ကျွန်တော်သတိပြုမိတယ်။ ကွန်မင့်ထားခဲ့သူတွေက ကိုပေါနဲ့ ရီတာကို တဂိုဏ်းထဲ သတ်မှတ်ပြီး ကိုအင်ဒီကိုတော့ တဂိုဏ်းသတ်မှတ်တယ်။ ဒါမှားချင်မှားမယ်။ ဒါပေမယ့် သူတို့ ယေဘုယျအားဖြင့် ဒီလို သတ်မှတ်တာကတော့ အမှန်ပဲ။ နောက် ဒီနှစ်ဂိုဏ်းနဲ့ ပတ်သက်ပြီး (စိတ်မရှိပါနဲ့ဗျို့ ။ သုံးယောက်စလုံးရဲ့ ရပ်တည်ပုံကို ကျွန်တော် သေချာသဘောပေါက်တယ်ထင်ပြီး သုံးယောက်လုံးအမြင်ဟာ mutually exclusive ဖြစ်တယ်လို့ ကျွန်တော် မမြင်ပါဘူး။ ဒါပေမယ့် for the sake of argument လောလောဆယ်မှာ တော်တော်များများ မြင်ပုံရတဲ့ အမြင် (တချို့ လည်း အားနာလို့ ထုတ်ပြောချင်ပုံ မရဘူး)ကို လိုက်ပြီး ဂိုဏ်းနှစ်ဂိုဏ်းလို့ ပြောလိုက်တာပါ။) သူတို့ရဲ့  အမြင်ကိုကြည့်ရင် ၀န်ဆောင်မှုနဲ့ ပိုက်ဆံ လဲလှယ်တာတောင် ကျေးဇူးစကား ဆိုလိုက်တာ ကောင်းတယ်လို့ ပြောတဲ့ ကိုအင်ဒီအမြင်ကို ထောက်ခံသူ ပိုများတာ သတိပြုမိတယ်။ တဘက်မှာ ကိုပေါနဲ့ ရီတာ နှစ်ယောက် (ညီလင်းဆက်ကတော့ ဘာမှဝင်မပြောတဲ့အတွက် သူ့ကို ထည့်မပြောတော့ဘူး)ကို ထောက်ခံသူကတော့ ကိုအင်ဒီလောက် မများဘူး။ ကိုအင်ဒီ့ဘလော့မှာ သူ့ကို ချီးကျူးပြီး ရင့်ရင့်သီးသီးပြောတာ ကျွန်တော်မတွေ့ရပေမင့် ကိုပေါဘလော့မှာတော့ ကိုပေါနဲ့ ရီတာကို ရင့်ရင့်သီးသီးပြောတာ ပိုတွေ့ရသလိုပဲ။
စာဖတ်သူတွေက (သူတို့အမြင်လွဲနေရင်တောင်မှ) ကိုပေါနဲ့ရီတာ နှစ်ယောက်ဟာ သူတို့ရဲ့  collective conscience ကို လာတိုက်ခိုက်နေတယ်လို့ ခံစားရပုံရတယ်။ ကျေးဇူးတရားနဲ့ ပတ်သက်ပြီး ကိုယ်တသက်လုံး မှန်ကန်သင့်မြတ်တယ်လို့ ခံယူထားတဲ့ စံနှုံးစံထားတွေ အတိုက်ခိုက်ခံနေရတယ်လို့ ယူဆကြတယ်။ ကိုပေါနဲ့ရီတာနှစ်ယောက်ရဲ့ အမြင်တွေကို ၀ိုင်းဆန့်ကျင်ရင်းနဲ့ စည်းလုံးမှုရသွားကြတယ်၊ တနည်းအားဖြင့် အင်တာနက်ပေါ်က ဗမာ netizen တွေရဲ့  community spirit ကို ပိုအားကောင်းသွားစေပုံရတယ်။ ကိုအင်ဒီက ဒီစည်းလုံးမှုကို စုစည်းပေးလိုက်ပုံရတယ်။ အဲ့တော့ စိတ်မရှိပါနဲ့ ကိုပေါနဲ့ ရီတာရေ။ ကိုပေါနဲ့ ရီတာဟာ အင်တာနက်ပေါ်မှာ community spirit အားကောင်းစေဖို့ sacrificial lambs ယဇ်ပူဇော်ခံရသူတွေလို ကျွန်တော့်မျက်စိထဲ မြင်မိတယ်။ You both served a very important function in strengthening social cohesion among Burmese community on the internet. အဲ့ဒိအတွက် ကိုပေါရော၊ ရီတာရော၊ ကိုအင်ဒီ့ကိုပါ စုပြုံပြီး ကျေးဇူးတင်ထိုက်ပါတယ်။ ဘယ်သူတင်တင်မတင်တင် ကျွန်တော်ကတော့ ရေးစရာ ရသွားတဲ့အတွက် ကျေးဇူးပါ။
ဝတုတ်
Philosophers have only interpreted the world, in various ways; the point is to change it. –Karl Marx-
Discussion
40 thoughts on “ရာဇ၀တ်မှုဆိုတာ တကယ်ပဲ မကောင်းဘူးလား
  1. ကိုဝတုတ်ရေ၊ ကျနော်မြင်တာကတော့ ဒီကိစ္စဟာ အတွေးအခေါ်ပညာရှင်တွေကနေ ရှင်းနေတာကို ရှည်ရှည်တွေးပြီး ရှုပ်အောင်လုပ်နေတာလို့ပဲ မြင်ပါတယ်။ ဒါဟာလည်း သူတို့အလုပ်ဆိုတော့လည်း အပြစ်တော့ မဟုတ်ပါ။
    ဥပမာ အဖြူ၊ အမည်းနဲ့ အခုကျနော်တို့ကြီးလာတော့ ကြားက မီးခိုးရောင်ရပ်ဝန်းကိုပါ လက်ခံလာကြရာမှာ အမည်းကြောင့် (မီးခိုးရောင်နဲ့) အဖြူရောင်ဆိုတာ ရှိလာရတယ်၊ အဖြူကိုနှစ်သက်ရင် အမည်းရောင်ကို ကျေးဇူးတင်ရမယ်ဆိုတာမျိုး ရုပ်ရှင်အတော်များများမှာလည်း အဆိုပြုကြတာ တွေ့ဖူးပါတယ်။
    မကောင်းမှုကြောင့် ကောင်းမှုဆိုပြီး အခေါ်အဝေါ်ဖြစ်လာတဲ့အတွက် မကောင်းမှုကိုကောင်းတယ်လို့ပြောဖို့ရာ မဖြစ်နိုင်ပါ၊ နှိုင်းယှဉ်ချက်အတွက်အဖြည့်ခံတာ၊ တစ်ဖက်အရာ ထင်ရှားလာအောင် အထောက်ကူပြုတာဟာ နှိုင်းယှဉ်ခံရတဲ့ အရာ သို့မဟုတ် အခြေအနေနဲ့ တူညီတဲ့သဘောသဘာဝဆီကို ရောက်မလာပါ၊ တူမလာပါ။
    အဆိပ်နဲ့ အန္တရာယ်ကင်းတဲ့အစာတွေမှာ အဆိပ်ကိုကျေးဇူးတင်စရာ မလိုပါ၊ မရှိမဖြစ်အရာလည်း မဟုတ်ပါ၊ ဒါပေမယ့် ရှိနေတဲ့အတွက် အထောက်အကူရမယ်၊ မရှိအောင်ကျိုးစားစေတဲ့အနေအထားဆီကို တွန်းပို့မယ်၊ ဖယ်ထုတ်လို့မရလို့ မရှိမဖြစ်ဆိုတဲ့ ကောက်ချက်ဆီဆွဲသွားတာဟာ ၊ အကောင်းမြင်ဝါဒီလို့ နာမည်တပ်ရမလား၊ ကဲ .. ကျနော်လည်း အဲဒါတွေ မသင်ဖူးတော့ နောက်ကဆရာ၊ ဆရာမတွေဆီ လက်ဆင့်ကမ်းလိုက်ပါတယ်ဗျာ။
    Posted by မန်းကိုကို | 10/06/2010, 23:36
    • ကိုမန်းကိုရေ
      ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်ရယ်လို့ မဟုတ်ပါဘူး။ ရှင်းနေတယ်ဆိုတဲ့ စကားကိုက ကျွန်တော့်အတွက် မေးခွန်းထုတ်စရာပါ။ Durkheim အယူအဆကို စိတ်ဝင်စားရင် အင်တာနက်ပေါ်မှာ ကိုမန်းကို ရှာကြည့်ပါ။ ကျွန်တော်ကတော့ မသိသေးတဲ့လူတွေကို မိတ်ဆက်ပေးရုံသက်သက်ပါ။ နောက် ကျေးဇူးနဲ့ ပတ်သက်ပြီး ငြင်းကြခုံကြတာတွေမှာ Durkheim ရဲ့ အယူအဆနဲ့ နားလည်လို့ရတာကို တွေ့မိလို့ မျှလိုက်တာပါ။
      Posted by zizawa | 11/06/2010, 17:17
      • ရာဇ၀တ်မှုဆိုတာ တကယ်ပဲ မကောင်းဘူးလို့ပဲ ထားလိုက်ပါဗျာ။ ကိုမန်းကိုကို ပြောသလို အမဲရှိလို့ အဖြူရှိတာ။ ဒါ့အကြောင့် အမဲဟာ အဖြူဖြစ်တည်မှုအတွက် မရှိမဖြစ်တရားဖြစ်တဲ့အတွက် အဖြူလိုပဲ ညီတူအစွမ်းသတ္တိရှိတယ် (သို့) ကောင်းတယ်လို့တော့ ယူဆစရာမလိုဘူးထင်ပါတယ်။ ထိုယူဆချက် မှန်မမှန်ကျားကန်ပေးနိုင်မယ့် ideology တွေ philosophy တွေနဲ့ ရှုပ်ထွေးစွာ သက်သေပြစရာလဲ မလိုဘူးထင်ပါတယ်။ ဒီလို လောဂျစ်အရ ရုတ်တရက် မှန်သလိုလိုထင်ရတဲ့ အယူမျိုးတွေ ဘာသာတရားတွေမှာလဲ ပေါ်ဖူးပါတယ်။ ဥပမာ အရှင် ဥက္ကဌရဲ့ လူသေလူဖြစ်လိုမျိုး။ အကြောင်းအရာ သဘောအရ မဆိုင်ပေမယ့် logical paradoxes အရတူတယ်ထင်လို့ ဆွဲယူဥပမာပေးလိုက်တာပါ။
        ကျေးဇူးနဲ့ပတ်သက်ပြီးငြင်းခုန်နေကြတာကိုတော့ ဘလော့တွေလည်ပတ်ရင်း ဖတ်မိပါတယ်။ ကိုဝတုတ်ရေးသားထားတဲ့ neutral philosophy view အရ social cohesion to protect collective consciences ဆိုတာကို လက်ခံသဘောကျပါတယ်။ ဒီထက်တော့ ဒီအရာဟာ တခုတ်တရ ဆွေးနွေးငြင်းခုန်စရာ လို့မမြင်ပါဘူး။ ဘာလို့ဆို ကျေးဇူးတင်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကျေးဇူးတရားဆိုသည်မှာ civilized society အတွက် မရှိမဖြစ် တရားဖြစ်ပြီး၊ ကျေးဇူးတရားကို abuse လုပ်ခြင်း၊ ကျေးဇူးတရားကို သေးသိမ်စေခြင်းဆိုတာကတော့ ရာဇ၀တ်မှုကျူးလွန်သူတွေလိုပဲ individual အပျက်တရားလို့ပဲ ယူဆလို့ဖြစ်ပါတယ်။
        Posted by Nanda | 11/06/2010, 18:02
      • ရာဇ၀တ်မှုဆိုတာ မကောင်းဘူးဆိုတာထက် မကောင်းလို့ကို ရာဇ၀တ်မှုလို့ Durkheim ကပြောချင်တာပါ။ ရာဇ၀တ်မှုဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တခုက လုပ်ရပ်တခုဟာ လူ့အဖွဲ့အစည်းထဲ လက်ခံထားတဲ့ ကျင့်ဝတ်တွေ နှုံးစံတွေကို ချိုးဖောက်တဲ့ အတွက်သာ ဒီလုပ်ရပ်ဟာ ရာဇ၀တ်မှုအဖြစ် ခေါ်ဆိုခံရတာလို့ Durkheim ကပြောတာပါ။
        ခုစကားဝိုင်းကိုကြည့်ပြီး ကျွန်တော်စာတောင်ပြန်သင်ချင်တယ်။ ကိုယ်စိတ်ဝင်စားတာကို စိတ်ဝင်စားတဲ့လူတွေနဲ့ အာလူးဖုတ်ချင်တယ်။ အင်တာနက်ပေါ် ရေးနေရတာ တချက်တချက် အားမရဘူး။ ကျွန်တော် ဘွဲ့ရတော့ ဘွဲ့လွန် မတက်ခင် နှစ်နှစ်လောက် စာသင်လိုက်သေးတယ်။ A level သင်္ချာကို နှစ်နှစ် သင်ဖူးတဲ့ အတွေ့အကြုံရှိတယ်။ ဗမာပြည်မှာ စာပြန်သင်ချင်တယ်ဗျာ။
        Posted by zizawa | 11/06/2010, 22:28
      • ရှင်းတာကို ရှုပ်အောင်လုပ်တာက Durkheim ပါ၊ ကိုဝတုတ် ဝေမျှတယ်ဆိုတာလည်း လက်ခံပါတယ်။ လူ့ဘောင်ကို ဒီလိုပဲတိုးတက်အောင် တဆင့်ချင်း တည်ဆောက်လာခဲ့ကြတာပါ။
        ကျနော်ကိုယ်တိုင်တောင် လူမှုရေး၊ နိုင်ငံရေးစသည်ဖြင့် ကိုယ်သတိမထားမိတာတွေကို ကြိုးစားရှာပြီး တွေးတောဆုံးဖြတ်ဖို့ ကြိုးစားနေပါတယ်။ ဒါမှ နောင်အသုံးပြုတဲ့အခါ အဆင်သင့် ဖြစ်ပါလိမ့်မယ်။
        သတိထားစရာကတော့ အတွေးလွန်ပြီး အဝတ်လျှော်တဲ့အမျိုးသမီး မြက်ကလေးတွေနဲ့ အသာသွင်းသွားနိုင်တဲ့ နွားမကို အတွေးအခေါ်ပညာရှင်နဲ့ သူ့သားတို့နှစ်ယောက် အတော်ကြာကြာ ခြံထဲတွန်းသွင်းနေမိတဲ့ အဖြစ်မျိုးမရောက်အောင်သာ သတိထားကြရမှာပါ။ ဒါတွေကြောင့်လည်း ထောက်ပြအကြံပေးသူတွေဟာ တခါတရံ အလွန်အရေးပါနေတတ်ပါတယ်။
        Posted by မန်းကိုကို | 12/06/2010, 09:30
  2. ဟားဟား….ဒါဆိုရင် အင်တာနက်အသုံးပြုတဲ့ မြန်မာလူ့အဖွဲ့အစည်းကြီး စည်းလုံးညီညွတ်ရေးအတွက် “ရီတာ နဲ့ ကိုပေါက အနစ်နာခံ ပေးဆပ်စွန့်လွှတ်လိုက်ပါတယ် လို့ ကြီးကြီးကျယ်ကျယ် ကြွေးကြော်လိုက်ဖို့် အချိန်မီသေးတယ်ထင်ရဲ့်။ ကျေးဇူးသိတတ်သူတွေအနေနဲ့ ကျနော်နဲ့ ရီတာကို အမြန်ဆုံးလာပြီး တန်းစီကျေးဇူးတင်ကြဖို့ တိုက်တွန်းလိုပါတယ်။း-)
    အရင်ပို့စ်မှာ ပါတဲ့ ကျေးဇူးတင်ထိုက်သူစာရင်းမှာ အနည်းငယ် ဖြည့်စွက်ပြောချင်ပါတယ်။ နွားတွေမှာ ကျေးဇူးရှိလို့ အမဲသားရှောင်တဲ့လူတွေလည်း ရှိတယ်မို့လား။ ဒီတော့ ကြက်ဥတွေ ဥပေးတဲ့အတွက် ကြက်မတွေမှာ ကျေးဇူးရှိပါတယ်။ ကြက်ဥစားသူများ ကျေးဇူးရှင်ရဲ့အသားကို မစားကြပါနဲ့လို့ တိုက်တွန်းရရင်ကောင်းမလား။ အလားတူ အချဉ်ဖောက်တဲ့အခါ မိုက်ခရိုအော်ဂနစ်ဇင် ခေါ်တဲ့ ဘက်တီးရီးယားတွေပါခဲ့ရင် အချဉ်ဖြစ်လာဖို့ သူတို့ရဲ့ ကျေးဇူးလည်း ရှိမှာပေါ့ဗျာ။ ကျေးဇူးရှင်ကို ဗိုက်ထဲမထည့်ကြပါနဲ့လို့ နှမ်းပတ်ချဉ်တို့၊ မုန်လာချဉ်တို့က အော်နေမလား စဉ်းစားမိတယ်။
    ကိုဝတုတ်ရေးပြမှပဲ ကိုယ့်ကိုကိုယ် ယဇ်ကောင်နေရာလေးမှာ ထားပြီးမြင်ကြည့်တယ်။ ကံဆိုးသူမောင်ရှင် နေရာကပေါ့။ သနားစရာလေးဗျ။ ဖြစ်ချင်းဖြစ် ယစ်ရွှေရည်ထဲမှာ အနှစ်ခံရတဲ့ ယစ်ကောင်လေးပဲ ဖြစ်ချင်ပါတယ်ဗျာ။ ယဇ်ကောင်တော့ မဖြစ်ချင်ပါဘူး။
    ဒါထက် အခုလို ပို့စ်ကလေးတွေ ရေးတင်တဲ့ ကိုဝတုတ်ကို ဦးတို့မြန်မာ့အသံကလည်း…အဲလေ…. ကျနော် ကျေးဇူးတင်ကြောင်း ပြောပါရစေကွယ်။
    Posted by kopaw | 11/06/2010, 02:03
  3. harharr
    ကျွန်မကတော့ ကိုမန်းကိုကို လို မမြင်ဘူး ဒီတခါ။
    ဘာလို့ဆို မနေ့ကပဲ ဒီအဖြစ်အပျက်ကို ကိုဝတုတ် တွေးသလိုမျိုး ခပ်ဆင်ဆင် အတွေးပေါက်မိလို့။
    Bro ဘာဆိုလိုချင်တာလဲ ဆိုတာကို သဘောပေါက်တယ်လို့ ကိုယ့်ဘာသာ ထင်မိတယ်။
    Posted by RITA | 11/06/2010, 04:30
  4. (((ဟားဟား….ဒါဆိုရင် အင်တာနက်အသုံးပြုတဲ့ မြန်မာလူ့အဖွဲ့အစည်းကြီး စည်းလုံးညီညွတ်ရေးအတွက် “ရီတာ နဲ့ ကိုပေါက အနစ်နာခံ ပေးဆပ်စွန့်လွှတ်လိုက်ပါတယ် လို့ ကြီးကြီးကျယ်ကျယ် ကြွေးကြော်လိုက်ဖို့် အချိန်မီသေးတယ်ထင်ရဲ့်။ ကျေးဇူးသိတတ်သူတွေအနေနဲ့ ကျနော်နဲ့ ရီတာကို အမြန်ဆုံးလာပြီး တန်းစီကျေးဇူးတင်ကြဖို့ တိုက်တွန်းလိုပါတယ်။)))
    Posted by Rita | 11/06/2010, 12:46
  5. I agree with Ko Wa Tote.
    Religion is not necessary for me.
    (That is only my way)
    You can angry with me above my word.
    That is your right.
    BINO
    Posted by Bino | 12/06/2010, 13:02
  6. (sorry for mixed up Myanmar and English language due to my time constraint)
    I don’t know about others but I think that Ko Paw, NLS, Rita wrote about “ကျေးဇူးတရား “topic in Burmese and we ,Burmese, read those posts and most of us, understood the same way because we took meaning according to their words though they might intend to write different meaning.
    Me, as well, I did not get what they meant on their posts; instead I got against feeling according to the meaning which I got from their posts. That is not because I am a typical Burmese that is because I think those ideas against many societies (not only Burmese societies) which I know so far. You said, you don’t think Ko Andy, Ko Paw, Rita (NLS)posts are mutually exclusive, but obviously, many of readers got what Ko Andy meant and did not get what Ko Paw, Rita (NLS)meant. Probably, many readers got ” အ မြင်လွဲ” but I remember one of prof’s said when we wrote our thesis that you must write your theme to make understand for those people who have even zero level of knowledge in your professional area. Well, “ကျေးဇူးတရား” is not so difficult subject for all of us. That is simple reason that why many support Ko Andy and…
    (BTW, in the comment section of Ko Paw’s “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ် စကား”, I could not follow Ko Andy’s idea and I agreed with Ko Paw n Rita’s comments and their comments are very clear what they meant)
    For your post, a few questions came across to my mind.
    ##”….အမြင်တွေကို ၀ိုင်းဆန့်ကျင်ရင်းနဲ့ စည်းလုံးမှုရသွားကြတယ်၊”
    ဒါဆိုရင် မြန်မာနိုင်ငံသားအများစုက သူတို့တွေ (သူတို့တွေကအားလုံးသိတဲ့သူတို့ပါ)လုပ်ရပ်ကိုဆန့်ကျင်ပေမဲ့
    ဘာလို့အားလုံးကစည်းလုံးမှုမရသေးတာလဲ?
    ##”လူ့အဖွဲ့အစည်း တခုက လုပ်ရပ်တခုဟာ လူ့အဖွဲ့အစည်းထဲ လက်ခံထားတဲ့ ကျင့်ဝတ်တွေ နှုံးစံတွေကို ချိုးဖောက်တဲ့ အတွက်သာ ဒီလုပ်ရပ်ဟာ ရာဇ၀တ်မှုအဖြစ် ခေါ်ဆိုခံရတာလို့ Durkheim ကပြောတာပါ။”
    ဒါဆိုရင်လူ့အဖွဲ့အစည်းထဲ လက်ခံထားတဲ့ ကျင့်ဝတ်တွေ နှုံးစံတွေပြောင်းပြီး မကောင်းမှူတွေကကျင့်ဝတ်တွေ နှုံးစံတွေဖြစ်လာရင်ကောင်းမှူတွေကရာဇ၀တ်မှုဖြစ်လာမှာလား?
    ##”ရာဇ၀တ်မှုမို့ လူတွေက ရှုံ့ ချတာမဟုတ်ဖူး။ လူတွေက ရှုံ့ ချတဲ့အတွက်ကြောင့်သာ ရာဇ၀တ်မှု ဖြစ်နေတာလို့ ပြောတယ်။”
    လူတွေက မရှုံ့ ချရင် ရာဇ၀တ်မှု မဖြစ်တော့ဘူးလား?
    ကျွန်မသဘောပေါက်တာကတော့၊ ကိုဝတုတ်အရင်ပို့စ် တခုမှာရေးထားသလိုမတရားမှုကို ဘာ့ကြောင့်မလုပ်သင့်ဘူးလဲဆိုတော့မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ ဆိုသလိုဘဲ မကောင်းမှူ ဟာမကောင်းမှူ ဖြစ်နေတဲ့အတွက်ရာဇ၀တ်မှုဖြစ်နေတာပါ
    TD
    Posted by TD | 12/06/2010, 19:21
    • အကောင်းဆုံးကတော့ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်နိုင်တယ်ဆိုရင် Durkheim ရဲ့ crime နဲ့ဆိုင်တဲ့ အပိုင်းကို တိုက်ရိုက်ဖတ်တာ အကောင်းဆုံးပဲ။ ဒါပေမယ့် TD မေးတဲ့ မေးခွန်းတွေကို ကျွန်တော် ကြိုးစားဖြေကြည့်မယ်။
      ပထမမေးခွန်းကို ကျွန်တော်သဘောပေါက်သလောက် ဖြေကြည့်ရရင် စည်းလုံးမှု မရသေးဘူးဆိုတာ ဘာကို ကြည့်ပြောလဲ မသိဘူး။ စစ်အစိုးရက နိုင့်ထက်စီးနင်း လုပ်နေတာတွေကို လူတွေကရာဇ၀တ်မှုအဖြစ်နဲ့ မြင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ရာဇ၀တ်မှုကို အောင်အောင်မြင်မြင် တရားစွဲနိုင်တာ မနိုင်တာက နောက်တပိုင်းပဲ။ ဥပမာဗျာ အစိုးရဆန့်ကျင်ရေး စာရွက်ဝေတာနဲ့ ထောင်ဆယ်နှစ်ကျော် ချတာကို လူ့အဖွဲ့အစည်းတခုကတရားတယ်၊ ရာဇ၀တ်မှု မမြောက်ဘူးလို့ မြင်တယ်ဆိုရင် နောက်တခါ ဒီလိုလုပ်ရပ်ကို သာမန်လုပ်ရပ်လို့ သဘောထားနေရင် တရားတယ် မတရားဘူးဆိုပြီး နက်နက်နဲနဲ ခံစားမနေရင် ဥပမာဗျာ ဦးဝင်တင်လို ပုဂ္ဂိုလ်တယောက်ကို ထောင်ထဲမှာ သွားတွေ ရိုက်ချိုးတာကို ဗမာပြည်သား ၁၀ ယောက်မှာ ၈ ယောက် ၉ ယောက်လောက်က မတရားမှု အဖြစ်မမြင်ဘဲ ဒါလုပ်မှာဘဲဆိုပြီး ခပ်ပေါ့ပေါ့ပြောနေရင် အဲဒိလူ့အဖွဲ့အစည်းမှာ ကျွန်တော်တော့ မနေရဲဘူး။ ဗမာပြည်မှာ ဒီလိုလုပ်ရပ်ကို ဘယ်သူကမှ တရားတယ်မပြောဘူးလို့ ယုံတယ်။ ကိုယ့်ဘက်က ဇာဂနာ့စကားငှားပြောရရင် ရင်ထဲ ဒေါသထွက်ရုံမှအပ ဘာမှ မလုပ်နိုင်သေးတာသာ ရှိတာ။ အနည်းဆုံးဗျာ ဒါကို မတရားမှု ရာဇ၀တ်မှုအဖြစ် သတ်မှတ်သေးရင် ကျွန်တော်တို့တိုင်းပြည်ဟာ ကျင့်ဝတ်ပိုင်းအရ bankrupt မဖြစ်သေးဘူး။ အဲဒိအချက်မှာ လူတွေဟာ စည်းလုံးကြတယ်လို့ ထင်တယ်။ ပေါ်ပေါ်ထင်ထင်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
      ဒုတိယမေးခွန်းက အရမ်းကောင်းတယ်။ (တကယ်ပါ patronize လုပ်တာ လုံးဝမဟုတ်ပါ) ပထမမေးခွန်းကို ဖြေထားတဲ့ထဲမှာ ဒုတိယမေးခွန်းလဲ တစိတ်တပိုင်းဖြေပြီးသား ဖြစ်မယ်ထင်တယ်။ Durkheim ရဲ့ အမြင်ကို ပြန်ကောက်ရရင် လူတွေက သူတို့ရဲ့  collective conscience ကိုထိပါးတဲ့ လုပ်ရပ်ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တယ်လို့ Durkheim ကပြောတယ်။ တနည်းအားဖြင့် ရာဇ၀တ်မှုဆိုတာ လူအဖွဲ့အစည်းက သတ်မှတ်တာ။ ရာဇ၀တ်မှုဖြစ်ဟာ လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်ပိုင်းအရ လက်ခံနိုင်ဖွယ်ရှိတဲ့ အယူအဆ၊ လုပ်ပုံကိုင်ပုံနဲ့ morally acceptable views/behavior နဲ့ လက်ခံနိုင်ဖွယ် မရှိတဲ့ အယူအဆ၊ လုပ်ပုံကိုင်ပုံတွေကို ကတ္တားခြား လိုက်တဲ့ အဖြစ်အပျက်တခုလို့ Durkheim ကပြောချင်တာ၊ ရာဇ၀တ်မှုဟာ ကျင့်ဝတ်ပိုင်းအရ လက်ခံနိုင်ဖွယ်ရှိတဲ့ လုပ်ရပ်နဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်ကြားမှာ နယ်နမိတ် သတ်မှတ်ပေးတဲ့ ဖြစ်ရပ်ပဲ။ အဲဒါကြောင့် Crime brings together honest people and concentrates them လို့ပြောကြတာ။ တချို့ လုပ်ရပ်တွေက morally reprehensible ဖြစ်တာ၊ ရွံ့ စရာကောင်းတာ ရှင်းတယ်။ ဥပမာ မကြာသေးခင်က သြစတြီးယားမှာ ဖအေက သမီးကို နှစ်ပေါင်းများစွာ သားမယားအဖြစ်ပြုကျင့်တဲ့အမှု။ Joseph Fritzl လို့ရှာရင် တွေ့လိမ့်မယ်။ ဒီလိုရွံ့ စရာ ကောင်းတဲ့လုပ်ရပ် ဖြစ်တဲ့အတွက် ဒါကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်တာ။ အကယ်၍သာ ဒါကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ဖူးဆိုရင် ဒီလူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်အဆင့်အတန်း moral standard ဟာ ဘယ်လောက် နိမ့်ကျနေမလဲ။ အဲ့သလို အဖွဲ့အစည်းမျိုးမှာ TD ပြောသလိုပဲ ဖအေက သမီးကို မုဒိမ်းကျင့်တဲ့လုပ်ရပ်ဟာ ရာဇ၀တ်မှု မမြောက်တဲ့ လုပ်ရပ်ဖြစ်မှာဘဲ။ အဲဒိလူ့အဖွဲ့အစည်းမှာ နေကိုမနေနဲ့တော့။
      တတိယမေးခွန်းက ကျွန်တော်တန်းမဖြေနိုင်ဘူးဗျာ။ အမှုတခုဟာ ကောင်းတယ် မကောင်းဘူးဆိုတာ တန်းပြီး ရှင်းရှင်းလင်းလင်းသိနိုင်လားဆိုတာနဲ့ စရင်ကောင်းမယ် ထင်တယ်။ ကျွန်တော်တို့ ကောင်းတယ်ဆိုးတယ်ဆိုပြီး သတ်မှတ်ထားတဲ့ အရာတွေ အမှုတွေဟာ ကျွန်တော်တို့ အသိနဲ့ သီးခြားရပ်တည်ပြီးရှိနေနိုင်လား။ နည်းနည်းစားတယ်။ သည်းခံပြီး ဖတ်ပေးပါ။ အိုကေ။ သူများပစ္စည်းခိုးတာ မကောင်းတာကို လူမှန်းသိတတ်စ အရွယ်မှာ ကိုယ့်ကို သင်ပေးလို့ သိတာလား၊ ဒါမှမဟုတ် ကိုယ်က ဒါကို သိသိ မသိသိ သူများပစ္စည်းခိုးတာ ကောင်းကို မကောင်းဘူးလား။ ကျွန်တော် အထင်တော့ (မှားချင်မှားမယ်ဗျာ) ကျင့်ဝတ်နှုံးစံတွေကို ကျွန်တော်တို့ကို လူ့အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့ ခေါင်းထဲ တဖြည်းဖြည်း ထည့်ပေးတာ။ တနည်းအားဖြင့် ကောင်းမှု ဆိုးမှု သတ်မှတ်ရာမှာ လူ့အဖွဲ့အစည်းက အများကြီး သြဇာရှိတယ်။ ခလေးတွေ နားလည်နိုင်စွမ်း ရှိချိန်မှာ ခိုးမှုဟာ မကောင်းမှုဆိုပြီး လူကြီးတွေက သင်ပေးတယ်။ တဘက်မှာ အမှုတခုကို ကောင်းတယ်လို့ သတ်မှတ်တာကိုက ဒီအမှုဟာ လူ့အဖွဲ့အစည်းထဲမှာ အကျိုးရှိလို့၊ ဒါမှမဟုတ် လက်ခံဖွယ်ရှိလို့ သတ်မှတ်ထားတာပဲ။ ဒါကို ကျွန်တော်တို့ ခေါင်းထဲကို ထည့်ပေးတာ။ ပညာရေးရဲ့ ရည်ရွယ်ချက်တခုဟာ ဒါပဲ။ လူအဖွဲ့အစည်းနဲ့ အသားကျအောင် ကျင့်ပေးတာပဲ။ ဒါပေမယ့် မကောင်းမှုဟာ မကောင်းမှုမို့လို့ ဆိုတာကို ကျွန်တော် စိတ်တိုင်း မကျဘူး။ အဲဒိအတွက် ကျွန်တော် အစောပိုင်းက ပြောခဲ့တဲ့ မတရားမှုဟာ မတရားမှုဖြစ်နေလို့ ဆိုတာကိုပါ ပြန်စဉ်းစားရမလို ဖြစ်နေပြီ။ အဲဒိတုန်းကတည်းက ကျွန်တော် စိတ်တိုင်းကျတဲ့ အဖြေ မပေးနိုင်ခဲ့ဘူး။ ခဏသည်းခံပေးဗျာ။ ဒီမေးခွန်းအတွက် ၀ိုင်း contribute လုပ်ဖို့ အားလုံးကို ဖိတ်မန္တကပြုပါတယ်။
      နောက်ကိုပေါ ရီတာနဲ့ ကိုအင်ဒီတို့ကိစ္စ၊ TD ပြောတာ အမှန်ပဲဗျ။ သူတို့အားလုံးက ကိုအင်ဒီက တဘက်၊ ကျန်နှစ်ယောက်က တဘက်လို့ မြင်နေတယ်။ that’s the fact ငြင်းလို့မရဘူး။ ကျွန်တော်ဒီအကြောင်းကို ဖြစ်နိုင်ရင် ထပ်မပြောချင်ဘူးဗျာ။ ကျွန်တော် နားလည်သလောက်က ဟိုနှစ်ယောက်ကလည်းကျေးဇူးတရားကို in general မရှိဘူးလို့ ငြင်းနေတာ မဟုတ်ဖူး။ ဒါပေမယ့် အလကားနေရင် ကျေးဇူးတရားနဲ့ ကိုင်တုတ်နေတာတွေကို လက်မခံတာ။ ဥပမာဗျာ ရီတာ့ဘလော့မှာ ခုနောက်ဆုံး တင်ထားတဲ့ တင်အောင်နီ ကာတွန်းသာကြည့်။ ဒါကို ကျွန်တော်လည်း သဘောတူတယ်။ ကိုအင်ဒီတို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို တခုခုလုပ်ပေးရင် ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်လိုက်လို့ ပြောတာ။ သူတို့ သုံးယောက် အမြင်က မကွာဘူးလို့ပဲထင်တယ်။ ဒါတွေကို အစအဆုံး ပြန်ဖတ်နေရရင် တခြား လုပ်စရာ အလုပ်တွေ လုပ်ဖြစ်မှာ မဟုတ်တော့ဘူး။
      Posted by zizawa | 12/06/2010, 23:51
      • ကိုဝတုတ်ရေးတာ ခုမှနည်းနည်း လိုရင်းဖက် ရောက်လာပြီထင်တယ်၊ ပို့စ်မှာတုန်းက သိပ်လိုရင်းမရောက်လို့ သဘောတွေကွဲနေတာလို့ ထင်မိတယ်။
        Posted by မန်းကိုကို | 13/06/2010, 07:01
      • ဆရာရယ် လိုရင်းတွေက သိပ်များတယ်။ ကျွန်တော်သောကြာသားဆိုတာ တချို့ လည်း မှန်းလို့ရနေလောက်ပါပြီ။ ဒုတိယကမ္ဘာစစ် စာကြွေးလည်းပြီးအောင် ဆပ်ပါ့မယ်။
        Posted by zizawa | 13/06/2010, 08:07
    • TD
      အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်တို့ ရေးလိုက်တဲ့ ဘယ်နေရာက တလွဲတွေးမိစေတာလဲ ဆိုတာကို စာကြောင်း၊ စကားလုံးကို အတိအကျ ဥပမာဆွဲထုတ် ညွှန်းဆိုပြီး အထောက်အထားနဲ့ ပြောစေချင်မိတယ်။
      ဘယ်နေရာကတော့ ဘယ်လို နားလည်မှု လွဲစေပါတယ် ဆိုတာကိုပေါ့။
      ဒီတိုင်းချည်း ပို့စ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ပြောပါတယ်ဆိုတာမျိုးကတော့ (ဖတ်ဖြစ်သလား မဖတ်ဖြစ်သလား မသိဘူး) ကိုပေါ ကိုယ့် comment တွေ ပြန်တင်တဲ့ post မှာ ခရေဖြူရေးသွားတဲ့ အကြွေးစာရင်း ဥပမာနဲ့ တူနေတယ်။
      ဘယ်နေရာမှာ ဘယ်လို ဆိုတာ မပါဘဲ “နင့်ကို ငါ အများကြီး ချေးထားဖူးတယ်” ဆိုတာလိုမျိုးပဲ။
      ဘာမှ လာရှင်းပြမနေနဲ့။ ငါ ဖတ်လိုက်ရတာတော့ နင်တို့ အဲလိုပဲ ရေးထားတယ် ဆိုတာမျိုးဖြစ်နေတယ်။
      နောက် ကိုအင်ဒီ ရေးတယ် ဆိုတဲ့ ကိစ္စက ကိုအင်ဒီအနေနဲ့ စာဖတ်သူတွေကို ဘယ်သူက ဘာလုပ်ပေးပေး ဘယ်လောက် သေးမွှားမွှား ကျေးဇူး တင်သာတင်လိုက်ပါလို့ စာဖတ်သူကို ပြောထားတာပဲ ဖြစ်တယ်။ ဒါကတော့ ဖတ်သူအနေနဲ့ သည်းခြေကြိုက်ဖြစ်သွားတယ်ဆိုတာ comment တွေ အရ သိနိုင်ပါတယ်။ ဒါ သူ့ကိစ္စမို့ ဒီနေရာမှာ ထည့်ပြောစရာ မလိုဘူး။ (ထည့်ပြောစရာ မလိုဘူး ဆိုတာ ကိုယ့်ဘာသာ ပြောထားတာ။ TD ကို ပြောတာ မဟုတ်)
      အရေးအသားမတတ်လို့ စာဖတ်သူကို တလွဲ တွေးမိသွားစေတယ်ဆိုတဲ့ TD ရဲ့ အဆိုအရ ဘယ်နေရာ ဘယ်စကားလုံးဆိုတာ ဥပမာပြပြီး လာပြောပါလို့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။
      တကယ်လို့များ အချိန်ကုန်ခံပြီး သိသာတဲ့ စာကြောင်းတွေ ဆွဲထုတ်လို့ အဲလို လာရှင်းဖို့ စိတ်မဝင်စားဘူး ဆိုရင်တော့ ခြုံငုံပြီး ဖတ်ပြီး ပြောတယ် ရေးထားတာက တလွဲ ဆိုတာမျိုး ခုလို ရောချလိုက်တာ မျိုးလဲ မရေးစေချင်ဘူး။
      အတိအကျ လာပြောမယ်ဆိုရင် ကိုယ့်ဘလော့မှာ လာပြောလည်း ရပါတယ်။
      Posted by RITA | 14/06/2010, 01:30
  7. ဒါကိုဘဲကိုယ်လဲ ခုညနေတွေးနေမိတယ်
    ကျင့်ဝတ်စံနှုန်းအရ တွေးတာလဲတပိုင်းပေါ့
    (ဒါကို ကိုယ်စပြောမိထဲက ခုလူအဖွဲ့ အစည်း၊ခုချိန်မှာလို့ ထည့်စဉ်းစားတာကိုပြောခဲ့တာပါ )
    နောက်တခုကိုယ်တွေးနေမိတာက ကိုယ်တို့  တွေအကုန်လုံးက မသိမသာလေးဘက်လိုက်နေမိတတ်ကြတာကို သတိထားမိတယ် ။
    ဥပမာကွာ ၊ကိုယ်တော်တော်များများစာအုပ်တွေဖတ်တော့
    ဦးလေး၊ယောက္ခမ ကနောင်ကိုသတ်တဲ့  မြင်ကွန်း
    ညီ ပင်းတလဲ နဲ့  တူ ဖေါင်းကားစားမောင်မောင်ကို သတ်တဲ့  ဘိုးတော် ဦးဝိုင်း
    တူစကြ်ာမင်းကို သတ်တဲ့ သာယာဝတီ
    အကိုတွေဖြစ်တဲ့  သုံးဆယ်နဲ့  မက္ခရာသတ်တဲ့  သီပေါ
    သတ်တာတော့တူတူဘဲ ။ သတ်တဲ့ အပြစ်အတွက်ကိုလဲ ပြစ်ဒါဏ်ပေးမခံရတာလဲတူတူဘဲ
    ဒါပေမဲ့  ကိုယ်တို့ တွေ သူတို့ ပေါ် အမြင်တွေကျတော့ မတူဘူးနော်
    မြင်ကွန်းကိုဆိုးလှချည့်လို့ တွက်တဲ့  သူများပြီး
    သီပေါကျတော့ ဖေါ့တွက်ကြတယ် ။
    ဘိုးတော်နဲ့  သာယာဝတီကို အပြစ်တင်တဲ့ သူတောင်တော်တော်ရှားနေပြန်ရော ။
    ကိုယ့်အထင်တော့ လူ့ အဖွဲ့ အစည်းထဲက တယောက်ချင်းမှာကို Bias ကမကင်းဘူးလို့ မြင်နေတယ် ။
    တခါ မကောင်းမှုဟာ မကောင်းမှုဘဲဆိုတာကတော့
    ၂ပိုင်းခွဲမြင်နေပြန်တယ်
    ဘာသာရေးမှာတော့ ရှင်းတယ်ဗျ ။ ကုသိုလ်မှုက ဘာ ၊ အကုသိုလ်မှုက ဘာဆိုတာ ။ ဘာစိတ်တွေ ဦးဆောင်ပြီး ဘယ်အမှုကို ပြုရင် မကောင်းမှုဆိုတာ ရှင်းနေတာဘဲ
    လူ့ အဖွဲ့  အစည်းကျတော့ အဲလို မရှင်းတော့ဘူး
    လူသတ်တာဘဲကြည့်လေ ။
    သာမန်အချိန်လူသတ်ရင်မကောင်းမှုလို့ မြင်ကြတယ် ။စစ်ဖြစ်နေချိန်ကျတော့ များများသေအောင်သတ်နိုင်ရင် ရာထူးတွေတက် ဆုတွေတောင်ရသေး ။
    ခုန ဘိုးတော်တို့ သာယာဝတီတို့ ဆို ချီးကျူးချင်တဲ့ သူတောင်ရှိသေးမဟုတ်လား
    အဲတော့ လူ့ အဖွဲ့ အစည်းမှာက black and white ပြောရတာကနဲပြီး all shades of grey ပြောရတာပိုများမယ်ထင်တာဘဲ ။
    Posted by tint oo | 13/06/2010, 00:36
    • ကိုတင့်ဦးပြောတာက လူ့သဘောသဘာဝနဲ့ ပိုဆိုင်မယ်ထင်ပါတယ်။ ဂရိတွေရဲ့ tragedy ပြဇာတ်တွေ မှာလိုပဲ၊ အဓိက ဇာတ်ဆောင်ဟာ ဆိုးတာတွေဘယ်လောက်လုပ်လုပ် ပရိသတ်က ခွင့်လွတ်ဖို့ အဆင်သင့်ဖြစ်နေအောင် နောက်ခံလေးတွေကလည်း ရှိနေသေးတာကိုး။
      သမိုင်းကို ပုံဖေါ်ကြတဲ့အခါကျတော့ သီပေါဟာ မယားကြောက်၊ အသုံးခံ၊ ပါတော်မူ ဆိုတာတွေနဲ့ မဲတင်းလိုက်တော့ “သူ့ခမျာ” ဆိုသလို ဖြစ်သွားရတော့တာပဲ။
      မြင်းကွန်းတို့ကျတော့ (အဲဒီခေတ်က သူတို့သာ ဆက်ရှိနေခဲ့ရင် ကုန်းဘောင်ခေတ်သုန်းပြီး သူ့ကျွန်ဘဝမရောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့) ကနောင်မင်းသားကြီးတို့ကို သတ်သူတွေဆိုပြီး ပုံဖေါ်လိုက်တော့ သူတို့မှာ ပွဲသိမ်းဖျာလိပ်ခံလိုက်ကြတဲ့ သဘောရှိတယ်လို့ မြင်ပါတယ်။
      မြန်မာတွေ (အထူးသဖြင့် ဗမာတွေ) ကြားချင်တဲ့စကားမျိုးကို သမိုင်းဆရာတွေက သိရက်နဲ့ မဟုတ်ရင်လည်း မသိရက်သော်လည်းကောင်း၊ မျိုးချစ်စိတ်ဇာပါးလေး မျက်လုံးမှာဖုံးနေလို့လား၊ တစ်ကြောင်းကြောင်းကြောင့် ရုပ်လုံးဖေါ်ခဲ့ကြရာက ကိုတင့်ဦးပြောတဲ့ အမြင်တွေပေါ်လာရတယ်လို့ ယူဆပါတယ်။ (ဘေးအမြင်မို့လို့ အခြားလာဖတ်သူတွေအတွက်တော့ ကြမ်းကောင်းကြမ်းပါလိမ့်မယ်။)
      Posted by မန်းကိုကို | 13/06/2010, 06:59
      • မကြမ်းဘူးဗျ
        ကိုမန်းကိုကိုမြင်တာနဲ့ ကျွန်တော်ပြောချင်တာ တထပ်ထဲကျနေတယ်
        ကျွန်တော်ထောက်ချင်နေတာက မကောင်းမှုဆိုတာမှာ reality and society’s condemnation တထပ်ထဲမကျတာကို ပြောချင်တာပါ ။
        လူမှန်ရင် ကိုယ်နဲ့  မဆိုင်သေးရင် ပြဿနာ မရှိအေမဲ့ ကိုယ်နဲ့  ဆိုင်လာရင် ဘက်လိုက်လာပြီ
        ဥပမာဗျာ လမ်းဘေး ခွေး ၂ကောင်ကိုက်ရင် လူတွေက ဘေးရှောင်လျှောက်ရုံဘဲ
        ဟော ကိုယ့် ခွေး သူ့ ခွေးကိုက်တဲ့ အခါကျ ကလေးချင်းရန်ဖြစ် ၊ လူကြီးချင်းချ ၊ ဟိုဘက်ဒီဘက်ပါပြီး တရွာနဲ့ တရွာ ရိုက်ကြတဲ့ ဖြစ်တာ ။
        ဒီနေရာမှာ ကိုက်တဲ့  ခွေးချင်းမှာ တကောင်က ပိုမှန်တယ်လို့  ပြောမရတော့ဘူး
        ကိုက်ချင်လို့ ကိုက်ကြတာဘဲ
        ကျွန်တော်တို့ လူတွေကသာ ကိုယ့်ခွေးသူ့ ခွေးအစွဲနဲ့ လေ ။
        ကျွန်တော်ထောက်ပြချင်တာအဲဒါပါ ။ မဆိုင်တဲ့ သူက သုံးသပ်တာက အမှန်နဲ့ ပိုနီးစပ်နိုင်ပါတယ် ။
        (ဒါတောင် သုံးသပ်တဲ့ သူပေါ်တည်တယ်နော် ။ ဟိုတလောက ကောင်မလေးတယောက်သေတဲ့  ကိစ္စမှာ ခွဲစိတ်ဆရာဝန်ကို ၀ိုင်းထုကြတော့ လူတယောက် ၀င်ရေးတာ သတိရသေးတယ် ။ တောက် အဲဆရာဝန်ကို သတ်ပစ်ရမယ်တဲ့  ။ဒီလောက်ချောတဲ့  ကောင်မလေး သေအောင်ကုတာတဲ့  ။ ဟားဟား
        သူမြင်တဲ့  ရှုထောင့်က သူနဲ့ ဘာမှမဆိုင်တဲ့  သေပြီးသူတောင် ပုံလောက်ကြည့်ပြီးကြောင်တဲ့  ရှုထောင့်ကိုး )
        Posted by tint oo | 13/06/2010, 09:07
      • ကနောင်ကိစ္စကို ကိုမန်းကိုကိုပြောသလို ပြောမယ်လို့ တွက်မိလို့  တမင် ပင်းတလဲ ၊ စကြ်ာ၊မက္ခရာနဲ့  သုံးဆယ်တို့ ကို ထည့်ပြတာပါ အဲဒီလူတွေလဲ ကနောင်နဲ့  တတန်းတည်းနှမြောထိုက်သူတွေပါဘဲ။ဒါပေမဲ့  ကနောင်ကို promotion ကကောင်းလွန်းတော့ ကျန်တဲ့ သူတွေမှိန်နေတာပေါ့ဗျာ။
        သတိတခုရပြန်တယ် ။ မနေ့ က တောင်လှန်မြောက်လှန်နဲ့  နက်ထဲက စာတပုဒ်
        http://mgthanswetavoy.blogspot.com/2010/03/shwe-amyu-tay-magazine-01.html
        Posted by tint oo | 13/06/2010, 09:14
      • ခုတလောလဲ စီကနဲ ညံကနဲတွေမှာ ကိုယ့်ဘက် သူ့ ဘက်ဆိုတဲ့  စိတ်တွေအများပါတယ်လို့ မြင်တာဘဲ
        မနေ့ ကအကိုတယောက်ကို စနေတာ
        သတင်းထောက်နဲ့ မင်းသမီးကိစ္စမှာ လူတွေက မင်းသမီးမှန်တယ်ဘဲပြောမှာပေါ့လို့  ။ ရုပ်ချင်းက ဘာမှမဆိုင်တာလို့  ။ အကိုလဲမှန်မှန်ပြော အဲ ၂ယောက်ထဲကဘယ်သူ့ ဘက်ပါမလဲဆိုတော့ သူ့ ခမျာ အောင့်သက်သက်နဲ့  (ဟီး ဘုရားနဲ့ တရားနဲ့ လူကို သွားစတာကိုး )
        Posted by tint oo | 13/06/2010, 09:17
  8. ကိုဝတုတ် ကျမ နားလည်သလောက် ဝင်ပြောပါရစေ၊ ရာဇဝတ်မှူ တခုကို လူတွေရှုံ့ချတာ မချတာနဲ့ တိုင်းတာလို့မရနိုင်ဘူးလို့ ပြောချင်တယ်။ ငယ်ငယ်လေးထဲက ကျမတို့ဟာ ကောင်းဆိုးခွဲခြားတတ်ဖို့ မိဘက အစ၊ ပြီးတော့ ဆရာသမား၊ ပြီးတော့ဘာသာတရားတွေရဲ့ အဆုံးအမအောက်မှာ ကြီးပြင်းလာခဲ့ကြရတာပါ။ သေချာတယ် ကလေးတယောက်ဟာ သူလိုချင်တဲ့ ပစ္စည်း သူများဆီက အခွင့်အရေးရရင် ခိုးယူမိမှာပဲ၊ သူ့ခေါင်းထဲမှာ ခိုးမှုမြောက်တယ်လို့မှ မသိပဲ။ လိုချင်တာပဲသိတာကိုး၊ ဒါပေမဲ့ အဲဒါ ရာဇဝတ်မှုလားဆိုတော့ မဟုတ်ပြန်ဘူး။ မိဘ ဆရာက ဘယ်လောက်ပဲ သင်ပါစေ ခိုးတတ်တဲ့ ကလေးဟာ ခိုးမှာပဲ။ နဲနဲ ကြီးလာလို့ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ကံ ကံ၏ အကျိုးပေးကို လက်ခံလာလို့ပဲ ဖြစ်စေ၊ ငါ့ပစ္စည်း သူများခိုးရင်ရော ငါဘယ်လိုနေမလဲ ဆိုတဲ့ ကိုယ်ချင်းစာ တရားလေးရှိလာလို့ပဲ ဖြစ်စေ၊ မကောင်းမှုလို့သိပြီး မလုပ်တော့တာ။ ဒါတောင် ခိုးချင်တဲ့သူက ခိုးအုံးမှာပဲ။ လူ့အဖွဲ့အစည်းက ဘယ်လောက်ပဲ အသားတကျ ဖြစ်အောင် ပြောဆို ညွှန်ပြပြ တဦးချင်းစီရဲ့ လုပ်ဆောင်မှု ပေါ်မှာပဲ တည်နေတယ်။ ကောင်းမှု၊ မကောင်းမှု ဆိုတာက စကားလုံးသက်သက်ပါ။ လူသတ်တာကို ကောင်းမှုလို့ နာမည်တပ်ကြည့်ပါလား…ကောင်းမှုတွေ များများလုပ်ကြဟေ့ဆိုတာနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်တော့ဘူး။ တကယ်ကြည့်ရမှာက အလုပ်အပေါ်ကို ကြည့်ရမှာ၊ ကိုယ်လုပ်တဲ့ အလုပ်သည် လူတဦးတယောက်အပေါ် မကောင်းသောရည်ရွယ်ချက်နဲ့ ရည်ရွယ်လုပ်ဆောင်ရင် ဒါ ရာဇဝတ်မှုပါပဲ၊ အပြစ်ပေးနိုင်တဲ့ သိသာထင်ရှားပြီး ပုဒ်မတပ်လို့ရတဲ့ ရာဇဝတ်မှု ရှိသလို၊ ပုဒ်မတပ်လို့မရတဲ့ ရာဇဝတ်မှုတွေလည်း ရှိပါတယ်။ တချို့လုပ်ရပ်တွေဆို ရာဇဝတ်မှုလို့ လူတွေမသိနိုင်လို့ ရှူံ့ချခံရခြင်းမရှိပေမဲ့ ကိုယ်တိုင် ကျူးလွန်ထားတာကို ကိုယ်ပဲ သိနေတယ်။ ဘာသာရေးရှုထောင့်က ကြည့်ရင်တော့ အပြစ်မလွတ်တဲ့ ရာဇဝတ်မှုရယ်လို့ မရှိနိုင်ပါဘူး။
    လင့်ခ်ယူသွားကြောင်း ခွင့်တောင်းပါတယ်ရှင် 🙂
    Posted by ချစ်ကြည်အေး | 13/06/2010, 12:56
    • လူတွေ ရှုံ့ချတယ် ဆိုတာထက် လက်မခံတဲ့အတွက် မနှစ်မြို့ တဲ့အတွက် crime ဖြစ်ရတယ် ပြောလည်း သဘောက မကွာပါဘူး။ ရှုံ့ ချတယ်ဆိုတာကတော့ နည်းနည်း ပိုပြင်းထန်တာပေါ့။
      Posted by zizawa | 13/06/2010, 13:28
    • မချစ်ကြည်အေး ပြောတာ ပြန်ဆက်ရရင် ခလေးတယောက်က ဘယ်လောက်သင်သင် တချို့ ငတတ်ပြားဇာတာ ပါလာရင် ခိုးမှာဘဲ ဆိုတာ။ ဆိုတော့ ဒီခလေးဟာ ခိုးတယ်ဆိုပါတော့။ သူ့လုပ်ရပ်ဟာ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ norm တွေကိုချိုးဖောက်နေပြီ။ အဲ့ဒါကို ဘာလို့ရာဇ၀တ်မှု မဟုတ်ဖူးလို့ မချစ်ကြည်အေး ဘာလို့ ပြောလဲမသိဘူး။ အဲဒါရာဇ၀တ်မှု မဟုတ်ရင် အဲဒိခလေးကို နောက်မခိုးနဲ့လို့ ဘယ်ဆုံးမတော့မလဲ။ ရာဇ၀တ်မှုဖြစ်လို့သာ ခိုးတဲ့ခလေးကို နောက်မခိုးဖို့ ဆုံးမတာ မဟုတ်ဖူးလား။ ဆုံးမတာကို လက်ခံတာမခံတာက နောက်တပိုင်းပေါ့ဗျာ။ လူ့အဖွဲ့အစည်းက ဘယ်လောက်ပဲ ညွှန်ပြပြ ခိုးတဲ့လူက ခိုးမှာဘဲ။ မှန်တာပေါ့။ အဲဒါကိုလည်း လူ့အဖွဲ့အစည်းက ရာဇ၀တ်မှုလို့ဘဲ သတ်မှတ်ပြီးရင် သတ်မှတ်နေမှာပေါ့။ ဒါပေမယ့် ခိုးမှုဟာ norm တခုဖြစ်လာရင် ဒါရာဇ၀တ်မှု ဖြစ်ချင်မှ ဖြစ်တော့မယ်။ မတရားမှုအဖြစ်တော့ ဆက်ရှိနေနိုင်တယ်။ မတရားမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တာဟာ ကျင့်ဝတ်ပိုင်းအရ ပုံမှန် အလုပ်လုပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ သဘာဝပဲ။ မတရားမှုကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ရင် ဒီလူအဖွဲ့အစည်းဟာ ကျင့်ဝတ်ပိုင်းအရ နိမ့်ကျတဲ့ လူ့အဖွဲ့အစည်း ဖြစ်မှာဘဲ။ ဥပမာဗျာ ကြီးနိုင်ငယ်ညှင်း လုယက်ပြီး ချမ်းသာလို့ ရတဲ့နည်းဟာ မတရားဘူးလို့ ပြောမယ်၊ မချစ်ကြည်အေးလည်း ဒါကို သဘောတူမယ်ထင်တယ်။ ဒါပေမယ့် ဒါကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ရင် ဒီလူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်အဆင့်အတန်းကို မြင့်တယ်လို့ ပြောမလား။
      ရှည်သွားပြီထင်တယ်။
      နောက်များမှ….
      Posted by zizawa | 13/06/2010, 13:40
    • ငယ်ငယ်ထဲက အကောင်းအဆိုးကို ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းက လူ့အဖွဲ့အစည်းဝင် ဖြစ်လာမယ့် လူတွေကို လက်ဆင့်ကမ်းပေးတယ်ဆိုတာကိုက လူ့အဖွဲ့အစည်းထဲမှာ စုပေါင်း လက်ခံထားတဲ့ collective conscience (မိဘ၊ ဆရာသမား၊ ဘာသာရေး အဆုံးအမ စတာတွေ) ရှိတာကို ပြနေတယ်လို့ မချစ်ကြည်အေး စကားမှာ ၀န်ခံထားပြီးသားလို့ ထင်တယ်။ ဒါတွေကို ချိုးဖောက်တဲ့အခါမှာ အကောင်းနဲ့အဆိုးက polarize ဖြစ်သွားတယ်မလား။ TD ကိုပြန်ထားတဲ့ စာမှာ ပါမယ်ထင်တယ်။
      နောက်စိတ်ဝင်စားဖို့ ကောင်းတာတခုက မချစ်ကြည်အေးက လုပ်ရပ်တခု ရာဇ၀တ်မှု မြောက်မမြောက်မှာ ရည်ရွယ်ချက် purpose ကို အဓိကထားတယ်။ ဒါဟာ တဦးချင်း ကျင့်ဝတ်ကို အဓိကထားတဲ့ အတွေးအမြင်တွေ (ဥပမာ ဗုဒ္ဓဘာသာ)မှာ ထင်ရှားတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ လုပ်ရပ်တွေကို အကောင်းအဆိုး သတ်မှတ်တဲ့အခါမှာတော့ တဦးချင်း ကျင့်ဝတ်အပြင် လူ့အဖွဲ့အစည်းအတွက်ပါ ကောင်းသလား စတာတွေပါ ထည့်စဉ်းစားရမယ်ထင်တယ်။
      Posted by zizawa | 13/06/2010, 13:52
  9. ပထမဦးဆုံး ကိုဝတုတ်ရဲ့ ပို့စ်မှာ ပါတဲ့….
    “လူ့အဖွဲ့အစည်းတွင်း စည်းလုံးမှုကို ဖြစ်ပွားစေတာမို့ ရာဇ၀တ်မှုဟာ တကယ်တော့ မကောင်းတဲ့ အရာမဟုတ်ဖူး။ လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာနဲ့ ရှင်သန် ရပ်တည်ဖို့ စောစောက ပြောခဲ့တဲ့ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတွေက ပရဟိတ အသင်းအဖွဲ့တွေလို မရှိမဖြစ်အရေးပါတဲ့ အရေးပါတဲ့ အရာတခုပဲ။ Crime is a part and parcel of a healthy society.” ဆိုတဲ့ အချက်ကို မပြည့်စုံဘူး၊ မမှန်ဘူး၊ မခိုင်မာဘူး လို့ ထောက်ပြချင်တာပါပဲ။
    ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ လူဖြူလူမဲပြဿနာတွေ မပြီးဆုံးခင် ကာလတွေက လူမဲတွေကို လူဖြူတွေက အလကားနေရင်း ဖိနှိပ်တာတွေ၊ သတ်ဖြတ်တာတွေရှိတယ်။ အလကားနေရင်း လမ်းမှာတွေ့တဲ့ လူမဲကို လူအုပ်အားကိုးနဲ့ ဖမ်းပြီး ကြိုးပေးသတ်ဖြတ်တာ(lynch)တွေ ရှိနေတယ်။ ဒါတွေဟာ တကယ်တော့ လူအုပ်ကိုယ်တိုင်က ကျူးလွန်တဲ့ crime ပဲဗျ။ အဲဒီတုန်းက ဒီလူဖြူတွေဟာ crime ကြောင့် စည်းလုံးကြတာပဲဗျ။ သူများကျူးလွန်တဲ့ Crime ကြောင့်မဟုတ်။ သူတို့ကိုယ်တိုင် ကျူးလွန်တဲ့ Crime ကြောင့်။ ကိုဝတုတ်ပြောသလို honest men တွေရဲ့ စည်းလုံးမှုမျိုးတော့မဟုတ်ဘူး။ လူမသမာတွေရဲ့ စည်းလုံးမှုမျိုးဖြစ်သွားတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်ဖက်တွေ့။ Birds of the same feather flock together။
    ဒါကြောင့် Crime ဟာ လူ့အဖွဲ့အစည်းအတွင်း ကျန်းကျန်းမာမာ ရပ်တည်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အရာကောင်းတခုဆိုတဲ့ လော့ဂျစ်ကြီးဟာ ဖရိုဖရဲနဲ့ ကျဆုံးသွားတယ်လို့ ထင်ပါတယ်။
    ဒီလူဖြူ (lynch-mob) တွေရဲ့ လုပ်ရပ်ထက် ဆိုးတဲ့လုပ်ရပ်တွေလည်း ကမ္ဘာ့သမိုင်းမှာ၊ မြန်မာ့သမိုင်းမှာ လက်ညှိုးထိုးမလွဲအောင် ရှိနေပါတယ်ဗျာ။ မလိုအပ်ဘဲ စကားရှည်နေမှာစိုးလို့ ထုတ်နှုတ်မပြတော့ဘူး။ တက္ကဆက်ပြည်နယ်က လူဖြူတွေ လုပ်ရပ်နဲ့သာ ကျေနပ်ပါ။
    မချစ်ကြည်အေးပြောတဲ့ အယူအဆကိုတော့ ပိုနှစ်ခြိုက်မိတယ်။ လူတဦးချင်းရဲ့ လုပ်ရပ်နဲ့ ရည်ရွယ်ချက်အပေါ်မှာ မူတည်တယ်၊ မကောင်းသော ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရင် ရာဇဝတ်မှုပဲ ဆိုတဲ့အချက်။
    တကယ့်တကယ်မှာတော့ ခိုးချင်လို့ ခိုးရတာ မဟုတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်။ ဥပမာ…. ဆင်းရဲတဲ့ လူတယောက်ဟာ သူ့အမေအဖေနာမကျန်းတဲ့အတွက် ဆေးဝါးတမျိုးကို လိုအပ်နေတယ်။ ဒါကို ဆေးဝါးရောင်းတဲ့ တခုတည်းသောကုမ္ပဏီကြီးက တမင်ညစ်ပြီး ဈေးမြှင့်ရောင်းနေကြတယ်ဆိုပါစို့။ သူ့မှာ ဆင်းရဲသူဖြစ်တဲ့အလျောက် အဲသည်ငွေကို ဘယ်ကမှ ရှာမရဘူးလည်း ဆိုပါတော့။ အဲဒီဆေးကို ဝယ်နိုင်ဖို့အလားအလာ ဆိတ်သုဉ်းသွားတဲ့အခါ သူဟာ သူ့မိဘအသက်ကို ကယ်နိုင်ဖို့ ခိုးရတာမျိုး ဖြစ်လာနိုင်တယ်။ အဲသည်အခါမျိုးဟာ သူ့ကျူးလွန်တာဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ စံချိန်စံညွှန်းအရ ရာဇဝတ်မှုမြောက်ပေမယ့် တကယ့် မကောင်းစိတ်နဲ့ ကျူးလွန်တာ မဟုတ်လို့ Crime လို့ ဆိုရခက်တယ်။။ ကိုယ်ချင်းမစာလို့ ခိုးတယ်လို့လည်း မပြောနိုင်ပြန်ဘူး။ တကယ်တော့ တရားမမျှတမှုက သူ့ဖက်မှာချည်းမဟုတ်တော့ဘူး။ သူ့ပတ်ဝန်းကျင်ရဲ့ မတရားတဲ့အခြေအနတွေကိုလည်း ထည့်တွက်ရဦးမယ်။
    အလားတူပဲ…. လယ်သမားတွေ သူပုန်ထတယ်၊ သူဌေးတွေ လောဘကြီးပြီး ကုန်တွေကို အရမ်းသိုလှောင်ပြီး ဈေးတင်ရောင်းလို့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး အစားအသောက်တွေ ရှားပါးလာတဲ့အခါ လုတယ်၊ ယက်တယ် စတဲ့ အဖြစ်တွေ မကြာခဏဖြစ်တယ်။ လုတယ်၊ ယက်တယ်ဆိုတာ သာမန်အားဖြင့် မကောင်းပေမယ့် လူတွေဟာ (သာမန် ပုထုဇဉ်တွေအနေနဲ့) အသက်ဘေးနဲ့ ယှဉ်လာတဲ့အခါ သေရမှာကြောက်စိတ်နဲ့ ကျူးလွန်တာမျိုးလည်း ရှိပါတယ်။ ဒါမျိုးကျတော့ ကိုယ်ချင်းစာတရားခေါင်းပါးတယ်လို့ ပြောလို့ မရပြန်ဘူး။ ဒါမျိုးတွေက အားလုံးကို ခြုံငုံပြီး ဝါးလုံးရှည်နဲ့ သိမ်းရမ်းသလို ယေဘုယျသဘော ပြောလို့ မရဘူးလို့ ထင်ပါတယ်။
    Posted by ကိုပေါ | 13/06/2010, 15:14
    • kopaw, a wide range of literature is available on Durkheim’s concept of crime on the net. But I found this one in particular quite illuminating.
      ‘Most contemporary politicians regard crime as a problem. Durkheim argued that crime should be seen as something functional and necessary for society rather than something pathological, and a symptom of a diseased society. In seeking to argue his case, Durkheim points to the fact that crime seems to be omnipresent across time and space. All societies, bar none, have experienced crime. Thus, crime seems to represent something of a condition of normality. Furthermore, Durkheim argued that crime is functional. By punishing criminals, society reaffirms it own values. If crimes were not committed, then the values of society would become blurred. If there is no punishment, then there would be no way of reestablishing the values that the crime offends. An important point to remember is that, for Durkheim, what constitutes a crime is something culturally relative rather than universal. A crime is a crime because it offends values, not because it is something fundamentally wrong. His view of crime nevertheless has come in for a great amount of criticism. Criticisms of his perspective on crime generally constitute footnotes of criticisms of his wider theories, notably functionalism and his use of biological metaphors. ‘
      That should be helpful hopefully…
      watote
      Posted by zizawa | 13/06/2010, 16:42
    • စည်းလုံးမှုဆိုတာ အင်္ဂလိပ်စကား social cohesion ကိုဗမာလို ပြန်လိုက်တာ။ ကိုပေါပြောတဲ့ စည်းလုံးမှုက unity ဆိုတဲ့ အဓိပ္ပါယ်ထွက်မယ်ထင်တယ်။
      ‘အဲဒီတုန်းက ဒီလူဖြူတွေဟာ crime ကြောင့် စည်းလုံးကြတာပဲဗျ’
      White men are united on crime??? ကျွန်တော်ပြောတဲ့ စည်းလုံးမှုက unity မဟုတ်ဖူးဗျ။ အဲဒါကြောင့် အင်္ဂလိပ်လို ဖတ်နိုင်ရင် ကောင်းမယ်ပြောတာ။
      ‘ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ လူဖြူလူမဲပြဿနာတွေ မပြီးဆုံးခင် ကာလတွေက လူမဲတွေကို လူဖြူတွေက အလကားနေရင်း ဖိနှိပ်တာတွေ၊ သတ်ဖြတ်တာတွေရှိတယ်။ အလကားနေရင်း လမ်းမှာတွေ့တဲ့ လူမဲကို လူအုပ်အားကိုးနဲ့ ဖမ်းပြီး ကြိုးပေးသတ်ဖြတ်တာ(lynch)တွေ ရှိနေတယ်။ ဒါတွေဟာ တကယ်တော့ လူအုပ်ကိုယ်တိုင်က ကျူးလွန်တဲ့ crime ပဲဗျ။ အဲဒီတုန်းက ဒီလူဖြူတွေဟာ crime ကြောင့် စည်းလုံးကြတာပဲဗျ။ သူများကျူးလွန်တဲ့ Crime ကြောင့်မဟုတ်။ သူတို့ကိုယ်တိုင် ကျူးလွန်တဲ့ Crime ကြောင့်။ ကိုဝတုတ်ပြောသလို honest men တွေရဲ့ စည်းလုံးမှုမျိုးတော့မဟုတ်ဘူး။ လူမသမာတွေရဲ့ စည်းလုံးမှုမျိုးဖြစ်သွားတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်ဖက်တွေ့။ Birds of the same feather flock together။’
      ကိုပေါပြောတဲ့ အပေါ်က စာပိုဒ်က Durkheim ပြောတာကို ကျွန်တော် ရှင်းပြတဲ့ အဓိပ္ပါယ်နဲ့ တခြားစီပဲ။ Crime brings together and concentrates them ဆိုတာ လူကောင်းနဲ့ လူဆိုးကို ကတ္တားခြားလိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။ လူဖြူတွေ unite ဖြစ်ကြတာ စည်းလုံးညီညွတ်ကြတာ သူ့ဟာသူ တခြားအကြောင်းရှိမှာပေါ့။ crime နဲ့ မပတ်သက်ဖူး။
      နောက်တခါ
      ‘Crime ဟာ လူ့အဖွဲ့အစည်းအတွင်း ကျန်းကျန်းမာမာ ရပ်တည်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အရာကောင်းတခုဆိုတဲ့’
      ဒါကလည်း ကျွန်တော်အင်္ဂလိပ်လိုရေးထားတဲ့ Crime is part and parcel of a healthy society ကို ဘာသာပြန်တယ် မှတ်ပါတယ်။ ကိုပေါပြန်တာလည်း လွဲနေတယ် ထင်တယ်။ ဖြစ်သင့်တာက ‘ရာဇ၀တ်မှုဟာ ကျန်းမာတဲ့လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်ပါနေတဲ့ အစိတ်အပိုင်း’ လို့ပြောရင် ပိုတိကျမယ် ထင်တယ်။
      တခါ လောဂျစ်နဲ့ thesis ဒါမှမဟုတ် proposition (အဆိုလို့ပြန်ရင်သင့်မယ်ထင်တယ်) မတူဘူးဆရာရေ။ အဆိုတခုဟာ logical ဖြစ်တယ် မဖြစ်ဖူးလို့ပြောလို့ရတယ်။ ဒါပေမယ့် illogical မဖြစ်တိုင်းလည်း မှန်တယ်လို့ ပြောလို့မရပြန်ဘူး။ လောဂျစ်ဆိုတာ အဆိုရဲ့  သဘာဝကို ညွှန်ပြတဲ့အရာ။ လောဂျစ် is not အဆို။ ပြောချင်ရင် ကျွန်တော့် အဆိုမှားတယ်ပြော၊ ဒါမှမဟုတ် လောဂျစ်စည်းမျဉ်းနဲ့ မညီဘူးပြောရင်ပြော။ မညီရင် ဘာ့ကြောင့် မညီသလဲဆိုတာလဲ စိတ်ဝင်စားစရာပဲ။ ပြောပြနိုင်ရင် နားထောင်ချင်ပါတယ်။
      နောက်အောက်မှာပေးတဲ့ ဥပမာ နှစ်ခုကလည်းခုပြောနေတာတွေနဲ့ ဆီလျော်မှုရှိတယ် relevant ဖြစ်တယ် မထင်ဘူး။ ကိုယ်ဟာကိုယ်မှားနားလည်ထားတာတခုကို အကိုးအကားပြချင်တာနဲ့ သင့်တော်မယ်ထင်တဲ့ ဥပမာကို ကောက်ဆွဲလာသလိုပဲ။
      ကျွန်တော့်အထင်မှာ slave trade ဥပမာကနေ ခုဆောင်းပါးနဲ့ဆိုင်တာလေး နည်းနည်း ဆွဲထုတ်လို့ ရမယ်ထင်တယ်။ slave trade ဟာ ကျင့်ဝတ်နဲ့ မညီဘူး၊ နောက်ရာဇ၀တ်မှု မြောက်တယ်ဆိုတာ ခုချိန်ကျမှ ကျွန်တော်တို့က ပြောတာကိုးဗျ။ အဲဒိအချိန်က slave trade ကို ကနေ့ခေတ်လို့ ကျင့်ဝတ်ပိုင်းအရ ရွံ့စရာလုပ်ရပ် morally reprehensible လုပ်ရပ် အဖြစ် မမြင်ကြဘူး။ ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်လို့ပဲ သဘောထားကြတာ။
      Durkheim ကပြောတာ ရာဇ၀တ်မှုဆိုတာ culturally relative ဆိုတာ ဒီသဘောပဲ။
      ပြောခဲ့သလို TD ကိုပြန်ထားတာကို ပြန်ဖတ်ကြည့်ရင် နောက်အကောင်းဆုံးကတော့ စိတ်ဝင်စားရင် အင်တာနက်ပေါ်မှာလည်း နည်းနည်းရှာဖတ်ကြည့်လိုက်ရင် ပိုသဘောပေါက်မယ်ထင်တယ်။ Durkheim ပြောတာက သမားရိုးကျ အတွေးတော့ မဟုတ်ဖူး။ အဲဒါကြောင့် တော်တော်များများက ဒါကိုနားလည်ရခက်နေပုံရတယ်။
      ဒါပေမယ့် ကိုပေါ အထင်မှာ Durkheim ပြောတာမှားတယ်။ ဒါမှမဟုတ် ကျွန်တော်ရဲ့  Durkheim အယူအဆကို တင်ပြပုံ interpret လုပ်ပုံ မှားနေတယ်ဆိုရင်လည်း ရှိစေတော့။
      ဒီအတွေးအခေါ်ကို သေချာသဘောမပေါက်လည်း မပေါက်တဲ့ အတိုင်းထားလိုက်။ မှားနေတယ်ထင်ရင်လည်း အဲဒိအထင်အတိုင်းထားလိုက်ပေါ့ဗျာ။
      Posted by zizawa | 13/06/2010, 22:00
  10. အပေါ်မှာ လူအများစုက သဘောတညီတညွှတ်တည်း ကျူးလွန်ခဲ့တဲ့ crime ဥပမာတွေကို ပေးရရင် slave trade က အထင်ရှားဆုံးပဲဗျ။ အစောပိုင်းကာလတွေမှာ အဲဒီလုပ်ရပ် လူ့အဖွဲ့အစည်း (လူဖြူလူ့အဖွဲ့အစည်း)က လက်ခံနေတယ်။ အဲဒီအချိန်က ကျွန်အရောင်းအဝယ်စနစ် ပယ်ဖျက်ဖို့ ကြိုးစားတဲ့ Abolitionist က အနည်းစုမို့လား။
    Posted by ကိုပေါ | 13/06/2010, 15:17
    • I have an impression that you misunderstood what I meant. Anyway, away from my desk and can’t use Burmese fonts. So later…
      Posted by zizawa | 13/06/2010, 15:23
      • Actually it’s not only you, I think many readers don’t get it when they first heard about it. That’s why I urged anyone interested in this to consult Durkheim’s work in English..
        Posted by zizawa | 13/06/2010, 15:24
  11. kopaw, you might want to have a look at my reply to TD if you haven’t done so.
    and logic is not the same as thesis. i think what you meant is this: you think taht the thesis which says crime is part and parcel of a healthy soceity is wrong. is that what you meant? this is not logic.
    Posted by watote | 13/06/2010, 15:53
  12. ကိုဝတုတ်….
    ဆောရီး။ ကျနော် အသုံးမှားသွားပါတယ်။ လော့ဂျစ်ဆိုတဲ့နေရာမှာ thesis ပဲဖြစ်ဖြစ်၊ အယူအဆ၊ အတွေးအခေါ် လို့ပဲ ပြောင်းဖတ်ပါ။ လော့ဂျစ်အရကတော့ မမှားပါဘူး။
    Posted by ကိုပေါ | 13/06/2010, 23:50
  13. အဲ ကိုဝတုတ် ကျမ ပြောချင်တဲ့ ကလေးအရွယ်က အပြစ်ရှိရင် အရိုက်ခံရတဲ့ အရွယ်လောက်ကို ပြောတာလေ၊ ကလေးထောင်ပို့နိုင်လောက်တဲ့ အရွယ်ကို ပြောတာ မှုတ်ဘူး။ ဘယ်ကလေးက ကစားစရာ တခုခု သူများဆီက ခိုးလာတာကို ရာဇဝတ်မှု တခုအနေနဲ့ ကျမတို့ လူ့အဖွဲ့အစည်းက သတ်မှတ်ကြလို့လဲ။ မသကာ ဆုံးမပြီး ဒဏ်ပေးရုံလောက်ပဲ ရှိမှာလေ။
    မတရားမှုတွေနဲ့ ချမ်းသာနေသူတွေကို တရားတယ်လို့ လုံးဝမပြောနိုင်ဘူး သို့သော် ဝိနည်းလွတ် လုပ်နေကြတဲ့ အခါ မတရားမှုဆိုပေမဲ့ ရာဇဝတ်မှုအဖြစ် ပုဒ်မ မတပ်နိုင်ဘူး ဒါကို ဆိုလိုပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်နိုင်တဲ့ ဘယ်နေရာမှာ မဆို မတရားမှုတိုင်းကို သိပင် သိသော်ငြားလည်း ရာဇဝတ်မှုအနေနဲ့ စွဲချက်မတင်နိုင်တာကို ပြောတာ။ ရာဇဝတ်မှု မမြောက်ဘူးလို့ မဆိုလိုပါဘူး။
    ခိုးမှုဆိုတာကို တကယ်တမ်းခွဲခြမ်းစိတ်ဖြာမယ်ဆို သူတပါးရဲ့ ပစ္စည်းခိုးတာ-သိသာလွန်းပြီး မတရားမှုရော ရာဇဝတ်မှုလို့ပါ အမည်တပ်နိုင်တာရှိသလို၊ အလုပ်ထဲကနေ လစ်တာ-အလုပ်ချိန်ခိုးတာ (ဒါလည်း ခိုးတာပဲနော်) ခိုးမှုလိုပဲ အလုပ်ရှင်အပေါ် မတရားမှုပြုတာ ဒါပေမဲ့ ဒါကို ရာဇဝတ်မှုလို့ မယူဆကြဘူးလေ။ ကျမပြောချင်တာ အဲဒါပါ။ ရာဇဝတ်မှုတိုင်းဟာ မတရားမှုဆိုပေမဲ့ မတရားမှုတိုင်းကို ရာဇဝတ်မှုပါလို့ စွဲချက်မတင်နိုင်ပြန်ဘူး မဟုတ်လား။
    ကျမ စိတ်ဝင်စားတာမို့ ဝင်ပြောဖြစ်တာပါ ကိုဝတုတ၊် ဒါပေမဲ့ ကျမက စာဖတ်နာတဲ့သူ မဟုတ်ဘူးရှင့် ဒါကြောင့် ကျမ အမြင်အသိနဲ့ အယူအဆကိုပဲ ပြောနိုင်တာပါ။ စာအုပ်တွေထဲက မဟုတ်ပါဘူး။ ကျမ မှားနေရင် ပြောပါလေ နော် 😀
    Posted by ချစ်ကြည်အေး | 14/06/2010, 00:40
  14. ကိုဝတုတ်ပြောတဲ့ “ ‘Crime ဟာ လူ့အဖွဲ့အစည်းအတွင်း ကျန်းကျန်းမာမာ ရပ်တည်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အရာကောင်းတခုဆိုတဲ့’
    ဒါကလည်း ကျွန်တော်အင်္ဂလိပ်လိုရေးထားတဲ့ Crime is part and parcel of a healthy society ကို ဘာသာပြန်တယ် မှတ်ပါတယ်။ ကိုပေါပြန်တာလည်း လွဲနေတယ် ထင်တယ်။ ဖြစ်သင့်တာက ‘ရာဇ၀တ်မှုဟာ ကျန်းမာတဲ့လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်ပါနေတဲ့ အစိတ်အပိုင်း’ လို့ပြောရင် ပိုတိကျမယ် ထင်တယ်။” ဆိုတာနဲ့ ပတ်သက်လို့….
    ကျနော် ဘာသာပြန်တာ မဟုတ်ပါဘူးဗျ။ ကိုဝတုတ်ပြောတဲ့စကားလုံးအတိအကျကို လွဲမှာစိုးလို့ အောက်ပါ စာပိုဒ်ထဲက ကူးယူထည့်လိုက်တာပါ။
    လူ့အဖွဲ့အစည်းတွင်း စည်းလုံးမှုကို ဖြစ်ပွားစေတာမို့ ရာဇ၀တ်မှုဟာ တကယ်တော့ မကောင်းတဲ့ အရာမဟုတ်ဖူးလူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာနဲ့ ရှင်သန် ရပ်တည်ဖို့ စောစောက ပြောခဲ့တဲ့ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတွေက ပရဟိတ အသင်းအဖွဲ့တွေလို မရှိမဖြစ်အရေးပါတဲ့ အရေးပါတဲ့ အရာတခုပဲ။
    ပထမအကြောင်းမှာ ရာဇဝတ်မှုဟာ လူအဖွဲ့အစည်းတွင်း စည်းလုံးမှုကို ဖြစ်ပွားစေလို့ ရာဇဝတ်မှုဟာ တကယ်တော့ မကောင်းတဲ့အရာ မဟုတ်ဘူးလို့ဆိုတယ်။ ဒီတော့ ကောင်းတဲ့အရာပေါ့။ အရာကောင်းတခုပေါ့။ လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာ ရှင်သန်ရပ်တည်ဖို့ ပရဟိတ အသင်းအဖွဲ့တွေလို လိုအပ်တယ်လို့ နောက်အကြောင်းကဆိုတယ်။ ဒီတော့ နှစ်ခုပေါင်းပြောရရင် လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာနဲ့ ရှင်သန်ရပ်တည်ဖို့ လိုအပ်တဲ့အရာကောင်း တခုလို့ ဆိုလိုတာနဲ့အတူတူပဲ။ ဒါပေမယ့် ကျနော်က ခပ်လောလောနဲ့ copy, delete လုပ်တာ ပေါ့ဆသွားတဲ့အတွက် “တခု”နဲ့ “အတွင်း” ရှေ့စာစုနဲ့ နောက်စာစု မှားဖျက်မိတာပဲရှိပါတယ်။ ဒါကလည်း ပို့စ်ကို ဖတ်လာသူတဦးအနေနဲ့ ဆိုလိုရင်းကို ချော်သွားလောက်အောင် မှားတယ်မဆိုနိုင်ပါဘူး။
    အခုတော့ ကျနော့်ကို ပြန်တဲ့ကွန်မင့်တွေရော… မူရင်း အင်္ဂလိပ်လို စာသားကိုပါ အသေအချာ ဖတ်မကြည့်ရသေးဘူး။ ဖတ်ပြီးတဲ့အခါ အယူအဆနဲ့ ပတ်သက်လို့ ကွန်မင့်စရာပေါ်လာရင် ကွန်မင့်ပါဦးမယ်။
    Posted by kopaw | 14/06/2010, 02:30
    • Yes , what Ko Paw mentioned was the author words but not exactly, the main point that alarm me is “…မရှိမဖြစ်အရေးပါတဲ့ အရေးပါတဲ့ အရာတခုပဲ။” by author and “လိုအပ်တဲ့ အရာ[ကောင်း]တခုဆို…” by Ko Paw. What I want to mention is Crime can be a part of society by not as a [good] part.
      Posted by zody | 14/06/2010, 03:25
    • ဟုတ်ပြီ။ သဘောပေါက်ပြီ ကိုပေါ။
      Posted by zizawa | 14/06/2010, 05:28
  15. copy, delete ဆိုလို့ ကွန်ပြူတာက copy, delete function တွေ ယူသုံးတယ်ထင်နေဦးမယ်။ ပို့စ်ဆီကို scroll လုပ်လုပ်ပြီး မျက်စိက ကြည့်လိုက် လက်က ကူးယူရိုက်နှိပ်လိုက်၊ စာပိုဒ်နှစ်ခုရဲ့ အဓိပ္ပါယ်ကို ဆက်စပ်လိုက်၊ မလိုတာတွေကို ချုံ့လုပ်တာကိုပြောတာချင်ပါ။ ကျနော် ဆက်စပ်လိုက်တဲ့ အဓိပ္ပါယ်ဟာ တလွဲထွက်သွားတယ်ဆိုရင်တော့ ဆောရီးပါ။ ကျနော်တော့ ထွက်တယ်လို့ မယူဆပါဘူး။ သဒ္ဒါနည်းအရ ထောက်ပြရင်တော့ ကျနော့် စာကြောင်းမှာ အားနည်းချက်တွေ ထောက်ပြစရာ မြင်ပါတယ်။း-)
    Posted by kopaw | 14/06/2010, 02:49
  16. Zody ပေးတဲ့ ဥပမာ သိပ်အံဝင်တယ်။ ရာဇ၀တ်မှုဟာ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် ပါနေတာမို့ မကောင်းတဲ့ အရာတခု မဟုတ်ဆိုတဲ့ဝါကျနဲ့ ရာဇ၀တ်မှုဟာ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့အစိတ်အပိုင်းတခု ဆိုတဲ့ ၀ါကျ အဓိပ္ပါယ် မတူဘူး။
    မချစ်ကြည်အေးရေ ကျွန်တော်ဘယ်နေရာမှာ လစ်ဟင်းသလဲဆိုတာ သဘောပေါက်သလိုလို ရှိတယ်။ ရာဇ၀တ်မှုနဲ့ လူမှုကျင့်ဝတ် (social ethic)မတူဘူး။ social ethic လို့ပြောလိုက်တာကိုက ဒီကျင့်ဝတ်ဟာ လူအဖွဲ့အစည်းနဲ့ မကင်းဘူး၊ လူ့အဖွဲ့အစည်းမှာ (တရားဝင် မပြောဘဲ ဖြစ်ဖြစ်) သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေရှိတယ်။ ဥပမာ အာစရိယ ပူဇော်ပွဲမှာ ရေကူးဝတ်စုံနဲ့ ဆုတက်ယူလို့ မရတာမျိုးပါ။ ရာဇ၀တ်မှုက ဒီ social ethic ကိုထိပါးတဲ့လုပ်ရပ်ကို ခေါ်တာပါ။ အဲ ရာဇ၀တ်မှုမြောက်ပေမယ့် အပြစ်ပေးတာ မပေးတာက နောက်တပိုင်းပါ။ အပြစ်ပေးတဲ့ နေရာမှာလည်း အကျဉ်းချတာ တခုတင် မကပါဘူး။ ဒါပေမယ့် ဆုံးမအပြစ်ပေးခြင်းအားဖြင့် (not necessarily imprisonment) လူ့အဖွဲ့အစည်းက ကျင့်ဝတ်တွေကို အားကောင်းစေတယ်မလား။ ခလေး ပစ္စည်းခိုးတယ်ဆို နောက်မလုပ်နဲ့ဆုံးမတဲ့အခါ ဘယ်ဟာက လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာ ခလေးရဲ့ အသိထဲ ပိုပြီးစွဲသွားစေတယ် မဟုတ်လား။
    နောက် ခိုးမှုက ရာဇ၀တ်မှုဆိုတာ သိသာလွန်းတယ်ဆိုတာကိုက မချစ်ကြည်အေးရဲ့  ကျင့်ဝတ် အဆင့်အတန်းက မြင့်လို့ပေါ့။ တချို့ အဖွဲ့အစည်းတွေမှာ ခိုးတာကို မတရားမှုလို့တောင် မြင်ချင်မှ မြင်တာ။ အဲဒိလူ့အဖွဲ့အစည်းမှာ မနေနဲ့တော့။ ကျွန်တော်တို့ တိုင်းပြည်မှာ မတရားလုပ်မှုတွေကို၊ ကျင့်ဝတ်ဖောက်ဖျက်မှုတွေ၊ ဥပဒေ ဖောက်ဖျက်မှုတွေကို ရာဇ၀တ်မှုကျူးလွန်တာဆိုပြီး တရားရုံးကနေ မသတ်မှတ်နိုင်သေးဘူး။ ဒါပေမယ့် လူတွေက ဒီလုပ်ရပ်တွေကို မတရားမှုအဖြစ် သတ်မှတ်ထားသေးတယ်။ သိနေသေးတယ်။ အဲ့သလောက် သတ်မှတ်ထားသေးတယ်၊ သိနေသေးတယ်ဆိုရင် ဒီတိုင်းပြည်ဟာ morally bankrupt မဖြစ်သေးဘူး။ မသတ်မှတ်တော့ဘူး၊ လူတွေကို အိမ်ပေါ်ကဆင်းပြီး ရပ်ကွက်တွေ ဖျက်လိုဖျက်၊ နောက် တနိုင်ငံလုံး မွဲပြာကျနေချိန်မှာ ကိုယ်ကအကြီးအကဲနေရာယူထားပြီး ကိုယ့်စည်းစိမ်ဥစ္စာထဲက ဖဲ့ပြီး ဒုက္ခရောက်သူကို မကူညီတာကို ဘာမှပြ(သကြီး)နာ မရှိဘူးလို့ လူများစုက ခံယူလာရင် ဒီအဖွဲ့အစည်းရဲ့ ကျင့်ဝတ်အဆင့်အတန်းဟာ ကြောက်ဖို့ ကောင်းလာပြီ။ ၀မ်းသာစရာက ကျွန်တော်တို့တိုင်းပြည်က အဲ့သလိုမဟုတ်တာပဲ။ တခုခု အရေးအကြောင်းဆို ပရဟိတ အလုပ်တွေမှာ လက်မနှေးကြတာကိုက ဒါကိုပြနေတယ်ထင်တယ်။
    Posted by watote | 14/06/2010, 05:56
  17. ဆက်စပ်ပြီး စဉ်းစားမိတာ တခုပြောချင်လို့။ တလောကပဲ (ဦး)ကျော်သူကို လူမှုထူးချွန်ဆု ပေးတယ်။ ဒါဘာကိုပြလဲဆိုတော့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်အဆင့်အတန်းကို ဒီဆုကနေ ဖော်ပြလိုက်တာပဲ။ ဘယ်လိုလုပ်ရပ်ဟာ ဂုဏ်ပြုထိုက်တဲ့ လုပ်ရပ်ဆိုတာကို လူ့အသိုင်းအ၀ိုင်းက confirm လုပ်လိုက်တာပဲ။
    Posted by watote | 14/06/2010, 06:13
  18. မချစ်ကြည်အေး နဲ့ Zody တို့ထောက်ပြတဲ့အပေါ် ကိုဝတုတ် ထပ်ဆင့် ရှင်းလင်းလိုက်တဲ့ အခါ ပို့စ်ရဲ့ လစ်ဟာနေတဲ့ အပိုင်းတွေ၊ ပေးချင်တဲ့ မက်ဆေ့တွေ ပိုတိတိကျကျဖြစ်သွားပြီး ကျေနပ်ဖွယ် solution တခုကို ရောက်သွားတယ်လို့ ကျနော့်အနေနဲ့တော့ မြင်မိတယ်။
    society မှာ ရှိသင့်ရှိအပ်တဲ့ social ethic တွေ၊ crimes လို့ လူတွေ တိတိကျကျ သတ်မှတ်နိုင်တဲ့အရာတွေနဲ့၊ မသတ်မှတ်နိုင်သော်လည်း မြင့်မားတဲ့ social values တွေကို တန်ဖိုးထားရာ လူ့အဖွဲ့အစည်းမှာ လိုက်နာကျင့်သုံးအပ်တဲ့အရာတွေ ကွဲကွဲပြားပြားတည်ရှိနေတယ်ဆိုတာကို အခု ဆွေးနွေးချက်များက ထပ်ဆင့်ထောက်ပြသလိုပဲလို့ ထင်မိပါတယ်။
    Posted by Nanda | 14/06/2010, 07:55
  19. အင်္ဂလိပ်စာ စကားလုံးအသုံးအနှုန်းတွေကို ဆီလျော်အောင်ဘာသာပြန်ပြီး ထည့်ရေးစေလိုပါတယ် ဥပမာ social function တို့ ဆိုတာဘာ လဲဆိုတဲ့ အဓိပါယ်ဖွင့်ဆိုချက် ဒါမှမဟုတ် မြန်မာလို အခေါ်အဝေါ်လေး စသဖြင့် ထည့်ပြီးရေးရင်ပိုကောင်းပါမယ်
    Posted by မခိုင် | 05/07/2012, 15:50
Leave a comment
Blog Stats
  • 98,219 hits