ဖီလော်ဆော်ဖီဆိုတာ ဘာလဲတဲ့။ ခဏနေဦး။ မေးခွန်းကို ဖြေရလွယ်အောင် ပြန်မေးကြည့်ဦးမယ်။ ဖီလော်ဆော်ဖီဆိုတဲ့ ဘာသာရပ်ထဲမှာ ဘာတွေပါလဲ။ metaphysics, epistemology, ethic, aesthetic, political philosophy, philosophy of science ဒီလောက်နဲ့ဆို မဆိုးဘူး။ တချို့ ကလည်း အဆန်းထွင်ပြီး philosophy of mathematics/physics ထပ်ဖြည့်တယ်။ ဒီတော့ ရှင်းအောင် မေးခွန်းကို ပြန်မေးကြည့်မှ ပိုရှုပ်တော့တယ်။
ဟိုတလောက ဘော်ဘော်တယောက်နဲ့ ဂူဂယ်မှာ ချက်လုပ်တုန်းက အမှတ်မထင်ပြောလိုက်မိတယ်။ ဖီလော်ဆော်ဖီဆိုတာ wrestling with meanings of things ဆိုလားပြောခဲ့တယ်။ အဲဒိအဖြေမဆိုးဘူး။ ခုခေတ် ဖီလော်ဆော်ဖာတွေ အထူးသဖြင့် အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေက ဖီလော်ဆော်ဖာတွေ ပရိုက်တစ်(စ)လုပ်တဲ့ ဖီလော်ဆော်ဖီဆိုတာ အဲ့သလိုမျိုးပဲ။ ဥပမာတခုကိုကြည့် A J Simmons ရဲ့ moral principles and political obligation ဆိုတဲ့ စာအုပ်ထဲကနေ ဒီဥပမာကို ယူထားတယ်။
- X has an obligation to do A
- X has a duty to do A
- X ought to do A
- It would be wrong for X not to do A
- A is the right thing for X to do.
အပေါ်က အဆိုငါးခုကိုကြည့်။ ဘာကွာလဲ။ ကွာတယ်လို့ထင်ရင် ဘာကွာလဲဆိုတာ ဆက်စဉ်းစားကြည့်။ thought experiment တွေလုပ်ကြည့်။ obligation, duty, ought to ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ် တခုနဲ့တခု ဘာကွာလဲ။
နောက်တခါ ခုပဲကိုယ့်ဟာကိုယ် စဉ်းစားမိတဲ့ ဥပမာတခုကိုကြည့်။
၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသောကြောင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုကြသည်။ nope! Absolute nonsense!
၂။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသောကြောင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုရန် ဖြစ်နိုင်သည်။ (မဆိုးဘူး။)
ကြည့်.. ၁ နဲ့ ၂ မှာ အပိုင်း နှစ်ပိုင်းပါတယ်။ ‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်(က)’ ဆိုတာနဲ့ ‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုကြသည်(ခ)’ (၁) နဲ့ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရင် ဖြစ်နိုင်သည်(ဂ)’ (၂)
Does က entail ခ? Nope
Does က entail ဂ? Yes
နောက်အဆိုတခုကိုကြည့်။
လုပ်ရပ်တခုဟာ တယောက်ယောက်ကို ထိခိုက်တာ မပြနိုင်ရင် လုပ်ခွင့်ရှိသင့်တယ်။ (၃) (really ???? :D) ဒီအဆိုက အငြင်းပွားစရာပဲနော်။
ပြောခဲ့တဲ့ အဆိုတွေအားလုံးမှာ တူတဲ့အချက်တချက်က အဆိုတွေ မှန်မမှန်ကို ဒီအဆိုတွေရဲ့  meaning အဓိပ္ပါယ်ကို သေချာဖော်ကြည့်ပြီး ယုတ္တိရှိမရှိ စစ်ကြောလို့ရတယ်။ ဥပမာ အဆို ၁ ဆိုရင် မှားတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဆို ၃ ကျတော့ရော။ ညောင်ရေသွန်းပွဲမှာ ရွှေတိဂုံဘုရားပေါ် ကိုယ်လုံးတီးလျှောက်သွားတာ ဘယ်သူ့ထိခိုက်လဲ။ ဟီးဟီး.. ကိုယ်လုံးတီး လျှောက်သွားတာနဲ့ ဓားနဲ့လိုက်ရမ်းနေတာ နှစ်ခုဆို ဒုတိယတခုက တယောက်ယောက်ကို ထိခိုက်တာ ကျိန်းသေပေါက်ပြနိုင်တယ်။ ပထမတခုက ဒုတိယတခုလောက် ရှင်းရှင်းလင်းလင်း မပြနိုင်ဘူး။ ပထမတခုက မမြင်ချင် မျက်စိမှိတ်ထားလို့ရသေးတယ်။ ဓားနဲ့လူက အဲ့သလို မှိတ်ထားလို့လည်းမရ။ ဒါဆိုပထမကိစ္စက လုပ်ခွင့်ရှိသင့်လား။ ဒီလိုပြောဖို့လည်း ခက်သားပဲနော်။ ကဲဒါဆို အဆို ၃ ကိုထပ်ပြီး refine လုပ်ကြည့်။ ခုတော့ မလုပ်တော့ဘူး။ စိတ်ဝင်စားသူတွေ လုပ်ကြည့်ပေါ့။
ဖီလော်ဆော်ဖီ စတိတ်မင့်တွေဟာ ပြောခဲ့သလို အဆိုတွေမျိုးပဲ။ တဘက်မှာ ဒီဝါကျကိုကြည့်။
ဘ၀ဆိုတာ တိုက်ပွဲ။ (အဲဒါဘာကိုပြောတာလဲ)
နောက်တခါ..
ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ။
အပေါ်က ၀ါကျရော၊ အောက်က နံမယ်ကြီး ကဗျာပိုဒ်လေးရော နှစ်ခုလုံးဟာ ဖီလော်ဆော်ဖီ စတိတ်မင့်ဘောင်မ၀င်ဘူး။ ဘ၀ဆိုတာ တိုက်ပွဲဆိုတာမှန်မမှန် ဘယ်လိုလုပ်သိနိုင်မလဲ။ သိနိုင်စရာရောရှိလား။ အပေါ်က ဖီလော်ဆော်ဖီစတိတ်မင့်တွေက မှန်မမှန်သိချင်မှ သိမယ်။ ဒါပေမယ့် ဒီအဆိုတွေ မှန်မမှန် သိနိုင်တဲ့ အနေအထားရှိတယ်။ တခါတခါ အဆိုထဲမှာကိုဘဲ ဒီအဆိုမှန်မမှန် ဆုံးဖြတ်နိုင်တဲ့ အဓိပ္ပါယ်တွေပါနေတယ်။ ဥပမာ လူပျိုဆိုတာ အိမ်ထောင်မရှိသေးသူ။ ဒါမှမဟုတ် ရဟန္တာဆိုတာ ကိလေသာအကုန် ချုပ်ငြိမ်းပယ်သတ်ပြီးသူ စသဖြင့် ရှိတယ်။
ဖီလော်ဆော်ဖာတချို့ ကတော့ (ပြောရရင် တော်တော်များများက)အဆိုတခုဟာ မှန်မမှန် သိနိုင်စွမ်းမရှိရင် meaningless statement တဲ့။ ဖီလော်ဆော်ဖီထဲ အကြုံးမ၀င်ဘူးတဲ့။ philosophy standpoint ကကြည့်ရင် meaningless statement လို့ပြောရင် နည်းနည်း ခံသာသေးတယ်။ အဲဒါကြောင့်ထင်တယ်၊ ဖီလော်ဆော်ဖာတွေက ကဗျာဆိုရင် contempt ရှိတယ်။ ကဗျာဆရာတွေကရော ဖီလော်ဆော်ဖာတွေကို ဘယ်လိုမြင်သလဲမသိဘူး။ သိပ်ကောင်းမယ်တော့ မထင်ဘူး။
ကျွန်တော့မှာ လက်ချောင်းငါးချောင်းစီပါတဲ့ လက်နှစ်ဖက်ရှိတယ်။ ထို့ကြောင့် ကျွန်တော့တွင် လက်ချောင်းဆယ်ချောင်းရှိသည်။ ဒါဘယ်အချိန်မှာမဆို မှန်တယ်။ စကြာဝဠာကြီး စဖြစ်ချိန်မှာလည်း မှန်တယ်၊ သက်ရှိတွေ အားလုံးစကြာဝဠာထဲမှာ ချုပ်ငြိမ်းသွားလည်းမှန်တယ်။ အိပ်မက်ထဲလည်းမှန်တယ်။ ဈေးထဲမှာလည်းမှန်တယ်။ နေရာတကာ မှန်တယ်။
ညာဘက်လက်မှာ လက်ချောင်းငါးချောင်းရှိတယ်၊ ဘယ်ဘက်မှာလည်း ငါးချောင်းရှိတယ်။ ဒါဖြင့်ရင် အဲဒိ ငါးဆိုတဲ့ ဂဏန်းက ဘာလို့နှစ်နေရာမှာ(ညာလက်မှာရော၊ ဘယ်လက်မှာရော) တပြိုင်တဲ ရှိနေရတာလဲ။ ဂဏန်းဆိုတာဘာလဲ။ ဘယ်မှာရှိလဲ။ နံပါတ် ငါးဆိုတာ ဘယ်မှာရှိတာလဲ။ ငါးဆိုတဲ့ ဂဏန်းဟာ ရုပ်ဝထ္ထုအကူမပါဘဲ အဓိပ္ပါယ်ရှိရဲ့ လား။ ဥပမာ လူငါးယောက်၊ လက်ငါးချောင်း စသဖြင့် ပြောကြတယ်။ လူတို့ လက်တို့ မရှိဘဲ ဂဏန်းတွေရဲ့ သဘောကို သိနိုင်မလား။
စားတယ်နော်။ အဲဒါကို ဖီလော်ဆော်ဖီလို့ ခေါ်တယ်။ အင်မတန်မှ abstract ဖြစ်တယ်။ ဒါပေမယ့် ကံကောင်းတယ်ပဲပြောမလား။ ဘ၀ဆိုတာ တိုက်ပွဲဆိုတဲ့ အဆို ဘာအဓိပ္ပါယ်လဲ ဆိုတာ အမျိုးမျိုး ဖွင့်ကြည့်။ စိတ်ကူးဥာဏ်ပေါ်မူတည်ပြီး အဓိပ္ပါယ်တွေလည်း အများကြီး ထွက်လာနိုင်တယ်။ ဖီလော်ဆော်ဖီ စတိတ်မင့်တွေကတော့ အဓိပ္ပါယ် အကန့်အသတ်မရှိ မထွက်နိုင်ဘူး။ ဒါအားတက်စရာပေါ့။ ဘာ့ကြောင့်လဲဆိုတော့ အဓိပ္ပါယ် အကန့်အသတ်မရှိ ထွက်ခွင့်မရှိရင် ရှိသလောက်ကို ရေးကြည့်။ ပြီးရင် ဒီအဓိပ္ပါယ်တွေဟာ ကိုယ်အရင် လက်ခံထားတဲ့ အဓိပ္ပါယ်တွေနဲ့ ကိုက်ညီမှုရှိမရှိပြန်ကြည့်။ အဲဒိနည်းနဲ့ မှန်ကန်တဲ့ အဆိုတခု ထွက်လာနိုင်စရာရှိတယ်။ ဒါဖီလော်ဆော်ဖီပဲ။ စိတ်ပျက်စရာ ကောင်းသလို ပျော်စရာလည်း ကောင်းတယ်။
၁၇ ကနေ ၁၉ ရာစုလောက်ထိ ကမ္ဘာမှာ ကနေ့ထိ နံမယ်ကျော် ဖီလော်ဆော်ဖာတွေ ပြုံပြီးပေါ်လိုက်တယ်။ ဒင်းတို့ဘာတွေ ဘယ်လိုတွေးခဲ့လဲ ဆိုတာလောက်ကို ပြန်ကောက်နိုင်ရင် မဆိုးဘူး။ တချို့ ကတော့ rationalist နဲ့empiricists ဆိုပြီးခွဲတယ်။ တချို့ က ဒီနှစ်မျိုးအပြင် နောက်တမျိုးအသစ်ထည့်တယ်။ transcendental တဲ့။ ဟိုမရောက် ဒီမရောက်တွေကို ပြောတာနဲ့ တူတယ်။
ပထမအုပ်စုမှာ နံမယ်ကြီးတွေက Descartes, Spinoza, Leibniz နောက်အုပ်စုက ခေါင်သူကြီးတွေက Locke, Berkeley, Hume ကြားထဲမှာ ဟိုမရောက် ဒီမရောက်က Kant ဒီငတ ခုနှစ်ကောင်ဘာတွေ ဘယ်လိုတွေးခဲ့လဲဆိုတာ အကြမ်းသိရရင် မဆိုးဘူး။
w..
(ဒါဆိုပထမကိစ္စက လုပ်ခွင့်ရှိသင့်လား။ ဒီလိုပြောဖို့လည်း ခက်သားပဲနော်။)
bro
ကျွန်မ အတွက်တော့ မခက်ဘူး။ ဘာလို့ဆို အဲဒီအခြေအနေမှာ အခွင့် ဆိုတာကို စဉ်းစားစရာမလိုတော့ဘူး။ ချော့မော့ပြီး ဆေးရုံပို့ဖို့ပဲ စဉ်းစားရတော့မှာ။
နောက်တစ်ခု ဒီလို ကိစ္စမျိုးမှာ…
ကျွန်မအနေနဲ့ ဘာကို အလေးပေးချင်သလဲ လာမေးရင်… အဲဒီအပြုအမူကို ပြုမူလာတဲ့လူထက်… အဲဒီလူရဲ့ အပြုအမူကို တုန့်ပြန်စီရင်ချင်တဲ့ လူတွေရဲ့ အပြုအမူက ဘာတွေဖြစ်မလဲ၊ ဘယ်လိုဖြစ်မလဲ အလေးပေးပြီး ပြောချင်တယ်။ (ဒါ အဆင့်ကျော်နေတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
***
ဖလော်တွေမို့ တချို့နေရာတွေ ကျော်ဖတ်မိတယ်။ ကိုယ်သန်ရာသန်ရာ ကိစ္စတွေ့လို့ အဲဒီတနေရာလေးပဲ ကွက်ပြောမိတာ။
=)
မက်ခီယာဗယ်လီနောက်ပိုင်း (ကျွန်မအတွက်) လေးလာတယ်။
:)) ဖတ်ပြီး သဘောကျလို့ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်သွားတယ် ကိုဝတုတ်။ ရေးပုံကို သဘောကျတယ်။
“ဘ၀ဆိုတာ တိုက်ပွဲ။ (အဲဒါဘာကိုပြောတာလဲ)”
အဓိပ္ပါယ်က “နှမဆိုတာ လိုက်ပွဲ” တဲ့။ သူကောင့်းသား သူငယ်ချင်းများ ကောင်းမှုနဲ့ ကြားဖူးထားတာ။ 😀
အပျော်အပြက် ခဏထားလို့ အတည်ကြီးပြောရရင် အောက်ပါစာကြောင်းကို နည်းနည်း ထပ်ရှင်းစေချင်တယ်။ ဘယ်သူတွေလဲ၊ ဘာ့ကြောင့်လဲ။
“အဲဒါကြောင့်ထင်တယ်၊ ဖီလော်ဆော်ဖာတွေက ကဗျာဆိုရင် contempt ရှိတယ်။ ကဗျာဆရာတွေကရော ဖီလော်ဆော်ဖာတွေကို ဘယ်လိုမြင်သလဲမသိဘူး။ သိပ်ကောင်းမယ်တော့ မထင်ဘူး။”
အဲဒါမှန်တယ်ဆိုရင် အဲဒီလို ဖီလော်ဆော်ဖာတွေကို ကဗျာဆရာတွေက၊ ကျွန်တော် အပါအ၀င် ကဗျာမြတ်နိုးသူတွေက (ဘယ်စာလုံးကိုမှ အဓိပ္ပါယ် မဖွင့်ဆို မရှင်းလင်းဘဲနဲ့) အခုလို တရင်းတနှီး ပြန်ပြောလိမ့်မယ် “ခင်ဗျားတို့ လူဖြစ်ရကျိုး မနပ်ဘူး” လို့။
ဆရာတော် ခုနစ်ပါး ဘာတွေဟောကြားခဲ့သလဲ ဆိုတာကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့် Leibniz ဘာပြောခဲ့သလဲဆိုတာ။ အဲဒီ Leibniz က calculus ဘုရား Leibniz နဲ့ အတူတူပဲလား မသိ။
ဖီလော်ဆော်ဖာ Leibniz ဆိုတာ အဲဒိ ကဲကုလနဲ့ ပတ်သက်ပြီး သိတဲ့ Leibiniz ပဲ။ နေရာတကာ ပါတယ်နော်..
Leibinez ပြောတာလည်း ပြောချင်တယ်။ ဒါပေမယ့် ကျွန်တော် political philosophy ကိုအနည်းဆုံး contract theory ကသုံးယောက် (Hobbes, Locke, Rousseau)နဲ့ ဒီ သီအိုရီကို ဝေဖန်ခဲတဲ့ Hume လေးယောက်ကို ပြီးအောင် ဖြတ်လိုက်ဦးမယ်စဉ်းစားတယ်။ ပြီးရင် ပြောခဲ့တဲ့ Descartes, Spinoza, Leibniz, Locke, Berkeley, Hume နဲ့ Kant တို့အကြောင်းဆက်မလား စဉ်းစားတယ်။ တပတ်တပုဒ်ဆိုရင်တောင် သုံးလေးနှစ်ကြာမှ ပြီးမယ်ထင်တယ်။ 😀 Hegle နဲ့ Marx ကတော့ သတ်သတ်ကြည့်ရမယ်ထင်တယ်။ Hegel နဲ့ Marx က ကျွန်တော် အာအတွေ့ဆုံး အကြာင်းအရာတွေ။ ခေတ်သစ်မှာတော့ utilitarians တွေရယ်၊ ဒီ utilitarian တွေကို ဝေဖန်တဲ့ နံမယ်ကြီး John Rawls ရယ်၊ နောက် Locke ကိုပြန်ဆန်းသစ်ထားတဲ့ Nozick ရယ်၊ နောက် သူတို့ရဲ့ critic တွေရယ်ဆိုရင် ကုန်သလောက်ရှိပြီ။ သူတို့ဘာတွေ တွေးခဲ့လဲဆိုတာ အကြမ်းသိရင် မဆိုးဘူး။
ပထမ ritako မေးတာပြန်ပြောရရင် (ဒီလိုပြောဖို့လည်း ခက်သားနော်)ဆိုတာ ကိစ္စတခု၊ ဒါမှမဟုတ် လုပ်ရပ်တခုဟာ ဘယ်သူမှ ထိခိုက်တာ မပြနိုင်ရင်တောင် ခွင့်ပြုသင့်တယ်ဆိုတာ ပြောရခက်သားလို့ ပြောချင်တာ။ အဆို ၃ ကိုလက်ခံဖို့ ခက်သားနော်ဆိုတာကို ပြောချင်တာ။ စကားပြောလောကြီးသွားတယ်။ ဒီကိစ္စမှာ ဘယ်ခွင့်ပြုသင့်မလဲ (မြင်ဖို့မခက်ဘူး)။ ဒါပေမယ့် ဝတ်လစ်စလစ် ၀တ်စားထားတဲ့ မိန်းခလေးတယောက်ကိုရော ခွင့်ပြုသင့်လား။ တဘက်မှာ လိင်တူဆက်ဆံတာကြည့်။ လိင်တူစိတ်ဝင်စားတာ ဘယ်သူ့မှ ထိခိုက်တာ မပြနိုင်ဘူး။ ဒီတော့ ခွင့်ပြုသင့်တယ်လို့ ပြောတယ်။ အဲ့သလို ဘယ်သူမှထိခိုက်တာ မပြနိုင်လို့ လိင်တူဆက်ဆံတာ ခွင့်ပြုသင့်ယင် ၀တ်လစ်စလစ် ၀တ်စားဆင်ယင်မှုဟာ သူများကိုထိခိုက်တာ မပြနိုင်ရင် ခွင့်မပြုသင့်ဘူးလား။ (၀တ်လစ်စလစ်နဲ့ တုံးလုံးကြားမှာ ဇာပါးပါးလေးပဲခြားတယ်။) ဓားနဲ့လိုက်ရမ်းတဲ့လူလို ရုပ်ပိုင်းထိခိုက်တာမျိုး မဖြစ်နိုင်ပေမယ့် လူ့အဖွဲ့အစည်းမှာ ဒီလို ၀တ်လစ်စလစ် ၀တ်စားတာဟာ offensive ဖြစ်တယ်ဆိုယင်၊ accepted cutom တွေကို ထိခိုက်တာမျိုးဆိုယင် ကိုယ်တဦးထဲ ဆန္ဒနဲ့ လုပ်ချင်တာတောင် တခါတလေ မလုပ်သင့်ဘူး၊ လုပ်ခွင့်မပြုသင့်ဘူး။ ဒီတော့ မိန်းမတယောက်က ပျော်လို့ သူ့သဘောနဲ့သူ ဖာသည်အလုပ်လုပ်တာ ခွင့်ပြုသင့်လား။ ကိုယ်ဝန်တော့ဖျက်ချခွင့်ရှိရင် ဖာရောဘာလို့ ခံခွင့်မရှိရတာလဲလို့ မေးစရာရှိတယ်။ ဖာအလုပ်က ဘယ်သူ့ထိခိုက်လဲဆိုတာ ငြင်းရခက်တယ်။ (ဖာက ကျန်းမာရေးအသိလည်းရှိတယ်။ ပညာလည်း အသင့်အတင့်တတ်တယ်ဆိုရင် ဥပမာ pretty woman ထဲက JR လိုနေမှာပေါ့။ စကားမစပ် အဲဒိကိစ္စဂျူးနဲ့ မာဆေးမှာတွေ့တုန်းက သူ့ကိုမေးဖူးတယ်။ On what ground would a feminist object to voluntary hookerdom? ဆိုပြီးမေးဖူးတယ်။ မချောက မဖြေဘူး၊ ထွက်ပြေးတယ်။ သူငယ်ချင်းတယောက်ကတော့ ပြောဖူးတယ်၊ ဂျူးက accidental feminist တဲ့။) accepted customs တွေထဲမှာလည်း priority ရှိမှာပေါ့။ ဥပမာ ဘာသာရေးနဲ့ ဆိုင်တာတွေဆိုရင် ထိပ်မှာရှိမယ်ထင်တယ်။ အဆို ၃ မှာ ‘ထိခိုက်မှု’ ဆိုတာဘာဆိုတာ တခါထပ်ရှင်းကြည့်။ အဲဒိကနေ ပိုရှင်းချင် ရှင်းလာနိုင်တယ်၊ ပိုရှုပ်ချင်လည်း ရှုပ်လာနိုင်တယ်။ စိတ်ဝင်စားယင် စမ်းကြည့်ပေါ့။
ခုတခါ ပိုင့်အလှည့် 😀 ကဗျာဆရာတွေကို ဖီလော်ဆော်ဖာတွေက သူတို့ ဘိုးအေကြီး Socrates လက်ထက်ကတည်းက contempt ရှိလာတာလို့ ပြေရာမယ်။ I decided that it was not wisdom that enabled [poets] to write their poetry, but a kind of instinct or inspiration, such as you find in seers and prophets who deliver all their sublime messages without knowing in the least what they mean. Republic ထဲမှာ ပြောထားတာထင်တယ်။ ခုအပေါ်ကဟာက ဂူဂယ်မှာ ရှာလိုက်တာ။ ကဗျာဆရာတွေက သူတို့သုံးတဲ့စကားတွေရဲ့ အဓိပ္ပါယ်ကို သိပ်ဂရုမစိုက်ဖူးလို့ မြင်တာမို့ သူတို့ကို အဓိပ္ပါယ်တွေရှင်းလင်းရေးကို အဓိကဖန်ရှင် အဖြစ် သတ်မှတ်ထားသူတွေကcontempt ရှိတာနေမှာပေါ့။ Philsophy joke တခုရှိတယ်။ What is the politically correct behavior for philosophers? လို့ တယောက်ကမေးတယ်။ အဖြေက It’s treating poet nicely. တဲ့..
နောက်တခါ ကျွန်တော်အင်မတန် သဘောကျတဲ့ ဖီလော်ဆော်ဖာတယောက်က ဘာပြောဖူးလဲဆိုတော့ ‘တချိန်မှာ သူဟာ ‘ကဗျာဆရာ’ လို စိတ်ထဲရှိတာ မစဉ်းစားဘဲ ချရေးတာမျိုးမလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်’ လို့ပြောဖူးတယ်။ တကယ်လည်း သူ့တသက် ရေးခဲ့တာတွေဟာ စာအုပ်က လေးငါးအုပ်၊ ဂျာနယ် အာတီကယ်က အခု သုံးဆယ်ထက်မပိုဘူးထင်တယ်။ ဒီလောက်ပဲရှိတယ်။ ဆရာကြီး Karl Marx ကလည်း ကဗျာဆရာတွေကို queer fish ဆိုပြီး ချစ်စနိုးခေါ်ဖူးတယ်။ 😀 အဲ့တော့ ဖီလော်ဆော်ဖီနဲ့ ကဗျာ ပေါ်တင်စစ်ကြေညာထားမထားတော့ မသိဘူး။ ကဗျာတွေကို အဲ့သလို မထိတထိ ကလိတာမျိုးတော့ ရှိတယ်။ ဒါပေမယ့် ဖီလော်ဆော်ဖာအားလုံးတော့ ဟုတ်မယ်မထင်ပါဘူး။
ကျွန်တော်ခင်တဲ့ ကဗျာဆရာတယောက်ကလည်း ကဗျာကို မခံစားတတ်ရင် လူဖြစ်ကျိုးမနပ်ဖူးလို့ ပြောဖူးတယ်ဗျ။
စိတ်ပါလာပြီ။ ဆက်ပြောဖို့။
bro က စကားပြောလောကြီးသွားတယ် ဆိုပေမယ့် bro ပြောချင်တာကို ကျွန်မ သိလိုက်တယ် ထင်တာပါပဲ။
ကျွန်မဆီမှာ တင်ထားဖြစ်တဲ့ post နဲ့လည်း သက်ဆိုင်တဲ့ အပိုင်းဖြစ်တော့ ခုလောလောဆယ်ကို (ရောက်လာတဲ့ ကွန်မန့်တွေကြောင့်) တွေးဖြစ်နေတဲ့ အကြောင်းလည်း ဖြစ်နေလို့ပါ။
အများအားဖြင့် ဒီအကြောင်းအရာကို ပြောတော့မယ်ဆိုရင် ခွင့်ပြုသင့် မပြုသင့် (ဒါမျိုးကြီးကို ခွင့်ပြုထားရမှာလား) ဆိုတာနဲ့ အဓိက ကိုင်ကြတယ်။
ဒီနေရာမှာ ကျွန်မ စဉ်းစားမိတာတစ်ခုက ခွင့်ပြုသင့်၊ မပြုသင့်ဆိုတာကို ငြင်းရအောင် အဲဒီ ခွင့်ပြုဖို့ မပြုဖို့ အခွင့်အာဏာက ဘယ်သူ့မှာ ရှိနေတာလဲ ဆိုတာပါ။ (လူ့အသိုင်းအဝိုင်းမှာ အများစု တညီတညာတည်း တန်ဖိုးသတ်မှတ်ကန့်သတ်ထားတဲ့ ရေးမထားတဲ့ ဥပဒေတွေဆိုတဲ့ သဘောကို နားလည်ပါတယ်)
ကျွန်မအနေနဲ့ပြောရရင်… အားလုံးတညီတည်းထားတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို ဘယ်သူ့မှမထိခိုက်ဘဲ ဆန့်ကျင်မယ့်လူတစ်ယောက်ကို ခွင့်ပြုသင့်တာ မပြုသင့်ဆိုတာဟာ ဆွေးနွေးရမယ့် အကြောင်းလို့ မထင်ဘူး။
၁) ဒီအခွင့်အာဏာ ဘယ်သူ့မှာရှိလို့ ဆွေးနွေးရမလဲ။
၂) ခွင့်ပြုပြု မပြုပြု သူ့သဘော သူဆောင်ပြီး ခေတ်အဆက်ဆက်၊ အခြေအနေအသိုင်းအဝိုင်း အဆက်ဆက်မှာ ရှိကို ရှိနေမှာဖြစ်လို့။
၃) နောက် အသိုင်းအဝိုင်း အဖွဲ့အစည်းတစ်ခုမှာ အများစု သဘောညီ သတ်မှတ်ထားတဲ့ တန်ဖိုးထားတဲ့ကျင့်ဝတ်တွေဆိုတာကို လူနည်းစုက သူတို့သဘောနဲ့ သူတို့ အိုးမဲသုတ်သွားလို့ မရဘူး။
(ဥပမာ – ဗမာအများစုက လုံခြုံအောင် ဝတ်တာကိုမှ တန်ဖိုးထားတယ်၊ သိက္ခာရှိတယ်လို့ သတ်မှတ်ပါတယ်ဆိုရင် ဗမာအနည်းစုက သူတို့ဘာသာ လွတ်ရာကျွတ်ရာမှာ ချွတ်ပြရုံနဲ့ ဟိုအများစုရဲ့ တန်ဖိုးထားရာတွေ သိက္ခာတရားတွေက နိမ့်သွားစရာအကြောင်းမရှိဘူး။ နောက်တနည်း bro ပြောသလို ညောင်ရေသွန်းပွဲ ချွတ်လာတာမျိုးဆိုလို့ကတော့ ဒါ အခွင့်အရေး ထည့်ပြောရမယ့် ကိစ္စမဟုတ်ဘူး။ ဆေးရုံချော့ပို့ရမယ့် ကိစ္စပဲ)
ဒီတော့ ပြောရရင် ခွင့်မပြုသင့်တာ ခွင့်ပြုသင့်ဆိုတာဟာ အဖြေထုတ်ရမယ့် ကိစ္စမဟုတ်ဘူး၊ အဖြေထွက်လာဦးတော့ အလုပ်မဖြစ်နိုင်ဘူး။ အလုပ်ဖြစ်မယ့် အဖြေမဟုတ်နိုင်ဘူးလို့ ထင်တယ်။
***
အကြောင်းအရာ ဆက်စပ်လို့ ပြောရရင် ကျွန်မရေးတင်လိုက်တဲ့ post နဲ့ ပြန်လိုက်တဲ့ comment တွေမှာ အရေးအသားမစေ့စပ်လို့ပဲဖြစ်ဖြစ်၊ အလောတကြီး အလွယ်စကားလုံးတွေ ရေးလိုက်မိလို့ ဖြစ်ဖြစ်၊ ဖတ်တဲ့လူက နားလည်မှုလွဲလို့ပဲ ဖြစ်ဖြစ် ဘယ်သူ့မှ မထိခိုက်စေရင် ပြီးရော… ဒီလိုကိစ္စမျိုး ခွင့်ပြုသင့်ပါတယ်လို့ ဆိုလိုရာရောက်ကောင်း ရောက်နေတယ် ထင်တယ်။
blog မှာ ထပ်ကာ ထပ်ကာ ရောက်လာသမျှ comment တွေမှာ ဘယ်လိုဝတ်စားရင် ဘာအဓိပ္ပါယ်ဖြစ်ပြီး ဒါတွေကို ဘာကြောင့် ခွင့်ပြုသင့်ရမှာလဲ ဆိုတာတွေပဲ ပတ်လည်ရိုက်နေတယ်။
ကျွန်မအနေနဲ့တော့ အဲဒီအကြောင်းအရာကို တင်ပြီး အဓိက ပြောချင်တာက အဲဒီလို လူ့အသိုင်းအဝိုင်းတစ်ခုမှာ လူအများစု လက်မခံတဲ့တာကို ပြုမူလာတဲ့လူထက်၊ သူ့ကို ခွင့်ပြုဖို့ မပြုထက်… အဲဒီလူရဲ့ အပြုအမူကို တုန့်ပြန်စီရင်ချင်တဲ့ လူတွေရဲ့ အပြုအမူက ဘာတွေဖြစ်မလဲ၊ ဘယ်လိုဖြစ်မလဲ အလေးပေးပြီး ပြောချင်တာပါ။
(ခွင့်ပြုသင့် မပြုသင့်ဆုံးဖြတ်ဖို့ဆိုတဲ့ အခွင့်အာဏာသာ ဘယ်သူ့မှာမှ မရှိတာ၊ လုပ်ချင်ရာလုပ်ခွင့်တော့ ကာယကံရှင်မှာ ရှိပြီးသားဖြစ်နေတယ်။ ဘာလို့ရှိပြီးသားဖြစ်ရလဲဆိုတော့ ရှိပြီးသားဖြစ်လို့၊ ဘယ်သူ သင့်၏ မသင့်၏တွေးတွေး သူလုပ်ချင်ရာ လုပ်ပြီးဖြစ်နေတာပေါ့။ သူလုပ်နိုင်တာက အရင်၊ သူလုပ်တာကြည့်ပြီး သင့်မသင့် ပြောလို့ရတာက နောက်)
***
bro ပြောတဲ့ prostitute ကိစ္စလည်း ကျွန်မ ဒီတိုင်းပဲ ပြောမိမှာပါပဲ။
* ခွင့်ပြုသင့်ပါသလား ခွင့်ပြုသင့်ပါသလား မေးရအောင် အဲဒီ သင့် မသင့်ကို ဆုံးဖြတ်ဖို့ အခွင့်က ဘယ်သူ့မှာ ရှိနေတာပါလဲ။
* ခွင့်မပြုသင့်ဘူးလို့ အဖြေထွက်လာတယ် ဆိုပါစို့။ မသင့်တာလုပ်တဲ့လူကို ဘာဆက်လုပ်မှာလဲ။ ဘယ်လိုစီရင်ဆုံးဖြတ်မှာလဲ။
* အဲဒီလို ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလို သုံးတဲ့ မိန်းမတွေကြောင့် အဲလို မလုပ်တဲ့ မိန်းမတွေရဲ့ တန်ဖိုး တစုံတရာ ထိခိုက်သွားစေနိုင်သလား။
(ဂျူးတောင် မဖြေဘဲ ရှောင်သွားတာကို ဝင်ဖြေလိုက်မိတော့ မိုက်မဲရာများ ကျသွားမလားလို့တော့ တွေးမိပါသေး)
ကျွန်မအနေနဲ့ပြောရရင်… အားလုံးတညီတည်းထားတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို ဘယ်သူ့မှမထိခိုက်ဘဲ ဆန့်ကျင်မယ့်လူတစ်ယောက်ကို ခွင့်ပြုသင့်တာ မပြုသင့်ဆိုတာဟာ ဆွေးနွေးရမယ့် အကြောင်းလို့ မထင်ဘူး။
၁) ဒီအခွင့်အာဏာ ဘယ်သူ့မှာရှိလို့ ဆွေးနွေးရမလဲ။
၂) ခွင့်ပြုပြု မပြုပြု သူ့သဘော သူဆောင်ပြီး ခေတ်အဆက်ဆက်၊ အခြေအနေအသိုင်းအဝိုင်း အဆက်ဆက်မှာ ရှိကို ရှိနေမှာဖြစ်လို့။
၃) နောက် အသိုင်းအဝိုင်း အဖွဲ့အစည်းတစ်ခုမှာ အများစု သဘောညီ သတ်မှတ်ထားတဲ့ တန်ဖိုးထားတဲ့ကျင့်ဝတ်တွေဆိုတာကို လူနည်းစုက သူတို့သဘောနဲ့ သူတို့ အိုးမဲသုတ်သွားလို့ မရဘူး။
အတော်လျှော်ပြီး မောက်မာလှပါကလား။ ဒီကိစ္စဆွေးနွေးဖို့ ဘယ်သူ့အခွင့်အာဏာကို ယူစရာလိုသေးလဲ။ ဆွေးနွေးချင်တဲ့လူက ဆွေးနွေးမှာပေါ့။ မင်းအပူပါလား။ ကိုယ်မဆွေးနွေးချင်ရင် ကိုယ့်ဟာကိုယ် နေပေါ့။ နောက်ပြီး လူနည်းစုက သူတို့သဘောနဲ့ သူတို့ အိုးမဲသုတ်သွားလို့မရတာကို လက်ခံရင် ဒီကိစ္စကို ဆွေးနွေးစရာမလိုဘူးလို့ ဘာလို့ပြောနေသေးလဲ။
နောက်တခုက မင်းကြည့်ရတာ current issues တွေလည်း သိပ်ကျက်မိပုံမရဘူး။ feminist တွေက ဖာလုပ်ငန်းကို မိန်းမတွေရဲ့ ဂုဏ်ကိုထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက်ကြတယ်။ တဘက်မှာ မိန်းမဟာ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်တာမို့ ကိုယ်လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ စဉ်းစားမှုနဲ့ ကိုယ်ဝန်ဖျက်ချမှုကို feminist တွေက ထောက်ခံတယ်။ ဒါပေမယ့် သူတို့ ထောက်ခံတဲ့ စဉ်းစားမှုက မိန်းမတယောက် ကိုယ့်သဘောနဲ့ ကိုယ်ဖာခံတာကို ဘာမှပြောလို့မရအောင် ကိုယ့်ရှုးကိုယ်ပတ်ဖြစ်နေတယ်။ ဒါကို သဘောမပေါက်ဘူး။ Catherine MacKinnon တို့ ဖာကိစ္စ အငြင်းအခုံလုပ်ကြတာ ဂူဂယ်မာရှာကြည့်။ စာများများဖတ်။ အင်္ဂလိပ်လိုပါ ဖတ်နိုင်အောင်ကြိုးစား။ စာရေးသူဘာပြောတယ်ဆိုတာကို ရမ်းသမ်းနားလည်ပြီး လျှောက်မရမ်းနဲ့။ ပြန်ရှင်းရတာ အချိန်ကုန်တယ်။
ကျွန်မပြောချင်တာက အခွင့်အာဏာရှိမှ ပြောရမယ်၊ ဆွေးနွေးရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒီတချက်တော့ bro အယူအကောက်လွဲနေပါတယ်။
ဆိုလိုချင်တဲ့အဓိကအချက်က မသင့်ဘူးဆိုရင် ဘာလုပ်မှာလဲ ဆိုတာပါ။
Ok..another dip into this and hope no more..
ကျွန်မအနေနဲ့ပြောရရင်… အားလုံးတညီတည်းထားတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို ဘယ်သူ့မှမထိခိုက်ဘဲ ဆန့်ကျင်မယ့်လူတစ်ယောက်ကို ခွင့်ပြုသင့်တာ မပြုသင့်ဆိုတာဟာ ဆွေးနွေးရမယ့် အကြောင်းလို့ မထင်ဘူး။
၁) ဒီအခွင့်အာဏာ ဘယ်သူ့မှာရှိလို့ ဆွေးနွေးရမလဲ။ (အဲဒိအခွင့်အာဏာဆိုတဲ့ စကားလုံးက ဘယ်ကနေရောက်လာတာလဲ။)
မထင်ရင် မဆွေးနွေးနဲ့ပေါ့။ ခွင့်မပြုသင့်ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ကိုယ့်အလုပ်မဟုတ်ဖူး။ တချို့ ကိစ္စတွေဟာ လုပ်သင့်လား မလုပ်သင့်လားဆိုတာကိုသာ စစ်ကြောတာ။ ‘ဘာလုပ်မလဲ’ ဆိုတဲ့ အမိမေးတဲ့မေးခွန်းကို ကျုပ်လောလောယ်ဆယ် စိတ်မ၀င်စားသေးဘူး။ တခုတော့ ရှိတယ်။ ဥပဒေ (စကားကို ကပ်သပ်မပြောနိုင်အောင် ခုကတည်းက ပြောလိုက်မယ်၊ ဥပဒေဆိုတာ valid law ကိုပြောတာ။ legitimate authority တခုခုက ချမှတ်ထားတဲ့ ဥပဒေကိုပြောတာ။)ကို လူတိုင်းမှာ လိုက်နာဖို့ တာဝန် obligation ရှိတယ်။ ဒါကိုလက်မခံရင် ဒီအဖွဲ့အစည်းမှာ မနေနဲ့။ ဒီအဖွဲ့အစည်းမှာနေတယ်ဆိုကတည်းက everyone is bound by these valid laws. မလိုက်နာရင် ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း ပြစ်ဒဏ်လည်း ပြစ်ဒဏ်အလျောက် ခံရမှာပေါ့။
(feminist တွေက ဖာလုပ်ငန်းကို မိန်းမတွေရဲ့ ဂုဏ်ကိုထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက်ကြတယ်)
ဟုတ်ကဲ့
အဲဒီအကြောင်းတွေ ဖတ်မထားပါဘူး။
ဒါပေမဲ့ ဒါတွေဖတ်မှ ဒီဘလော့မှာ ခုရေးတဲ့ကိစ္စ ဆွေးနွေးနိုင်မယ်လို့တော့ မထင်ဘူး။ bro က ဒါမှ အလုပ်ဖြစ်မယ် သတ်မှတ်ရင်တော့ ဝင်ပြောမိတာ တောင်းပန်ပါတယ်။
သူတို့ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်တဲ့ကိစ္စ ဆွေးနွေးတာဆိုရင် အဲဒီအချက်ကို ဒီ post မှာထည့်ရေးမှ ပြောတဲ့သူကလည်း ထည့်ပြော ထည့်စဉ်းစားမိမှာပေါ့။ အစကတည်းက သိသိ မသိသိ၊ ဖတ်ထားထား၊ မထားထား။
လူဟာ သူ့ အာရုံဝင်စားမှုနဲ့ သူပါပဲ။
ဘာပဲဖြစ်ဖြစ် bro ရဲ့ blog မှာ တင်ထားတဲ့အကြောင်းအရာအတွက် မဆိုင်ဘူးထင်စရာရှိတာတွေ ပြောမိတယ်ဆိုရင်တော့ sorry ပါပဲ။
“ဘယ်သူ့မှာ အခွင့်အာဏာရှိလို့ ဆွေးနွေးရတာလဲ” ဆိုတာကတော့ bro အယူအကောက် လွဲတာ သက်သက်ဆိုတာ ထပ်ပြောချင်ပါတယ်။ အဲဒါ အခွင့်အာဏာရှိမှ ဆက်ပြောရမယ်လို့ ဆိုလိုထားတာ မဟုတ်ဘူး။ သင့်တော်၏ မသင့်တော်၏ကို ဆုံးဖြတ်လို့မရနိုင်တဲ့ ကိစ္စလို့ မြင်တယ်လို့ပဲ ဆိုလိုတာပါ။
(တချို့ ကိစ္စတွေဟာ လုပ်သင့်လား မလုပ်သင့်လားဆိုတာကိုသာ စစ်ကြောတာ။ ‘ဘာလုပ်မလဲ’ ဆိုတဲ့ အမိမေးတဲ့မေးခွန်းကို ကျုပ်လောလောယ်ဆယ် စိတ်မ၀င်စားသေးဘူး။)
gn ပြောပြီးမှ ဆက်ပါရစေ။
ဟုတ်ပါတယ်။ ကျွန်မက လွဲပြီးလာပြောမိတာဖြစ်မယ်။ bro က သင့် မသင့်ဘဲ ပြောတယ်။ ကျွန်မက မသင့်ဘူးဆိုရင် ဘာလုပ်မလဲပြောမိတယ်။
ရှင်းရှင်းပြောရရင် ကျွန်မတင်တဲ့ပို့စ်က အကြောင်းအရာနဲ့ ဆက်နေတယ် ထင်လို့ ဝင်ပြောတာပါ။ နောက် ဘာလုပ်မလဲ bro စိတ်မဝင်စားတာကတော့ ကျွန်မလည်း ဘာမှ မတတ်နိုင်ပါ။
ကျွန်မက ဒီအပိုင်းကိုမှ ဘာလို့ မေးရသလဲဆိုတော့ ကျွန်မ ဘလော့မှာ တင်မိတဲ့ အကြောင်းအရာက “မသင့်တာလုပ်တဲ့ မိန်းကလေးကို လုပ်လို့ဆိုပြီး ပက်ပက်စက်စက် ဝေဖန်တာ၊ မစာမနာ မှတ်ချက်ပေးတာ” စတာတွေကို တင်ထားမိလို့ ကျွန်မ အတွေးက အဲဒီမှာ အခြေခံနေတာ ဖြစ်ပါလိမ့်မယ်။
အဲဒါကြောင့် ဒါနဲ့ ဆက်စပ်တာ တွေ့တော့ ဒီမှာ ရေးမိတာပါပဲ။
ဒီလို တုန့်ပြန်သင့်လား ဆိုတာ ကျွန်မ မေးခွန်းထုတ်ချင်နေတာ ဖြစ်လို့ပါ။
ဒါ ပြန်ဖြေဖို့ စိတ်မဝင်စားဘူးဆိုတာကတော့ bro အပိုင်းပါပဲ။
နောက်တခု ကျွန်မရေးတာမှာ ဆွေးနွေးစရာ အကြောင်းမဟုတ်ဘူး၊ ဒါမျိုး သင့်မသင့် သတ်မှတ်ဖို့ အခွင့်အာဏာ ဘယ်သူ့မှာ ရှိသလဲဆိုတာတွေ ရေးမိတယ်။
အဲဒါ “ဆွေးနွေးစရာ အကြောင်းမဟုတ်ဘူး” ဆိုတာ ဆွေးနွေးလို့ အဖြေထွက်မယ့် ကိစ္စလို့ ကျွန်မ မထင်ဘူး၊ “အခွင့်အာဏာ ဘယ်သူ့မှာ ရှိသလဲ” ဆိုတာ ဘယ်သူက သတ်မှတ်နိုင်မှာလဲ။ ဆုံးဖြတ်နိုင်မှာလဲ လို့ မေးချင်တာ။
ဆွေးနွေးဖို့မလို၊ အလုပ်မဟုတ်၊ bro မှာ ဒါ သတ်မှတ်ဖို့ အခွင့်အာဏာ တခုခု ရှိသလား မေးလို ပြောလိုရင်း မဟုတ်။
ဒီနေရာမှာ မြန်မာတွေရဲ့ သဘောကို ရိပ်မိသလိုလိုရှိနေလို့ စာတွေ မလိုအပ်ဘဲ ထပ်ရိုက်ရမယ့်အရေး ကာကွယ်ချင်လို့ ထပ်ပြောချင်တာ ရှိသေးတယ်။ ခုရှုပ်မှ နောင်ရှင်း။
ဒီလို ကိစ္စမျိုးမှာ… ဘယ်သူ့မှ မထိခိုက်စေဘူးဆိုရင် ဝတ်လစ်စလစ်နေမယ့် မိန်းမ၊ ပျော်လို့ prostitute လုပ်စားမယ့် မိန်းမတို့က သူတို့ မိဘဆွေမျိုးသားချင်းကို မထိခိုက်စေဘူးလား ဘာလား ညာလား ဟိုဟာလား ဒီဟာလားတွေက လာကောင်းလာနိုင်သေးတယ်။
(ကျေးဇူးကိစ္စမှာတုန်းက မောင်နှမသားချင်း တယောက်ခေါင်း တယောက်နင်းဆင်းလို့ ကူညီထောက်မ ပေးကမ်းရတာ ပြန်မသိတတ်တော့ ရင်ထဲမှာ ခံစားရတယ် ဘာညာကွိကွ ဆွဲထည့်သလိုပေါ့၊ ကျွန်မ ဘလော့မှာလည်း ကိုယ့်သားသမီးအလှည့်ကျမှ ဘာမှမဝတ်ဘဲနေမှ ဘာဖြစ်တယ် ညာဖြစ်တယ် လာရေးတာမျိုးပေါ့)
အဲဒီလိုကိစ္စမျိုးတွေကတော့ မူရင်း post ရဲ့ ဆိုလိုချက်နဲ့ ဆက်စပ်သလိုလို ရှိပေမယ့် တကယ်တမ်းဆွဲထည့်ပြောစရာလို့ မထင်ပါဘူး။ အဲဒါ မိသားစုအရေးကိစ္စတွေပါပဲ။
အဲ့ဒါဘာတွေပြောနေတာလဲ။ ရမ်းသမ်းပြီး ပြောချင်ရာပြောနေတာ ခက်တာပဲ။ မိသားစုအရေး ??? ဘယ်ကရောက်လာတာလဲ။ ကျုပ်မှာ အရင်လို အချိန်များများစားစား မရှိဘူး။ တကယ်သိလို့ ကျုပ်ရေးတာကို ဝေဖန်ထောက်ပြတာကို ဘယ်သူ့ကိုမဆို ကြိုဆိုတယ်။ မသိဘဲ တတ်ယောင်ကားလာမလုပ်နဲ့။
ဒါက bro ကို ရည်ရွယ်ရေးတာ မဟုတ်ဘူး။
ကျွန်မရေးလိုက်တဲ့ ကွန်မန့်ကနေ ဆက်လာနိုင်တဲ့ မဆိုင်တာတွေကို ကြိုတင်ကာကွယ်ပြီး ရေးထားမိတာ။ ဒါမျိုးတွေ လာလည်း လာခဲ့ပြီးပြီ။
အဲဒီအတွက်တော့ ဆောရီးပါ။
ခုမှ တခု သတိရလို့။
ဂျူးကို feminist လို့ထင်ရတာနဲ့ အဲဒီ On what ground would a feminist object to voluntary hookerdom? မေးခွန်းကို မေးရတယ်လို့ သဘောပေါက်လိုက်မိတယ်။ ဂျူးကို feminist လို့ထင်ရတာနဲ့ပဲ မေးရရောလား။ ဘာဆိုင်လို့လဲဆိုတာကို သဘောမပေါက်ဘူး။
bro က သူ့ဆီက ဘယ်လိုအဖြေမျိုးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပြီးမေးတာလဲ ဆိုတာကို တွေးမိသွားတယ်။
ဖြေစရာမလိုပါဘူး။ ကျွန်မတွေးမိတာကို ပြောတာပါ။
feminism ဆိုတာ မိန်းမဖြစ်ရုံနဲ့တင် မိန်းမဖြစ်နေလို့ဆိုပြီး လုပ်နိုင်စွမ်းရှိရက်နဲ့ တန်းတူရသင့်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရေးလို့ ဒီဘလော့က စာတွေဖတ်ရင်းနဲ့ရော၊ ဟိုက ဒီက ဖတ်မိတာတွေနဲ့ရော ပေါင်းပြီး မကြာသေးခင်ကမှ ကိုယ့်ဘာသာ အဓိပ္ပါယ် ပြန်ထားမိတယ်။ အဲဒါမှန်တယ်ဆိုရင် feminist တယောက်ကို feminist ဖြစ်နေလို့ prostitute ကိစ္စမေးတာ ဘာမှတော့ သိပ်မဆိုင်ဘူးလိုပဲ။
ဂျူး feminist ဟုတ်ဟုတ် မဟုတ်ဟုတ်၊ feminism ဆိုတာကို သူနားလည်တယ်ဆိုတဲ့ ယူဆချက်နဲ့ သူ့ကိုမေးတာ။ သူဘာဖြေမလဲဆိုတာ သိချင်လို့ မေးတာပေါ့။ ဆိုင်တာမဆိုင်တာ မင်းအပူပါလား။ တောအထာတွေ လာမလုပ်နဲ့။ စိတ်မှကောင်းသေးရဲ့ လားမသိဘူး။ မင်းရော ကိုယ်ရေးချင်တာ မရေးဘူးလား။ ငါလည်း သူနဲ့ တွေ့ရင် မေးချင်တာမေးမှာပေါ့။ နောက်ပြီး မေးတဲ့မေးခွန်းက ဂျူးဘယ်အချိန် libido လာသလဲ မေးတာလဲမဟုတ်ဖူး။ သူ့ကို intelligent ဖြစ်မယ်ထင်လို့ ဗမာပြည်က မိန်းမတယောက်အနေနဲ့ ဘယ်လိုဖြေမလဲ သိချင်လို့မေးတာပေါ့။ တကယ့် bigot အစစ်နဲ့မှ လာတိုးနေတယ်။
=)
ဒုက္ခပါလား
ကျွန်မက bro ကို မဆိုင်ဘဲနဲ့ မေးခွင့်မရှိဘူး ပြောထားတာမှ မဟုတ်တာ။ ဘာဆိုင်သလဲဆိုတာ ကျွန်မ မတွေးနိုင်လို့၊ လိုက်မမီတာလည်း ဖြစ်နိုင်လို့ ဆိုင်တဲ့အကြောင်းရှိရင်သိချင်လို့ မေးရုံပါပဲ။ ဒါကိုမှ ဒီလိုနည်းနဲ့ ဖြေတာကိုလည်း ထပ်ပြီး နားမလည် လိုက်မမီပြန်ဘူး။
=)
လိုက်မမှီလည်း ကိုယ်လိုက်မှီတာလုပ်ပေါ့ (တခုခု လုပ်ချင်သပဆိုရင်)။ နင်တင်ဒိုးကစားချင်ကစား။ reality show ကြည့်ချင်ကြည့်။ ဈေသွားချင်သွား။ လုပ်စရာတွေအများကြီးပဲ…
ကျွန်မ ဘာလုပ်ရမယ်ဆိုတာထိ bro လိုက်ပြောစရာမလိုပါဘူး။ (ဒီလိုပြောလို့ စိတ်ဆိုးနေတယ် မထင်ပါနဲ့။ ကိုယ့်ဘာသာ အံ့သြတယ် စိတ်ဆိုးမရလို့)
ကျန်တဲ့ အပေါ်က အကြောင်းအရာတွေမှာ ကျွန်မ လွဲတယ်၊ မသိဘဲ ဝင်ပြောမိတယ်၊ ဆိုလိုရင်းကို မဖမ်းမိဘူး ထားပါ။
နောက်ဆုံး ဂျူးကို ဘာလို့ မေးရတာလဲဆိုတာကတော့ ကျွန်မစိတ်ထဲ သိချင်စိတ်သက်သက်နဲ့ မေးတာပါ။ အဲဒီမှာ ဘာသဘောမှ ဘာပညာစမ်းတာမှ အကျောကြီးလုပ်တာမှ မပါပါဘူး။
ကျွန်မနောက်ပိုင်းမှာ ထပ်ရေးသမျှက bro ပြန်ဖြေထားတာပေါ်မှာ အများကြီးမူတည်ပြီး ရေးထားခဲ့တာပါ။
အဲဒီထဲမှာ ခုနပြောသွားတဲ့ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ဝန်ဖျက်ခြင်း၊ prostitute လုပ်စားခြင်းအတွက် ပတ်ချာရိုက်နေတဲ့ သဘောဆိုတာ ထည့်မထားဘူး။ ဆိုင်တာလဲ မတွေ့ဘူး။
မှန်ပါတယ်။ ဒါတွေဟာ ဖတ်မိထား သိထားတဲ့ထဲလည်း မပါပါဘူး။ တကူးတက ရှာဖတ်ဖို့ စိတ်ပါမယ့် အကြောင်းအရာလည်း မဟုတ်ဘူး။ လူဟာ သူ့ရွေးချယ်မှုနဲ့သူ၊ သူ့ဝင်စားမှုနဲ့သူပဲ။
ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ။
အတွေ့အကြုံသစ်ရလိုက်တာပါ။ (post နဲ့ ပြောကြတဲ့ အကြောင်းအရာတွေနဲ့မဆိုင်ပါ)
ဒီညအတွက်တော့ goodnight!
စက် ပိတ်ပြီးမှ ပြန်ဝင်မိတယ်။
bro ဒီတိုင်း တုန့်ပြန်တာကိုတောင် စိတ်ဆိုးလို့ မရပါလား တွေးမိတာ။
မဆိုးရုံတင် မဟုတ်ဘူး။ စိတ်ထဲမှာ ပေါ့သွားသလိုတောင် ဖြစ်နေတယ်။
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်။
တကယ့် goodnight
ဖီလော်ဆော်ဖီဆိုသည်မှာ လမိုက်ည သန်းခေါင်ယံ၌ မှောင်မိုက်နေသော အခန်းထဲတွင် လုံးဝမရှိသော ကြောင်နက်ကို မရမက ရှာဖွေနေသော မျက်မမြင် ဒုက္ခိတပင် ဖြစ်သည်တဲ့။ မင်းသိင်္ခရေးသွားတာ။ ဘာပဲပြောပြော အိပ်ယာက နိုးလာချိန်မှာ ခြေထောက်နှစ်ချောင်း မရှိတော့သလိုမျိုးတော့ မဖြစ်အောင် လုပ်ရမှာပဲ။ များများရေးအုံး ဖတ်လို့ကောင်းတယ်။
ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့
ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။
ကျွတ်မုန်းဝင် ဖြစ်နေပါပီး) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။
တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။
သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့  နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲး)
I like philosophy! great..ur writting!
blessed is the one who enjoys philosophy for it’s not easy to keep one’s flame of enthusiasm alive in the pursuit of it.. 🙂
ကျနော်ကတော့ ခပ်ရှင်းရှင်းပဲဗျို့။ ဒီအကြောင်းအရာကို စိတ်ဝင်စားတယ်။ နက်နဲမှန်းလဲ သိတယ်။ ဒါကြောင့် ကိုဝတုတ်တင်ပေးတော့ စိတ်ဝင်စားပီး လာဖတ်ပါတယ်။ မသိ၊ မတတ်၊ နားမလည်ပေမယ့် တတ်ယောင်ကား မလုပ်ပါဘူး။ အရူးတို့ ဘာသာဗေဒနဲ့ ဘုမသိ ဘမသိ ၀င်ဟောင်ရင် ကွဲရုံရှိတော့မှာပေါ့။ ဆွေးနွေးချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘာမှန်းသိအောင်၊ အကြောင်းအရာက ဘာမှန်းသိအောင် အရင်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်လိုက်ရတဲ့အခါ ကွန်မန့်တွေကနေ ဆက်စပ်ပြီး ရသွားတဲ့အသိက ကိုယ့်ကိုယ်ကို ရူးလို့ ရူးမှန်းမသိတဲ့သူတွေ တယ်ပေါပါလားဆိုတာပါပဲ။ တန်းမတူဘဲ နေရာတကာ လူရာဝင်ချင်နေတဲ့ ချန်ပီယံ ဖွတ်အရူးများကို ဟန့်ပေးတဲ့အတွက် ကျေးဇူးပါပဲ။
ဟိုဘက်ကနေ ဒီဘက်အထိလိုက်လာဧ။် ကွန်မန့်တစ်ချို့ ပိုစ့်နဲ့ဘယ်လိုမှ ဆက်စပ်မရသောကြောင့် ချာချာလည်သတည်း။ Law နဲ့ လောကနီတိ၊
အစဉ်အလာအမြင်နဲ့ ဥပဒေ ဘယ်လိုများဆွဲစိလိုက်လဲဆိုတာ အဖြေထုတ်တုန်း။
နှိုင်းယှဉ်ချက်ကလန်ထွက်နေတာပဲ။ဂျူးတောင်မနေရဘူး။ ကွန်မန့်ဘောက်စ်
ထဲမှာ သက်သေလိုက်ခံပေးနေရတယ်။ ကွိကွိ
ကိုဇီဇ၀ါရေ့ အဲဒါပိုစ့်အသစ်တစ်ခုထပ်ရေးသင့်တယ်။
1+2= 3 is not corerct in phylosophy always. It can be reviewed after reading some theories in phylosophy. Not an easy job. For scholars it is very good but for laymen it is too high to critic. So you should say something that it was meant for students (especially for post grad phylosophy)
correct spelling :philosophy
အွန်လိုင်းပေါ်တွင်တွေ့ရသည့် တချို့စာရေးသူများမှာ
by Mg Yu Pie
အွန်လိုင်းပေါ်တွင်တွေ့ရသည့် တချို့စာရေးသူများမှာ သူရေးထားတာတွေ မဂ္ဂဇင်းလျှောက်ပို့ကြည့်သည်၊ မပါ။ ဘယ်လိုမှ ဘယ်နေရာမှာမှ မပါသည့်အဆုံး မဂ္ဂဇင်းကဖေါ်ပြမှ စာဖြစ်တာ အနုပညာဖြစ်တာမဟုတ်ဘူးဟု ၀ါးလုံးရှည်နဲ့ရမ်းထည့်လိုက်သည်။ အင်တာနက်ခေတ်ရောက်တော့ တံခါးမရှိဓါးမရှိ ကွေးအောင်ကဖို့ ဇာတ်စင်တွေ့သွားသည့် ဇာတ်ရူးလို ၀မ်းသာအားရဘလော့တွေ ပြေးတင်ပြန်သည်။ စီစစ်တည်းဖြတ်မယ့်သူ မရှိတော့မှ လွတ်လပ်စွာရေးချင်သလိုရေးခွင့်ရသွားသည်ဟု ဆိုပြန်သည်။ နင်ပဲငဆများ တစ်ဖက်စောင်းနင်းများ သူငယ်နာမစင်ခြင်းများ ဒေါသသင့်ခြင်းများ၊ လိင်စိတ္တဇဖြစ်ခြင်းများ အိုးနင်းခွက်နင်းများ၊ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်ခြင်းများ စသဖြင့် ဘယ်သူဖတ်ဖတ် သိသာထင်ရှားသည့် တွေးပုံရေးပုံညံ့ဖျင်းပုံကို ဝေဖန်ကော်မန့်ပေးသူပေါ်လာပြန်တော့ ကိုယ်ကသူများနဲ့မတူအောင်ရေးထားတာ၊ ဘယ်သူမှ ချုပ်ချယ်တာမကြိုက်ဘူး၊ မကြိုက်ရင်မဖတ်နဲ့၊ အယ်ဒီတာတွေဆုံးဖြတ်မှ စာဖတ်သူတို့လက်ခံမှ စာဖြစ်တာမဟုတ်ဘူးဟု ထပ်ကာထပ်ကာဆိုပြန်သည်။ ဘယ်သူမှ မဖတ်ရခင် မဝေဖန်ခင်ကတည်းက ကြိုက်မှဖတ် ကြိုက်မှပေါင်း ကြိုက်မှလက်ခံ အောင်မြင်ချင်လို့ကျော်ကြားချင်လို့ ရေးနေတာမဟုတ်ဘူး၊ ဘာမှတ်နေသလဲဆိုသည့်သဘောမျိုး ဖေ့စ်ဘုဒ်ထဲ ကြေလည်းကြေငြာ ကြိမ်းလည်းကြိမ်းမောင်းထားပြန်သည်။(တော်ပါသေးသည်၊ မအောင်မြင်ချင်မကျော်ကြားချင်လို့) သို့သော် ယနေ့ခေတ်မှာ မည်သည့် စောက်ရူးရေးသည့်စာဖြစ်စေ လက်ခံဖတ်ရှူသည့်စောက်ရူးပရိသတ်ရှိတတ်ရာ (မောင်ပြည့်မင်းကဗျာထဲကလို လူချာနဲ့လူချာ့တပည့်တွေ ရှိတတ်ရာ) ထိုပရိသတ်လက်တစ်ဆုပ်ကျတော့ ကိုယ့်စာကိုနားလည်လက်ခံနိုင်စွမ်းရှိသည့် အဆင့်မြင့်စာဖတ်ပရိသတ်များဖြစ်သွားရပြန်သည်တဲ့ စာဖတ်ပရိသတ်သူငယ်ချင်းအပေါင်းတို့။
မောင်ယုပိုင် ဘယ်သူဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူ့စာက ကိုယ်မကျေနပ်တာကို အချက်နဲ့အလက်နဲ့ ဥပမာ ဥပမေယျနဲ့ သေချာ မပြတာ ခက်တာပဲ။ ဘိုဘိုလန်းစင် ဒါကို ငါတို့ blog မှာ ဘာလို့ လာတင်တာလဲ။ ဒီ blog က ရန်ဖြစ်ဖို့ ထောင်ထားတဲ့ နေရာမဟုတ်ဖူး။ ကိုယ့်နေရာကိုယ်သိ။ ဒီလောက်ပဲ ပြောမယ်။
အဲဒါပဲ ကိုဝတုတ်ရေ၊ ဘလောက်ဆိုတာ ဈေးအိမ်သာနံရံစာလောက် ရေးတတ်တဲ့ ဘလပ်တွေကို နိဂလပ်သာ ထားကြပါစို့။
်ဟေ့ကောင် မင်းကြည့်ရတာအောက်ခြေလွတ်နေမှန်းသိသာတယ်။
“ဂျူးကိုaccidental feministလို့ မင်းပြောတယ်
current issue တွေ ကျက်မိပုံမရဘူး ဆိုတယ
တတ်ယောင်ကားလာမလုပ်နဲပြောတယ်။
ဆိုင်တာမဆိုင်တာ မင်းအပူပါလား။ ”
မင်းစကားထဲကဇာတိပြနေတယ်
မင်းမိမဆုံးမဖိမဆုံးမမှန်း သိသာတယ်
ဟိုခွေးသား စောက်ခြောက်ကတမှောက်
စောက်ခြောက်က နှုဂ်သီးကောင်းသားဘဲ
လဟီး လိုလိုမှိုလိုလို
ပေါသွပ်တွေရေး
တောင်တလုံးမြောက်တလုံးနဲ့
တော်တော်ခက်ပါလား